ရွာလည်မညွန့်ရဲ့ Net ဒုတ်ခ

ခုနကတင် ကိုယ့်ထက်တစ်နှစ်ငယ်ပြီး သိပ်သိပ်ချစ်ရတဲ့ ချစ်ညမလေး ရွှေကြည်ရဲ့ ပို့စ်ကိုဖတ်ပြီး မန့်ပြီး

ကိုယ်တိုင်ရွာထဲမဝင်ဖြစ်တဲ့အကြောင်းလေးကို ရေးပြ၊ရှင်းပြ၊နားလည်ပေးကြဖို့တောင်းပန်ချင်မိတယ်။

ကိုယ်တွေရောက်နေတဲ့အရပ်ဆိုတာကလည်း ဧရာဝတီတိုင်းအစွန်အဖျား မြေပုံမှာကြည့်ရင် ပင်လယ်ထဲ အသည်းယားစဖွယ်အစက်အပျောက်နှယ်

တဲတဲလေးဆက်နေတဲ့ ဒေသဘက်မှာဆိုတော့ လမ်းပန်းဆက်သွယ်ရေးက ရေကြောင်းကိုပဲအားကိုး။

ဓာတ်အားလိုင်းတွေ သွယ်ဆက်နို်င်မှုမရှိလို့ တစ်ညမှ ၂နာရီခန့် မီးစက်မောင်းပြီး လျှပ်စစ်အားဖြန့်တာလေးကို သုံးရတဲ့အရပ်။အင်တာနက်ဆိုတာက IP star

အရင်က ကမ်းရိုးတန်း၄၅ဝ ဖုန်းကလွဲပြီး ကြိုးဖုန်းတောင်မရှိတာမို့ အခုလို ၁၅၀ဝတန်း CDMA လေးတွေရခိုက် အင်တာနက်တွေသုံးကြရပြန်တော့

ဖုန်းလိုင်းက နေ့ဘက်သာ ပေးလိုက်မပေးလိုက်။ညဘက်ကျတော့ နေဝင်တာနဲ့ဖြတ်။

နေ့ခင်းဘက် ဖုန်းလိုင်းရတဲ့အချိန်ကျ ကွန်ပျူတာနဲ့ချိတ်သုံးစရာ လျှပ်စစ်မီးကမရ။

ညဘက်မီးပေးချိန်ကျ ဖုန်းလိုင်းကျ။

ဒီလိုနဲ့ပဲနေ့ခင်းဘက် ဖုန်းလေးနဲ့ဖွဘုတ်တစ်မျိုးသာ သုံးရုံမှအပ ဘယ်အရပ်တကာမှမပတ်သာ။

အရင်က ခပ်နှေးနှေးရနေတဲ့ IP star ကြီးအဖြတ်ခံထားရတဲ့ကာလမို့ ညဘက် ကွန်ပျူတာနဲ့ချိတ်ပြီး

စာတွေရေ ရွာတကာလှည့်တင်တဲ့ ဘလော့ဂါဘဝမှ ယောင်ချာချာဖွဘုတ်ယူဇာကြီး လုံးလုံးဖြစ်နေပါတော့တယ် ဆိုတဲ့အကြောင်း

ရွာမောင်းကိုထုကာ ကြေငြာလိုက်ရပါတယ်။

🙁

  •  (မှတ်ချက်)မနေ့ကစလို့ ဖုန်းလိုင်းတွေ အံ့ဩစရာကောင်းအောင် ပေးထားတဲ့အတွက် ယခုကဲ့သို့ ရွာထဲ မျက်စိရှုပ်အောင်ပြန်ပေါက်ချလာနိုင်ခြင်းနှင့်
  • နောက်ရက်များအတွက် အာမခံနိုင်ရသောဘွ 🙁 )

DSCN0038DSCN0040DSCN0043DSCN0047DSCN0052

DSCN0068 DSCN0114DSCN0115

32 comments

  • အလင်းဆက်

    September 11, 2013 at 8:48 pm

    သဘာဝ ရှု ခင်း တွေကို ကြည့်ပြီး…
    ကျွန်တော့် ကျွန်းကလေးကို လွမ်းသွားပြီဗျာ..။

    • အလင်းဆက်

      September 11, 2013 at 9:40 pm

      ရခိုင်ပြည်နယ် ဘက်က.. မထင်ရှားတဲ ့ ကျွန်းကလေးပါဗျ။

  • ခင် ခ

    September 11, 2013 at 9:20 pm

    ဪ အဲဒီလို တွေ ဖြစ်နေတာကိုး။
    လာချင်ရင်အနီးလေး မလာချင်ရင်ခရီးဝေး ဆိုတာ မြန်မာပြည်က ခဏဘဲလာပြီး အကြာကြီးပျက်တဲ့ လျှပ်စစ်မီးကိုပြောတာလေ နန်းတော်ရာသူ မသိဘူးကို။

    • အက်လို မကြာခဏပျက်တဲ့လျှပ်စစ်မီးလိုင်းကိုရရင်တောင်မျှော်လို့ရပါသေးတယ်။
      အခုဟာက မီးစက်ကြီးနဲ့ဖြန့်သဟာကို ညစဉ်၂နာရီသာမျှော်
      ဟိုတစ်ခါဒီဒေသခံတွေက ဆန္ဒပြလို့ အရင်က ၃နာရီခွဲရရာကနေ အခုလို ၂နာရီဖြစ်သွားတာဦးခရဲ့
      🙁
      ိကိုယ်တွေကတော့ ဧည့်သည်သဘောမျိုးသာမို့ မပြောလို 🙄

  • ဦးကျောက်ခဲ

    September 11, 2013 at 9:47 pm

    သာမီးသော်ရေ ပင်လယ်ကြီးနဲ့ ရွာကလေးကိုကြည့်ပြီး လွမ်းလိုက်တာ…
    ငါး ပုဇွန် ပင်လယ်စာ ပေါတယ်ဆိုတော့၊ နေပျော်ပါသေးတယ်ကွယ်…
    ဟီ ဟိ ပုံထဲက Horseshoe Crab ကြီး မီးဖုတ်စားချင်တယ်…
    ဒီမှာတော့ အဲသည့် Horseshoe Crab က ဈေးအလွန်ကြီး…
    😀

    • ဖေကျောက်တို့လိုဧရာမျိုးနွယ်တွေအတွက်ကတော့သဘာဝအစားအစာတွေက သရေကျစရာ။
      သာမီးတို့လို တသက်လုံးကုန်းတွင်းပိုင်းနေလာတဲ့လူတွေကတော့ကြာကြာမပျော်ပါ။
      ပင်လယ်ငါးညှီညှီများအား မချက်တတ်စွာ။
      🙁
      သို့ပေမယ့် ဘဝမှာ အတွေ့အကြုံရတဲ့ဒေသတစ်ခုပေါ့။
      ကျန်ခဲ့တဲ့နှစ်တွေတုန်းက ကရင်ပြည်နယ်မှာပျော်ခဲ့သလို ဒီမှာလည်း လေကောင်းလေသန့်နဲ့ပျော်အောင်နေရတာပါပဲ
      :kwi:

  • kai

    September 12, 2013 at 12:48 am

    ပျောက်နေတယ်လို့.. သတိထားမိနေတာ.. တောင်ငူသူက..သဘာဝနိဗ္ဗာန်ရောက်နေတာကိုး…။
    သဘာဝနိဗ္ဗာန်သဘောထားပါလေ.. ။

    .. မြို့ကြီးတွေနေရတာကြာတော့.. အဲလိုနေရာတွေကို..သဘာဝ နိဗ္ဗာန်ထင်မိတာပဲ..။ ဓါတ်ပုံတွေအတွက်.. ကျေးကျေး… :mrgreen:

    • သဘာဝနိတ်ဗန်မှာလည်း ကြာလာတော့ မြို့ပြကိုလွမ်းသဗျသူဂျီးရ။
      စားကောင်းသောက်ဖွယ်ဆိုတာကလည်း မစုံလင်တော့ သွားရေစာတွေကို တမ်းတမိတယ်။
      ပုစွန်နဲ့ငါးကြားရှာရှာလည်။
      ကြက်ကလည်း၈နာရီလောက်ဆိုမရတော့။
      ဝက်ကလည်းခိုးပေါ် တောပေါ်ဆိုတော့ အသားကောင်းမရ။
      အမဲသားကလုံးလုံးမရ။
      ကဲ…
      ဘယ်မလဲ ဒင်းမ်ဆမ်း၊ဘယ်မလဲရှမ်းခေါက်ဆွဲ၊ဘယ်မလဲ တို့ဟူးသုတ်၊ဝက်သားတုတ်
      ပြောရင်းသွားရည်ကယိုလာပီ
      😥

  • surmi

    September 12, 2013 at 8:42 am

    ပင်​လယ်​ကြီးနား​နေရတာ ြကြည်​နူးဖို့​တော​ကောင်းသားအလည်လာဦးမှ 🙂

    အလည

    • မိုးဦးနဲ့မိုးနှောင်းတိုင်း မုန်တိုင်းလန့်ရတာ အထုပ်ပြင်နေရတာဦးဆာရ။
      ဝယ်သာဖိုင်းတဲ့ခဏတာလတွေပဲနေချင်မှာပါ။
      ပြီးတော့ အစောကြီးနေထွက်၊မိုးချုပ်မှနေဝင်။ကွယ်စရာတောတောင်တွေမရှိတို့
      နေက ပင်လယ်ကထွက်လင်း၊ပင်လယ်ထဲမကျမခြင်းပူ အခုလိုတော်သလင်းဆို အားလားလား
      :hint:

  • kyeemite

    September 12, 2013 at 9:04 am

    ပုံထဲမြင်ရတဲ့ Horseshoe Crab ကြီးတွေအပြင်မှာမြင်ဖူးတယ်ဗျ..
    အသီးယားစရာကြီးဗျာ… 😀

    • အက်သိအကောင်ကြီးတွေက သေပြီး ရေကျရင်သောင်ပြင်မှာသဲတွေဖုံးနေတာ
      လူတွေကမမြင်လို့နင်းမိ၊ရှမိရင် မလွယ်ဘူးဦးမိုက်ရေ
      😀

  • Wow

    September 12, 2013 at 9:28 am

    အာ့ ငါးလိပ်ကျောက်မဟုတ်ဘူးလားဟင်….
    မထင်ပါနဲ့အေရယ် ရန်ကုန်လဲ အဝိုင်းဂျီးလယ်ခါလယ်ခါနဲ့ ရတချက် မရတသက်လုံးဘာ 🙁

    • အာ့ငါးလိပ်ကျောက်မှုတ်ပါဝူး Wow ရယ်
      ငါးလိပ်ကျောက်တွေက ဈေးမှာတင် အစိမ်းလိုက်ချရောင်းတယ်
      ဘာမှမလုပ်တတ်လို့ ခါမှမဝယ်ဖူးဘူး
      ဒီမတော့ မမြင်ဖူးတဲ့အကွက်တစ်တွေပေါတယ်

      • Wow

        September 13, 2013 at 10:57 am

        ဖေကျောက်စ်ပေါသလို ငါးလိပ်ကျောက်ကောင်းချက်က ဆွေမျိုးတောင်မေ့ပါတယ် တောင်ငူသူလေးရယ်။ အရိုးလေးတွေက အစနုနုလေးနဲ့ ဝါးလို့ကောင်း :kwi:

        • ဖေကျောက်သင်ပေးတာနဲ့တင် ပင်လယ်စာတော်တော်ရနေပီ ဖေကျောက်တို့က ပုံမမြင်ပဲတောင် ပါးစပ်ကပြောလိုက်တာနဲ့ အက်ဒါဘာကောင်
          ဘလိုဘလိုချက်ရတယ် ပြောနိုင်တာ လက်ဖျားခါဘမွwowရေ
          😀

  • Mr. MarGa

    September 12, 2013 at 5:38 pm

    တို့ ယောက်ခမကတော့
    တစ်ရက်တစ်ရက်
    ပင်လယ်ကိုငေး
    ရေးဖို့ တွေး
    ဖွဘုတ်မှာ ဝေ့
    ဒါနဲ့ပဲ အချိန်ကုန်နဲ့လေဗျာ
    မတင်ရလဲ ရေးထားပေါ့
    လိုင်းကောင်းမှ အားရပါးရတင် သိလား :mrgreen:

  • အယ်ကွယ် ဘယ့်နှာပင်လယ်ကိုငေးရလောက်တဲ့နေရာမှာနေရရင် ကျုပ်တံငါသွားလုပ်မှပဲရမယ်။
    ဒီကနေပင်လယ်ဝကို၁ဝမိနစ်လောက်စက်လှေစီးရသေးတာပေါ့ ပင်လယ်ဝမှာက တံငါတွေပဲယာယီနေကြတာ
    :loll:

  • ဦးကျောက်ခဲ

    September 12, 2013 at 8:55 pm

    ဟမ်မယေး… ငိုချင်းချချက်…
    ကျောက်စ်တို့ ဧရာတိုင်းက စားတတ်နေတတ်ရင် လောကနိဗ္ဗာန်ပါ သာမီးရယ်…
    ကြက်တို့ ဝက်တို့ဆို လတ်လတ်ဆတ်ဆတ်… အဲ ဝက်ပုန်းကတော့ အော်ဒါကြိုပေးပေါ့…
    ငါးလိပ်ကျောက်က အလွန်စားကောင်းတာကွဲ့…
    အမြည်းဖြတ်၊ ရေစင်စင်ဆေး ဦးခေါင်းကို V ပုံစံလှီးထုတ်၊ ကလီစာတွေပစ်လိုက်…
    ကျန်တဲ့ အသားကို မီးကင်ပြီး ဆီနဲနဲနဲ့ ချဉ်ရည်လေးချက်၊ ကြိုက်တတ်ရင် မဆလာအုပ် နိပ်မှနိပ်…
    ဘေးကအတောင်ပါတဲ့ အသားအမြောင်းလိုက်ကို မီးမျှင်းမျှင်းနဲ့ ဟိုဘက်သည်ဘက်လှန်ပြီးကင်…
    ( ခပ်ပါးပါးမွှန်းပြီး၊ ပျားရည် ပါးပါးလေးသုတ်ပေးရင် အရသာ အလွန်ကောင်း )
    ကြက်သွန်ဖြူနီ ဂျင်း နနွင်း ငရုပ်သီး ရောထောင်းထားတာလေးကို ငံပြာရည်ထည့်ပြီး ဆီသတ်…
    ငါးကင်ပေါ်ကို ဆီသတ်လေးဖြန့်ချလိုက်၊ သံပုရာရည်လေး ညှစ်ပြီး ဆွဲလိုက်ရရင်…
    အရိုးနုလေးက ထုတ်ကနဲ၊ မကြိုက်လို့ ဇွန်းကလေးနဲ့ခြစ်လိုက်ရင်လည်း အသားချည်းပဲ…
    စင်ကာပူမှာ လက်သုံးလုံးလောက်ကို ၅ဒေါ်လာလောက် ပေးရတာကွဲ့… ရှလွတ်
    😀

    • Ma Ma

      September 13, 2013 at 8:29 am

      ဧရာဝတီတိုင်းအစွန်အဖျားက ပင်လယ်ထဲ အသည်းယားစဖွယ်အစက်အပျောက်နှယ်
      တဲတဲလေးဆက်နေတဲ့ ဒေသဘက်ဆိုတော့ ….
      လပွတ္တာဘက် ထင်ပါရဲ့။
      (ကျောက်စ်တို့ ဧရာတိုင်းက စားတတ်နေတတ်ရင် လောကနိဗ္ဗာန်ပါ သာမီးရယ်…) ဆိုတဲ့ ကျောက်စ်ကို ထောက်ခံသွားတယ်။

      ကြက် ဝက် ဆိုတာ ဒေသတိုင်းမှာ ရနိုင်တယ်။
      ဒင်းမ်ဆမ်း၊ ရှမ်းခေါက်ဆွဲ၊ တို့ဟူးသုတ်၊ ဝက်သားတုတ်တွေကို ရန်ကုန်ရောက်မှ စားဖို့ အကြွေးစာရင်းမှတ်ထားလိုက်။

      ရောက်တုန်းရောက်ခိုက် လတ်ဆတ်တဲ့ ငါးပုစွန်တွေကို အမုန်းဆွဲသွားလိုက်။
      အဲဒါမျိုးကို တခြားဒေသရောက်မှ လွမ်းနေရအုံးမယ်။ 🙂

    • KZ

      September 13, 2013 at 9:12 am

      အဲ။
      အဲ့မှာ ကျောက်ပြောတဲ့ အတိုင်းပဲ။
      ဒီမှာ ဈေးကြီးနွန်းနွံ့ပါကွယ်။
      ရှလွတ်!!!

      😥

  • KZ

    September 13, 2013 at 9:10 am

    ဟယ်။
    ဒါ က ဂဏန်းကြီးလားးးး
    ငါးလိပ်ကျောက်မှတ်တာ။အမြီးကြီးနဲ့ဆိုတော့။
    စားလို့ ရသလားးးးးး??

    ပျော်အောင်နေပါ သော်လေးရယ်။
    ရေစာတွေ များဂျီးအားဂျီး ဝအောင်စားခဲ့။

    ငါးလိပ်ကျောက် မစားတတ်ရင် မမဂျီးကို မေးဇမ်းဘာ)))))))

    :kwi:

    • အာ့ ဘီလားမွဆွိ အက်ကောင်စူးရင်မတတ်သာဘူး ဒီကလူတချို့ကတော့ေေရေထဲကရသမျှအကောင်ပလောင်ကော မြေပေါ်ကပိုးကောင်ကော ခွေးကြောင် လင်းနို့မြွေ အကုန်စားတယ်ဗျို့
      :hee:

  • awra-cho

    September 13, 2013 at 1:23 pm

    ဆီးဖု လေး နဲ့အုန်းရည်လေးနဲ့ မိုက်တယ်ဗျ မုန်တိုင်းလာရင် တော့ ပြေးပေါက်မှားမဲ့နေရာပဲ

  • ခင် ခ

    September 13, 2013 at 4:15 pm

    မရောက်တာကြာတဲ့သူမို့ အနီကပ်မပြဘူးကိုး

  • လုံမလေးမွန်မွန်

    September 13, 2013 at 4:34 pm

    မိုးတွင်းဘက်ဆိုတော့ သတိထားဦးနော်..ယောက်ခမ..
    မိုးကုန်ရင် ရန်ကုန်ကို ကိုကြီးနဲ့လာခဲ့…စားချင်တာ အကုန်ဝယ်ကျွေးမယ်… 🙂

  • Shwe Ei

    September 13, 2013 at 4:52 pm

    အွန်း အိုက်လိုဘက်တွေမှာ အချိန်အကြာရီးနေဖို့က ဒေသခံမဟုတ်ရင် ခက်တယ်ဗျ

    နိတ်စဒူဝ ငါး ပုဇွန် ဘဲဥ နဲ့နပမ်းလုံးရတော့ ငြီးငွေ့လာတာအမှန်ဘဲ

    သွားစရာ လည်စရာ ကြည့်စရာ ရှုစရာလဲ များများစားစား မရှိတော့….အွန်း ပျောတော့ပါဝူး

    ငိုချင်ရက် လက်တို့ ဖစ်နေမစိုးလို့…အဟိ

  • ရွှေ ကြည်

    September 13, 2013 at 6:37 pm

    ခုနကတင် ကိုယ့်ထက်တစ်နှစ်ငယ်ပြီး သိပ်သိပ်ချစ်ရတဲ့ ချစ်ညမလေး ရွှေကြည်ရဲ့ ပို့စ်ကိုဖတ်ပြီး မန့်ပြီး
    ……………………….
    အဲဒါလေးဖတ်ပြီး ဝမ်းသာလုံးဆို့သွားတာ ဘာတွေရေးရမယ်မှန်းတောင်မသိတော့ 😀
    ချစ်မသော်ရေ ချစ်ကြည်အလည်လာမယ် အိုက်ခါမှ ရန်ကုန်ကနေမုန့်တွေဝယ်ခဲ့မယ်
    မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ

  • TNA

    September 14, 2013 at 10:21 pm

    ဝိုးအားကျလိုက်တာ အဲလိုသဘာဝတရားနားခဏထွက်ပြေးလာချင်လိုက်တာ

Leave a Reply