ဘန်ကောက်မြို့သူမဖြူဖြူ နှင့်သက်ဆိုင်သူများသိစေရန်…

ကျွန်ုပ်သည်…သင်နှင့်စတင်တွေ့ဆုံခဲ့သော 2005 ဒီဇင်ဘာလ 15 ရက်နေ့မှ စပြီး…သေလောက်အောင်တန်ဖိုးထားမြတ်နိုးမိသောကြောင့်…သင်၏ချစ်ခြင်းကို ရယူပိုင်ဆိုင်နိုင်ရန်..ခွေးရူးလိုက်သကဲ့သို့…

**နံနက်ငါးနာရီထပြီး ကျွန်ုပ်နေထိုင်ရာ အင်းစိန်မှ…ကျောက်မြောင်းသို့လာရောက်ပြီး မပျက်မကွက်သင့်ကို ကျူရှင်လိုက်ပို့ခြင်း….
**သင့်ကျူရှင်ရှေ့တွင် တရက်ကို လေးငါးနာရီမျှ ခြေတိုအောင် ရပ်စောင့်ခြင်း…
**ကျွန်ုပ်တို့အဲလိုင်း ချာတာလေယာဉ် ဆင်းသည်ကိုပင်..မသွားနိုင်ပဲ..နေမကောင်းသော သင့်အနားတွင် အလုပ်ပြုတ်ခံထိမတတ်နေခြင်း….
အစရှိသဖြင့်
ကျွန်ုပ် အသည်းအသန်လိုက်လံကမ်းလှမ်းခဲ့သည်ကို..သင်နှင့်တကွ..သင်၏ဆတ်ဆလူးသူငယ်ချင်းများ အသိဖြစ်ပါသည် ။

သင်၏ချစ်ခြင်းကို ရရှိသည့်နေ့ရက် 2007 အေပရယ်လ 2 ရက်နေ့မှစပြီး…သင်၏ အူကြောင်ကြောင် ကိုးယို့ကားယားနိုင်သော တောင်းဆိုချက်များကို ဖြစ်နိုင်သည်မဖြစ်နိုင်သည်ကို အလေးမထား…
အသေခံတိုက်မည် ဟု ကတိပေးထားသည့်အလျောက် ကျွန်ုပ်ဘက်မှ တာဝန်ကျေခဲ့သည်ကိုလည်း…သင်နှင့် သင့် မျောက်မူးသေ..သူငယ်ချင်းများအသိဖြစ်ပါသည်။

သင်နှင့် ချစ်သူဖြစ်နေသည့်ကာလတစ်လျှောက်လုံးတွင်…ကျွန်ုပ်ဘက်မှပျက်ကွက်ခဲ့ခြင်းတစုံတရာမရှိခဲ့ပါ…
**နေမကောင်းဘူး ..ဆေးလာတိုက်ဟူသော သင့်အီစီကလီ ရိုက်မှုတွင်..ရန်ကုန်မှ.မန္တလေးအထိ ကျွန်ုပ်..မအားလပ်သည့်ကြားမှဆေးလာတိုက်ခဲ့ခြင်း…
**သင်ခြင်္သေ့ကျွန်းသို့ရောက်နေစဉ်ကာလ အတွင်း..မြင်ချင်သည်ဟူသောတောင်းဆိုမှုကြောင့်…လက်စွပ်ရောင်း…ဆွဲကြိုးရောင်းပြီး…လိုက်လံတွေ့ဆုံခဲ့ခြင်း
**တိုင်းတပါးသို့ ပညာသင်သွားရန်အခွင့်အရေးရခဲ့သော်လည်း…သင်၏ငိုယို ပလီမှုကြောင့် လက်လွတ်လိုက်ခြင်း…
အစရှိသဖြင့် …နေမြင့်ခဲ့သည်ကို သင်အသိဖြစ်သည်….

သို့သော်..သင်၏ဘက်မှ ကျေနပ်လောက်သော တုံ့ပြန်မှုကိုမရခဲ့သည့်အပြင်.သင်၏လက်သင့်မခံနိုင်သောပြစ်မှုများဖြစ်သော….

** လူလည်ကောင်တွင် သူငယ်ချင်းကောင်မလေးနှင့်သမုတ်ကာ ..အခွက်ကို လက်သီးစာကျွေးခြင်း..
**ကော်ဖီဆိုင်တွင်.မဆီမဆိုင်ဒေါသထွက်ကာ ..မျက်နှာကို သောက်လက်စရေခွက်နှင့်ပက်ခြင်း
**ကျွန်ုပ်၏လက်တော့တွင် မိန်းကလေးပုံပါသည်ဟူသောအကြောင်းပြချက်ဖြင့်..ရိုက်ခွဲခြင်း
**နိုက်ကလပ်တွင် သင်၏ပိုးလောက်လန်း..သူငယ်ချင်းမိန်းကလေးများနှင့်သွားရောက်ခုန်ဆွခြင်း…
**ရှိုးပွဲသွားကြည့်ပြီး ညနက်သန်းခေါင်မှအိမ်ပြန်ရောက်ခြင်း
**အရက်သောက်ခြင်း…မူးယစ်ရမ်းကားခြင်း

**ကျွန်ုပ်ကိုချုပ်ချယ်သလောက်…ယောက်ျားလေးသူငယ်ချင်းများခြင်း..
**ဘာမဆိုရင်ဆိုင်မည်ဟု ပလီခဲ့ပြီး….သင်၏မိခင်ရှေ့နှင့် ခပ်ဖြောင့်ဖြောင့်ဆေးကျောင်းသားကောင်ရှေ့တွင် သူငယ်ချင်းပါဟု နှစ်ကြိမ်တိုင်တိုင်လိမ်လည်ခြင်း

အစရှိသောကျောက်ခောတ်အပြုအမူများကို နေမြင့်နေသောကျွန်ုပ်ဘက်မှ မျက်စိမှိတ်ဇွတ်ကြိတ်မှိတ်….သည်းခံပေးခဲ့သည်ကိုသင်မှတ်မိတန်ကောင်းပါသည်….

( နေ့ရက် အသေးစိတ်သိလိုလျှင် reference ရှိပါသည် )
ထိုမျှ ကျွန်ုပ်ဘက်မှ သဘောထားကြီးခဲ့သည်ကိုမထောက်ထားပဲ..တခြားရည်းစားထပ်ထားသည်ကို သက်သေနှင့်တကွသိရှိခဲ့သဖြင့် ကျွန်ုပ်ဘက်မှ သင့်ကို 2008 ခုနှစ် ဗယ်လင်တိုင်းနေ့တွင် အရှုံးပေးစွန့်လွတ်ခဲ့သည်ကို လည်း..
သင်ထူးထူးထွေထွေ အံ့သြတုန်လှုပ်ခဲ့သည် မရှိခဲ့ပါ….တစ်ရန်ရှင်းသည်ဟု ပင်ပြောခဲ့သေးသည်ကို ပြန်ကြားခဲ့ရသည်…ထိုနေ့ရက်မှစပြီး…ကျွန်ုပ်အနေဖြင့် သင့်ကိုနာကျင်ကြေကွဲစွာ…စွန့်လွတ်ခဲ့ပါသည်။
ထိုသို့ ကြေကွဲစွာပြီးဆုံးခဲ့သည်မှာ ယနေ့အထိဆိုလျှင် သုံးနှစ်ပင်တင်းတင်းပြည့်လုရှိပါလျှက် နှင့် သင့်ထံမှ ..တစ်ကနေပြန်စပါရစေ ဟူသော အဓိပါယ်မဲ့ကမ်းလှမ်းချက်ကို လက်ခံရရှိသဖြင့်..အံ့သြတုန်လှုပ်မိပါသည်…ကျွန်ုပ်အနေဖြင့် နာကျင်ခံစားခဲ့ရသောအတိတ်ကို ပြန်လည်တူးဆွရန်ဆန္ဒတစုံတရာမျှ မရှိတော့ပါ..အတိတ်သည် အတိတ်သာလျှင်ဖြစ်သည်ဟု မှတ်ယူစေလိုသည် ။
ထို့အပြင်..ယနေ့အချိန်တွင်..ကျွန်ုပ်အနေနှင့် အင်မတန်ဝိုင်းဝိုင်းလည်နေသော အနေအထားကိုပိုင်ဆိုင်နေသည့်အပြင်..သင့်ထက်ပိုမို တန်ဖိုးထားမိသော တသက်စာချစ်သူတစ်ယောက်ကို တွေ့ရှိထားပြီးဖြစ်ပါသည်..သူမသည် သင့်ထက်ပိုမိုရဲရင့်ပြတ်သားသော ရင်ဆိုင်ရဲသည့်…နှလုံးသားပိုင်ရှင်ဖြစ်သည်ကိုလည်း သိစေလိုသည် ။.
( စကားချပ်…ကျွန်ုပ်သူ့ကို ချစ်သည် ) ထို့ကြောင့်နောက်နောင်..ကျွန်ုပ်အားမနှောက်ယှက်ပါရန်မေတ္တာရပ်ခံ သတိပေးအပ်ပါသည် ။ မေတ္တာရပ်ခံချက်ကိုဖောက်ဖျက်ကျူးလွန်ပါက..သင်ဖိန့်ဖိန့်တုန်ကြောက်လန့်သော သင်၏မိခင်ထံတွင် သက်သေနှင့်တကွတင်ပြအရေးယူ တိုင်တန်းမည်ကို သိစေလိုပါသည်။

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ