မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်

ရွှေ ကြည်September 10, 20131min45947

ဟယ်လို တက်စတင် ရိ အာ့ စမ်

ရွှေကြည်ရွာကိုအလည်တခေါက်ပြန်ရောက်ခဲ့ပြန်ပါပြီ

ရွှေကြည့်ကို သိသူ မသိသူ အားလုံး မင်္ဂလာပါရှင့်

ရွာက အရီး အန်တီ မမ အူးလေး အစ်ကို ညီမလေး မောင်လေး တို့ ကျန်းခါသာလို့မာပါစ

လူကြီးသူမများကိုလည်း ဂါဝရပြု ကန်တော့ပါတယ်

ခြင်္သေ့ကျွန်းမှာလည်း တော်တော်လေးအသားကျပါပြီလို့ ( အရိုးပဲကျန်တော့တယ် )

ရွာပြန်လည်ပါ့မယ်လို့

ပို့စ်လည်း ရေးနိုင်သလောက်ရေးပါ့မယ်လို့

နိုင်သလောက်လည်းမန့်ပါ့မယ်လို့

ရုံးကစက်က မြန်မာစာရိုက်မရ၊ ကိုယ်ကလည်း အီးလိုကမကျွမ်းကျင်

အိမ်ပြန်ရောက်ရင်လည်း မအားနဲ့

မို့ ရွာနဲ့အဆက်ပြတ်သွားတယ်

အခုတော့ပြန်လာပါပြီ

 

(အမှန်က လေးခင်ခ ရဲ့ ဆုလိုချင်လို့ ပို့စ် ရေးတာ)

နောက်ပြီး အရုပ်လေးတွေက ဘိုဖြစ်ပြန်တုန်းဟင်

ဘယ်လိုလုပ်ရမတုန်းပြောပြကြပါဦး

အားလုံး သတိရနေတဲ့

ရွာသူမ

မိရွှေကြည်

47 comments

  • au kyein

    September 10, 2013 at 7:24 pm

    မင်္ဂလာပါခင်ဗျာ
    ကြားဖူးနေတာကြာပါပြီ
    လက်ဆွဲပြီးကြိုဆိုနူတ်ဆက်ပါတယ်….မမကြည် ။

    • ရွှေ ကြည်

      September 10, 2013 at 8:02 pm

      အူးကြိမ်ရေ ဟုတ်ကဲ့ ရှိတ်ဟမ်းပါရှင် တွေ့ရတာဝမ်းသာပါတယ်

  • MAUNG

    September 10, 2013 at 7:30 pm

    မင်္ဂလာပါ ဗျာ 🙂

    • ရွှေ ကြည်

      September 10, 2013 at 8:04 pm

      ကိုမောင် (သို့) မောင် တွေ့ရတာဝမ်းသာပါတယ်ရှင့် (ခေါ်ရတာအူယားထှာ) :harr:

  • ဦးကျောက်ခဲ

    September 10, 2013 at 7:46 pm

    မင်္ဂလာပါ မိရွှေကြည်…
    ဦးကျောက်ခဲလို့ ခေါ်ပါတယ်ခင်ဗျ…
    တကြော့ပြန် ရွာအဝင်လမ်းကနေ ဝမ်းမြောက်ဝမ်းသာ…
    ကြိုဆိုပါတယ်… ခင်ဗျာ
    😀

    • ရွှေ ကြည်

      September 10, 2013 at 8:10 pm

      ဟုတ်ကဲ့ ကာလသားခေါင်း အူးကျောက် (ဟီး မကြာခင် ရာထူးလွှဲရတော့မှာ)
      ဝမ်းသာပါတယ်ရှင့်

  • Ma Ma

    September 10, 2013 at 8:02 pm

    ကြိုဆိုပါတယ် ချိုချိုအီအီ ချစ်ရွှေကြည်လေးရေ။ 🙂
    ပြောရင်းနဲ့ ဟိုရက်ကတင်ပေးထားတဲ့ ကောက်ညှင်းရွှေကြည်လေးတောင် စားချင်လာပြီ။ :loll:

    (နောက်ပြီး အရုပ်လေးတွေက ဘိုဖြစ်ပြန်တုန်းဟင်) ဆိုတာ ဘာကို ပြောတာလဲ မသိဘူး။
    ကြည့်ရတာ သဂျီးရဲ့ ရွာကို မြို့အဆင့်မြှင့်လိုက်တာမှာ မျက်စေ့လည် လမ်းမှားနေပြီထင်တယ်။ :kwi:

    • ရွှေ ကြည်

      September 10, 2013 at 8:11 pm

      ချစ်မမရေ ဟိ ရွှေကြည် ဒီနေ့မနက်တောင် မနက်စာ ရွှေကြည်စားသေးတယ်
      ဟုတ်တယ် ချစ်မမရေ ရီပြ ပြောင်ပြတဲ့အရုပ်လေးတွေလေ လုပ်တာ ဘယ်လိုတွေပေါ်ကုန်တယ်မသိ မျက်စေ့လည်ပြီ

  • Myo Thant

    September 10, 2013 at 8:47 pm

    မျက်မှန်လေးနဲ့ တစ်ယောက်ကို
    မျက်မှန်ကြီးနဲ့ တစ်ယောက်က နူတ်ဆက်ပါတယ် ၊

    လေဒီ ရွှေကြည် ကေဇီလိုပဲ ပို့စ်တွေ အများကြီး တင်နိူင်ပါစေဗျာ ၊ 🙂

    • ရွှေ ကြည်

      September 11, 2013 at 5:55 pm

      မျက်မှန်ကြီးနဲ့ ဦးမျိုးရေ လေဒီရွှေကြည် ပို့စ် အများကြီးတော့ တင်နိုင်မယ်မထင်
      မကေဇီကိုတော့မှီအောင်လိုက်နိုင်မယ် မထင် :mrgreen:

  • ခင် ခ

    September 10, 2013 at 9:22 pm

    မင်္ဂလာပါ တူမလေး မိရွှေကြည်ရေ။
    ကျွန်တော်ပင်စင်မယူခင် အမှတ်တရ ပျော်ပျော်ပါးပါး ဟေလားဝါးလား ပိုမိုရှင်း အစီစဉ်ကာလလေးမှာ အခုလို ရင်းနှီးခင်မင်ရာ မိတ်ဆွေဟောင်းတွေရဲ့ ပိုစ့်လေးတွေမြင်ရတော့ ဝမ်းလည်းဝမ်းသာမိသလို ကျေးဇူးလည်း တင်ပါတယ်ဗျ။

    • ရွှေ ကြည်

      September 11, 2013 at 5:57 pm

      လေးခ ပင်စင်ယူမှာကို ကန့်ကွက်ပါတယ်လေးခရေ
      တူမပြန်လာပါပြီဆိုမှ နော်

  • ဝင့်ပြုံးမြင့်

    September 10, 2013 at 11:30 pm

    ဝဲ ကိုမီး ဟိုမီး (Welcome home!)

    • ရွှေ ကြည်

      September 11, 2013 at 5:59 pm

      ဆရာမရေ ကျေးဇူးပါနော် (ဘာသာပြန်ပါလို့သာပဲ 😆 )

  • မဟာရာဇာ အံစာတုံး

    September 11, 2013 at 6:53 am

    မင်ဂလာပါ …
    ရွာကနေ ပြန်လည် ကျိုဆိုဘာဒယ် …
    ကျုပ် ကဒေါ့ ခုမှ သိဒါဘာ …
    ဒါမယ့် ကိစန မချိဘာဘူးးးးး
    ရွာသူဟောင်း ဆိုဒေါ့ ကိုယ့်အမျိုးဒွေဘဲ မဟုတ်လားလို့ ….
    ကျုပ်နံမယ်လည်း မှတ်ထားအုံးးး
    မဟာရာဇာ အံစာတုံး ….

    • ရွှေ ကြည်

      September 11, 2013 at 6:01 pm

      ဟုတ်ကဲ့ရှင့် အံစာခြောက်မျက်နှာ မှတ်ထားပါ့မယ်နော :harr:

  • ဦးကြောင်ကြီး

    September 11, 2013 at 8:11 am

    မိရွှေကြည်
    သိစေတည်
    အိနေခြည်
    ရှိလေသည်
    ထိမြေဆီ
    ဂွိဇေညီ
    စိသွေဟီ
    ပြည့်ဝေဖီ…။

    • ရွှေ ကြည်

      September 11, 2013 at 6:02 pm

      အူးကြောင်ကြီး
      ဗူးထောင်ပြီး
      မူးအောင်တီး
      ဆူးခြုံအနီး :kwi:

  • KZ

    September 11, 2013 at 8:14 am

    မင်္ဂလာဆောင်ပါ ညီမလေးးးးး

    😀

    • ရွှေ ကြည်

      September 11, 2013 at 6:03 pm

      မမကေဇက်ရေ အဲဒါအခက်ဆုံးပဲ :hee:

  • kyeemite

    September 11, 2013 at 8:38 am

    မင်္ဂလာပါ..ကြိုဆိုပါ၏
    ပို့စ်ကောင်းလေးတွေလည်းမျှော်နေပါ၏ 🙂

    • ရွှေ ကြည်

      September 11, 2013 at 6:05 pm

      အူးကြိုက်မီးရေ ကြိုဆိုလို့ဝမ်းသာပါတယ်ရှင်
      ပို့စ်ကောင်းလေးတွေဖြစ်အောင် ကြိုးစားရေးပါမယ်လို့

  • Wow

    September 11, 2013 at 9:31 am

    အိုက်အရုပ်ကိတ်စလုပ်ကြအူးဟ… နာလဲသိဝူး :mrgreen:
    ဝဲတော့မကမ်းတော့ပါဝူးရွေကျိလေး… ကိုယ့်ဟာကိုယ်ပဲ ဆက်ကုတ်တော့မယ် :mrgreen:

    • ရွှေ ကြည်

      September 11, 2013 at 6:07 pm

      မမဝိုးရေ မသိဘူးလား အဖေါ်ရပြီ အရင်တုန်းကလိုပဲရိုက်လိုက်တာ ပုံတွေကကိုယ်မှန်းသလိုမဟုတ်တော့မျက်စိလည် 🙄

  • KZ

    September 11, 2013 at 9:33 am

    မပြောတော့ မပြောချင်ဘူးးး
    ပြောလိုက်ပါဦးမယ်။ ဒီ တစ်ခေါက် အရုပ်တွေက လှဘူးးးး
    ဟိုတစ်ခေါက် အရုပ် အနက်ရောင်လေးတွေက လှတယ်။

    :mrgreen:
    :hee:
    :harr:
    😀
    :kwi:

    • ရွှေ ကြည်

      September 11, 2013 at 6:08 pm

      ဟုတ်တယ် ဟုတ်တယ် အရင်အနက်လေးတွေလှတယ် :mrgreen:

  • မင်းခန့်ကျော်

    September 11, 2013 at 10:06 am

    မင်္ဂလာပါ။
    အများကြီး​တော့​မန်​့လိုက်​တာပဲ။

    ဒါ​ပေမဲ့ပြန်​ဖျက်​လိုက်​တယ်​ ဟီးးး :mrgreen:

    • ရွှေ ကြည်

      September 11, 2013 at 6:09 pm

      ဟင် ကိုမင်းခန့်ကျော် အဲလိုပြောမှ ဘာတွေအများကြီးမန့်လဲသိချင်သွားပြီတော့ 😆

  • အလင်းဆက်

    September 11, 2013 at 10:17 am

    မမရွှေရယ်
    ဒီဂဖျင့်
    လွမ်းနေဒါ

    ချစ်သုဝေ ကို ချစ်တဲ့
    အောင်ရဲလင်းနဲ့တူတဲ့ အလင်းဆက်တို့ကိုများ
    မေ့နေပြီလား ဆိုပြီးး
    🙂

    ကဗျာပြခန်းအတွက်လည်း
    ကဗျာတွေ ကူပါဦးခည

    🙂

    • ရွှေ ကြည်

      September 11, 2013 at 6:14 pm

      ဟမ်မလေး စာရေးဆရာ သဒ္ဒါပြန်သင်တော့ ဒါပဲ
      ချစ်သုဝေကိုချစ်တဲ့ အောင်ရဲလင်း နဲ့တူတဲ့ အလင်းဆက်လား
      ဒါမှမဟုတ် ချစ်သုဝေကိုချစ်ပြီး အောင်ရဲလင်းနဲ့တူတဲ့ အလင်းဆက်လား
      အောင်ရဲလင်းနဲ့တူပြီး ချစ်သုဝေကိုချစ်တဲ့ အလင်းဆက်လား
      လာရှင်း :mrgreen:

      • အလင်းဆက်

        September 11, 2013 at 8:07 pm

        ဟုတ်ပါ့ဗျာ ။ စာစီတာ လောသွားတယ် ။
        အဟိ ။

        ချစ်သုဝေကို ချစ်နေတဲ့ ….. အောင်ရဲလင်းနဲ ့ တူတဲ ့ အလင်းဆက် လို ့ ပြန်ုပြင်ပြောမယ်နော် ။
        အဟိ
        🙂

  • ဗုံဗုံ

    September 11, 2013 at 10:29 am

    ကြည့်စမ်း..ကြည့်စမ်း..နာ့မမဂျီး ရွာထဲကနေပျောက်နေတာ… မီးကမှ အချိန်မှန်ဝင်သေးတယ်.. :mrgreen:
    ဒီနေ့ကစပြီးမျက်စိနောက်အောင်လုပ်ကြစို့ မမဂျီး.. :mrgreen:

    • ရွှေ ကြည်

      September 11, 2013 at 6:15 pm

      လိမ္မာလိုက်တဲ့ ဗုံတလုံးပါလား မမဂျီးလည်း လိမ္မာပါတော့မယ်နော မျက်စိနောက်အောင်လုပ်ရဲသေးဘူး
      အခြေအနေလေးလေ့လာရဦးမယ်ကွယ့်

  • marblecommet

    September 11, 2013 at 2:23 pm

    အော်…..နာ့ ဒေါ်လေး ကိုယ့်ပြည်ကိုယ့်ရွာကို ပြန်ရောက်လာပြီကိုး.

    • ရွှေ ကြည်

      September 11, 2013 at 6:16 pm

      ကိုယ့်အမျိုးတွေကို လွမ်းတော့လည်း ပြန်လာရတာပ တူမောင် :harr:

  • surmi

    September 11, 2013 at 4:06 pm

    ​နေနိုင်​ရက်​သူဂျီးပြန်​လာပြီ​
    အင်​းးး….အလာ​ကောင်​း​ပေမယ်​့ .. 🙂

    • ရွှေ ကြည်

      September 11, 2013 at 6:17 pm

      ကိုရင်ဆာမိ ရေ နေနိုင်ရက်သူကြီးလို့ပြောလည်းခံရမှာပဲဗျာ လွမ်းတော့လွမ်းမိပါတယ်ဗျာ
      အလာကောင်းပေမယ့် ဆိုတော့…………. 🙄

  • ချစ်ကြည်ရေ ချစ်မသော်လည်း အခြေအနေအရပ်ရပ်ကြောင့် ရွာထဲမဝင်နိုင်ပေါင်
    အလွယ်သုံးလို့ရတဲ့ဖွဘုတ်ကလွဲလို့ ဘယ်ရွာစဉ်မှမလှည့်နိုင်တာအတော်ကြာ
    :boss:

    • ရွှေ ကြည်

      September 13, 2013 at 6:16 pm

      ချစ်မသော်ရေ ဟုတ်ပ ဖေ့ဘွတ်ကလွယ်နေတော့လည်း ဝင်ဖြစ်တယ်။
      ကွန်ပြူတာကလည်း တခါတလေ တအားပူပြီးလေးနေတတ်တော့ ရွာကဝင်ရခက်တာတွေနဲ့ဆိုတော့
      အဆက်ပြတ်လက်စနဲ့ပြတ်သွားတာ ဟိုတလောကအလုပ်တွေလည်းမနိုင်တော့အိမ်သယ်လုပ်တာနဲ့ပဲ မအားဖြစ်တာတွေရောပေါ့ စုံရောပဲ

  • အရီးခင်

    September 11, 2013 at 8:08 pm

    အသံလေးပြန်မြင်ရတာ တကယ်ဘဲ ဝမ်းသာပါတယ် ရွှေကြည်လေးရေ။
    အရီး လဲ ကိုယ့်တူမလေးကို လွမ်းနေတာပါ။
    ပိုပြီးအောင်မြင်တိုးတက်ပါစေ။ 😛

    • ရွှေ ကြည်

      September 13, 2013 at 6:18 pm

      ချစ်ရတဲ့အရီးရေ အရီးကိုလည်းလွမ်းပါ့
      ပေးတဲ့ဆုနဲ့ပြည့်ပါစေအရီးရေ

  • TNA

    September 12, 2013 at 9:59 am

    မင်ဂါဘာ ဆနွင်းမကင်းလေးရေ။ ကြိုဆိုပါတယ်။ ရွာထဲမလဲခြောက်နေလို့ ပြန်ဝင်လာတာအတိုင်းမသိဝမ်း သာဘာတယ်။ ချင်ကျားပူရက ကိုးနက်ချင်ကောင်းဘာဒယ်အေ။ မကြာမကြာ ခဏခဏဝင်ပါနော့်။ ဒို့များမတော့ ပက်ကျိနဲ့လိပ်စပ်ကျတဲ့ ခရုသားပေါက်ကွန်နက်ချင်ကိုပိုင်ဆိုင်ထားသမို့ ရွာထဲဝင်မရ တဲ့နေ့ တွေများနေလို့ပါအေရယ်။

    • ရွှေ ကြည်

      September 13, 2013 at 6:19 pm

      ဟုတ် မသဲရေ ရွာကိုပြန်အားဖြည့်ပေးရမှာပေါ့
      မြန်မာနိုင်ငံကော်နက်ရှင်ကတော့ သိပါ့

  • ခင် ခ

    September 12, 2013 at 4:38 pm

    တစ်ခေါက်ပြန်လာဖတ်တာပါ

    • ရွှေ ကြည်

      September 13, 2013 at 6:20 pm

      ဟုတ်

  • Ma Ei

    September 13, 2013 at 1:46 pm

    ရွှေကြည်လေးရေ…
    မင်္ဂလာပါနော်…
    စာလေးတွေ မျှော်နေပါမယ်…
    ရွာထဲတော့ မအားလဲ ခဏတော့ အရောက်လာဖြစ်ပါတယ်..
    🙂

    • ရွှေ ကြည်

      September 13, 2013 at 6:21 pm

      မွအိရေ ရေးနိုင်ပါ့မလားတော့မသေချာ ကြိုးစာပါမယ့်နော်
      အခုရွှေကြည်လည်း မအားလည်းရောက်ဖြစ်အောင်တော့လာပါ့မယ်

Leave a Reply