သူမသည် ရက်စက်တတ်သူပါ…သိမ်မွေ့နူုးညံ့လွန်းသည့်အပြင်အဆင်နှင့် ဆည်းလည်းလေးများ၏ လွင်မြသာယာလွန်းသောအသံသည် တစ်ခါမျှ စကားပြောမိယုံနှင့် သင့်ကိုသိမ်းပိုက်ပါလိမ့်မည်….သူမသည် ပီဘိကလေးငယ်

သူမသည် ..ထိုကဲ့သို့သော မိန်းမပျိုလေးဖြစ်ပါသည် .အပြင်လောကတွင်မနိုင်သမျှ …တတ်အားသလောက်ဖွပါမည်…အာဟိ
သင်သာသူမ၏ ချစ်သူသာဆိုလျှင် …အောက်ပါအချက်အလက်များကို သင်မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ရပါလိမ့်မည် ။

သူမ၏ စံတင်လောက်သော အရည်အချင်းမှာ စက်သေနတ်ကဲ့သို့..စကားပြောတတ်ခြင်း …တစ်မိနစ်ကို အတောင့် သုံးရာလောက် ထွက်တဲ့အပြင် နာအောင် ပြောတတ်သေးသည်….သင့်ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေကို တခုချင်းစိတ်အနာကြီးနာအောင် ဝေဖန်ပါလိမ့်မည်..
ဥပမာ..( မျက်မှေးကောင်…ငမွဲ…အရူး..ဖင်မရှိတဲ့ကောင် )

ဘာတဲ့ …ဘဲကိုလဲဖို့ရသေး..အိမ်ကိုလဲပေးရသေး…လှအောင်ကလဲပြင်ရသေး…
ကြည့်ကြည့်…..သူ့ပိုက်ဆံသူသုံးမလောက်တာကို ရန်လုပ်တတ်တာများ….
( ဘဲကိုဖို့ခြင်းဆိုသည်မှာ တက်စီခ 2500 ကျလျှင် အနုတ်ငါးရာစိုက်ပေးခြင်းကို ဆိုလိုသည် )
ရတဲ့လစာက လေးသိန်းလောက်နှင့်…၀ယ်ချင်တာက CK ကမဆင်း…
ညောင်ကလဲညောင်တတ်သေး…..

တခုခုဆို လက်ကပါတတ်သေး…
လက်မောင်းကိုရိုက်တာမဟုတ်ဘူး ကျောင်းဒကာ…
မျက်နှာကို အဖြောင့်ထိုးတာ ….မိန်းကလေးလက်သီးပါလို့ ကပ်မပြောနဲ့ …
ကြယ်တွေဆီ အနီးကပ် ပျံသန်းခွင့်ရသွားမယ်….ထွေထွေထူးထူးတောင်းဆိုရန်မလိုပါ…ဘေးနားမှ ခပ်ဖြောင့်ဖြောင့် ကောင်မလေးဖြတ်သွားလျှင် ဆယ်စက္ကန့်ခန့်သာ စောင်းငဲ့ကြည့်လိုက်ပါ.သင်မုချ ကြုံရပါလိမ့်မည် ..အဟီး

ညိုသကျည်းကို ကန်တာမျိုးက သူသိပ်ကျွမ်းကျင်တဲ့ အနုပညာ ….
အား လို့မအော်ပါနဲ့ .အဆစ်တောင်းတယ်သဘောထားပြီး..လိုက်ပွဲလာပါလိမ့်မယ်….

ဆွဲလိမ်တာမျိုး ကတော့ …သူ့လက်မနှင့်လက်ညိုးဖြင့် အသားပါသလောက်လေးကို အရင်အားကုန်အံကြိတ် ညှစ်လိုက်သည်..ပြီးမှလိမ်သည်
ကင်းမြီးကောက်ကိုက်တာခံဖူးလား…..ငယ်ထိပ်အထိဆောင့်တက်လာတဲ့ နာကျင်မှုက
ငရဲဆိုတာဘာလဲ လက်တွေ့ပြသပေးပါလိမ့်မယ်….

ရစ်တတ်တာမျိုးကတော့ ရှေ့နေဘွဲ့နှစ်ခုရထားပြီး ..တရားခွင်အတွေ့အကြုံနှစ်နှစ်လောက်ရှိတဲ့ အထက်တန်းရှေ့နေဆိုတာ သဘောပေါက်လိုက်ပါ…
သင်သည် တစ်သက်တာ သူမ၏တရားခံ

သို့သော် ..သူမကို ချစ်ပါသည် …အဟီး

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ