ကျွန်တော့်ရည်းစား ( ရှုံးမဲ မဲခြင်း )

sorrowSeptember 10, 20131min21717

သူမသည် ရက်စက်တတ်သူပါ…သိမ်မွေ့နူုးညံ့လွန်းသည့်အပြင်အဆင်နှင့် ဆည်းလည်းလေးများ၏ လွင်မြသာယာလွန်းသောအသံသည် တစ်ခါမျှ စကားပြောမိယုံနှင့် သင့်ကိုသိမ်းပိုက်ပါလိမ့်မည်….သူမသည် ပီဘိကလေးငယ်

သူမသည် ..ထိုကဲ့သို့သော မိန်းမပျိုလေးဖြစ်ပါသည် .အပြင်လောကတွင်မနိုင်သမျှ …တတ်အားသလောက်ဖွပါမည်…အာဟိ
သင်သာသူမ၏ ချစ်သူသာဆိုလျှင် …အောက်ပါအချက်အလက်များကို သင်မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ရပါလိမ့်မည် ။

သူမ၏ စံတင်လောက်သော အရည်အချင်းမှာ စက်သေနတ်ကဲ့သို့..စကားပြောတတ်ခြင်း …တစ်မိနစ်ကို အတောင့် သုံးရာလောက် ထွက်တဲ့အပြင် နာအောင် ပြောတတ်သေးသည်….သင့်ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေကို တခုချင်းစိတ်အနာကြီးနာအောင် ဝေဖန်ပါလိမ့်မည်..
ဥပမာ..( မျက်မှေးကောင်…ငမွဲ…အရူး..ဖင်မရှိတဲ့ကောင် )

ဘာတဲ့ …ဘဲကိုလဲဖို့ရသေး..အိမ်ကိုလဲပေးရသေး…လှအောင်ကလဲပြင်ရသေး…
ကြည့်ကြည့်…..သူ့ပိုက်ဆံသူသုံးမလောက်တာကို ရန်လုပ်တတ်တာများ….
( ဘဲကိုဖို့ခြင်းဆိုသည်မှာ တက်စီခ 2500 ကျလျှင် အနုတ်ငါးရာစိုက်ပေးခြင်းကို ဆိုလိုသည် )
ရတဲ့လစာက လေးသိန်းလောက်နှင့်…ဝယ်ချင်တာက CK ကမဆင်း…
ညောင်ကလဲညောင်တတ်သေး…..

တခုခုဆို လက်ကပါတတ်သေး…
လက်မောင်းကိုရိုက်တာမဟုတ်ဘူး ကျောင်းဒကာ…
မျက်နှာကို အဖြောင့်ထိုးတာ ….မိန်းကလေးလက်သီးပါလို့ ကပ်မပြောနဲ့ …
ကြယ်တွေဆီ အနီးကပ် ပျံသန်းခွင့်ရသွားမယ်….ထွေထွေထူးထူးတောင်းဆိုရန်မလိုပါ…ဘေးနားမှ ခပ်ဖြောင့်ဖြောင့် ကောင်မလေးဖြတ်သွားလျှင် ဆယ်စက္ကန့်ခန့်သာ စောင်းငဲ့ကြည့်လိုက်ပါ.သင်မုချ ကြုံရပါလိမ့်မည် ..အဟီး

ညိုသကျည်းကို ကန်တာမျိုးက သူသိပ်ကျွမ်းကျင်တဲ့ အနုပညာ ….
အား လို့မအော်ပါနဲ့ .အဆစ်တောင်းတယ်သဘောထားပြီး..လိုက်ပွဲလာပါလိမ့်မယ်….

ဆွဲလိမ်တာမျိုး ကတော့ …သူ့လက်မနှင့်လက်ညိုးဖြင့် အသားပါသလောက်လေးကို အရင်အားကုန်အံကြိတ် ညှစ်လိုက်သည်..ပြီးမှလိမ်သည်
ကင်းမြီးကောက်ကိုက်တာခံဖူးလား…..ငယ်ထိပ်အထိဆောင့်တက်လာတဲ့ နာကျင်မှုက
ငရဲဆိုတာဘာလဲ လက်တွေ့ပြသပေးပါလိမ့်မယ်….

ရစ်တတ်တာမျိုးကတော့ ရှေ့နေဘွဲ့နှစ်ခုရထားပြီး ..တရားခွင်အတွေ့အကြုံနှစ်နှစ်လောက်ရှိတဲ့ အထက်တန်းရှေ့နေဆိုတာ သဘောပေါက်လိုက်ပါ…
သင်သည် တစ်သက်တာ သူမ၏တရားခံ

သို့သော် ..သူမကို ချစ်ပါသည် …အဟီး

17 comments

  • KZ

    September 10, 2013 at 3:23 pm

    ကျန်းးးးး
    အသဲနုတဲ့ မေမြို့သားလေး သူ့ နှလုံးသားရေးရာ တွေ လာဖွင့်နေပါ့လားးးးးး

    ဂလောက် အနိုင်ခံလို့ နိုင်တာ နေမှာ။ နောက်ဆုံးတစ်ကြောင်းနဲ့ကို မသနားတာ။
    :mrgreen:

    အဲဒီ ဗိုက်ခေါက်က လက်မနဲ့ လက်ညှိုးရာက ရေချိုးတိုင်း နာသတဲ့လေ။
    :kwi:

    • sorrow weaver

      September 10, 2013 at 5:01 pm

      ဟုတ်ပါ့ မမ KZ ရာ .. လွန်ခဲ့တဲ့ ရှစ်လက နောက်ဆုံးလိမ်ခံရတာ ..ခုထိသတိရတိုင်းနာတုန်း ..အဟီး

  • အရီးခင်

    September 10, 2013 at 3:50 pm

    ဒီလို မျိုး သာ ခွေးတွေ၊ ကြောင် တွေ ကို သွားလုပ်ရင် ပြန် အကိုက်၊ အကုတ် ခံရမှာ။
    တော်သေးတာပေါ့။
    ခန္တီပါရမီ ထားနိုင်တဲ့ ပုဂ္ဂိုလ်မို့။
    ဒါမျိုး တစ်သက်လုံး ခံ နိုင်မှာလား ကိုယ့်ဟာကို ပြန်ဆန်းစစ် ကြည့်ဦး သူငယ်လေးရေ။
    သူများ အသားနာအောင် လုပ်တာ ဘယ်သူကိုလုပ်လုပ် သိပ်တော့ မဟန်လှဘူး။
    စိတ်ထဲရှိတာ ဝေဖန်လိုက်တာ စိတ်မရှိပါနဲ့ သူငယ်လေး ရေ။
    ရေရှည်မှာ မကောင်းတဲ့ အကျင့်လို့ ထင်လို့ပါ။
    တော်ကြာ ကလေး တွေ ကိုပါ အကျင့်ပါပြီး ရိုက်နေဦးမယ်။

  • sorrow weaver

    September 10, 2013 at 4:59 pm

    ကောင်းကွက်လေးတွေတော့များကြီးရှိခဲ့ပါတယ် အရီးရယ်… ခုတော့ပြတ်ပြီ …အဟီး..

  • အလင်းဆက်

    September 10, 2013 at 5:25 pm

    ဘယ်လို ပုံစံ ဖြစ်နေနေ
    ချစ်တယ်ဆို အပြစ်မမြင်နိုင်တာ
    သားသားတို ့ ယောကျာ်းလေးတွေရဲ့ အားနည်းချက်
    အဟက်
    ဒါကြောင့်
    အကြော်စုံရောင်းတဲ့
    ဒေါ်ဖွားမေကို သားသား ချစ်သွားတာသာကျိ

    🙂

    ဝင် ညောင်ကြည့်တာပါ

  • ရွှေ ကြည်

    September 10, 2013 at 6:57 pm

    အာရို သိပ်လှလို့သာသည်းခံတာဖြစ်မယ်၊
    မိန်းကလေးချင်းအနေနဲ့ကြည့်ရင်တောင် ရွှေကြည်ကတော့ ရည်းစားကိုတအားနိုင်စားတတ်တဲ့မိန်းကလေးမျိုး အထင်မကြီးဘူးဗျ ( စိတ်တော့မဆိုးနဲ့ ) မိန်းမစိတ်ချင်းတော့နားလည်ပါတယ် နည်းနည်းများတယ်လို့မြင်ပါတယ် (ဟီးးးးးးးးး စိတ်မဆိုးနဲ့နော်)
    ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တယောက်ယောက်က တအားနိုင်စားတာမျိုးမကြိုက်ဘူးရယ်

    • sorrow weaver

      September 11, 2013 at 11:22 am

      လွတ်သွားတဲ့ငါး ..ကြီးလိုက်ပါအုံးမယ်ဗျာ …ဖွေးဖွေးနဲ့တူတယ်ဗျ ..အဟီး…

  • au kyein

    September 10, 2013 at 7:45 pm

    တော်ပါသေးရဲ ့
    ဘုရားသကြား မလို့…….ဒါမျိုးနဲ့မတွေ့လိုက်တာ။

  • Ma Ma

    September 10, 2013 at 8:06 pm

    တစ်သက်လုံးသာ ဒီလိုသည်းခံနိုင်ရင် ဘဝမကူးပဲ နိဗ္ဗာန်ရောက်နိုင်တယ် :loll:

  • ခင် ခ

    September 10, 2013 at 10:26 pm

    အဲဒီလောက်အနိုင်ကျင့်ခံကာ ချစ်တဲ့အမျိုးသားမျိုး သိရတာ ကျုပ်တစ်သက်တော့ မောင်ရင်ပထမဆုံးဘဲလေ။

    • sorrow weaver

      September 11, 2013 at 11:24 am

      ကြည့်ကြည့် …ဦးခ ပြောတာ ကြည့် …မမ KZ ..ကျော် အသဲနုတယ်ဆိုတာ ယုံပြီမလား …

      • KZ

        September 11, 2013 at 11:28 am

        ခံရတာ နည်းသေးးးး

        :kwi:

  • Wow

    September 11, 2013 at 9:58 am

    အိုက်လောက်အရည်အချင်းရှိသူလေးကိုလက်မလွတ်စေနဲ့… ဆွဲထားကိုယ့်လူရေ :mrgreen:

    • sorrow weaver

      September 11, 2013 at 11:29 am

      ဟင် ..တေတာပဲအေးပါတယ်ဂျာ …ပုံ .အရှေ့တောင်အာရှမှ အကြေကွဲဆုံးအမျိုးသား ..အာဟိ ..

    • sorrow weaver

      September 11, 2013 at 3:17 pm

      ဦးမိုက်ရေ ..ဦးမိုက်စာတွေကြိုက်တယ်ဗျ..အမြဲလဲဖတ်ဖြစ်ပါတယ်ဗျာ .
      ထောင်ထွက်ကြီးမိုက်ပိုစ့်လေးလိုမျိုး အဆုံးသတ်မှာ မက်ဆေ့လေးပေးသွားတာမျိုး အလွန်သဘောကျ ..း)

  • ခင် ခ

    September 12, 2013 at 4:27 pm

    အနီ ၅ ခု တွေ့ရလို့ မှတ်သွားပါတယ်

Leave a Reply