ရိုမီယို 2 ( ဇတ်သိမ်း )

sorrowSeptember 11, 20131min20012

2006 ၏ အစောပိုင်းနေ့ရက်များတွင် ….မိုးပြိုမည့်ဇတ်လမ်းစတင်ခဲ့ပါပြီ…လူတကာကို ဟောက်စားလုပ်နေသော ရုံးခန်းအတွင်းမှ ဖုန်းသံကထမည်လာသည်..
..” ကို..ကလေးအင်တာဗျူးအောင်တယ် ” ဘာအင်တာဗျူးမှန်းတော့မသိ ….
” အေး…cheer ကွာ….တော်ချက်.. ”
” ရန်ကုန်ဆင်းလာခဲ့တော့ ”….
.အမိန့်သံပါသော တောင်းဆိုမှု အောက်တွင် ကြယ်ငါးပွင့်ဟိုတယ်ကြီးတွင် GRO ခေါ် ဧည့်သည်ဆက်ဆံရေးအရာရှိ တာဝန် တာဝန်ထမ်းဆောင်နေသော ..အုံးမရှိသည့်ငနဲမှာ…အထုတ်ကောက်ဆွဲဆင်းချ လာတော့သည်….
—————————————
”မသွားပါနဲ့ကလေးရယ် ” ” မသွားလို့မရဘူး…အကုန်စီစဉ်ပြီးနေပြီ ”
တောင်းပန်သံအဆုံးတွင် တုံ့ပြန်သံက နင့်ကနဲ…..အံကြိတ်ထားသဖြင့်…သူ့မေးကြောလေးများပင် ထောင်နေပြီ…….
ပေါကြောင်ကြောင်ဇတ်ကားများကြည့်ပြီး….လေယာဉ်မယ်ဖြစ်ချင်သော စိတ်က …ထိုမျှပြတ်သားခိုင်မာမည်ဟု…တချိန်က စိုးစဉ်းမျှ မထင်ခဲ့…
..သူမေ့လျော့သွားပါပြီ….တတိယနှစ်ဂျာမန်ကျောင်းသူဘဝ က တောင်တမန်အင်းမှ တိုင်လုံးကြီးများဖက်ပြီး…..စပ်ဖြဲဖြဲနှင့်ပေးခဲ့သော ..ကတိများက အရာမထင်တော့…..မန်းလေးကျုံးဘေးက …ဒန်တန့်တန် နေ့ရက်များကို…သူတကယ်မေ့လျော့ခဲ့ပါပြီ……..
————————————
လေဆိပ် Departure ……
ဆံပင်ပိုနီတေးလ် လေး…pencil heel နှင့်..စတိုင်ပန်အကျပ်လေး…ဝတ်ထားပုံက …ယခုပဲထပျံတော့မည့်လေယာဉ် နှင့်အပြိုင် ..ဝင့်ဝင့်ထည်ထည်ရှိလွန်းပါသည်……..
” ကလေး…ကို့ကိုချစ်တယ် ” ….မျက်နှာဝင်းဝင်းလေးက …ဝမ်းနည်းသည့်အရိပ်အယောင်လုံးဝ မရှိ…..ပီဘိ အရုပ်သစ်ရထားသော…ကလေးငယ်သဖွယ်….
ရင်ထဲတွင် ဘလောင်ဆူနေသော်လည်း….ဟန်ဆောင်အပြုံးဖြင့်…”.အတူတူပါပဲကွာ” ပြောရင်း….သူ့ပါးပြင်လေးကို နမ်းလိုက်သည်…..ထိုအနမ်းက ရင်ကိုနာကျင်စေသည့်အပြင်…..မျက်ရည်က ပေါက် ကနဲ…….
ဖုန်းလေးဆက်မည့်အသွင်….လုပ်ပြရင်း….ချာကနဲ ..လှည့်ထွက်သွားသော..သူ့ကျောပြင်လေးကို ကြည့်ရင်း…..အရာအားလုံးကိုကျွန်တော်ဆုံးရှုံးသွားပါပြီ……..ကောင်းကင်ပေါ်ထိုးတက်သွားသော …လေယာဉ် နှင့်အတူ ..နှလုံးသားတခုလုံးပါသွားပါပြီ……..
————————————————-

ပျံ့လွင့်နေသော စိတ်တို့ က ဟိုဒီ ကိုပြေးလွှား လျက်……နှစ်သစ်တခုကိုထပ်မံရောက်ရှိပြန်ပါပြီ…..ဒါဏ်ရာတို့ကလတ်ဆတ်နေဆဲ….
” ကို…ကလေးခွင့်နဲ့ ပြန်လာမယ် ”……ရူးခါမတတ်…မျှော်လင့်နေသော အချိန်ကာလကိုရောက်ရှိလာပါပြီ……
သေမတတ်နာကျင်စေသော ဓါးတစ်ချောင်းအသဲထဲကို…ထိုးစိုက်ဖို့ပြန်လာမယ်မှန်းမသိသော …ငနဲတစ်ကောင်မှာ…သတ်ကွင်းထဲသွင်းမှန်းမသိ သော..နွားရိုင်းတကောင်ကို ..မြူးတူးတက်ကြွလို့……….
……………………………………….
လေဆိပ်ထဲ….မျှော်လင့်နေသော….သူတာဝန်ထမ်းဆောင်နေသော…လေကြောင်းလိုင်းမှ…..လေယာဉ်ကြီးဆင်းသက်လာပါပြီ….
ကျွန်တော့်ရဲ့.နတ်သမီးပါလာပါပြီ….
….ဂျင်းပန်အပြာအကျပ် လေးက …ပျော်ရွှ့င် ခြင်းတွေသယ်ဆောင်လာပါပြီ……..
“‘ ကို့ကို…အရမ်းလွမ်းတာပဲ “‘……သူ့အပြောမှာ ..အသည်းတစ်ခုလုံး အရည်ပျော်ခဲ့ပါပြီ……ထိုအချိန်က…မြေပြင်ကို ကျွန်တော်ထိတွေ့နေသလား မသေချာပါ………….ပေါ့ပါးတက်ကြွလျက်……..
………………………………………..
အိမ်မပို့ပဲချန်ထားသော..ဒေါ် လာအကြွင်းအကျန်များမှ…..ဖယောင်းတိုင်ထွန်းထားသော.ညစာ အဖြစ်အသွင်ပြောင်းချိန်မှာ……..
သူ့မျက်နှာလေးက ဝင်းမွတ် ကြည်လင်လျှက်…
” ကို့ …ကိုပဲတချိန်လုံးသတိရနေတာ “‘ ……
” အဲ့ဆိုမနေပါနဲ့လား …ကလေးရယ် “‘ သူလိမ်တတ်မှန်းသိလျက်နှင့်ပင် …..ကျွန်တော်ယုံခဲ့မိပါပြီ…..
ခောတ်မှီတိုးတက်သော ..မြို့ ပြအငွေ့အသက်ကို ..သူခုံမင်နှစ်သက်မှန်းလည်း….ရိပ်မိခဲ့ပါပြီ…..
လက်စွပ်မောင်းကွင်း လေးကို စွပ်ပေးရင်း…..” ကို…ဒါလေးမြင်တိုင်း…ကလေးကိုသတိရနော်…ဖွန်မကြောင်နဲ့သိလား…” ထိုအပြောတွင် …ကျွန်တော်…ယစ်မူးခဲ့ပါပြီ……..ရင်ခွင်ထဲကွေးကွေးလေး…တိုးခွေ့ဝင်လာသောကြောင်လေးလို…..သူ့အသွင် က…..အပြစ်ကင်းလွန်းပါသည်….
အရာအားလုံးကို ကျွန်တော်ပြန်လည်ပိုင်ဆိုင်ခဲ့ပါပြီ……….
———————-
” ကို ..ပိုက်ဆံဘယ်လောက်စုမိပြီလဲ” ”ဟင် ” ရသမျှအိမ်ပို့သော…ငနဲမှာလက်ဆုပ်လက်ကိုင် ပြစရာက…ငါးထောင်ပင်မပြည့်….
”မိန်းမရော…ယူအုံးမှာလား..ဒီတသက် ” ”ဒီကိုလာဆိုတော့…သွေးမရှိဘူး..”…. ”.လစာဒေါ်လာ**ရာက တက်အုံးမှာလား…. ”
”ဒီဖိနပ်က…ကို့လစာလောက် ရှိတယ်….” အနက်ရောင်..pencil heel လေးကို မေးငေါ့ပြရင်း..မြန်မာကားများထဲမှ ဓနရှင်လေသံနှင့်.သူပြောသည်….သူ့လစာဒေါ်လာအထပ်လိုက်..
…နှင့် ယှဉ်လျှင်..ကျွန်တော့်လစာက ကလေးမုန့်ဖိုးသာသာ….ခနဲ့တဲ့တဲ့လေသံက .ကချင်ပြည်နယ်ကြီး မတိုးတက်သည်ကပဲ …ကျွန်တော့်အပြစ်လိုလို…
ကွာခြားလွန်းသော…ဘဝနှစ်ခုကို …အချစ်တခုတည်းနှင့် ..ဆက်စပ်ရန်ကြိုးစားခဲ့သော….ငတုံးတကောင်၏ ..ဇတ်သိမ်းက …မရှုမလှ…
တချိန်ကသူမြတ်နိုးခဲ့သော….ကျွန်တော့်မာနကို ..နင်းခြေဖျက်ဆီးသူ က…သူကိုယ်တိုင်……သူ့မျက်နှာလေး…ကဒေါသနှင့်အတိ….
ဒေါသနှင့်..နာနေသောမာန က…မြွေတစ်ကောင်လို ..ခေါင်းထောင်ထခဲ့ပါပြီ….မြစ်ကျိုးအင်း..ဇတ်လမ်းမှာ …ကျွန်တော်က ဇတ်ပို့နေရာက….
လေယာဉ်မယ်များ…ဒေါသထွက်လျှင်…မလှပါ….

————————————————-
” လက်မှတ်ဘွတ်ကင်လုပ်တော့….” ” မလိုက်ရင်.ကလေးနဲ့.ဇတ်လမ်းက ..ပြီးပြီ”…..မာထန်နေသောလေသံက.
..သူအရိပ်သုံးပါးကိုနားမလည်ခဲ့..
တကယ်တမ်းထိုမျှလောက်….သူပြတ်သားလိမ့်မည်လဲ ….ဝန်ခံရလျှင် မထင်ခဲ့…….
”မဖြစ်နိုင်ဘူး…ဖြူလေး…..” ”’…ငါမလိုက်ချင်ဘူး….”….မိန်းမတစ်ယောက်၏ လောင်းရိပ်အောက်မှ
…ကြိုးစားရအောင်…ကျွန်တော်သွေးမနည်းခဲ့….
…….တဖက်မှာက …အောင်မြင်စပြုနေသည့် …ကျွန်တော်ပျော်ရွှင်သောနယ်ပယ်..ထောက်ပံ့ပေးရဦးမည့် မိဘနှစ်ပါး
..မာနခြင်းပြိုင်သည့်ပွဲမှာ….အလဲထိုးခံရမည့်သူက…ကျွန်တော်….
သူ့မျက်နှာတင်းတင်းလေးက…တခုခု ပြတ်ပြတ်သားသား…ဆုံးဖြတ်တော့မည့်အသွင်….
” ကို့ကို အရမ်းစိတ်ပျက်တယ်…တကယ့်ယောက်ျားပျော့….” ဒေါသကြောင့်နီမြန်းနေသည်.သူ့အသွင်က…
..ပေါက်ကွဲတော့မည့်..ယမ်းအိုးသဖွယ် ..
မတုန်လှုပ်တော့ပါ…ရူးခါ အောင်…ပြောခဲ့သော..စကားများက…ကျွန်တော့်ကိုထုံထိုင်းစေခဲ့ပါပြီ….
.ပြန်ပြောစရာ …….စကားလုံးတစ်လုံးမျှ ကျွန်တော်…ရှာမတွေ့ခဲ့….သူမှုန်နေပါပြီ…သူဝတ်လာသော.
..အမည်းဝမ်းဆက်လေးက ….နှလုံးသားတခု၏ ..ဈာပန ကိ ု ..ကြိုသိနေသယောင်ယောင်……
———————————————–
” နေခဲ့လိုက်တော့…အားလုံးပြီးသွားပြီ…. ” မျက်နှာကိုစေ့စေ့ကြည့်ရင်းက …သူပြောသည်..
.ထိုစကားသည်…သူ့ထံမှကြားခဲ့ရသော…စကားများအနက်…..နောက်ဆုံးစကားဖြစ်ခဲ့ပါပြီ…..
………..ယနေ့ ထက်တိုင်…ပြန်မကြားရတော့….
ရင်နှင့်ရင်းခဲ့ပါပြီ…….ဇတ်လမ်းတခု …အမှန်တကယ်အဆုံးသတ်ခဲ့ပါပြီ……
ရက်စက်စွာဖြတ်တောက်ခြင်းခံရသော….ငနဲက အရုပ်ကြိုးပြတ်….
သူ့မာနအတွက် ….ကျွန်တော့်ကိုစတေးခဲ့ပါပြီ…..ပြောချင်ရာပြောပြီး…လှည့်ထွက်သွားသော..
.ကျောပြင်လေးကို တရှိုက်မက်မက် …လှမ်းကြည့်ယုံမှတပါး….ဘာမှမတတ်နိုင်ခဲ့….
နှစ်ချီကြာမြင့်ခဲ့သော….ရိုမီယို ဇတ်လမ်း၏ ဇတ်သိမ်းပိုင်းက …ထိုမျှ အပေါစားဆန်လိမ့်မည်မထင်ခဲ့..
အရာအားလုံးသည်….မှုန်ရီပျောက်ကွယ်ခဲ့ပါပြီ…………………..

12 comments

  • KZ

    September 11, 2013 at 12:56 pm

    ဟဲ့။
    အရင် အပိုင်း လင့်(ခ) ကို တင်ပေးဦးဟ။
    နို့မို့ ဖတ်တဲ့သူတွေ မသိပဲ နေတော့မယ်။

    နာ က မနေ့က လိုက်ဖတ်ထားလို့ တော်သေးးးးးး 😀

    ဘယ်လေယာဉ်ကြီးနဲ့ ဘယ်နိုင်ငံကို သွားတာတုန်း??
    နာ မဟုတ်တာတော့ သေချာပါတယ်။ ဟိဟိ။

    :mrgreen:

    စိုင်း သီချင်းလေးကို သတိရလာပြီ။ :kwi:

    ဖြူဖြူစင်စင် ကောင်မလေးကို ~~~
    တကယ် ကြင်ကြင်နာနာ ချစ်ခဲ့လည်း~~~
    ဘာမှ ရေရေရာရာ မတွေးရသေးခင်~~`
    မြန်မြန်ဆန်ဆန်လမ်းခွဲပြီ~~~
    ကျနော် ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ်~~~
    ယုံယုံကြည်ကြည် ချစ်ခဲ့ဖူးတယ်~~~
    ခုတော့ နာနာကျင်ကျင် နှုတ်ဆက်ရပြီ~~~
    ဟေးးးးး
    တာ့တာ~~~~~~~~~~~~~~~~~~~~~~~

  • sorrow weaver

    September 11, 2013 at 1:15 pm

    ..အဲ့ကောင်ကို ကြည့်လို့ကိုမရဘူး..ဘယ်လိုနေနေ…အဟီး

    • KZ

      September 11, 2013 at 1:21 pm

      ရန်ဒူ နောက်တစ်ယောက်
      :mrgreen:

  • Myo Thant

    September 11, 2013 at 1:16 pm

    ( ကချင်ပြည်နယ်ကြီး မတိုးတက်သည်ကပဲ …ကျွန်တော့်အပြစ်လိုလို… )

    ကချင်ပြည်နယ်က တိုးတက်လာပါတယ်ကွယ် ၊

    ရထားကလွဲရင် မန္တလေးဆင်းဖို့ ခက်တာကလွဲလို့ပေါ့ ၊

    အပိုင်း ၁ လင့်ခ် ပေးပါဦးလားဗျာ ၊

    ပုံ / မနောမြေကို ချစ်တဲ့သူ

    • sorrow weaver

      September 11, 2013 at 1:26 pm

      သားသားက ကချင်ပါဗျာ…ဘဝမှာဂုဏ်အယူဆုံးနှစ်ခုက
      ကချင်လူမျိုး ၊ ပြင်ဦးလွင်သား အဟီး

      • Myo Thant

        September 11, 2013 at 1:48 pm

        ကျနော်က ဧရာဝတီနဘေးကရွှေကူသား
        ကချင်လိုတော့ တစ်ခွန်းပဲတတ်တယ် ၊
        နန်းဖေ့ဂနိူင် စောရအိုင် တဲ့ ၊ 🙂

        • sorrow weaver

          September 11, 2013 at 1:54 pm

          အဲ့တာလေးနဲ့တင် အလုပ်ဖြစ်တယ်.. အဟီး

  • kyeemite

    September 12, 2013 at 9:18 am

    လွမ်းစရာလေးပါလားကွယ်..

    • ခင် ခ

      September 13, 2013 at 3:53 pm

      ဒီမန့့်ချက်မှာဘဲ နီတာတွေ့လို မှတ်လိုက်ပြီ

  • အလင်းဆက်

    September 12, 2013 at 5:01 pm

    နှလုံးသားတစ်ခုရဲ့ ဈာပန ဆိုတဲ့ စကားလုံးလိုမျိုး သဘောကျအိ

    စာ အဖွဲ့အနွဲ့လေးကို အားကျမိအ်ိ

    ဇာတ်လမ်းကို ခံစားပြီး
    ရင်မော မိ အိ

    • sorrow weaver

      September 13, 2013 at 12:45 pm

      ကျေးကျေးပါဗျာ….ကိုယ်တွေ့ကြီးဆိုတော့လဲ ..ကိုအလင်းဆက်ရယ်…ကြေကွဲ .. 🙁

Leave a Reply