မှတ်မှတ် ရရ၊ ကျွန်တော့ ဘွ မှာ ခါးပိုက်နှိုက် ဆိုသော အနှီ သကောင့် သားများ နဲ့ တေ့တေ့ ဆိုင်ဆိုင် နှစ်ခေါက် ကြီးများတောင် ဆုံဘူး တယ်ဗျ ။

 

ပထမ တစ်ခေါက်က၊ ကျွန်တော် ကျောင်းသွား ရက် တစ်ရက်မှာပေါ့ ……

အဲဒီ နေ့က ကျွန်တော်ကားမှတ်တိုင် ရောက်တော့၊ ကားစောင့် နေတဲ့ လူအုပ် ကြီးက မနည်း မနော ဗျာ။

ရုံးချိန်၊ ကျောင်းချိန် ဆိုတော့ ဗျာ ကားစောင့် နေတဲ့ လူတွေ မရှိဘူးဆို လူငါးဆယ်ထက်မ နည်းဘူးဗျ ။

ကား တစ်စီး ဆိုက်လိုက် စုပြုံတိုး တက်လိုက်နဲ့ မိနစ် နှစ်ဆယ်လောက် ကြာတော့ ကျွန်တော့ အထင် လူတွေမနည်း လာဘဲ ပိုတောင် များများ လာတယ်။

ကဲ မဖြစ်ခြေ ဘူး။  ကားတိုးစီး တဲ့ ပညာ အကုန် ထုတ်မှ တော်ကာ ကြမယ်၊ နို့မို့ ဆိုကျောင်းနောက်ကျ တော့မှာဘဲ ဆိုပြီး လွယ်အိတ် ကိုစလွဲ သိုင်း၊ ရှိစု မဲ့စုပိုက်ဆံလေးနဲ့ ဝယ်ထား တဲ့ နေကာ မျက်မှန် လေးကိုချွတ် အိတ်ထောင့် ထဲ ထည့်၊ လုံခြည် တိုတို ပြင်ဝတ် ပြီး နောက် လာမဲ့ကား အတွက် ရယ်ဒီ လုပ်ထားတာ ပေါ့။

ဟော…. လာပါပြီ ဗျကား က၊ ဘယ်ရ မလဲ ဒါမျိုးဆိုပြီး၊ တိုးခွေ့ ရင်း ကားမ ထွက်ခင်လေး မှာကား ပေါ်ခြေခြခွင့်လေး ရသွားတယ် ။

အောင်မလေး ပျော်လိုက်တာ ဗျာ ၊ ကားပေါ်တော့ ရောက်ပြီ ဟလို့ တွေးမဆုံး …..

.

.

.

.

ဘေးက နေအတင်း တိုးနေတဲ့ လူ ကအသာ လေးနောက် ဆုတ်ပြီး ကားပေါ် ဆက်မတက်တော့ ဘူး။ နောက် က လူတွေက အတင်း ကားပေါ်တိုး၊ သူ ကနောက်ပြန် ဆုတ်နဲ့ ဟ ရှေ့တိုး ပါဟ၊ အိုး ဒီမှာ တက်နင်း မိနေပြီ ၊ဟယ် ဘယ်လို လူကြီး လဲ စသဖြင့် နောက်က တိုးနေ တဲ့ လူအုပ် က ဝိုင်းပြီး တစ်ယောက် တစ်ပေါက် ပြောနေ လို့ အဲဒီ လူကို သတိထားပြီး ကြည့်လိုက် တော့ မှ လား လား ကိုယ်တော်ချော က ကျွန်တော့ မျက်မှန်ကို သူ့ ဂျာကင် အတွင်း အိတ်ထဲ ထည့် ရင်း ကားပေါ်ဆက်မ တက်တော့တာ ဗျ။

ကျွန်တော် လဲ အောင်မငီး ငါ့ရှိစု မဲ့စုမျက်မှန် လေးတော့ ကုန်ပါပြီ ဟဆို ပြီး အတင်း ကားပေါ်ကပြန် ဆင်းတာပေါ့ ။

အိုး…ဘာပြော ကောင်းမလဲ ကားပေါ် အတင်းတိုး တက် နေတဲ့ လူအုပ် ကြီးလဲ ညီညီ ညာညာ သောင်းသောင်း ဖျဖျ ဝိုင်း မေတ္တာ ပို့တာပေါ့။

ကို ရွှေခါးပိုက် နှိုက်လဲ ကားပေါ်က အတင်းခွေ့ ပြန်ဆင်းလာတဲ့ ကျွန်တော့ ကို မျက်စိ ကြီး ပြူး ကြည့်နေတာ ပေါ့ ။

ကျွန်တော် ကြားဘူးတာ ခါးပိုက်နှိုက် တွေ က အုပ်စု ဖွဲ့ လုပ်စားတတ် တယ် ဆိုတော့ ကြောက်လို့ ဘေးဘီ ကို အကဲခပ်၊ အသိလေး ဘာလေးရှိ မလားလို့ ပြူးပြဲ ကြည့်တော့ လဲမတွေ့ ၊ချွေးပျံ လာတယ် ။

ခါးပိုက်နှိုက် လဲ ကြည့်ရတာ ကြံရာမရ ဖြစ်လာ ပုံရပြီး ကျွန်တော့ ကို လာညီလေး၊ ဟိုဘက် မှာစကား သွားပြောရအောင် လို့လာပြောတယ်။

ကျွန်တော် လဲ၊ အနား အကပ်မခံဘဲ ဟေ့လူ ကြီး ခင်ဗျား ကျွန်တော့ မျက်မှန် ပြန်ပေး ရင်ပေး၊ မပေးရင် အော်လိုက်မယ် ကျွန်တော့ နား မလာနဲ့ ဆိုတော့မျက်မှန် ကို အသာလေး လှမ်းပေး ပြီး ကားလမ်းဖြတ် ကူးပြီး  သုတ်သုတ် နဲ့လစ်သွားတယ်၊ ပြီးတော့ လာနေတဲ့ လိုင်းကား ကို တားစီးပြီး လစ် သွား ရော။

 

ဗျာ………..ကျွန်တော် ဘာလို့ မအော်လဲဟုတ်လား ။ ကိုယ့်ရှေ့ မှာ ခါးပိုက်နှိုက် ကို သွေးထွက် သံယိုဖြစ်အောင် ဝိုင်း ဆွမ်းကြီးလောင်းတာ မျိုးမြင်ဘူး တယ်လေ ။ ကျွန်တော့ မျက်မှန်လဲ အကောင်း အတိုင်းပြန်ရနေမှတော့ သံသရာ မရှည်ချင်တော့ လို့ဗျ ။

.

နောက် တစ်ခေါက်က စမ်းချောင်း မဟာမြိုင် လမ်း ဘက်မှာ ။

ကျူရှင် ကပြန်လာတာ ။ နေ့ခင်း ဘက် နေပူ လွန်း လို့ နေမှာ လမ်းမှာ လူ နည်းနည်း ရှင်းနေတာ၊ ကျွန်တော့ ရှေ့ မျက်နှာချင်းဆိုင် ကနေ လူ တစ် ယောက်ကိုခါးပိုက်နှိုက် ခါး ပိုက်နှိုက် ဆိုပြီး  လူ ဆယ်ယောက် လောက်ဝိုင်း လိုက် တော့ ကျွန်တော် လဲလန့် ဖြန့်ပြီး သေချာ ကြည့်တော့ သူ့လက်ထဲ မှာ ဓား ကြီး နဲ့ဗျ ။

ဒါနဲ့ ဘယ်ရ မလဲ၊ လမ်းဘေး ကတွေ့တဲ့ ခဲ နှစ်လုံး ကို လက်ဘယ်ညာ ကောက်ကိုင် ၊ ပြီးတော့……….

.

.

.

.

.

.

.

.

.

.

.

.

.

.

ပြီးတော့ ခါးပိုက်နှိုက် ပြေးလာတဲ့လမ်း ကြောင်း နဲ့လွတ်ရာ ဘက်လမ်းကူး ပြီးဘေးကပ်နေ တာပေါ့ဗျ၊ ဘယ်ရမလဲ ဟီး ဟီး။

ခါးပိုက်နှိုက်လဲ သူ့လမ်းသူ ဆက်ပြေး၊ လိုက်ဖမ်း တဲ့ လူတွေလဲ ဆက်လိုက် ….

အမ်မယ် လိုက်ဖမ်း တဲ့ လူတွေ ထဲက၊ ကျွန်တော်နဲ့ ရွယ်တူ လောက် တစ်ယောက် က အော် သွားသေး၊ ဘာတဲ့ ….မင်းကလဲ လက်ထဲ မှာ ခဲတွေ ရှိတာ ထု လိုက်တာမဟုတ် ဘူးတဲ့။

မောင် ဘဲဟာဘယ်ရမလဲ၊ ဟေ့ရောင် သယ်ရင်း မင်းဟာ မင်းသာ မိအောင် လိုက်ဖမ်းလို့ ။

ဟုတ်တယ် လေ၊ ဟိုက ဓားကြီး နဲ့ပြေးလာတာ၊ ရှေ့က နေ သွားပြီး ရှုပ် လို့မတော် ဗိုက် ဓားနဲ့ထိုး ရင်ဘယ်လို လုပ်မလဲ ဗျ။

ခုလို ရွာထဲ မှာ ဟိုလျှောက်ရေး၊ ဒီလျှောက်ရေး တောင် မရေးနိုင် ဘူးဖြစ် သွားမယ် ။

ဟီး ဟီး ရှောင်ပေးလိုက် တာဘဲ ကောင်းပါတယ်၊ ဟုတ် ?

 

အဲဒါကတော့ ကျွန်တော် ကြုံဘူး တဲ့ခါးပိုက်နှိုက် အတွေ့ အကြုံပါ ။

 

ဒီရွာထဲက ရွာသူ ရွာသားတွေကော ခါးပိုက်နှိုက် ခံဘူးကြ လား။ ရှယ် ကြပါ ဦး ။

About MAUNG

has written 19 post in this Website..

ကောင်းသော နေ့ပါ ။ melody.mg.melody@gmail.com