ချင်ကျားပု မီး ပန်း

ဇီဇီSeptember 10, 20134min33636

တင်စရာ ဘာမှ ရေးထားတာမရှိလို့ စလုံး နေရှင်နယ် ဒေး (၈ ရက် ဩဂုတ်) တုန်းက မီးပန်းပုံတွေ တင်လိုက်တယ်။
တော်တော်လှတဲ့မီးပန်းကိုရိုက်တိုင်း မီးခိုးလုံးတွေနဲ့မို့ချန်ထားခဲ့တယ်။

မီးပန်း ကို တရုတ် က အလုပ်နိုင်ဆုံးမှတ်တာပဲ။
နောက်တစ်ခုက သူတို့ နေရှင်နယ်ဒေးကို တခမ်းတနား သိပ်အားထုတ်ထားတာတွေ မြင်ရတော့ ကျနော် မနာလိုဘူးးးး။
အဲဒီ ရက်က စ နောက်တစ်နှစ် အတွင်း အစိုးရက ဘာလုပ်ပေးမယ်ဆိုတာကို ပလန်တွေနဲ့ လူသိရှင်ကြား ပြောလေ့ရှိတယ်။ တကယ် လုပ်ပေးတဲ့ အစိုးရမို့ အဲဒီ စပိ(ချ) ကို နိုင်ငံသားတိုင်း စောင့်ကြည့်ရတယ်။
စောင့်ကြည့်ချင်ကြတယ်။
ကိုယ်တွေလို အဲဒီ အချိန်မှ တီဗီပိတ်ပစ်တာမျိုးမဟုတ်ခဲ့ဘူးးး

ဘာပဲပြောပြော  ဒီ လီ သားအဖဟာ သူ့ တို့ တိုင်းပြည် အတွက်တော့ အစိုးရကောင်းလို့ ဆိုနိုင်ပါတယ်။
(စု ကို မထောက်ခံတာမှာ ကျနော်တို့ ကောင်းစားမှာ မလိုလားတဲ့ စိတ်ဓာတ်တေကို အစာမကြေချင်တာကလွဲလို့)

အတင်းပြောလက်စနဲ့ ပြောရမယ်ဆိုရင် အဲလေ နောက်မှ ပို့(စ) တစ်ပုဒ်ဖြစ်အောင် ပြောပြပါဦးမယ်။ ဟိဟိ။

ခုတော့ ဓာတ်ပုံတွေသာ ကြည့်ပါတော့။

နေရာယူလွဲလိုက်၊ ချိန်သားမကိုက်လိုက် နဲ့ လုံးလည် ပုံထဲက ဒီလောက်ပဲကျန်တယ်။

စွန် ပြပွဲကို မသိလို့ မသွားလိုက်ရတော့ ရွာထဲ မျက်စိနောက်သက်သာသွားတာပေါ့။

 

IMG_3683

IMG_3684

IMG_3686

IMG_3696

IMG_3698

IMG_3699

IMG_3700

IMG_3703

IMG_3705

IMG_3711

IMG_3714

IMG_3715

IMG_3717

IMG_3721

IMG_3727

IMG_3733

IMG_3738

IMG_3741

IMG_3742

IMG_3743

IMG_3744

IMG_3747

IMG_3752

36 comments

  • ဦးကျောက်ခဲ

    September 10, 2013 at 12:35 pm

    ဪ… မာဂျူလချင်ကျာပူရ ကြတယ်ပေါ့…
    ဟယ်လီကော့ပတားမှာ အလံချိတ်ပြီး ဗိုလ်ရှူခံတာရော ရိုက်မထားဘူးလား…
    လီ သားအဖတွေအကြောင်း ရေးမယ်ဆိုရင် ရှယ်ရာပါမယ်… ဟီ ဟိ
    အခုတော့မသိဘူး… ကျောက်စ်တို့ ငယ်ငယ်က တော်လှန်ရေးနေ့ ဆိုရင်…
    ရန်ကုန်မှာ မီးရှူး မီးပန်းဖောက်တယ် ခင်ဗျ… ဟေးကနဲ အော်ရတာ ပျော်ပါ့…
    😀

    • KZ

      September 10, 2013 at 12:43 pm

      ရိုက်ခဲ့တာရှိပါ့။
      တော်တော်ခမ်းခမ်းနားနားပါပဲဗျာ၊။
      နောက်မှ တင်လိုက်ပါ့မယ်။
      အဲဒီ သားအဖနဲ့ သူ့ ပြည်သူတွေနဲ့ကတော့ ကိုက်လို့ဗျ။
      အဖေ က လိုလေသေးမရှိထားမယ် သူကိုတော့ပြန်မပြောနဲ့ ဆိုတဲ့ စတိုင်နဲ့။

      😀

  • အဘ ဖားသက်ပြင်း

    September 10, 2013 at 12:38 pm

    ခညားမီးပန်းကိုပေါ့ပေါ့သေးမမှတ်နဲ့နော.
    စစ်ဘက်သုံး ညတိုက်ပွဲမီးပန်းတွေအကြောင်းကြားဖူးလား.
    စိနတွေထက် ပြင်သစ်တွေက သာသတဲ့ဗျ. အဲ့ဘက်မှာ
    နောက်. စိတ်ပါမှ လင့်ခ် ရှာပို့မယ်အေ.

    လောလောဆယ်ဒါဗျဲ

    • KZ

      September 10, 2013 at 12:45 pm

      ပြင်သစ် ကျွမ်းမကျွမ်း တော့ သိပ်မသိ (မီးပန်းဘက်မှာ)

      တရုတ်မှာလုပ်တဲ့ အိုလံပစ် ပွဲတုန်းကလားမသိ တော်တော် ကြိုက်တယ်။
      သူတို့ မီးပန်း အလှကို။

      🙂

      • အဘ ဖားသက်ပြင်း

        September 10, 2013 at 12:50 pm

        ဂလိုဗျ. အလှထွန်းတာမှုတ်ဖူး.
        ကမ်းတက်ညတိုက်ပွဲလိုဟာမျိုးမှာ အလင်းရောင်ရအောင်မြင်ရအောင်သုံးတာ.
        အသက်လုပွဲမှာ စက္ကန့်ပိုင်းကအစ. အရေးကြီးတာကလား.
        အဲ့မှာကြာချိန်များများနဲ့လင်းအောင်မီးပြနိုင်ရင် အားသာချက်ယူနိုင်တယ်ဆိုပဲ.
        အသေးစိတ်တော့နားမလည်ဝူးဗျ.
        ကျော်လည်းစစ်သားမဟုတ်လို့.

        • KZ

          September 10, 2013 at 12:59 pm

          အွန်။
          တမီးလည်း တိုက်ပွဲတွေမှာ ဓာတ်ပုံလိုက်မရိုက်ဖူးတော့ မသိ။
          အေးပါအေ။
          နောက်စိတ်ပါမှ လင့် (ခ) လေး ရှယ်ပါဦးးးး

          နီတာက ချက်ချင်းဗျ။

          ဒါကို စာဖတ်သူရှိသေးသားပဲလို့ ဝမ်းသာစရာရှာရမလိုလို။

  • ခင် ခ

    September 10, 2013 at 1:11 pm

    မီးပန်းတင်တာ စောသွားလို့ နောက်လှမှ ဒီပိုစ့်တက်လာရင် ဒေါ်ကေဇီ တစ်ယောက်သီတင်းကျွတ်ကို ပျော်ရွှင်စွာကြိုပုံထောက်ရင်ဆိုပြီး အထင်တွေဖြစ်အုံးမယ်။
    ချင်ကျားပု နေရှင်းနယ်ဒေး က မှတ်ရတာ ကျုပ်အတွက်အလွယ်ဆုံးဖြစ်မယ်ထင်တယ် အဲဒီနေ့ဘဲ ကျုပ်က မာတာမိခင်ကျေးဇူးနဲ့ သဘာဝလေကို စတင်ရှုခွင့်ရတာလေ။

    • KZ

      September 10, 2013 at 1:19 pm

      အယ်။
      ကိုကြီး ခပြောမှ အကြံရပြီ။
      ဒီမှာလည်း လမုန့်ပွဲတော်ရှိတယ်။ ကျနော်တို့ သီတင်းကျွတ်ရာသီပဲ။
      မီးပုံတွေလည်းထွန်းကြတယ်။
      ဓာတ်ပုံသွားရိုက်အူးမှ။
      :mrgreen:

      ဒီပို့(စ) ရေးနေရင်းကို မှတ်မိပါ့၊ ကိုခ မွေးနေ့ကို… 🙂

  • MAUNG

    September 10, 2013 at 1:39 pm

    nice 4tos
    tks 4 sharing 🙂

    • KZ

      September 10, 2013 at 1:48 pm

      လာအားပေးတဲ့ မောင့် ကိုလည်း ကျေးဇူးပါ၊။
      😀

        • KZ

          September 10, 2013 at 2:32 pm

          အဟိဟိ။။. မွအိ မရီနဲ့ဗျ။

          သူ့ နာမည်က အဲ့ တစ်လုံးတည်းမို့ ခေါ်ရတာ အဲလိုပဲ။
          😀

        • Wow

          September 11, 2013 at 10:44 am

          နာများ အိုက်ကိတ်စ ပို့စ်တင်ထားသလားလို့ :kwi:
          အနော်အလုပ်ရှုပ်နေဒယ် မောင် :mrgreen:

  • မဟာရာဇာ အံစာတုံး

    September 10, 2013 at 2:20 pm

    အမလေးး
    လှဂျက် .. လှဂျက် …
    ဒါ့ထက် …
    မင်းဒမီးကရော အိုက်ဒီ ဘက်ဂရောင်းနဲ့ ရိုက်ခဲ့ဝူးလားးဟင်င်
    🙄 :mrgreen:

    • KZ

      September 10, 2013 at 2:31 pm

      မင်းဒမီး အလှကို
      အဲ မီးဂိုး လုံးဂျီးဒွေ ဖုံးပြီး မမြင်ရမှာ စိုးလို့ ရိုက်ခဲ့ဝူးးးး
      မီးပုံးလေးတွေနဲ့မှ သွားရိုက်မယ်။ 😀

  • kyeemite

    September 10, 2013 at 3:49 pm

    မီးပန်းအလှ
    ဆီးဖမ်းပြ
    မြည်းစမ်းကွ
    နည်းလမ်းရ
    ပီးစမ်းမှ 😀
    ကျေးကျေးပါ ဇီ

    • KZ

      September 11, 2013 at 9:19 am

      ကဗျာ ပေးဦးမားးးးး မိုက်မိုက်။

      😀

  • ရွှေ ကြည်

    September 10, 2013 at 6:41 pm

    ဝါးးးးးးးးး ( ရွာသူမမကိုခေါ်ခြင်းမဟုတ်ပါ ) လှချက်ကတော့ မကေဇက်ရယ် တော်လိုက်တာ
    ရွှေကြည်တော့ အဲဒိနေ့က တီဗွီကနေပဲကြည့်လိုက်ရတယ် လူတအားများတယ်ဆိုလို့မသွားတာ ရိုက်ကွင်းရိုက်ကွက် ကောင်းကောင်းရထားတာပဲ လှဒယ်ဗျို့ လှဒယ်

    • KZ

      September 11, 2013 at 9:18 am

      ဟိ။
      အဖြစ်မှန်ကို မသိကြရှာသေးဘူးးး :kwi:

      • ရွှေ ကြည်

        September 11, 2013 at 6:35 pm

        ပြောပြပါ မမကေဇက် 😀

  • au kyein

    September 10, 2013 at 7:12 pm

    သူများတိုင်းပြည်တွေ တွေ့ရ မြင်ရ တာအင်မတန်မှ ကျက်သရေမင်္ဂလာအပေါင်းနဲ့
    ပြည့်စုံပါရဲ ့ဗျာ။

    • KZ

      September 11, 2013 at 9:17 am

      ကျနော်တော့ မီးရောင်စုံမြင်ရရင် ပျော်နေရော.. 🙂

  • Mလုလင်

    September 11, 2013 at 12:26 am

    ဓာတ်ပုံလေးတွေ လှတယ်ဗျို ့ . . ကြည့်ရတာ Tripod ဒါမှ မဟုတ် တစ်ခုခု ပေါ်တင်ရိုက်တယ် ထင်ပါတယ်။ အလှ မီးပန်း ရိုက်တဲ့ နည်းတစ်ခု လောက် စမ်းကြည့်မလား . . . shutter speed ကို ၅ မိနစ်လောက်ထား၊ Tripod ပေါ်တင် မီးပန်းလာမယ့် နေရာကို ချိန် focus ကို Manual ထား infinity ကိုလှည့် ပြီးရင် ခလုပ်နှိပ်လိုက် . . အဲ့အခါကျ . . burn မယ့် အဖြစ်ကို ကာကွယ်ဖို့ ကတ်ပြားအမည်းလေးနဲ့ မှန်ဘီလူး ရှေ ့မှာကာထား။ မီးပန်း တက်လာတော့ ကတ်ပြားလေးကိုဖယ်၊ မီးပန်း ငြိမ်းရင် ပြန်ကာ အဲ့လို နဲ့ ၅ မိနစ် ကြာတဲ့ အခါမှာ မီးပန်းတွေ အများကြီး နဲ့ ပုံလေးတစ်ပုံ ရလိမ့်မယ် ဗျို ့ . . .။ shutter ပြန်ပိတ် သွားပြီးရင် ပုံပေါ်ဖို့ကတော့ ကိုယ်သုံးတဲ့ Camera ရဲ့ . . processing speed ပေါ် မူတည်ပြီးကြာမယ် . . အဲ့ဒါလေး တော့ ခဏ စောင့်ပေးရမယ်။ ကင်မရာ တစ်လုံးနဲ့ ပျော်ရွှင်ပါစေဗျာ . .။

    • KZ

      September 11, 2013 at 8:17 am

      ကိုလုရေ။
      မျှဝေပေးတဲ့ ပညာလေး အတွက် ကျေးဇူးတင်လေးစားပါကြောင်းး
      🙂

  • Crystalline

    September 11, 2013 at 9:07 am

    မီးပန်းတွေတော့ အိုလံပစ်ပွဲတွေမှာပဲကြည့်ဖူးတယ်.. 🙂
    လှပါသည်။ အဲဒီအနောက်က ဟိုတယ်မှာသွားတည်းချင်ပါသည်။ ဟိုသင်ချာကြီးကူးတဲ့ရေကူးကန်မှာလည်း ဓာတ်ပုံရိုက်ချင်ပါသည်။ :kwi:

    • ဦးကြောင်ကြီး

      September 11, 2013 at 9:11 am

      ပျားရည်ဆမ်း ခရီးထွက်တဲ့အခါ အဲဒီဟိုတယ်မှာ တူတူတည်းဂျမယ်လေ.. ရေလည်း အတူတူကူးမယ်… နှစ်ယောက်ထဲ သီးသန့်ဆက်ရှင်ငှားကူးမှာ….. ဓာတ်ပုံမက ဗွီဒီယိုပါ မှတ်တမ်းတင်ထားပေးမယ်….။ အဟုတ်…..

      • Crystalline

        September 11, 2013 at 10:22 am

        pets especially cats are not allowed. :kwi:

        • ဦးကြောင်ကြီး

          September 12, 2013 at 8:12 am

          လျှာကျွေးဗရဇေကွယ်… 😳

    • KZ

      September 11, 2013 at 9:16 am

      ဟိ။
      အဲ့ရက်တွေဆို အခန်းတွေ အပြည့်တဲ့။
      :kwi:

  • ဗုံဗုံ

    September 11, 2013 at 10:39 am

    လှချက်ကတော့ကွာ.. နာ့မမဂျီးအတိုင်းဘဲ… ဒါနဲ့ ဒဒင်းဂျွတ် တော့မယ်နော မမဂျီး…. အိမ်က အူးလေးတောင် ညက်နှာပေါင်းတင်နေဘီ.. ညန်ညန်လာခဲ့ဒေါ့.. :mrgreen:

    • KZ

      September 11, 2013 at 10:48 am

      တင်တောင်းမဲ့ လယ် နဲ့ နွားတွေ ရော အဆင်သင့်ပါစေ ဘေးကလုံ

      :kwi:

  • Mr. MarGa

    September 11, 2013 at 4:06 pm

    ဘာဘဲဖစ်ဖစ်
    အဲ့ မီးပန်းတွေကို သိပ် သဘောမကျ (ပိုက်ပိုက် ကုန်လို့)
    စိတ်ပါမှ မီးပန်းလုပ်ရတဲ့ ရည်ရွယ်ချက် လွှတ်ရတဲ့ အဓိပ္ပာယ်ကို ဆာဗေးဆင်းပြီး ရေးမယ်… :mrgreen:

    • KZ

      September 11, 2013 at 4:19 pm

      ရေးပါ။ ရေးပါ။
      အားပေးနေပါတယ်။
      🙂

    • Mr. MarGa

      October 14, 2013 at 4:05 pm

      တွေ့လား တွေ့လား
      ပြောတာက တစ်ခြား ရေးတာက တစ်မျိုး
      ဖြစ်လိုက်ရင် အဲလို အဲလို ဟီဟိ

  • ခင် ခ

    September 12, 2013 at 4:10 pm

    ဒေါ်လေးကေဇီ က အနီမပါရင် ပိုစ့်မမည်လို့တောင်ဆိုရမလိုဘဲ ( ၁)ခု မှတ်သွားပြီ

Leave a Reply