နင်သိလား ???

CharTooLanSeptember 12, 20131min19911
ခရီးသည်ကို _ီးပဲ လို့ဆဲတဲ့စပယ်ယာ

ခရီးသည်ကျွေးတဲ့ အစာတောင်
နင့်ဝမ်းထဲမှာကျေသေးရဲ့လား

လူလူချင်းလေးစား အလေးထားရမယ့်စေတနာ

နင်တို့ကပိုပြီးသာရမှာ မဟုတ်ဘူးလား

အခုတော့……..
နင့်ပါစပ်ကဆဲတဲ့စကား ကျန်ခရီးသည်
၄ဝဆယ်ကျော်ရဲ့နားနဲ့ ဆက်ဆက်ကြားလို့
နင်လဲခွေးဖြစ်သွားအောင် လုပ်လို့ရတယ်
နင်သိလား ???

11 comments

  • အလင်းဆက်

    September 12, 2013 at 2:24 pm

    ပေါက်ကွဲ သံ တစ်ခုပါလား
    :kwi:

    ကျွန်တော်တို့ကို စိတ်ပျက်စေအောင် လုပ်နိုင်တဲ့နေရာမှာ အဲဒိလို ခပ်ရိုင်းရိုင်း စပယ်ယာတွေက ဆရာပဲ
    ဒီတော့

    စိတ်ပျက်ဆရာ = စပယ်ယာ

  • surmi

    September 12, 2013 at 2:47 pm

    နံမည်​.. ကားနံပါတ်​… လိုင်​း အမည်​မှတ်​ပြီး မ ထ သ ကိုတိုင်​လို့ရပတယ်​
    တိုင်​​စေချင်​တယ်​ …. ဒါမှ ..

    • Wow

      September 12, 2013 at 4:01 pm

      လူကြီးမင်းဆက်သွယ်သောတယ်လီဖုန်းမှာ ဆက်သွယ်ရေးအေရိယာပြင်ပရောက်နေပါသဖြင့် ခေါ်ဆိုမရနိုင်ပါရှင် …တဲ့.. :mrgreen:

  • kyeemite

    September 12, 2013 at 3:45 pm

    အင်း…စပယ်ရာဖြစ်လို့ မိုက်ရိုင်းတာလား
    မိုက်ရိုင်းလို့ စပယ်ယာဖြစ်လာတာလား…တွေးမိတယ်
    ခရီးသည်တွေထဲမှာလည်း ပြောရဆိုရလက်ပေါက်ကပ်သူတွေရှိပါလိမ့်မယ်…
    အဲ့လိုလူတွေနဲ့ နိစ္စဓူဝ ဆက်ဆံနေရတာကြာလာတာရယ်
    လခစားမဟုတ်တော့ အလုပ်သဘောအရလည်း ဝင်ငွေကို
    ကားချင်းအပြိုင်အဆိုင်လုယက်ရှာနေရတာရယ်နဲ့
    ကြာလာတော့ စပယ်ယာတွေစိတ်မရှည်တော့ပဲ ရိုင်းလာတာဖြစ်မယ်..
    ဘာဖြစ်ဖြစ်ပါလေ..ကိုဆာမိပြောသလိုတိုင်ရင်တိုင်…
    မတိုင်ရင်တော့…သူတို့ကိုပြုပြင်ပေးနိုင်မှာမဟုတ်ဘူး
    ပိုဆိုးသွမ်းလာဖို့ပဲရှိတယ်… 🙁

  • e tone

    September 12, 2013 at 4:49 pm

    လက်ဖျား ငွေသီးတယ်ဆိုပြီး မိုက်ရိုင်းနေတာ ချာတူးလေးရဲ့ ….
    ဒေါက်ဖိနပ်ခွာစာလေး ကျွေးခဲ့ရမှာ … ခိခိ … 😛

  • ခင် ခ

    September 12, 2013 at 9:43 pm

    ကျန်ခရီးသည်၄ဝကျော်ဆိုတော့ အဝေပြေးကားများလားလို့။
    အဲလိုဆဲတာ မှတ်လောက်အောင် ဝိုင်းတီးပလိုက်ရမှာ

  • Char Too Lan

    September 13, 2013 at 12:58 pm

    @ လေးခ
    40ကျော်ဆိုတာလျှော့ပြောထားတာ ဘတ်စ်ကားကကျပ်နေတဲ့အချိန်ဆိုတော့ အဲ့ထက်တောင်များရင်များနေမှာ:)
    @ အီတုံ
    ဒေါက်ဖိနပ်ကတော့ မမပြာဆီက အဟောင်းလေးတရံလောက်တောင်းထားရမယ် ဒင်းတို့ကိုသမဖို့ 😀
    @ wow, ဦးမိုက် & ဆြာမိ
    တိုင်ပေါင်း တောပေါင်းလဲမနဲပါဝူး ဘိုတွေအရေးယူလဲတော့မသိဘူး ဘာမှပြောင်းလဲမသွားသလိုပါပဲ

    ဖြစ်စေချင်တာကတော့ ဌာနဆိုင်ရာရုံးတွေက လစာစားသောက်နေတဲ့ လူတွေကို ကိုယ်ယူထားတာနဲ့တန်အောင် အလုပ်လုပ်စေချင်တာပါပဲ စစ်ဆေးသင့်တာစစ်ဆေး အရေးယူသင့်တာအရေးယူ အဲ့ဒါမျိုးတွေကို စနစ်တကျသေချာလုပ်စေချင်တာပါ။
    မထသရုံးကဘွားတော်တွေလဲ တခါတလေ စကားပြောပုံက စပယ်ယာနီးပါးပါပဲ 🙁

  • Ma Ei

    September 13, 2013 at 2:54 pm

    ချာတူးလေး…
    မနေ့က ၃၆ ကားက စပယ်ယာ ချိုသာနေတာနဲ့ ကြုံခဲ့ရတယ်…
    ရှားရှားပါးပါး မို့ ထီထိုးမလားစိတ်ကူးမိသေးတာ…
    ပိုက်ပိုက်လေး နောက်ထပ်ထွက်သွားမှာ စိုးလို့ရယ်…
    🙂

  • TNA

    September 14, 2013 at 1:04 pm

    ဟိုက်ရှ် ချက်ကလေး ဒီတခါတိုတိုလေးပဲပေါက်ကွဲပါလား။ ပေါက်ကွဲမှု့အားပြင်းနေဘုံရတယ်။ စိတ်လျှော့ပါအေ။ ဒင်းတို့မိုက်ရိုင်းချက်ကတော့ ရိုက်ပစ်ချင်စရာပါအေ။

  • ခင် ခ

    September 14, 2013 at 3:26 pm

    နှစ်ခုတော့ မှတ်သွားပြီ အနီပြောတာပါ။

Leave a Reply