ဒွိ

marblecommetSeptember 11, 20131min18013

ကိုယ်က အမှောင်ကမ္ဘာထဲမှာ ငြိမ်ဝပ်နေတယ်
သူမက အလင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ
တည်တည်ငြိမ်ငြိမ် ကိုင်ထင်ပြလို့
အချစ်ရဲ့ မျိုးရိုးဗီဇဟာ
အဲဒီနေရာမှာ စတင်ပေါက်ကွဲမှု ဖြစ်သွားတယ် ……။
…….
…….
ဒီတော့မှ
ကမ္ဘာကြီးကလည်း ကိုယ်တို့ရဲ့ ခေါင်းမာမှုကို
ရှက်ကိုးရှက်ကန်းလေး ရယ်သွမ်းသွေးလို့
လောကဓံနဲ့ ချီးမွမ်း(၇)ရက်၊ ကဲ့ရဲ့ (၇)
မိုးလေဝသကလည်း
၎င်းတို့ကို ဂရုမစိုက်တဲ့
အချစ်ရဲ့ ရိုင်းပျလင်းပွင့်မှုကို
သဝန်တို ဝန်တို ဖြစ်လို့ ……။
…….
…….
ကံတရားရဲ့
အလိုက်အကန်းဆိုး မသိပုံများ ပြောပါတယ်
သူစော်ကားသမျှ သူ့ကို ပြန်အမှုပတ်လို့
……
သစ္စာရှိသူတို့ရဲ့လမ်းဟာ
အဲဒီလို တန်ခိုးရှင်မျိုးကိုတောင်မှ
အဲဒီလို ရမ်းလို့ ရဲလို့ ရတယ်ဆိုတာ
ဥပမာတစ်ခုလိုလို
တူနှစ်ကိုယ်ဘဝတစ်ခုလိုလို….။
10 . 9 . 2013

13 comments

  • အလင်းဆက်

    September 11, 2013 at 3:26 pm

    ဟိုလေ
    2014 ဆိုတော့
    အနာဂတ်မှာ ဖြစ်လာမယ့်
    ကဗျာတစ်ပုဒ်ကို
    အခုကတည်းက
    ကြိုမြင်ခွင့်ရတာပေါ့နော်

    ကဗျာ လေးကို နှစ်သက်မိပါအိ

  • Myo Thant

    September 11, 2013 at 4:08 pm

    ကဗျာကို ၁ နှစ်ကြိုဖတ်ရလို့ ရှဲရှဲပါနော့ ၊

  • marblecommet

    September 11, 2013 at 4:29 pm

    ကိန်ကိန် ဟုတ်ပါ့ဗျား….

  • Mr. MarGa

    September 11, 2013 at 4:44 pm

    အနာဂတ်ကို ကြိုသွားပြီး ရေးထားတာထင်တယ်…
    ကဗျာကတော့ excellent ပါဗျို့

  • marblecommet

    September 11, 2013 at 5:29 pm

    စာလုံးပေါင်းတွေ စွပ်မှားသဗျာ
    ကိုယ်ထင်ပြလို့ ဖတ်ပေးကြပါ….
    အင့်အင့် ကိန်……

    • Ma Ma

      September 12, 2013 at 10:48 am

      မင်းသား ဒွေး ပေါ်ကာစက သူ့နာမည်ထူးထူးဆန်းဆန်းကြောင့် စိတ်ဝင်စားမိခဲ့သေးတယ်။
      ဆြာကမ်းရဲ့ ဒွိ ကို ဖတ်ရတော့…… ဟိုးးးးတုန်းက နိုင်ငံကျော်မင်းသားကြီးကိုတောင် သတိရမိသေးတော့တယ်။

      ဒါ့ထက် သတ်ပုံတွေ စွတ် မမှားနဲ့လေ။ :kwi:

  • ရွှေ ကြည်

    September 11, 2013 at 6:39 pm

    သစ္စာရှင်တို့ရဲ့ တွဲလက်များမြဲစေသော်

  • surmi

    September 12, 2013 at 9:01 am

    ဆန်​့ကျင်​ဘက်​ဆိုတာ…. အင်​အားကြီးသတဲ့
    ….. စွမ်​းရည်​မြင်​့ သတဲ့ ….
    …… ခိုင်​ခိုင်​မြဲမြဲ ရှိသတဲ့ …..
    ကိုင်​း….. ကိုယ်​့လူ​ရေ ….
    ဆက်​လုပ်​ဗျာ …..

  • kyeemite

    September 12, 2013 at 9:21 am

    မတွေ့တာတောင်တော်တော်ကြာပေါ့ ကိုရင်ကမ်းရေ…
    ကဗျာလေးကိုခံစားသွားပါတယ်နော..

    • ခင် ခ

      September 13, 2013 at 3:57 pm

      ဒီမှာ ၁ ခု အနီတွေ့တယ်

  • ဦးကျောက်ခဲ

    September 12, 2013 at 10:09 am

    ကိုရင်ကမ်းရဲ့… ကဗျာလေးတွေ အခုမှပြန်မြင်ရတယ်…
    မေတ္တာတရေးနိုးပြီပေါ့… သစ္စာကိုအဖော်ပြုရင်း…
    ချစ်ကဗျာလေးတွေ… ရေးပါဦးဗျ…
    🙂

  • မောင် ပေ

    September 13, 2013 at 7:49 pm

    ရဲဘော် ရဲ ့ဒွိ ကို ကြည့်ပြီး
    ခန် ့မှန်း မိတာကတော့
    ဘောပွဲ ၂ပွဲ ဆက်တိုက်နိုင်လို ့များကလား

  • kotun winlatt

    September 14, 2013 at 4:19 pm

    ကိုကမ်းတို့တော့ စကားလုံး အသုံးအနှုန်းတွေက ဂွတ်ထ ကြွတ်ရွနေတာပါပဲလားးးးး

Leave a Reply