စည်းပျက်ကမ်းပျက်ဒီလိုနှက်

“စည်းပျက် ကမ်းပျက် ဒီလိုနှက်”

 

အခုရက်မှာ ဟိုမြို့ရောက်ဒီမြို့ရောက်နဲ့ ကိုပေါက်လမ်းသလားနေခဲ့ပါတယ်။

ဒီတစ်ခေါက်ခရီးထွက်တဲ့အခါ သတိထားမိတဲ့တစ်ချက်ကတော့ တောရောမြို့ပါ ကားစီးနိုင် ဆိုင်ကယ်စီးနို်င်လာတာကိုတွေ့ရတာပါဘဲ။

မြို့ကြီးအဆင့်ဝင်မြို့များမှာတော့ ကားတဝီဝီ၊

ရွာအဆင့်မြို့ပေါက်စနအဆင့်မှာတော့ ဆိုင်ကယ် တတီတီပေါ့။

ဒါလေးကတော့ ဝမ်းသာစရာလို့ပြောနိုင်ပါတယ်။

အားလုံးသွားရေးလာရေးလွယ်ကူတော့ အစစ အဆင်ပြေသွားတာကိုး။

 

ရောက်လေရာရာမြို့တိုင်း ရွာတိုင်း သွားရင်းလာရင်းလမ်းမှာတွေ့သမျှ ဆိုင်ကယ်

စီးသူအားလုံးလောက်နီးပါးက ဆိုင်ကယ်ဦးထုပ်မဆောင်းတာကိုတွေ့ရပါတယ်။

နောက် မစီးရဆိုတဲ့ အမြန်လမ်းမတွေပေါ်မှာလဲ ဆိုင်ကယ်တွေက တဝေါဝေါ။

“ဖြတ်သန်းခွင့်မပြု”လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးတွေကိုမှလဲအားမနာ။

ဒါကြောင့်လဲ အမြန်လမ်းမ မှာဆိုင်ကယ်နဲ့ကား တိုက်မိလို့သေကြတာလဲ မနည်းပါဘူး။

 

ရောက်သမျှမြို့တွေထဲမှာတောင်ကြီးမြို့ကတော့ထူးခြားစွာယာဉ်စည်းကမ်းလိုက်နာတဲ့မြို့လို့

ပြောနိုင်ပါတယ်။

ဆိုင်ကယ်စီးသူမှန်သမျှ ဦးထုပ်ဆောင်းထားတာ မြင်ရလို့ပါဘဲ။

မော်တော်ပီကယ်တွေကလဲ လူစည်ကားတဲ့နေရာတွေမှာလမ်းဖြတ်ကူးသူကိုအကူအညီပေး။

ဆိုင်ကယ်တွေက လဲလူကူးမျဉ်းကျားတွေမှာလူကူးနေတာမြင်ရင် ဆိုင်ကယ်ကို ရပ်ပေး

အရှိန်လျော့ပေးတာ တွေ့ခဲ့ရပြန်ပါတယ်။

ရန်ကုန် လို မန်းလေးလိုမြို့မှာတော့လူကူးလာတာ မြင်နေရင် အရှိန်မရှော့တဲ့အပြင် ဝူးကနဲတောင်

လီဗာတင်လိုက်ပါသေးတယ်။

ကားသမားတွေလမ်းမှန် နေလို့ကတော့ လမ်းဖြတ်ကူးလာသူမြင်လည်းအရှိန်မလျှော့ တိုက်ခါမှတိုက်ပေတော့ပါဘဲ။

အဲလိုအခါမျိုး လမ်းဖြတ်ကူးသူ မှာ အသေအလဲပြေးရထဲအထဲ

“ငါ…………..သေချင်လို့လား” ဆိုပြီး အားပေးစောင့်ရှောက်မူ့ကို ခံလိုက်ရပါသေးတယ်။

တစ်ခုရှိတာ မန်းလေးမှာလမ်းဖြတ်ကူးသူမှန်သမျှကတော့ ကြုံတဲ့နေရာက ကူးပါတယ်။

ကူးပြန်ရင်လဲ လမ်းအတည့်မကူးဘဲ တစောင်းကြီးကူးတတ်ပါတယ်။

မန်းလေးမှ လူကူးမျဉ်းကြားဆိုတာ ရှိတယ်လို့သာဆိုတယ် ဆေးတွေကပျက်နေလို့

ဘယ်နားကလူကူးမျဉ်းကျား မှန်းတောင်မသိနိုင်တော့ လူကူးမျဉ်းကျားကနေကူးမယ်လု့ိများ

စိတ်ကူးခဲ့ရင် မျဥ်းကျား ရှာမတွေ့လို့ လမ်းမကူးရဘဲ တစ်နေကုန်သွားနို်င်ပါတယ်။

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

မဟာရန်ကုန်ရောက်တဲ့အခါမှာတော့ လမ်းကျယ်သလောက်ကားများတာကိုမြင်ရပြန်ပါတယ်။

ပျားပန်းခပ်တယ်ဆိုတယ်ဆိုတဲ့စကား ပရွက်အုံတုတ်ထိုးဆိုတဲ့စကားက ရန်ကုန်ရောက်မှ

ပိုပြီး ပွင့်လင်းမြင်သာသလိုပါဘဲ။

လမ်းပေါ်မှာသွားလာနေတဲ့ကိုယ်ပိုင်ကား ဘတ်စကား ရုံးကား ကျောင်းကား ရှိသမျှကား

အားလုံးက အချိန်နဲ့တစ်ပြေးညီ မြန်နူန်းမြင့်အရှိန်တွေနဲ့မောင်းကြပါတယ်။

ယာဉ်မောင်းအားလုံးရဲ့စိတ်ထဲမှာ

“ငါ့ဘက်ကလမ်းမှန်လို့ကတော့ လျော့မပေးဘူး တိုက်မိလို့ကတော့မှားတဲ့ကောင်လျော်”

ဆိုတဲ့ ယုံကြည့်ချက်အပြည့်နဲ့ လမ်းပေါ်မှာတဗျောဗျော တဝေါဝါ။

 

ကားအဟောင်းတွေသံရည်ကျိုစက်ပို့ပြီး အသစ်တွေသွင်းလာတာရယ်

ကားဈေးတွေပြုတ်ကျလာတာရယ်ကြောင့်ရန်ကုန်မှာကားစီးသူပိုလို့များလာတယ်လို့ထင်မိပါတယ်။

အဲတော့ ရွှေဂုံတိုင်လို လှည်းတန်းလို မြေနီကုန်းလို ဘုရင့်နောင်လို  နေရာတွေမှာ

ကုန်သည်လမ်းလိုနေရာတွေမှာ နေ့စဉ်နေ့တို်င်း ယာဉ်ပိတ်ဆို့မူ့တွေဖြစ်နေပါတယ်။

ဒါကြောင့်လဲ ကြိုတင်ရှောင်လွှဲလို့ရအောင် ရေဒီယိုကနေ ဘယ်နေရာမှာလမ်းပိတ်နေပါတယ်

ဘယ်လောက်ကြာနေပြီ ဆိုတာကို အချိန်နဲ့အမျှ လွှင့်ပေးနေရပါတယ်။

အကြမ်းဖျဉ်းအားဖြင့်ပြောရရင်ကားပိတ်တယ်ဆိုတာ ကားအရေအတွက်များလို့ လို့ပြောနို်င်ပေမယ့်

အများအားဖြင့်ကတော့ မစောင့်စည်းနို်င်တဲ့ စည်းမဲ့ကမ်းမဲ့ကားတွေကြောင့်ပိတ်နေတာကိုလဲမြင်ခဲ့ရပါတယ်။

သူ့အတန်းနဲ့သူတန်းစီပြီးသွားနေကြတဲ့ကားတန်းထဲမှာ တစ်ချို့ အငှားကားတွေက လက်ညိုးလေးတစ်ချောင်းထောင်ပြီး ဒီဘက်လမ်းကြောကနေ ဟိုဘက်လမ်းကြောကို ဇွတ်ကူးပါတယ်။

သူဦးတည်ထားတဲ့လမ်းကြောဘက်မှာရှိနေတဲ့  ကားက နေရာလွတ်မရှိလို့ ဝင်မရတဲ့အခါမှာ

လမ်းကြောပေါ်မှာကန့်လန့်ကြီးခံနေပါတော့တယ်။

အဲလိုအခါမျိုးဆိုရင် သူ့နောက်ဘက်က ကားမှန်သမျှ သွားလို့မရတော့ဘဲကားတန်းရှည်ကြီးဖြစ်ကုန်ပါတော့တယ်။

အချို့သောယာဉ်မောင်းများကတော့ ချောင်တဲ့လမ်းကြောကို လွန်းထိုးသလိုလိုက်ပြီး မျက်စေ့နောက်အောင်

မောင်းပြပါတယ်။

အချို့သောကားတွေကတော့ စီစီတီဗွီတပ်ထားတဲ့ မီးပွိုင့်များမှာတော့ စည်းနဲ့ကမ်းနဲ့မောင်းပြီး တပ်မထားတဲ့

မီးပွိုင့်မှာတော့ သတ်မှတ်ယာဉ်ကြောကနေမဝင်ဘဲ အခြားယာဉ်ကြောဘက်ကို ဝင်ပြီးနေရာဦးလို့မောင်းကြပါတယ်။

အမြင်မတော်ဆုံးကတော့ ဟိုဘက်လမ်းကြောကနေ ဒီဘက်လမ်းကြောကို ဖင်ထောင်ပြီးဇွတ်ဝင်တတ်တဲ့

ကားတွေပါဘဲ။

အချို့သော ကိုယ်ပိုင်ကားတွေကတော့ ကားမောင်းမကျွမ်းကျင် အကြောက်လဲလွန်တော့ မြန်မြန်သွားလို့ရ

တဲ့နေရာမှာ တလိမ့်ခြင်းမောင်းနေတော့ လမ်းကြောက မပိတ်ချင်ဘဲ ပိတ်ကုန်ပြန်ပါတယ်။

ပိုဆိုးတာက ဘတ်စကားအကြီးကြီးတွေပါ။

အဲဒီကားတွေက သူတို့ ဝင်ရောက်ခွင့်မရှိတဲ့ အစွန်ဆုံးလမ်းကြောထဲဝင်မောင်းလို့မောင်း။

ကားဘော်ဒီအရှည်ကြီးကိုမှ အားမနာ မြွေလိမ်မြွေကောက်ဝင်လိုဝင်။

လီဗာသံ တဟဲဟဲနဲ့ကားနောက်က ဇွတ်လိုက်လို လိုက်နဲ့ အသဲယားစရာကောင်းလှသလို အဲဒီကားကြီးတွေကြောင့်လမ်းက ပိုကြပ်ကုန်ပါတယ်။

(အဲလို ကားအကြီးကြီး အရှည်ကြီးတွေကို ဖယ်ပြီး လမ်းမပေါ်မှာနေရာသိပ်မယူတဲ့ ကားအတိုအလတ်တွေကို

စီးရေများများ နဲ့ လိုင်းကားပြေးခိုင်းရင် ကားကြပ်တဲ့ဒုက္ခ ကားစောင့်ရတဲ့ဒုက္ခလျော့ပါးသွားမယ်လို့တွေးမိပါတယ်)

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&ဒီတစ်ခေါက်ရန်ကုန်မြို့ကိုရောက်တဲ့အခါ ထူးခြားလာတာကတော့ ရန်ကုန်ဧရိယာထဲဝင်ပြီ ဆိုကတည်းက လူအတော်များများ  ဆိုင်ကယ်စီးနေကြတာကို မြင်နေရတာပါဘဲ။

မင်္ဂလာဒုံဘက်မှာ အင်းစိန် ဘက်မှာ အောင်မင်္ဂလာအဝေးပြေးလမ်းတစ်လျောက်မှာ ဆိုင်ကယ်တွေ

တဗြဲဗြဲ နဲ့ပါဘဲ.။

လူစည်ကားတဲ့နေရာတွေမှာလဲ ဆိုင်ကယ် ကယ်ရီဆွဲတဲ့အုပ်စုက အဆင်သင့်ဂိတ်ထိုးထားပါတယ်။

အောင်မင်္ဂလာကားဝင်းထဲရောက်တော့လဲ ဆိုင်ကယ် ကယ်ရီတွေက ဘယ်သွားမလဲ လာလာမေးပါတယ်၊

ကမ္ဘာအေးဘက်ရောက်တော့ စွယ်တော်ဘုရားအဝင်ဝမှာ ဆိုင်ကယ် ကယ်ရီအုပ်စုလိုက်က ခရီးဦးကြို။

နောက်မြို့ထဲရောက်ပြန်တော့လဲ ဆိုင်ကယ်စီးနေကြတာကို တွေ့ရပြန်ပါတယ်။

ဒါနဲ့ဘဲ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပြုပြီလားလို့မေးကြည့်တော့ တရားမဝင်စီးကြတာပါတဲ့။

ဒါပေမယ့် စီးခွင့်ပြုထားတဲ့ဝန်ထမ်းတွေလဲရှိပါသတဲ့။

အရပ်ဝတ်နဲ့ဆိုင်ကယ် စီးနေတဲ့ ဝန်ထမ်းတွေကိုလဲမြင်တွေ့နေရ။

သူတို့စီးတဲ့ဆိုင်ကယ်ကိုကြည့်ပြန်တော့ ဌာနဆိုင်ရာ တံဆိပ်ကပ်ထားတဲ့ဆိုင်ကယ်မဟုတ်ဘဲ

သာမန်ဆိုင်ကယ်တွေကိုတွေ့ရပြန်ပါတယ်။

မြေနီကုန်းဘက်အသွားမှာ ကားတွေကြားထဲမှာကွေ့ကောက်သွားနေတဲ့ ဒီတီဆိုင်ကယ်တစ်စီးကို

မြင်ရတဲ့အခါ စီးခွင့်ရှိသူလား စီးခွင့်မရှိဘဲ တရားမဝင်စီးသူလားခွဲခြားလို့ မသိနို်င်ပြန်ပါဘူး။

ဖြစ်သင့်တာကတော့လုပ်ငန်းလိုအပ်ချက်အရ စီးနင်းခွင့်ရှိသူများကိုလဲ

သတ်မှတ်ထားတဲ့ ယူနီဖောင်းနဲ့ဘဲစီးခွင့်ပြု ပြီး သူတို့ စီးနင်းမယ့်ဆိုင်ကယ်ကိုလဲ

ဌာနဆိုင်ရာအမှတ်တံဆိပ်နဲ ့ တိတိကျကျသတ်မှတ်ပေးဘို့လိုအပ်တယ်လို့တွေးမိပါတယ်။

အခုလို ရောကောသောကော ဆိုင်ကယ်စီးနေကြတဲ့အခါ မော်တော်ပီကယ်တွေအနေနဲ့လဲ

စီးခွင့်ရှိသူလား မရှိသူလား ခွဲခြားမသိနို်င်တော့ အရေးမယူနိုင်ပြန်ပါဘူး။

ယာဉ်အသွားအလာရှုပ်ထွေးတဲ့ လမ်းအလည်ခေါင်ကနေ သွားနေတဲ့ စက်ဘီးအချို့ ဆိုက်ကားအချို့ကိုလဲ

မြင်တွေ့နေရာတာ ရင်မောစရာပါဘဲ။

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

သူများမြို့ရွာကနေ ကိုယ်မြို့ပြန်ရောက်တော့ ကားတွေဆိုင်ကယ်တွေနဲ့သွားကြလာကြတာကို သတိထားလို့

ကြည့်ဖြစ်ပါတယ်။

နေ့စဉ်ဖြတ်သန်းရာလမ်းမှာမြင်ရတွေ့ရသမျှအားလုံးကတော့ စည်းပျက်ကမ်းပျက်တွေများပါတယ်။

ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ် အတော်များများက ဆိုင်ကယ်ဦးထုပ်မဆောင်းပါဘူး။

လူတန်းစားမရွေးကလဲယာဉ်စည်းကမ်း လမ်းစည်းကမ်းနားမလည်ဘဲလမ်းပေါ်မှာတဝီဝီမောင်းကြပါတယ်။

အဲလိုမောင်းတာက ပညာတတ်တဲ့သူရော မတတ်တဲ့သူရော

သူဌေးရောမရှိဆင်းရဲသားရော စည်းကမ်းမဲ့တာခြင်းကတော့ အတူတူ။

ဆင်းရဲသားက ဆိုင်ကယ်ကိုထင်သလိုမောင်းပြီး သူဌေးကတော့ကားကို စိတ်ထဲရှိသလိုမောင်းပါတယ်။

ဆိုင်ကယ်တွေကားတွေက လမ်းမပေါ်မှာအရှိန်နဲ့ သွားနေရင်းကနေ အချက်မပြဘာမပြနဲ့ကွေ့ချင်ကွေ့တယ်။

တစ်ချို့ကတော့ ကွေ့ပြီဆိုမှာ ဖျပ်ကနဲအချက်ပြကြပါတယ်။

အဲလို ကပ်ပြီး  ဖျပ်ကနဲအချက်ပြလိုက်ရင်ကို တာဝန်ကျေပြီထင်တဲ့လူကထင်ပါတယ်။

 

အစွန်ဆုံးလမ်းဆိုတာအမြန်ယာဉ်တွေအတွက်ပေးထားတဲ့လမ်း

ယာဉ်တစ်စီးနဲ့တစ်စီးကျော်တက်ဘို့ နေရာပေးထားတဲ့လမ်းဆိုတာ သိတဲ့လူခပ်ရှားရှား။

ကိုယ်ပိုင် ကားကလဲ အဲဒီအစွန်ဆုံးလမ်းပေါ်မှာလေညှင်းခံသလို တလိမ့်ခြင်းမောင်းလို့မောင်း။

စက်ဘီးတွေဆိုင်ကယ်တွေ ကလဲ အဲဒီလမ်းပေါ်မှာဝင်မောင်းလို့မောင်း။

လမ်းမပေါ်မှာ ဆိုင်ကယ်မဝင်ရတဲ့အမှတ်အသားကြီးပြထားပေမယ့်

“အဲဒီ စည်းကမ်း ကို မသိလို့မောင်းမိတာပါ “လို့ ပြောကြပြန်တော့လဲ  ဘာပြန်ပြောရမှန်းတောင်

မသိနို်င်အောင်ပါဘဲ။

မန္တလေးမှာ လမ်းစည်းကမ်းဖောက်ဖျက်သူက အတော်များပါတယ်။

ဖောက်ဖျက်ဆို လိုင်စင်သာရထားတယ် ယာဉ်စည်းကမ်းကို နားမလည်သူတွေကခပ်များများ ။

ယာဉ်စည်းကမ်းနဲ့ပါတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့် ပညာပေးတယ်ဆိုတာ မရှိသလောက်။

ရှိပြန်ရင်လဲနားထောင်ချင်သူ မရှိသလောက်။

အဲတော့ မသိလို့ကျုးလွန် တဲ့သူရော သိသိကြီးနဲ့ကျူးလွန် တဲ့သူရောမြိုင်မြိုင်ဆိုင်ဆိုင်ပါဘဲ။

 

(အခုတော့ နားထောင်ထောင်မထောင် ထောင် မီးပွိုင့်တိုင်းမှာ စပီကာတွေနဲ့ပညာပေးသီချင်းတွေ

စကားပြောတွေဖွင့်ထားပါတယ်။)

 

စည်းကမ်းဖောက်တဲ့သူကို ထိန်းသိမ်းဘို့အတွက်ကတော့ မော်တော်ပီကယ်လို့ ကျနော်တို့နူတ်ကျုိုးနေတဲ့

ယာဉ်ထိန်းတွေရှိကြပါတယ်။

ဒါပေမယ်အခုနောက်ပိုင်းမှာသူတို့ကလည်း ဆပ်ပရိုက်ချက်(ဘိုစာမတတ်သူတွေကတော့ ဆပ်ပလိုင်းချက်လို့ခေါ်၏)လို့ဆိုတဲ့ ရှောင်တခင်စစ်ဆေးခြင်းရှိတဲ့အချိန်

ပတ်ကားရှိတဲ့အချိန်မှာ သာ ပက်ပက်စက်စက်ဖမ်းပါတယ်။

ကျန်တဲ့အချိန်မှာတော့

မီးပွိုင့်မှာ ဦးထုပ်မဆောင်းလဲဖမ်းချင်မှဖမ်း၊

မဝင်ရလို့သတ်မှတ်ထားတဲ့ လမ်းမှာ အနှေးယာဉ်ဆိုက်ကားတွေဝင်လာလဲ ဖမ်းချင်မှဖမ်း၊

တောက်လျောက်ကွေ့လို့ရအောင်းပေးထားတဲ့ (လက်ဆောင်လမ်း-Gift Way)ထဲဝင်ရပ်နေပြန်ရင်လဲ

ဖမ်းချင်မှဖမ်း၊

ဆိုင်ကယ်တစ်စီးကို သုံးလေးယောက်စီးလဲဖမ်းချင်မှဖမ်း၊

လမ်းပြောင်းပြန်စီးပြီးဝင်လာလဲဖမ်းချင်မှဖမ်း၊

မီးဝါပြထားတဲ့အချိန် မီးနီလွတ်အောင်မမောင်းနိုင်မှန်းသိပါလျက်နဲ့ ဇွတ်ဝင်လာရင်လဲဖမ်းချင်မှဖမ်း၊

မီးနီနေမှန်းသိရက်သားနဲ့ ခပ်တည်တည်ကွေ့လာရင်လဲဖမ်းချင်မှဖမ်း၊

လမ်းအကွေ့မှာအရှိန်မလျော့ဘဲကွေ့လာရင်လဲဖမ်းချင်မှဖမ်း၊

ယာဉ်တွေလဲ မောင်းချင်သလိုမောင်း သူတို့လဲနေသာသလိုနေဆိုပြီး မဖမ်းဘဲရပ်ကြည့်နေတာကများပါတယ်။

သူတို့ဘက်ကနေကြည့်ပြန်တော့ မဖမ်းလိုက်တာက ဘာမှမဖြစ်ပေမယ့် ဖမ်းလိုက်လို့ပြဿနာတက်မှာကိုပိုစိုးရိမ်ရှာပါတယ်။

နောက်တစ်ချက် ဝတ္တရားအရသာဖမ်းလိုက်ပေမယ့်  “ကွိစိကွစိ” လူနဲ့တွေ့ရင်

မနိုင်ရင်ကာ လူတွေနဲ့တွေ့ရင် အသိရဲ့ အသိနဲ့တွေ့နေရင် ပြန်လွှတ်ပေးရတော့အလုပ်ရှုပ်

တာဘဲအဖတ်တင်ပါတယ်။

နောက်တစ်ချက် သည်းခံခွင့်လွှတ် လို့ မမြင်ချင်ယောင်ဆောင်ပေးနေရတဲ့ လူတန်းစားတွေကလဲ အများသားကိုးဗျ။

အဲတော့ သူ့သဘောသူဆောင် ဆိုသလိုပါဘဲ လူတွေကလဲမောင်းချင်သလိုမောင်းပါတယ်။

တာဝန်ရှိသူကလဲ ဖမ်းချင်မှဖမ်းပါတယ်။

ဒီအကျိုးဆက်ကတော့ မြင်ရသူအဖို့ စိတ်ပျက်စရာ ကောင်းနေပေမယ့်

တစ်ခါတစ်ခါ ထလုပ်တဲ့ ဆပ်ပရိုက်ချက်တွေမှာ စည်းပျက်ကမ်းပျက်လူတွေကို တသီတတန်းကြီး  တထောကြီးဖမ်းပြီး ဒါဏ်ငွေဆောင်ခို်င်းတဲ့အခါမှာ နိုင်ငံတော်အတွက်   ဘဏ္ဍာတော်ငွေ

အများကြီးတိုးတယ်ဆိုတော့ ကောင်းလေစွပါဘဲ။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

မောင်းတဲ့အခါစည်းကမ်းမရှိဘူးဆိုလို့ ရပ်တဲ့အခါရောစည်းကမ်းရှိလားလို့မေးရင်တော့

“ဟင့်အင်း” လို့ဖြေရမှာပါဘဲ။

မီးပွိုင့်တိုင်းမှာ ယာဉ်ထိန်းအစောင့်ရှိပါတယ်။

မီးပွိုင့်နားမှာ လိုင်းကားတွေက ရပ်ချင်သလိုရပ် တင်ချင်သလိုတင်ပါတယ်။

၃၅-၈၄ မီးပွိုင့်၊၄၁-၈၄မီးပွိုင့် ၊၃၅-၈၂မီးပွိုင့်တွေမှာ လိုင်းကားတွေက  လူစောင့်ပြီးကားတင်

ကြတာပါ။

အထူးသဖြင့် ၃၅-၈၄မီးပွိုင့်မှာဆိုရင်တောင်ဘက်ကနေအရှေ့ဘက်ကွေ့ ကွေ့ခြင်းမှာလိုင်းကားတွေက

လူစောင့်တင်ကြပါတယ်။

ယာဉ်ထိန်းတွေက မြင်နေဘဲလဲ ဖမ်းရမှာသနားလို့လား နေစဉ်မြင်နေလို့ အားနာလို့လာတော့မသိပါဘူး မြင်နေပေမယ့် မဖမ်းဘဲ  ဒီအတိုင်းကြည့်နေပါတယ်။

အထူးသဖြင့် ၈၄-၂၉လမ်း ဒေါင့်မှာလိုင်းကားပေါင်းစုံရပ်ပါတယ်။

နှစ်ထပ်သုံးထပ်ရပ်ချင်သလိုရပ် လူတင်ချင်သလိုတင် နေချင်သလိုနေ။

စည်းကမ်းဖောက်ချင်သလိုဖောက်။

အနှစ်တစ်ရာလောက်ကြာမှတစ်ခါအသက်ဝင်တဲ့သူနဲ့တူတဲ့ တာဝန်ကျမော်တော်ပီကယ်က

လမ်းအရမ်းပိတ်ပြီး တဘူဘူ တဘော်ဘော်နဲ့ ဟွန်းတွေတီးသံကြားမှ

ရွှီးကနဲ့ ခရာတစ်ခါမူတ်ပါတယ်။

အဲလိုခရာမူတ်တာတောင်အရေးမလုပ်ဘဲဆက်ရပ်နေတဲ့လိုင်းကားတွေလဲအများကြီးပါဘဲ။

၈၅လမ်း ၃၀-၃၂ကြားမှာတော့ လိုင်းကားတွေ ကုန်တင်ကုန်ချလုပ်တဲ့ကားတွေနဲ့ပြည့်ကြပ်ညှပ်။

တစ်ခါတစ်လေ လှည့်ဖမ်းတဲ့ကားလာရင် တော့ဝရုန်းသုန်းကားအပြေးအလွှားနဲ့ထွက်ပြေးကြပါတယ်။

အဲဒီမြင်ကွင်းမြင်ကတော့ ကာတွန်းက ကြောင်နဲ့ကြွက်လိုပါဘဲ။

လိုက်ဖမ်းတဲ့ကြောင်ခဗျာမှာ ငပေါကြီးဖြစ်လို့ပါဘဲ။

ဒါပေမယ့် အခုတလောမှာတော့ ယာဉ်မရပ်ရဆိုတဲ့နေရာမှာ သတ်မှတ်ချိန်ထက်ပိုရပ်ထားတဲ့

ယာဉ်တွေကို ကရိန်းနဲ့ဆွဲသွားပြီး ဒဏ်ငွေဆောင်ခိုင်းနေတာကို မြင်နေတွေ့နေရပါတယ်။

ကောင်းလေစွ။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

သတင်းစာထဲမှာ မျဉ်းဖြူနီကြားဆိုရင် ကားပျက်လို့ခဏရပ်တာကလွဲရင် မည့်သည့်ယာဉ်မျှ မရပ်ရ

ဆိုတာ တရားဝင်ကြေညာထားတာလူတိုင်းအသိပါဘဲ။

ဒါပေမယ့် အဲဒီဥပဒေမှာ ချွင်းချက်ရှိတယ်လို့ထင်ရလောက် စည်းမဲ့ကမ်းမဲ့ ရပ်ပြကြတာကတော့  လမ်း၈၀-၂၆ဘီလမ်းထောင့်နဲ့၇၈လမ်း၂၇-၂၉လမ်းကြားပါဘဲ။

လမ်း၈ဝနဲ့၂၆ဘီလမ်းဒေါင့် မီးပွိုင့် အဆုံကစပြီး ယာဉ်မရပ်ရနေရာသတ်မှတ်ထားပါတယ်။

ဒါပေမယ့် လမ်း၈ဝ တောင်ဘက်ခြမ်း အရှေ့ဘက်ကို သွားတဲ့လမ်းအခြမ်း တယ်လီဖုန်းရောင်းတဲ့ ဆိုင်ရှေ့မှာတာ့ တော့ မျဥ်းဖြူနီကြားကိုမှ အားမနာ  ဆိုင်ကယ်တွေကားတွေရပ်ထားလိုက်တာ လမ်းတစ်ဝက်အထိပါဘဲ။

ကားတွေက ယာဉ်နှစ်ထပြ်ဖစ်အောင် ရပ်တဲ့အခါကလဲ မကြာခဏပါဘဲ။

အချို့သောကားပိုင်ရှင်ကြီးများ ကလမ်းမအလည်ခေါင်မှာကားရပ်ပြီး ဟန်းဆက်ရောင်းတဲ့ဆိုင်ထဲခပ်တည်တည်နဲ့ ဝင်သွားတတ်ပါတယ်။

လမ်းလယ်ခေါင်မှာ စည်းမဲ့ကမ်းမဲ့ရပ်လို့ဆိုပြီး လာဖမ်းသူမရှိ။

နောက်ကရောက်လာတဲ့ဆိုင်ကယ်သမားကလဲ ရပ်ချင်တဲ့နေရာမှာရပ်ထားခဲ့ပါတယ်။

ဆို်င်ကယ်စောင့်ဘို့ထားတဲ့ ဝန်ထမ်းခင်ဗျာမှာလဲ နေရာကျဉ်းကျဉ်းလေးမှာ လာထားတဲ့ဆိုင်ကယ်တွေ

ကားတွေများတော့ ဘာမှလုပ်လို့မရ။

တစ်ခါတစ်ရံများမှာဆိုရင် မီးပွိုင့်ဒေါင့်ကွေ့နားထိအောင်ဆိုင်ကယ်တွေရပ်ထားပါတယ်။

အဖြတ်အသန်းများတဲ့ မြို့လည်ခေါင် ဧရိယာဖြစ်နေတာရယ်လမ်းလေးခွဆုံတဲ့ မီးပွိုင့်ဖြစ်နေတာရယ်

ကြောင့်အတော်လေးရှုပ်ထွေးတယ်လို့ဆိုနို်င်ပါတယ်။

ဒီလိုရှုပ်ယှက်ခတ်နေတဲ့လမ်းမှာမှ နှစ်လမ်းသွား လမ်းမကြီးကို ကားတစ်စီးစာလေးဘဲချန်ထားပြီးယာဉ်တွေကို စည်းမဲ့ကမ်းမဲ့ရပ်ထားကြတဲ့အခါမှာ ပုံမှန်သွားလာနေတဲ့ ယာဉ်တွေမှာ အတော်လေးကို သတိထားပြီး ကျပ်ကျပ်သပ်သပ်နဲ့မောင်းနေရတာအမှန်ပါဘဲ။

ယာဉ်ထိန်းရဲတွေ အဲဒီအနားမှာ မတ်တတ်ရပ်နေပေမယ့် တားမြစ်ခြင်းမရှိဖမ်းဆီးခြင်းမရှိဆိုတော့

ဒီနေရာလေးက တရားဝင် လွတ်လပ်တဲ့နေရာလေးဖြစ်နေသလိုလို ရပ်ချင်သလိုရပ်ဘုို့ ကင်းလွတ်ခွင့်ဘဲ ပေးထားသလိုလို ဥပဒေသက်ရောက်ခြင်း ဘဲမရှိသလိုလို ။

ဒါပေမယ့် ဘာအကြောင်းကြောင်း ကြောင့် ဖြစ်ဖြစ် အမြင်မတော်တာတော့အမှန်ပါဘဲ။

၇၈လမ်းမပေါ်က ဆိုင်ခန်းတွေရှိတဲ့လမ်းအနောက်ဖက်ခြမ်းကလဲ ထိုနည်း၄င်းပါဘဲ။

ဟန်းဆက်ရောက်တဲ့ဆိုင် မျက်မှန်ဆိုင် အဝတ်အထည်ရောင်းတဲ့ဆိုင်တွေတန်းစီနေပါတယ်။

အဲဒီဆိုင်တွေကိုလာတဲ့ ကားတွေက လမ်းမှာမှာ ရပ်ချင်သလိုရပ်။

နှစ်ထပ်ရပ်လိုရပ်နဲ့ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးလို့ အသံတိတ်ဘဲကြွေးကြော်သံပေးနေသလိုပါဘဲ။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

လွန်ခဲ့သောနှစ်များဆီကတော့ လူတွေက ဘာကိုကြောက်ရမှန်းမသိဘဲကြောက်ကြပါတယ်။

အဲတော့ စည်းနဲ့ကမ်းနဲ့ မနေချင်ပေမယ့်လည်း အဖမ်းခံရမှာကြောက်တော့ စည်းကမ်း ကို

မဖောက်ဖျက်ရဲပါဘူး။

နောက်တစ်ခုက ဝန်ထမ်းဆိုတာနဲ့ အလိုလိုကြောက်တဲ့စိတ်လေးရှိနေတာလဲ ပါ ပါတယ်။

အခုအချိန်မှာတော့ အရင်လိုမဖမ်းတော့ဘူးလို့ ထင်ကြလို့လားတော့ မသိ  လူတွေက ကြောက်စိတ်ကင်းသွားသလိုပါဘဲ။

အဲတော့ စည်းကမ်း ဖောက်ဖျက်ဘို့လဲ ဝန်မလေးတော့သလိုပါဘဲ။

အဲတော့ တစ်စထက်တစ်စ စည်းကမ်းတွေပျက်သထက်ပျက်လို့လာပါတယ်။

နောက်အရင်က ဆိုင်ကယ်ဦးထုပ်မဆောင်းတာ လမ်းစည်းကမ်းဖောက်ဖျက်မိတဲ့အခါ

ရုံးရောက်ဂါတ်ရောက်မရှိဘဲ ညှိနိုင်းလို့ရခဲ့ကြပါတယ်။

အဲတော့ ဖြစ်ရင် ပိုက်ဆံပေးလိုက်ရင် ရတယ်ဆိုပေမယ့် ငွေကုန်မှာကြောက်ကြပါတယ်။

အခုအချိန်မှာဆောင်ရတဲ့ ဒဏ်ကြေးက အရင်ထက်စာရင် နည်းလို့သွားပါတယ်။

ဟိုတုန်းကလိုညှိနိုင်းလို့မရပေမယ့် အရင်လို ဆိုင်ကယ်ကိုဆွဲလှဲတာတို့

ဆိုင်ကယ်ဦးထုပ်နဲ့လှမ်းထုတာတို့

ဇွတ်ညှပ်ပူးညှပ်ပိတ်ဖမ်းတာတို့ မရှိတော့တာကြောင့် လွတ်အောင်ပြေးနိုင်တယ်ဆိုရင်အဖမ်းမခံရဘူး

ဆိုပြန်တော့လဲစည်းကမ်းဖောက်ဖျက်ဘို့သတ္တိတွေရှိနေကြပါတယ်။

ယာဉ်ထိန်းတွေ ရှောင်တခင်စစ်ဆေးနေတဲ့အချိန်မှာ စည်းကမ်းဖောက်ဖျက်သူကိုရှောင်ပြေးနိုင်အောင်

လှမ်းပြီး အချက်ပြရင် သတိပေးရင် ဝတ္တရားနှောင့်ယှက်မူ့နဲ့ အဖမ်းခံရနို်င်တယ်ဆိုတာလဲ သိကြပုံမပေါ်တော့

ဆပ်ပရိုက်ချက်ရှိနေတာမြင်ရင် “ရှေ့မှာဖမ်းနေတယ်နော်” ဆိုပြီး အော်ပြောလို့သတိပေးတတ်ကြပါတယ်။

ဒီလိုပြောပေးတာကလဲ စည်းကမ်းဖောက်ဖျက်သူကို သွယ်ဝိုက်သောနည်းနဲ့အားပေးနေတာဘဲ

ဆိုတာကိုတော့ မစဉ်းစားမိကြသလိုပါဘဲ။

နောက်တစ်ချက်ဆိုးပြန်တာက စည်းကမ်းဖောက်ဖျက်လို့ အရေးယူပြန်တယ်ဆိုရင် “လူ့အခွင့်အရေး”ဆိုတဲ့စကားလုံးကြီးနဲ့ကိုင်ပေါက်ပြီး ဖိနှိပ်တယ် မတရားလုပ်တယ်ဆိုတဲ့

အသံတွေကထွက်လာတတ်ပြန်ပါတယ်.။

အဲတော့ စည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရသူများဘက်ကလည်း ပြဿနာမတက်အောင်

ရှောင်ကြပါတော့တယ်။

အရင်အချိန်တွေက တာဝန်ရှိသူများအနေနဲ့  တရားမျှတစွာ ရိုးသားစွာ မနေခဲ့ကြတာကြောင့်လဲသူတို့အပေါ်မှာ

လေးစားမူ့ကင်းမဲ့တာလဲအမှန်ပါဘဲ။

 

လမ်းစည်းကမ်းဖောက်ဖျက်လို့ အဖမ်းခံရတယ်ဆိုရင် ဒဏ်ငွေကို ထောင်ဂဏန်း သောင်းဂဏန်းကနေ သိန်းဂဏန်းထိဆောင်ရတာမျိုးရှိခဲ့ပါတယ်။

ဒါပေမယ့် ဒဏ်ငွေတတ်ချင်သလောက်တတ်ဆောင်မယ်ဆိုပြီး စည်းကမ်းဖောက်သူတွေကလဲရှိမြဲပါဘဲ။

အခုခေတ်မှာက ငွေသိန်းဂဏန်းဆိုတာကလဲ ပမာဏသာများတယ် မက်လောက်စရာမဟုတ်ပြန်ပါဘူး။

တကယ့်လက်တွေ့ကျကျ ပြောရမယ်ဆိုရင် စည်းကမ်းဖောက်ဖျက်တဲ့ယာဉ်တွေကို မဖမ်းဘဲလက်ပိုက်ကြည့်နေပြန်ရင် ဥပဒေဆိုတာအလကားဖြစ်သွားနိုင်သလို

လမ်းမပေါ်မှာလိုက်တမ်းပြေးတမ်း ကစားသလို ဖမ်းဟယ်ဆီးဟယ်ဆိုရင်လဲ ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။

 

အကောင်းဆုံးနည်းကတော့ နေရာအနှံ့အပြားမှာ CCTV ကင်မရာတွေတပ်ထား။

မော်တော်ပီကယ်တိုင်းကို ကင်မရာတစ်လုံးစီပေးထား။

လမ်းစည်းကမ်းဖောက်တာ မြင်ရင် မှတ်တမ်းတင်ထား။

ပြီးရင်အဲဒီဓါတ်ပုံတွေကို ယာဉ်ထိန်းစခန်းတိုင်း ရဲစခန်းတိုင်းကိုဖြန့်ဝေပေးပြီး ကြော်ငြာသင်ပုန်းမှာ

အလိုရှိသည်ဆိုပြီးကပ်ထား။

နောက်လမ်းဆုံလမ်းခွ မော်တော်ယာဉ်ထိန်းနားနေစခန်းရှိတဲ့နေရာမှာကပ်ထား။

တွေ့တဲ့နေရာမှာဖမ်းနိုင်အောင် ဖမ်းဝရမ်းတွေစီစဉ်ပေးထား။

ဖမ်းမိတယ်ဆိုရင် သင့်တင့်တဲ့ ဒါဏ်ငွေရိုက်ရုံတင်မကဘူး အမိူက်ကောက်တာ လမ်းသန့်ရှင်းရေးလုပ်တာ

သစ်ပင်စိုက်တာ အစရှိတဲ့ လူမူ့ရေးလုပ်ဆောင်ရတဲ့ အပြစ်ဒဏ်ကို သူကျူးလွန်ခဲ့တဲ့အပြစ်နဲ့ချိန်ဆပြီး

တစ်ရက်ကနေ ဆယ်ရက်ထိ မလုပ်မနေရ ကိုယ်တိုင်ကိုယ်ကျ လုပ်ခိုင်းမယ်ဆိုရင် အခုလောက်စည်းမဲ့ကမ်းမဲ့ မလုပ်ရဲလောက်တော့ဘူးလို့ထင်ပါတယ်။

ဒီလိုအပြစ်ပေးတဲ့အခါမှာတော့ ဟိုလူ ဒီလူ ကျောသားရင်သားမခွဲခြားဘဲ အပြစ်ဒဏ်ကို ခံခိုင်းမှ

တရားမျှတမှာပါ။

ကျနော်က အဲလိုလေး မိတ်ဆွေတွေကိုပြောပြတဲ့အခါမှာ

“ကဲဗျာ စည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရမယ့် သူတွေကိုယ်တိုင်က

စည်းမဲ့ကမ်းမဲ့ လုပ်နေကြရင်ကောဗျာ” လို့မေးတဲ့အခါ………………………………..

ပြေးစရာမြေမရှိ ပေးစရာအဖြေမရှိ အလွန်ခက်ပါ၏

လို့ဘဲဆိုချင်ပါတော့တယ်။

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

10-7-2013

 

 

 

32 comments

  • MAUNG

    September 11, 2013 at 9:23 am

    “ငါ့ဘက်ကလမ်းမှန်လို့ကတော့ လျော့မပေးဘူး တိုက်မိလို့ကတော့မှားတဲ့ကောင်လျော်”

    မှန်လိုက်လေ ဗျာ

    စကားမစပ် Gift Way = Give Way ?

  • ဦးကြောင်ကြီး

    September 11, 2013 at 10:08 am

    စည်းပျက်ကမ်းပျက်
    မီးသတ်ရမ်းပက်
    နီးစပ်မဏ္ဍပ်
    ဇီးကပ်ဝမ်းသက်
    သီးညှပ်နှမ်းထပ်
    ပီးပြတ်လွမ်းဇာတ်
    ဘီးယက်နန်းတက်
    ကြီးမြတ်မန်းဇက်…။

  • အလင်းဆက်

    September 11, 2013 at 1:37 pm

    ကျွန်တော်တို့ ရပ်ကွက် ထိပိမှာ ဆိုင်ကယ်တွေ မကြာခဏ လာလာဖမ်းတယ်
    ပြေးတဲ့ဆိုင်ကယ်တွေရော
    လိုက်ဖမ်းတဲ့ဆိုင်ကယ်တွေ ကားတွေ တဝေါဝေါနဲ့
    သူတို့ အဲလို ဝရုန်သုန်းကား လုပ်ပြီဆို
    လမ်းသွားလမ်းလာနဲ့ဈေးသည်တွေ အသက် ဖက်နဲ့ ထုပ်ပြီး
    ဘုရား တနေရတာပေါ့

    • မစီးနဲ့ဆိုတာ မစီးရင်ဖမ်းစရာမလို
      စီးချင်တဲ့ သူစီး ဖမ်းချင်းတဲ့သူမှဖမ်းဆိုရင်တော့
      မတရားတာလို့ ဆိုရမှာဘဲ

  • Mr. MarGa

    September 11, 2013 at 4:42 pm

    ယာဉ်မောင်းလိုင်စင် ဖြေရာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို မဖြစ်မနေ သိရ၊ မှတ်ရပါတယ်။
    ဟိုအရင်ခေတ်က လိုင်စင်လုပ်ရာမှာ ငွေပေးပြီး လွယ်လွယ်လုပ်ကြသူတွေ၊
    အခုနောက်ပိုင်း ဆိုင်ကယ်လိုင်စင်သာရှိပြီး လူလိုင်စင်မရှိသူတွေ များလာတဲ့အခါမတော့
    စည်းကမ်း ဆိုတာဟာ ဘာလဲဆိုတာတောင် ပြောဖို့ ခပ်ခက်ခက်
    ကိုယ်တိုင်က စည်းနဲ့ကမ်းနဲ့ သွားနေရင်တောင် တစ်ဖက်က မှားနေရင် ကိုယ်ပါ ခံရတာမျိုးလေ
    ဒါတွေကြောင့်လည်း အဆင်ပြေသလို လုပ်တာတွေများလာတယ်လို့ ဆိုချင်ပါတယ်။
    ဖြူနီကျားမှာ ဘယ်ယာဉ်မှ မရပ်ရဘူး ဆိုတာ မသိမဟုတ် အတော်များများ (အတော်များများ) သိကြပါတယ်။
    ဒါပေမင့် ဖမ်းတာဆီးတာ မရှိရင်တော့ လွယ်လွယ်ကူကူ ရပ်လိုက်တာပါပဲ။
    အဓိက ကတော့ စည်းကမ်းတွေကို လူတွေ ပိုသိအောင် အရင်လုပ်သင့်ပါတယ်
    (မီးပွိုင့်တွေမှာ အသံချဲ့စက်တွေနဲ့ ဖွင့်ထားပါတယ်။ ဒါပေမင့် အကြာဆုံး မီးပွိုင့်မှ ရှိလှ သုံးမိနစ်ပေါ့ ဒါလောက်နဲ့တော့ ဂရုစိုက် နားထောင်သူ နည်းမယ်ထင့်)
    ဒုတိယတစ်ချက်ကတော့ တကယ် ဖမ်းတယ် ဆီးတယ် ဆိုရင်လဲ မျက်နှာသာမပေးဘဲ ကြီးငယ်မဟူ ညီတူညီမျှ ဖမ်းသင့်ပါတယ်။
    ဒီနေ့တင် eleven news ကနေ ဖတ်လိုက်ရတာ မန်းမှာ ည ပိုုင်းတွေ alcohol tester နဲ့ လိုက်စစ်နေတယ်တဲ့။
    စစ်လဲစစ်ပါတယ် အရေးလဲ ယူပါတယ် ဒါပေမင့် ဦးထုပ် ဆောင်းခြင်း မဆောင်းခြင်းကတော့ ခြွင်းချက်အနေနဲ့ အရေးမယူပါ တဲ့။
    (ညပိုင်းမှာ ဦးထုပ်မဆောင်းသူတွေက သူတို့ကို တွေ့တာနဲ့ ပြေးတာမို့ အရေးမယူပါဘူး အော်ပြောပြီး ခေါ်စစ်ကာ alcohol test ကိုပဲ တိုင်းတာ အရေးယူတာပါ တဲ့)
    အဲဒီလို အမြီးအမောက် မတည့်တာတွေနဲ့တော့ စည်းကမ်းလိုက်နာဖို့ လိုဦးမယ် ထင်ပါရဲ့ဗျာ…..။
    တကယ် ပြင်မယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုပေးလို့ သေသေချာချာ ကျကျနန ပညာပေးပြီး အရေးယူသင့်တယ် ထင်မိပါကြောင်း…..

    • မီးပွိုင်မှာ ဖွင့်ပြတာ မထိရောက်တဲ့ ဆောင်ရွက်ချက်။
      တကယ်လုပ်သင့်တာက စည်းကမ်းဖောက်သူ ဖမ်းမိရင် တစ်ပါတ်လုံးလုံးရုံးလာခိုင်းပြီး
      ယာဉ်စည်းကမ်းလမ်းစဉ်းကမ်းကို အလွတ်ရအောင်ကျက်ခို်င်းရမယ်

  • အခုလေးတင် တောင်ငူမြို့ရိုးအဝင်မုခ်ဦးနားမှာ ဆိုင်ကယ်မှောက်တဲ့သတင်းဖွဘုတ်မှာဖတ်လာတာ
    မြန်မာပြည်မှာ စည်းကမ်းတကျ ဘာယာဉ်မှမစီးတတ်ကြပုံကတော့ လက်လန်ပါတယ်။
    ဘယ်တော့များမှ သူများနိုင်ငံတွေလို စမတ်ကျကြမှာပါလိမ့်
    🙁

    • ကျနော်ကတော့ စည်းမဲ့ကမ်းမဲ့ စီးပြီး ဆိုင်ကယ်မှောက်တဲ့ကောင်ကို ဘာဖြစ်နေနေ မကူညီဘူးဗျာ

  • ခင် ခ

    September 11, 2013 at 8:59 pm

    ပြောကိုမပြောချင်တော့ပါဘူး ကိုပေါက်ရေ။
    တိုင်းပြည်ဟာစည်းကမ်းရှိမှ တိုးတက်မယ်ဆိုတဲ့စကားသာ အမှန်ဆိုရင်တော့ ဒီတိုင်းပြည်တော့ တိုးတက်ဖို့မျှော်လင့်မနေနဲ့ တော့လိုဘဲ ပြောချင်တာပါဘဲဗျ။

  • zaw min

    September 12, 2013 at 1:27 am

    ပြောရရင်တော့…ဓါတ်ပြားဟောင်းကြီးကိုပဲပြန်ပြန်ဖွင့်ပြရမလိုပါပဲ….သီပေါမင်းလက်ထက်မှစ၍ယနေ့တိုင်အောင် ပါပဲလိုထင်မိပါတယ်…ဗာမာတွေ စည်းကမ်းဖေါက်လို့ထီးနန်းပျောက်ခဲ့ရသလို ….လွတ်လပ်ရေးကိုအရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဗာမာတွေ စည်းနဲ့ကမ်းနဲ့နေတတ်ရမယ်လို့ ဆုံးမသွင်သင်ခဲ့ပေမယ့်လည်း ဗိုလ်ချုပ်ကိုချစ်လှပါချည်ရဲ့ဆိုပြီး ပါးစပ်ကသာအမြုပ်တစီစီထွက်အောင် အော်နေပေမယ့် လိုက်နာနိုင်တဲ့သူ အင်မတန်နည်းနေသေးပါတယ်…
    ဥပဒေဆိုတာ လေးစားလိုက်နာဖို့…တန်းတူရည်တူ အခွင့်ရေးရှိဖို့…ဥပဒေကိုလေးစားကြောက်ရွံ အောင် လည်း ဥပဒေဘက်တော်သားတွေက လုပ်ပြရမယ်…ဥပမာ စင်္ကာပူလိုပေါ့ ရဲကို လဒ်ထိုးရင် အမူနှစ်တိုးမယ်…တရားစီရင်ရေးကိုလည်း ဘက်မလိုက်ပဲ ပြက်ပြက်သားသားစီရင်နိုင်ရမယ်…ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း သာမက မိမိပတ်ဝန်းကျင်မှာလည်း မိမိတို့ရဲ့ကိုယ်ပိုင်အသိစိတ်လေးတွေနဲ့ စည်းကမ်းရှိရမယ်…တစ်လောက သင်္ဃန်းကျွန်းလေးတောင့်ကန်နာမှာ လိုင်းကား ၃၉ လို့ထင်တာပဲ၊ ယာဉ်ထိန်းရဲက ဖမ်းပြီး ဒဏ်ငွေရိုက်ဖို့ ချလန်ဖြတ်လို့ဆိုပြီး လိုင်းကားသမားက အဲဒီနေရာကို နောက်တစ်ခေါက်ပြန်လာပြီး စကေဘာ နဲ့ယာဉ်ထိန်းရဲနှစ်ယောက်ကိုထိုးပါတယ်….အဲဒီလို ပြစ်မူကျူးလွန်တဲ့သူမျိုးကို သေဒဏ်တောင်ပေးသင့်တယ်လို့ပြောချင်ပါတယ်…နောက်တစ်ခု ကွမ်းတံထွေး ထွေးတဲ့ ကိစ္စ၊ဆေးရုံကြီးရဲ့ လှေကားအတက်အဆင်းမှာ ကွမ်းတံထွေး မထွေးရ ဆိုတဲ့ ဆိုင်းဘုဒ်ပေါ်မှာ သေသေချာချာ ထွေးထားခဲ့တာ ကိုယ်တိုင်တွေ့ခဲ့ရတယ်….
    အကျင့်နဲ့စိတ်ဓါတ်တွေက အရမ်းအောက်တန်းကျနေပီလို့ပဲဆိုချင်ပါတယ်….
    တိတိကျကျ ပြင်းပြင်းထန်ထန် အရေးယူမူတွေလုပ်မယ်…အသိပညာပေးတွေများများလုပ်မယ် ဆိုရင်တော့….ပြောင်းလဲလာနိုင်မယ်လို့ထင်မိပါတယ်….လူတွေကလည်း စည်းမဲ့ကမ်းမဲ့နေလာတာ ခေါက်ရိုးကျိုးနေပြီလေ….

    • အဲလို စည်းကမ်းမဲ့တာကို ငါတို့က တော်လှန်နေတာလို့ အထင်ရောက်သူများ ရှိနေသေးကြောင်းပါခင်ဗျာ

      • ရွှေ ကြည်

        September 13, 2013 at 6:30 pm

        မှန်ပါ့လေးပေါက်ရေ ဂလန်ကဆန်လုပ်ချင်တဲ့စိတ်တွေကများများဖြစ်နေတယ်

  • kyeemite

    September 12, 2013 at 10:44 am

    ကိုပေါက်ရဲ့လက်ဆောင်အတွေးပါးပါးလေး
    ကို သက်ဆိုင်သူတွေ ဖတ်ပြီးဆင်ခြင်နိုင်ကြပါစေဟုသာ….
    အရေးကြီးတာတစ်ချက်ကလည်း….မြို့ရဲ့ အခြေအနေနဲ့ ယာဉ်ထိန်းရဲ
    အရေအတွက် မမျှတာလည်းတစ်ကြောင်းဖြစ်ပါလိမ့်မယ်… 🙁

  • ကိုပေါက်(မန္တလေး)

    September 12, 2013 at 10:02 pm

    ကိုမိုက်ရေ
    နားထောင်သည်ဖြစ်စေ မထောင်သည်ဖြစ်စေ
    ဆင်ခြင်သည်ဖြစ်စေ မဆင်ခြင်သည်ဖြစ်စေ
    ပြုပြင်သည်ဖြစ်စ မပြုပြင်သည်ဖြစ်စေ
    ဖတ်သည် ဖြစ်စေ မဖတ်သည်ဖြစ်စေ
    ကျနော်က တော့ အတွေးပါးပါးလေးတွေ ရေးနေမှာပါဘဲ။
    တစ်ချိန်မှာ ခင်ဗျား တို့ မပြောရင် ကျုပ်တို့ မသိဘူးလေ ဆိုပြီး ဘူးကွယ်ငြင်းတာကို မခံရအောင်
    ကြိုကာကွယ်ထားတဲ့သဘောပါဘဲ

  • uncle gyi

    September 12, 2013 at 11:00 pm

    မီးပွိုင့်မှာ ဦးထုပ်မဆောင်းလဲဖမ်းချင်မှဖမ်း၊
    မဝင်ရလို့သတ်မှတ်ထားတဲ့ လမ်းမှာ အနှေးယာဉ်ဆိုက်ကားတွေဝင်လာလဲ ဖမ်းချင်မှဖမ်း၊
    တောက်လျောက်ကွေ့လို့ရအောင်းပေးထားတဲ့ (လက်ဆောင်လမ်း-Gift Way)ထဲဝင်ရပ်နေပြန်ရင်လဲ
    ဖမ်းချင်မှဖမ်း၊
    ဆိုင်ကယ်တစ်စီးကို သုံးလေးယောက်စီးလဲဖမ်းချင်မှဖမ်း၊
    လမ်းပြောင်းပြန်စီးပြီးဝင်လာလဲဖမ်းချင်မှဖမ်း၊
    မီးဝါပြထားတဲ့အချိန် မီးနီလွတ်အောင်မမောင်းနိုင်မှန်းသိပါလျက်နဲ့ ဇွတ်ဝင်လာရင်လဲဖမ်းချင်မှဖမ်း၊
    မီးနီနေမှန်းသိရက်သားနဲ့ ခပ်တည်တည်ကွေ့လာရင်လဲဖမ်းချင်မှဖမ်း၊
    လမ်းအကွေ့မှာအရှိန်မလျော့ဘဲကွေ့လာရင်လဲဖမ်းချင်မှဖမ်း၊
    ယာဉ်တွေလဲ မောင်းချင်သလိုမောင်း သူတို့လဲနေသာသလိုနေဆိုပြီး မဖမ်းဘဲရပ်ကြည့်နေတာကများပါတယ်။

    အမှန်ကသူတို့တာဝန်ချိန်သူတို့တာဝန်ကျရာမှာစည်းကမ်းမရှိဖြစ်နေတာတွေ
    ဖမ်းဖို့ပညာပေးဖို့ကသူတို့တာဝန်အခုတော့
    သူတို့ကိုလူကြီးလာမှလမ်းရှင်းဖို့ထားသလိုဖြစ်နေတာ

    ဖမ်းလို့ထွက်ပြေး
    လွတ်ရင်ဘာမှအရေးယူမှုမရှိတော့ပြေးကြတာပေါ့ဗျာ
    အမှန်ကအဲလိုကားတွေဆိုင်ကယ်တွေကိုတနည်းနည်းနဲ့မိအောင်ဖမ်း
    ပုံမှန်ပြစ်ဒါဏ် ၅၀၀ဝ ၁၀၀၀ဝဆို
    သူတို့ကိုပြစ်ဒါဏ်၁ဝဆလောက်ပိုချ
    လူမှုရေးလုပ်ငန်းတွေလုပ်ခိုုင်း
    ဥပမာကျောင်းဝင်းတခုကို၁ပတ်လောက်သန့်ရှင်းရေးလုပ်ခိုင်းတာ
    သက်ဆိုင်ရာတာဝန်ရှိသူကကောင်းမွန်စွာလုပ်ဆောင်ခြင်းမရှိပါလို့
    မှတ်ချက်ပေးရင်ထောင်ဒါဏ်ပါ ပူးတွဲချတာတွေလုပ်ကြည့်လိုက်ရင်
    ဘယ်လိုတွေဖြစ်မယ်လို့ကိုပေါက်ထင်ပါသလဲ

    • အဲဒီလို တိတိကျကျလုပ်ရင်
      မတရားပါဘူး နှိပ်စက်ပါတယ် လူ့အခွင့်အရေးပိတ်ပင်ပါတယ်ဆိုပြီး ဆန္ဒဖော်ထုတ်လိုက်မှာပေါ့ အန်ကန်ကြီးရေ

  • kai

    September 13, 2013 at 12:04 am

    တစ်ကက်စနစ်ကို.. မြန်မာပြည်ယဉ်စည်းကမ်းထိမ်းသိမ်းရေးမှာလုပ်သင့်တယ်..
    ကျုပ်လည်း အခုတစ်ကက်တခုရထားတယ်…။
    တစ်ကက်စာအရ.. ကိုယ်မှားလို့ရဲက.. ဒဏ်ကြေးချတာမဟုတ်… ကိုယ်မှားတယ်ထင်လို့..ရဲကကိုယ့်ကို..တရားစွဲထားတာပါတဲ့..။

    ဆိုတော့.. ကိုယ်တကယ်မှားတယ်ထင်.. ဒဏ်ကြေးဆောင်(အပြစ်ကိုခံ)
    မှန်တယ်ထင်.. အပြစ်မရှိလို့ စာရေးပြီး… တရားရုံးတက်.. ရဲနဲ့တရားသူကြီးရှေ့မှာ.. တရားဆိုင်ပါတဲ့..။ တရားရုံးရက်ချိန်းလေးတောင်ပါသေး….။
    ဒီအကြောင်းတွေ..ပိုသိအောင်.. ရဲနဲ့တရားဆိုင်မလို့.. ဆုံးဖြတ်ထားကြောင်း…. :mrgreen:

    • Ma Ma

      September 13, 2013 at 8:45 am

      ဒီမှာတော့ ယာဉ်သက်တမ်းတိုးတဲ့အခါ ပြစ်မှုရှိတယ်ဆိုရင် ဒါဏ်ကြေးဆောင်ပေရော့ပဲ။
      တခါတလေ ကိုယ်သွားနေကျ လမ်းကြောင်းလည်း မဟုတ်၊
      ကိုယ့်ကား အရောင်လည်း မဟုတ်၊
      ကားအမျိုးအစားလည်း မတူ၊
      ဒါပေမယ့်လည်း ဘာမှဖြေရှင်းခွင့်မရှိ။

      သဂျီးတို့ဆီမှာတော့ တဖက်သတ်မဟုတ်ပဲ ပြန်လှန်ချေပနိုင်ခွင့်ရှိတာကို သဘောကျတယ်။

      • kai

        September 15, 2013 at 3:06 am

        ရဲဆိုတာမျိုးက.. ဥပဒေကိုပိုနားလည်ပြီး. .စောင့်လျှောက်ဖို့တာဝန်ရှိသူမို့.. သူနဲ့ပြိုင်.. ကျုပ်ကရှုံးဖို့သေချာသလောက်ပါပဲ…။
        ဇတ်လမ်းအရပြောချင်တာက.. တစ်ကက်စနစ်မှာ.. လာဘ်ပေး/ယူဖို့..ခက်သွားတယ်လို့ဆိုလိုရင်းပါ…။

        အနည်းဆုံးတော့.. တရားရုံးကို.. ရဲကအလုပ်ခဏခေါက်ပြီး.. လာရမယ်လေ..
        သူ”ရဲ”မလာရင်တော့.. တရားသူကြီးက… ကျုပ်ကိုအနိုင်ပေးတယ်တဲ့..။

        • ကိုပေါက်(မန္တလေး)

          September 15, 2013 at 10:13 pm

          ကိုခိုင် ကျနော်တို့မြန်မာလူမျိုးတွေ တရားရုံးကို သွားပြီးရင်ဆိုင်ရဲတဲ့ သတ္တိရှိအောင်မွေးပေးရမယ်။
          ဒါမှ လာဘ်မစားရဲမှာ။
          အခုတော့ရုံးရောက်မှကြောက်တော့ လာဘ်ပေးတဲ့စနစ်ဖြစ်လာတာ

  • Ma Ei

    September 13, 2013 at 2:23 pm

    စည်းကမ်းရှိစေချင်လို့၊ လိုအပ်လို့ စည်းကမ်း သပ်မှတ်ပြီးရင်
    လိုက်နာအောင် ပညာပေးရပါမယ်၊ မလိုက်နာသူများကို အရေးယူရပါမယ်။
    ဒါမှ စည်းစနစ်ကျစွာနေထိုင်တတ်မှု အကျင့်ဖြစ်သွားမှာပါ……..
    ခုတော့ စည်းကမ်းက စာထဲ၊ဆိုင်းဘုတ်ထဲမှာဘဲရှိ၊
    ပညာပေးတာက မရှိသလောက်၊ လူကြီးလာမှ ဟန်ပြလောက်၊
    မလိုက်နာရင်လဲ အရေးယူတာက ယူချင်တဲ့ချိန်မှ ထယူ၊
    စီမံချက်ရှိမှ ထဖမ်း ဆိုတော့ လေ…..
    မရှိသူတွေ၊ မသိသူတွေကြားက စည်းကမ်းဆိုတော့လဲ….
    အဲ့လိုနှက်မယ့်သူရှိလာပါ့မလား ကိုပေါက်ရေ…

    • ကျနော်တို့ဆီမှာက စည်းကမ်းတော့ထုတ်ပါတယ်
      ဒါပေမယ့် မလိုက်နာရင်လဲ ဘာမှ မဖြစ်ဘူးလေ
      အဲတော့ ဒီလို ဘဲပြီးသွားကြတာပါ

  • ခင် ခ

    September 13, 2013 at 3:41 pm

    စည်းကမ်းသည် လူတန်ဖိုး ဆိုတာတောင်ရှိသေးတယ်လေ။ တစ်ခေါက်ပြန်ဝင်ဖတ်တာပါ

    • အမျုးိသား စည်းကမ်းအစ စာသင်ကျောင်းက ဆိုင်းဘုတ်ကြိးမှ အကြီးကြီး
      ဒါပေမယ့် တားတားတို့ရဲ့ ဆရာမလည်း ဦးထုပ်ဆောင်းဘူး

  • ရွှေ ကြည်

    September 13, 2013 at 6:33 pm

    လေးပေါက်ပြောတာတွေ အားလုံးထောက်ခံပါတယ်
    ရန်ကုန်ရောက်စကနားမလည်ဘူးလေ ဆိုင်ကယ်စီးလို့မရဘူးလည်းပြောတယ်
    အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်တွေတွေ့တော့ တအံ့တဩ

  • zaw min

    September 14, 2013 at 12:11 am

    ကိာကြီးပေါက်ရေ…အဲဒီပြဿနာတွေက ကျနော်လွန်ခဲ့သော ၄ လ ရွာကိုပြန်ရောက်သည်မှ ယနေ့တိုင်ကြုံတွေနေရပါတယ်…ပြီးခဲ့တဲ့ တစ်ပတ်က ကျနော်မိတ်ဆွေတစ်ယောက်သူရဲ့ကားကို သက်တမ်းသွားတိုးတာ ရဲမူအတွက် ၂သိန်းကျော်ဆောင်လိုက်ရပါတယ်ခင်ဗျ….သူဝယ်လိုက်တဲ့ကား ကဗိုလ်ချုပ်ဟောင်းတစ်ဦးရဲ့သား စီးတာတဲ့ …ပြန်လည်းမတောင်းတော့ပါဘူးတဲ့ ကိုယ့်ထိုက်နဲ့ကိုယ်ကံပဲတဲ့…
    လိုင်စင်ဝင်ပြီးသားကားဝယ်ရင်လည်း ယဉ်မူစစ်မှာ အရင်စစ်ဆေးပြီးမှဝယ်ယူကြပါလို့အကြံကြုချင်ပါတယ်…
    တစ်ချို့နေရာတွေမှာ ယာဉ်ထိန်းရဲတွေ မလောက်လို့ ဆိုက်ကားဆရာများက လမ်းပြ ပုလိပ်လုပ်နေကြရပါတယ်ခင်ဗျ… ဗဟိုလမ်းနဲ့ဟံသာဝတီဘူတာဂုံးတံတားမှာ ဆိုရင်နေ့စဉ် ယာဉ်ထိမ်းရဲ သုံးဦးရှိမှအစဉ်ပြေနိုင်ပါတယ်၊ပြည်လမ်း ဟံသာဝတီအဝိုင်းပါတ်ဆိုရင်လည်း ထိုနည်း ၎င်းပါပဲ…
    ယာဉ်ထိန်းရဲမရှိတဲ့ နေရာတွေမှာလည်း မိမိတို့ရဲ့ကိုယ်ပိုင်အသိစိတ်လေးတွေနဲ့ တစ်ဦးပေါ်တစ်ဦးနားလည်ပြီး လမ်းစည်းကမ်းလေးအတိုုင်းသွားမယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေတော်တော် နည်းသွားမှာပါ…အသက် ၁၈ နှစ်ပြည့်လိုယာဉ်မောင်းလိုင်စင်ရထားတဲ့သူတွေကြီးပါပဲ…ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းစာတွေလဲ ဖတ်တတ်နေတာပဲ….ကိုယ်ပိုင်အသိစိတ်လေးတွေပြင်ဖို့လည်းလိုအပ်ပါတယ်လို့ ထင်ပါတယ်…

  • ယာဉ်ထိ်န်း ဆိုတာ ရုတ်တရက်ဖြစ်လာတွေကိုဆောင်ရွက်ပေးဘို့အဓိကပါ
    လက်တွေ့မှာတော့ အသိတရား ဆင်ခြင်မူ့ကင်းမဲ့လို့ မှားတာတွေကိုဖြေရှင်းနေရတာနဲ့အချိန်တွေကုန်သွားတာပါဘဲ

Leave a Reply