ဂဇက်ဝဒိန်သာ သမဒဦးမာဃနှင့် နတ်သမီးသုဒမဇာဂီတို့ရဲ့ ဗျန်းဗျန်းကွဲအချစ်ဇာတ်လမ်း

alinsettSeptember 12, 20134min30728
ဦးမာဃ
ဦးမာဃ

ဂဇက်ဝဒိန်သာနတ်ပြည်တွင်ဖြစ်သည် ။

 

မဲလိမ် မဲညစ် မဲကောက်ကျစ်အပြင် ဆွေးမျိုးတစ်သိုက်နှင့် စစ်မက် နှစ်ဆယ့်ငါးရာခိုင်နှုန်းကြောင့် နတ်ပြည်သမဒ ဖြစ်လာသော သကြားမင်းဦးမာဃ . . . .

အလွန်တရာမှ ဒေါသအမျက် ထွက်နေသည် ။

 

စိတ်က ထောင်းခနဲ ဆို ဖင်က ဟောင်းခနဲ ဖြစ်တတ်သူ . . .

စိတ်က ထစ်ခနဲဆို ဖင်က ဗျစ်ခနဲ ဖြစ်တတ်လွန်းသူမို ့…….

” သကြားအပေအတေ ” မဖြစ်အောင်လည်း

စိတ်ကို ထိန်းရသေးသည် ။

 

စိတ်တိုရခြင်းအကြောင်းကိုလည်း ကြည့်ချေဦးလေ ။

 

ကာမတစ္ဆေ မီးလောင်သလို ရှုရဆိုးစေသော အမှုတစ်ခု ဖြစ်ပျက်သွားခြင်းကြောင့်ဖြစ်သည်။

 

ဖြစ်ပွားပုံမှာ ဤသို့ဖြစ်၏။

 

=====================================

 

ဂဇက်ဝဒိန်သာ နတ်ပြည်၏သမဒ  ….  ဦးမာဃ ဆိုတာ. . . .

အခြားသော အစဉ်အဆက် သကြားတွေလို . . .

နတ်သမီးတစ်ဖက် ငါးရာ နှင့် ပျော်ပါးနေသည်လည်း မဟုတ်။

 

သကြား ဆိုသော်ငြားလည်း . . . စုစုပေါင်းမှ နတ်သမီး ၃၆၅ ယောက်သာ ထားရှိသူ။

 

ထိုနတ်သမီး ၃၆၅ ယောက် ကိုသာ ….တစ်ရက် တစ်ယောက်  အချိုးကျ စနစ်နဲ့ ပျော်ပါး စံစားသူ ဖြစ်သည်။

((ဂဇက်ဝတိန်သာနတ်ပြည် လည်း   …..  လူ ့ပြည်လို တစ်နှစ်လျှင် ၃၆၅ရက် သာ ရှိသည်။)))

နတ်သမီး တစ်ယောက် သည် …..တစ်နှစ်ပြည့်သော ၃၆၅ရက်မြောက်သော တစ်ရက်မှာသာ  ….  သကြားမင်း နှင့် တွေ ့ဆုံ ပျော်မြူးရသည်ပေါ့။

 

သကြားမင်း ဘက်မှ ကြည့်လျှင်တော့ တစ်ရက်တစ်ယောက်နှင့်  တစ်နှစ်ပတ်လုံး မရိုးနိုင်အောင်

နတ်သမီးထည်လဲ တွဲ၍ ပျော်စံနေရတာပေါ့ ။

 

ဒီတော့ နတ်သမီးတွေ အကြားမှာ ပူညံပူညံ ဖြစ်ကုန်သည် ။

အချို့ ့နတ်သမီးများက Facebook ပေါ်မှာ စာတိုပေစများ တင်၍ မကျေနပ်ချက်ကို တင်ပြကြသည် ။

 

တချို ့နတ်သမီးများကတော့

ပုကျိပုကျိ ဖြင့် အချင်းချင်း လှည့်ပတ် အတင်းတုပ်ကြသည်။

 

ဘယ်ကမှန်းမသိသောသတင်းများအရ….

ဂဇက်ဝဒိန်သာသမဒ ဦးမာဃ ဆိုတာ သကြားပုန်းဂျီး ဖြစ်ကြောင်းး

လူ ့ပြည်မှာ ခေတ်စားနေသော  Man to Man ဇာတ်လမ်းများကို အားကျတော်မူသော သကြားဇာတ်တူချစ်သူ သာ ဖြစ်ကြောင်းးး

စသည်ဖြင့်  ……

တီးတိုးတီးတိုး . . . . အတင်းတုပ်ခံနေရသည် ။

 

ကြားသူများက ” မယုံနိုင်ဘူး ”ဟု   မည်သို ့ပင် ငြင်းစေကာမူ ……

အချက်အလက်အထောက်အထားက အခိုင်အလုံ ရှိနေသေးသည် ။

 

ဤသကြားသည်  အခြားသကြားတွေလို  နတ်သမီး ထောင်ချီ၍ မထားခြင်းးးနှင့်

အခြွေအရံ အလုပ်အကျွေးပြုစေသူတွေ အဖြစ် . . .နတ်သားချောချောတွေကိုသာ  ထောင်ချီ၍

အနီးကပ်ထားရှိသည့် သကြား ဖြစ်ခြင်းတို ့က

အင်မတန် ခိုင်လုံသည့် . . ….သက်သေ အထောက်အထားများ ဖြစ်နေတော့သည် ။

 

ဟုတ်လည်း ဟုတ်သည်။

MAN TO MAN သကြားဟု  ပြောလည်း ပြောစရာ ။

 

ဦးမာဃ အနားမှာ အလုပ်အကျွေးပြု သူလိုလို . . . .

ဘာလိုလို ညာလိုလို ဖြင့် ရှိနေသူများမှာ….

အင်မတန်မှ ဗလတောင့်တင်းသော နတ်သားတစ်ပါးဖြစ်သူ . .  အံစရာတုံး /

အင်မတန် ကိုယ်လုံးကိုယ်ပေါက် လှပကျော့ရှင်း ကျစ်လျစ်သူ မိုးမင်းသား /

 အမတ်မင်း /

 ရွှေတိုက်စိုး /

အာဂ /

ကြောင်ဝတုတ် /

အောင်မိုးသူ ……   စသည့် နတ်သား တွေ တရုန်းရုန်းတဝုန်းဝုန်း ဖြင့် …..

လက်ပူးလက်ကျပ် ရှိနေသည် လေ။

 

ဂဇက်ဝဒိန်သာ တခွင်မှာ . . . . . .

ဦးမာဃ သည်

နတ်သကြား အဖို စစ် /မစစ် ဆိုသော ပြဿနာများကို လည်း

ပုစ္ဆာအထွေထွေ ဖြင့် အဖြေ ရှာနေကြချေပြီ ။

 

===============================================

 

မန်းတူမန်းသကြား ဟု နာမည်ကျော်ကြားနေလေသော

ဦးမာဃ စိတ်တိုနေသည် ။

 

ဗေလုဝ နှင့်တူသော ဦးမာဃ . . .

နှုတ်ခမ်းမွှေး ကို သပ်ပြီး မည်သို့ ့ဖြေရှင်းရမည်ကို အကြံထုတ် ရင်း ဇီးကွက်ရုပ် ပေါက်နေသည် ။

 

ဒေါသ ဖြင့် မျက်နှာက

မည်းတက်နေသည် ။

 

ကိုယ်ရောင်ကိုယ်ဝါက ချောကလက်ရောင် တောက်တောက် ။

 

အကြံ ထုတ်ရင်းဖြင့်

ချက်ချင်းပင် အကြံရပြီး အလုပ်အကျွေးပြုသူ နတ်သားများ၏ အဆောင်ဘက်

တိတ်တိတ်ကလေး ထ သွားပေတော့သည် ။

 

================================================

 

ကိုယ်လုပ်တော် နတ်သားများ

အိပ်စက် အနားယူနေပေပြီ ။

 

နားပေမပေါ့ ပင်ပန်းကြချေသည်ကိုး။

ပင်ပန်း ပေ မပေါ့ . . . တစ်နေ ့တာလုံး သကြားဦးမာဃ ၏ အမွှေအနှောက်ကို

ဗြောင်းဆန်အောင် အလိုလိုက်အကြိုက်ဆောင်နေရသည်ကိုးး။

 

ညအချိန်မို့ ့တိတ်ဆိတ်လှသည် ။

 

တိတ်ဆိတ်သော ည မှာ

ဒေါသထွက် နေသော ဦးမာဃ . . .

 

အချစ်ဆုံး နတ်သမီးလေးဖြစ်သူ ”သုဒမဇာဂီ ‘‘၏ စကားသံကို ပြန်ကြားယောင်နေမိသည် ။

============================

 

ဤနေ ့သည် . . .

နတ်သမီး ၃၆၅ ပါး ရှိသည့် အထဲ

ဦးမာဃ အချစ်မြတ်နိုးဆုံးဟု မှတ်ယူတော်မူထားသော . . .

ခင်စန်းဝင်းလို အလှမျိုးဖြင့် စက်စက်ယိုလှနေသူ  နတ်သမီးလေး သုဒမဇာဂီ ….ထံမှာ ပျော်ပါးစံစားဖို့ ့အလှည့်ကျသည့်နေ ့။

 

သုဒမဇာဂီ ၏ အပြုအဇု အယုအယများနှင့် မက်မော သာယာဖို ့ …..

စုံတွဲကြော်ငြာထားသော ဆေးများကို ဝက်ဝက်ကွဲအောင် သောက်ထားပြီးသကာလ . . . .

သုဒမဇာဂီ ဆီ  …….   သကြားမင်း …..အလာ. . . . ။

 

သုဒမဇာဂီ ၏ အိပ်ခန်းဆောင်တံခါးကို ခေါက် ပြီး

လာ ဖွင့်မည့် သုဒမဇာဂီ့ကို   ဖက်ပြီး ပလူးမည် အလုပ်. . . . . . .

 

သုဒမဇာဂီ ဆီးကြိုပြောလိုက်သော စကားက. . .

ဦးမာဃ ဖင်ကို တုတ်နဲ့ ထိုးလိုက်သလို တွန် ့သွားစေခဲ့သည် မဟုတ်လား ။

 

”ဟင် . . . . . မှောင်တော် သကြားး သများဆီကို ခုဏ . . .

ခဏလေး တစ်ခေါက်လာပြီး

ပျော်ပါး လို ့အားမရ ။

အခု နောက်တစ်ခေါက် ထပ်လာတယ်ပေါ့နော်။

ကျန်းးးသများ . . .ကံကောင်းချက် ။ တောင်တော်ရှင်မ တို ့

မ စပြီ ထင်ပါ့တော် . . . . ”

 

သုဒမဇာဂီ ရဲ့ အံ့ကြဝမ်းသာ အပြောက ဦးမာဃ အတွက် မသတီစရာဖြစ်သွားသည်။

 

ခုဏ ခဏ လာသေးသည် ဆိုတော့ ဦးမာဃက အခုမှ လာတာ။

 

ဦးမာဃ မလာခင်မှာ

ဦးမာဃ အယောင်ဆောင်ပြီး တစ်ယောက်ယောက် လာသွားပြီပေါ့။

 

အချစ်ဆုံး သုဒမဇာဂီလေးကို ဦးမာဃယောင်ဆောင်ပြီး ပလူးပလူးသွားချေပြီပေါ့။

 

” ကလောက်”

 

ဦးမာဃ တောက်ခတ်လိုက်သည် ။ မပီချေ။

 

”’သုဒမဇာဂီ . . နှမတော်လေးးး

ခုဏ မှောင်တော် လာသေးတယ် ????

ဟုတ်စ။ မှောင်တော် ဘယ်တုန်းက လာသေးလို့လဲ  ….. ကွယ့်”’

 

 

 

 

 

 

———————————————

 

 

 

 

”ဟင် . . . မှောင်တော်ကလည်း နှောက်ပြီ။

တော်တော်ဆိုးတယ် လူဇိုးးရေလည်းမချိုးပဲနဲ ့။

ခုဏလေးတင် ပြန်သွားပြီတော့များး…..။

အခုပဲ ပြန်တော့မယ်ဆိုပြီး….. ထွက်သွားတယ်။

အခုပဲ ပြန်ဝင်လာတယ်။

သများဖြင့် . . …….လေဒီရှုူးတောင်

ပြန် မစီးရသေးဘူး . . . . . .။  …..  တောင်တော်ရှင်မအသိ. . . ”’

 

အင်းးးး။ သေချာချေပြီတကား။

 

ဦးမာဃ အယောင်ဆောင်ပြီး နတ်သားတစ်ယောက်ယောက်တော့ …

သကြားမယား သုဒမဇာဂီကို ကြံစည်သွားချေပြီတကားးးး။

 

သယ် . . . ရာရာစစ ။ ငါကိုယ်တော်သကြားရဲ့ အချစ်ဆုံးသုဒမဇာဂီကိုမှ ကြံရက်လေတယ်။

 

ဘယ်အကောင်ဒုန်းဟဲ့။

 

တွေ ့မဟဲ့။

ငါ့ ပါးစပ်နဲ့ တွေ ့မဟဲ့။

 

ငါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါဟဲ့ . . .သကြားးးးးးးးးးးးးးးးး

 

===================================================

 

ဆိုင်္ပြီး အလုပ်အကျွေးပြုသူ နတ်သားတွေရဲ ့အဆောင်ကို

လွှားခနဲ လာခဲ့ပြီလေ။

 

===================================================

 

ဒေါသ တထောင်းထောင်း ထနေသော သကြား။

 

နတ်သားများ အိပ်နေသည်ကို အားရပါးရ ကြည့်သည်။

 

သုဒမဇာဂီနှင့် ခုဏလေးတင်မှ ပျော်ပါးခဲ့သူ ကိုရှာမည်။

 

ဤနတ်သားများစွာ လဲလျောင်းနေသည့်အထဲက တစ်ယောက်ဖြစ်ရမယ်။

 

ထိုသူ သည်. . . ရင်တုန်မောပန်းနေရမည်။

လှိုက်ဖို၍…………. မောပန်းနေလိမ့်မည်။

 

ထို အချက်ကို ဆန်းစစ်မည်။

အတုံးအရုံး အိပ်နေသူနတ်သားများကို ဦးမာဃ လိုက်စမ်းသည်။

ရင်ဘက်ကို ။

 

မှောင်မှောင်မဲမဲထဲဆိုတော့……..

ရင်ဘက်မဟုတ်သော အခြားနေရာများလည်း စမ်းမိသည်။

🙂

 

🙂

 

စမ်းကောင်းကောင်းနှင့် ……..

ဦးမာဃ ……..

အားရပါးရ လျှောက်စမ်းသည် ။

 

တစ်နေရာ အရောက်မှာ . . .

ဦးမာဃ လက်တို့ ့

တုန်ခနဲဖြစ်သွားသည်။

 

🙂

 

တုန်ပေမပေါ့။

လှိုက်မောတုန်ခါနေသောရင်နှင့်……

နတ်သားတစ်ပါးကို စမ်းမိချေပြီလေ။

 

တွေ့ပြီ ။

ဒင်းပဲ ဖြစ်မယ်။

ဟုတ်တယ်။

 

သေချာအောင် ထပ်စမ်းမယ်ဆိုပြီး……. ရင်ဘက်တင်မက အခြားနေရာများပါ …..ထပ်စမ်းသည်။

 

🙂

 

နောက်ဆုံးတွင် ကောင်ချက်ချလိုက်သည်။

 

ဒင်းးးပဲ ။

 

ငါ့ နတ်သမီးသုဒမဇာဂီကို ငါ့အယောင်ဆောင်ပြီး ဝင်ကြံသွားတာ ဒီကောင်ပဲ။

ကြည့် . . . .. . .!!!!!!

ကိုယ်လုံးကိုယ်ပေါက်ချင်းကလည်း  ငါသကြား နဲ့ ခပ်ဆင်ဆင်။  ((  ထိုနတ်သားသည်…. ကကြောင်ဝတုတ်   ဖြစ်သည် ။ ))

 

🙂

 

သို့သော် ညအမှောင်ထဲမှာမို့ ့မည်သည့်နတ်သားမှန်း မသိရ ။

 

မနက်………

နတ်သဘင်အစည်းအဝေးရောက်မှ ပလိတ်သတ်အစုံအလင်ရှေ့မှာ . . . .

ဤသူကို အပြစ်ပေးမည်။

 

မနက်ကျလျှင် . . .

ဤသူမှန်းသိအောင် . . .

အမှတ်အသားပြု ထားခဲ့မည် ။

 

ထိုအကြံဖြင့် ဦးမာဃ က ထိုနတ်သား  ((ကိုကြောင်ဝတုတ်မှန်း မသိ)))ကို…….

ဆံပင် ကို…… တိုနိုင်သမျှတိုအောင် ………………သံလျက်ဖြင့် ဖြတ်ချခဲ့သည်။

 

မနက်ရောက်လျှင်

ဆံပင်အရှည် အထုံးတွေကြားထဲ……

ဘွားခနဲ ထင်ရှားနေသော ……..ဤ ဆံတိုကို ဖမ်းယူပြီး အပြစ်ပေးမည် ။

 

ထိုသို့ စီစဉ်ကာ . . .

ဦးမာဃ အဆောင်ကိုပြန်ခဲ့သည်။

 

=================================================

ဦးမာဃ ပြန်ထွက်သွားသည်နှင့်. . . . .

နတ်သားကြောင်ဝတုတ်က . . . . . . . .

ကျန်သည့် နတ်သားတွေ အကုန်လုံးကို   သူ ့ကဲ့သို့ ့ဆံတိုဖြစ်အောင်

ဆံပင်တွေ လိုက်ဖြတ်တော့သည် ။

 

အိပ်မောကျနေချိန်မို ့မည်သူမှ မသိလိုက်ဘဲ

နတ်သားအားလုံး ဆံတိုများဖြစ်ကုန်တော့သည် ။

 

============================================================

 

မနက် လင်းသော အခါ . . . .

 

ဦးမာဃ က နတ်သဘင်အစည်းအဝေးထဲ…..

ကိုယ်လုပ်တော်နတ်သားအားလုံးကို ခေါ်သွင်းလိုက်သော အခါ. . . . . . . .

 

နတ်သားအားလုံး. . . .

ဆံတို ကပ်ကပ် ကိုယ်စီ ဖြစ်နေချေပြီ။

 

” အလို !!!!!!!! ”

 

ထို နတ်သားများထဲမှ . . .

ဟိုနတ်သားကို . . .

ဦးမာဃ မရွေးတတ်တော့။

 

စိတ်ကထောင်းခနဲ ဖြစ်ရပြန်ပြီတကား။

 

ဘာမှ မတတ်နိုင်တော့သည့်အဆုံး ……

တစ်ခွန်းသာ အံကြိတ်ပြီးးးးးး ပြောလိုက်တော့သည့်……..ဦးမာဃ အဖြစ်. . . .

 

”’အေးးးးမင်းတို့ထဲက

တစ်ယောက်ယောက်တော့ တစ်ယောက်ယောက်ပဲ။

ဘယ်တစ်ယောက်လဲ . ..ငါမသိတော့လို့ ့ပေါ့ကွာ. . .

ဟွင်းးးးအဲဒီတစ်ယောက် ကျပ်ကျပ်သတိထားဟေ့””

 

===========================

 

(((( ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ကို

အခြေံပြီး အပျော်အဖြစ် ပြန်ရေးတာပါ။   နာမည်တွေကို ချစ်ခင်ရင်းနှီးစွာ ထည့်ရေးထားတာကို   ….စိတ်မဆိုးပါနဲ့လို ့))))))

 

🙂

 

လေးစားစွာဖြင့်

 

အလင်းဆက်

 

 

 

28 comments

  • Ko chogyi

    September 12, 2013 at 7:59 am

    ဇေယျဝတီသကြားပဲ ကြားဖူးတာ
    အခုတော့
    နောက်တစ်မျိုးထင်တယ် မန်းတူမန်းသကြားတဲ့
    မန္တလေးက သကြားထင်တယ်။

  • အဘ ဖားသက်ပြင်း

    September 12, 2013 at 8:02 am

    အေး …
    ခနစောင့် ….
    နိကို
    ဟိုကရင်ကောင် ဝတုတ်လာဆဲလိမ့်မယ်..

    • အလင်းဆက်

      September 12, 2013 at 12:40 pm

      အဲဒိ လာဆဲမယ်ဆိုဒဲ့လူပေါ့

      သုဒမဇာဂီ ကို ဦးမာဂ အယောင်ဆောင်ပြီး
      ဒဂျိဒဂျိသံားတာ

      ဟီဟိ

      :kwi:

  • ဦးကြောင်ကြီး

    September 12, 2013 at 8:09 am

    အနော်လည်း ညဖက် ကြွက်ဖမ်းထွက်ရင်း အဲဒီအဆောင်ထဲဂ ညည်းတွားသံ ကြားမိဒယ်… သူ့ဈာဂီနပ်သမီး တယ်ဆူသဂိုး…

    • အလင်းဆက်

      September 12, 2013 at 12:43 pm

      ဟင်
      ဒါရှို
      ဦးကျောင် နဲ့ကော
      လွတ်ပါ့မလား
      🙂

      ကြွက် ထွက်ဖမ်းရင်းနဲ့
      သုဒမဇာဂီ ့အဆောင်ထဲ ဝင်တေးလားဟင်
      :kwi:

  • Wow

    September 12, 2013 at 9:05 am

    သုဒမဇာဂီ တယ်စွံသဂိုး …. အာဟိ (ခွက်ဒစ် ဟိုလူဂျီး) :mrgreen:

  • kyeemite

    September 12, 2013 at 9:11 am

    ဦးမာဃ
    ဗူးပါသဗျ
    ရူးရှာရ
    အထူးမှာရ
    ဒူးနာသဗျ…. 😀

    • အလင်းဆက်

      September 12, 2013 at 12:59 pm

      ဦး မိုက်ရေ

      အဲဒိ ကာရန်နဲ့ ဆို
      ဦးမာဃ သရုပ် ပိုပေါ်ပြန်ပြီ
      အဟိ

      🙂

  • surmi

    September 12, 2013 at 9:19 am

    ဘတစ်​ပြန်​ ကျားတစ်​ပြန်​ ​ဆော်​​နေပါလား …

    • အလင်းဆက်

      September 12, 2013 at 12:56 pm

      ဘယ်ရမလဲ
      အလင်းsex တဲ့။

      🙂

      ဦးဆာရေ
      ရွာထဲ မှာ မတွေ ့တာတောင်ကြာပေါ့
      အပြင်ကပဲ ချောင်းနေရတယ်ထင်ပါ့

      အခုတလော ရွာထဲ ဝင်ရတာလည်း
      ခက်နေသလိုပဲ

      နော်

  • TNA

    September 12, 2013 at 10:30 am

    တဂျားဒို့ခံလိုက်ရဘီ ဟီဟိ မယ်ဂိလဲ အပြောင်းအလဲဖြစ်တွားဒပေါ့။ အာငိ

    • အလင်းဆက်

      September 12, 2013 at 12:54 pm

      အဟိ

      တူရို ့ဂို
      ဂျစ်လို ့
      စ ကောင်းကောင်းနဲ ့
      စ နေတာ
      :kwi:

  • Shee

    September 12, 2013 at 1:37 pm

    ..ဦးမာဃ

    ”’အေးးးးမင်းတို့ထဲက

    တစ်ယောက်ယောက်တော့ တစ်ယောက်ယောက်ပဲ။

    ဘယ်တစ်ယောက်လဲ . ..ငါမသိတော့လို့ ့ပေါ့ကွာ. . .

    ဟွင်းးးးအဲဒီတစ်ယောက် ကျပ်ကျပ်သတိထားဟေ့””……..ဆိုပြီး.

    .မွန်းလွဲ ၂ နာရီခန့်ကြာသော်

    (အထောက်အထားအပြည့်စုံဖြစ်)

    ..ဒဂယ်ဒန်း….မိသွားသောတရားခံမှာ..(တစ်ချိန်လုံး ပြုံးစိ ပြုူံးစိ နဲ့ရွှေရတဲ့ မျက်နာပေးဆိုတော့)…နတ်တွေအောက်ဆွဲ..အယ့်လေ…အောင်ခြေသိမ်းနေရတဲ့ ငတိလေး အလက်ဇင်းဇက်ဇက်…ဖြစ်နေပါဒေါ့တယ်….
    အပြစ်စီရင်ပုံက….အတော်လေးထိသဟေ့…….စင်းတုန်းပွပွ ဒါးတုံးတုံးနဲ့လှီးဇေ………လည်ပင်း…ပါ…
    .

    မှတ်ချက်…..။ ။ .သုဒမဇာဂီ မင်းသမီးလေးက မောင်တော်ဖျားကိုလွမ်းဆွတ်ပြီး လွမ်းသူအိမ်မက်လေးဖြစ်နေကြောင်း….ဟိုငတိလေး တကယ်ဒန်းး မသွားတာကတော့…..မင်းသမီးခြေရင်းနှားခွေနေသော.အခြွေရံမလေး….စန်းစန်းဒေဝီလေးဖစ်ပါကြောင်း…..
    .(..စဒါနော်…ဟိ…အမှားပါရင်ခွင့်လွတ်)

    • အလင်းဆက်

      September 12, 2013 at 1:59 pm

      တိန်
      လာ တွယ်ပဟ

      ဘယ့်နှယ်
      ဇာတ်လမ်းကို တမျိုးတဖုံ လာပြောင်းနေတယ်
      🙂

      အပြစ်ပေးပုံကလည်း
      ကြောက်ချာဂျီးပါလား

      အာ့မျိုး အပြစ်ပေးမခံရခင်
      ချစ်သုဝေဆီ ပြေးဦးမှ
      :kwi:

  • Shee

    September 12, 2013 at 2:33 pm

    တိဖူး…ကိုယ်လိုရာဆွဲတွေးးးးးး……………….:P

  • Mr. MarGa

    September 12, 2013 at 5:20 pm

    ဒီလောက်တောင် လက်ဆော့တဲ့ ဒညင်းဝက် ကို
    ၁) တာဝတိံသာက ကန်ချမယ်
    ၂) ကန်မချခင်မှာ ကျောတစ်ရာ ရင်တစ်ရာ ဒဏ်ရိုက်မယ့်အစား သားရေကွင်းနဲ့ မသေမချင်း ပစ်ဦးမယ်
    ၃) အောက်က ယမမင်းဆီကို တိုက်ရိုက်လိုင်းနဲ့ ပို့ပေးမယ်
    ဘယ်လိုလဲ :mrgreen:

    • အလင်းဆက်

      September 12, 2013 at 5:33 pm

      ဒါမျိုးတွေ မကြောက်လို့ ရွာ ရိုး လျှောက်နေတဲ့
      မဟာမျိုး တစ်ယောက်ကွ
      ဟာဟ
      ဟာဟ

      🙂

      :kwi:

      ယမမင်းဆီ သွားသွား
      ဘာမင်းဆီပဲ သွားသွား
      ချစ်သုဝေ ပါမှ သွားမယ်

      ဒါဘဲ

      :kwi:

      • Mr. MarGa

        September 12, 2013 at 5:42 pm

        မဖွားမေကို ထည့်ပေးလိုက်မယ်

        • အလင်းဆက်

          September 12, 2013 at 5:59 pm

          ကျန်းးး
          ဒီသဂျားးး
          ရဲတင်းလိုက်တာ ပေါက်ဆိန်လိုက်တာ

          နာ့အချစ်ရေးအချစ်ရာကိုတောင် ဝင်ဆုံးဖြတ် စွက်ဖက်နေပြီ
          🙂

          ထည့်ပေးမှာ ဂျီးကလည်း ကဗျာ မဆန်လိုက်တာ စကားပြေမဆန်လိုက်တာ

          မဖွားမေ ဒဲ့

          အို ဘာပဲ ဖြစ်ဖြစ်ပါလေ

          ဟိုစကားပုံ တစ်ခုကြားဖူးတယ်

          မီးမှိတ်လိုက်ရင် မိန်းမတွေဟာ တူတူပဲ ဒဲ့
          အဟိ

          ဟုတ်လားတော့ တိဝူးးး
          :kwi:

  • ခင် ခ

    September 14, 2013 at 3:40 pm

    (ထိုနတ်သမီး ၃၆၅ ယောက် ကိုသာ ….တစ်ရက် တစ်ယောက် အချိုးကျ စနစ်နဲ့ ပျော်ပါး စံစားသူ ဖြစ်သည်။)
    ဖေဖော်ဝါရီ ၂၉ လိုမျိုးရက်ဆိုရင် မောင်သိကြားတစ်ယောက် ကိုယ်ထူကိုယ်ထ ပေါ့နော်။
    (အနီသုံးလို့တော့မှတ်သွားပါ၏)

    • အလင်းဆက်

      September 14, 2013 at 4:19 pm

      လေးခ ရေ
      သကြားတို့က
      နတ်သမီးတွေနဲ့မတွေ ့ဖြစ်တဲ့နေ ့ဆို
      နတ်သားတွေနဲ့
      အဟိအဟိနေမှာပေါ့

      :kwi:

  • kotun winlatt

    September 14, 2013 at 4:11 pm

    ဟာဟ….ဂဂတို့ စွံချက်တော့ ပြောမပြောချင်တော့ဘာဘူးးးးကွယ်…
    ဒညင်းးဝက်လေးကလည်းး ရေးချက်က လန်းးသဂိုးးးးး

  • GARFIELD

    September 16, 2013 at 7:09 am

    ဟားဟားဟားဟား
    ငါဟဲ့ကြောင်ကူလီ

    ခင်မင်လျက်
    ဂါဂါးကြီး

    • အလင်းဆက်

      September 16, 2013 at 7:35 am

      အဟီး

      ကိုကြောင်ဝတုတ်ကြီး
      ချိတ် မချိုး နဲ့နော်
      သားသားရဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ပေးတာ
      ကျေးဇူးတင်တယ်

      🙂

      ချစ်ခင်လေးစားလျက်

Leave a Reply