ကံဆိုးကောင် မိုးလိုက်မှောင် ( ငယ်ငယ်တုန်းက ချစ်သူချော့စာ )

sorrowSeptember 13, 20131min26316

တနေ့တ၌ လွန်ခဲ့သောအပတ်က ကျွန်ုပ်လွန်မင်းစွာ ရေလည်အားယားနေသည်….
ထိုရက်ပိုင်းတွင် ကံဇာတာကလည်း..လွန်မင်းစွာ နိမ့်ပါးနေသည်ကိုလည်း…သတိမထားမိခဲ့ပါ….
ကျွန်ုပ်သည်..နတ်သမီးမျက်နှာသာပေးခြင်းခံရသောသူ…ဖြစ်လိုသော်လည်း…..

“ဟိုကုလားဆင်ကောင်မလေးနဲ့က ဘာလဲ ”
” သူငယ်ချင်းပါ ”

“ဟိုတရုတ်မလေးနဲ့က ဘာလဲ ”
” ဘော်ဘော်. ”

“ဟိုအဲလိုင်းကကောင်မလေးနဲ့က ဘာလဲ ”
” ဘုရားစူး…သူငယ်ချင်း ”

“ဟိုsystem ကကောင်မလေးက ဘာလဲ ”
” friend ”

“ဟိုဘဏ်ကကောင်မလေးကဘာလဲ ”
” ဘော်ဒါလေ ”

ကိုယ့်ထမင်းကိုယ်စားပြီး…အချောင်စပ်စုသော..အနှီသကောင့်သားများအမေးကို စိတ်ရှည်လက်ရှည်ဖြေကြားပြီးနောက်တွင်..
..ကျွန်ုပ်..ဆောရိုး ..စိတ်အတန်ငယ်အချဉ်ပေါက်လာသည်….ဤမျှ ခန့်ညား သားနားလွန်းပြီး စိတ်ထားဖြူစင် ကူညီတတ်သော…ကျွန်ုပ်တွင်….ခင်မင်ရင်းနှီးသော..မိန်းခေးသူငယ်ချင်းများရှိသည်ကို….သဘောမပေါက်သလောကားမသိ….
ကျွန်ုပ်သည်..အမှန်ဆိုရလျှင် ခပ်ဖြောင့်ဖြောင့်ငတိဖြစ်သည်….
ထိုခဏတွင်..စိတ်အချဉ်ပေါက်နေသော ကျွန်ုပ်ကို သံပရာရည်လာညှစ်သော. သေမင်းတမန်နှင့်တူသော..သူငယ်ချင်းအမျိုးသမီးလေးက ..

” ကိုဆောရိုး.နေကောင်းလား..””
” တောင် ” ( ဒေါင်ဒေါင်မည်ကျန်းမာသည် ဟူသောအထာ )
အနှီသကောင့်သမီး.မည်သို့မည်ပုံ သဘောပေါက်သွားသည်မသိ…
” ဝေါ့ထွီ ”
” မသာ..သောက်ညစ်ပတ်…ကျုပ်မေးစရာရှိလို့ဗျ ”
” ကော်ဖီဆိုင်မှာတွေ့တဲ့ကောင်မလေးက ဘာလဲ “ဟု ထောင်ဖမ်းလေတော့သည်..
မွေးရာပါ…ဘဝင်ရူးသည့်အပြင်…အထင်ကြီးလျှင်ပြီးရောဟု နာမည်ကြီး ထမင်းတင်မက…ရေပါငတ်သည့် ကျွန်ုပ်က …ငါးပါးမှောက်မည်ကိုလဲ ကြိုမမြင်…
လက်သီးစာမိမည်ကိုလဲမတွေးမိခဲ့သေးပါ….

“ဟင်..နင်..ငါအာဘွားမွမွ ကျလူးနေတာကိုလဲ တွေ့တယ်ပေါ့…” ဟု အချောင်အသားယူလိုက်မိသည်….ကျွန်ုပ်သည် အငတ်ဖြစ်သည်
ထိုစဉ်..
“နင်က စော်ကြည်တယ်နော် “‘ ဟု အချွန်နှင့်မလေသည်…
” ကြည်ဆို..ငါက..တော်ကီမိုက်တယ်လေ..အဟဲဟဲ..ရုပ်ကလဲဖြောင့်တယ်ဆိုတော့…ဖြောင့်တာထက်ကို..ခန့်တယ်ပဲပြောပါတော့. ဆာကူရာတာဝါသိတယ်မလား….
အထပ်20 ကနေ တစ်မြို့လုံး..လက်ညိုးသာထိုးလိုက်..ခပ်ဖြောင့်ဖြောင့်မှန်သမျှ ငါ့ပစ္စည်းချည်းပဲ….”” ဟု အသလွတ်အမှတ်ယူမိလေသည့်ခဏတွင်…..အနှီမျောက်လက်ပိုင်ရှင်အမျိုးသမီးလေးက
ကျွန်ုပ်ချစ်မဝသောသူဆီသို့ ကော်ပီပေ့စ်လုပ်လိုက်ပြီး ဖြစ်လေသည်…..ထိုညနေတွင်…ကျွန်ုပ်ဆင်နင်းခံရလေတော့သည်။

မျက်နှာကိုမြင်လိုက်သည်နှင့်တပြိုင်နက်…အစိမ်းလိုက်ဝါးစားတော့မည့် မျက်ဝန်းနက်တစုံကိုမြင်လိုက်သည်….ကျွန်ုပ်၏ ရင်ဘတ်တွင်….ရထားဆယ်စင်း…ဒိန်းတပ်တပ်….ဒိန်းတပ်တပ်
” စော်ကြည်ဘဲကြီး ကြွပါအုံး ဒီနားကို ..””
” ခွပ် “‘
” အောင်မငီးဗျ…ကို..ဘာလုပ်မိလို့လဲသဲငယ်ရယ်…အဟင့်.”
” ခင်ဗျားကြီး ဟိုကော်ဖီဆိုင်ထဲမှာ ကောင်မလေးတစ်ယောက်ကိုအာဘွားပေးတာမြင်တဲ့လူကလဲမြင်တယ်…ခင်ဗျားကြီးလဲ ဝန်ခံထားတယ်မလား..ရှိုးလိုက်..ဒီမှာ “”
တကူးတက ပရင့်ထုတ်လာသော…chat history ကို ပစ်ပေးရင်း ရန်ထောင်သည်…ပရင့်ထုတ်နိုင်လောက်အောင်…ထိုမျှအချိန်အားနေသော.သေမင်းတမန်မအလုပ်လုပ်သော..ထိုဆေးကုပ္မဏီ မှ finance ဌာနကို မဆီမဆိုင် လှမ်းဆဲမိသည်…
“”ဟင်..သောက်ဂွ””
” ခင်ဗျားကြီးဗျာ….ယုံကြည်မှုကို အလွဲသုံးစားလုပ်တာ…သောက်ခွက်ကို ကန်စုတ်မိမယ်…”‘ မျက်လုံးထဲတွင်…မျက်ထောင့်နီနေသော…အလွတ်တန်းလက်ဝှေ့သမားတစ်အုပ်နှင့် ကြိုးတုပ်ခံထားရသော ကျွန်ုပ်ပုံကိုမြင်ယောင်နေမိသည်..
” သဲငယ်..ကိုကို ရှင်းပြ ” စကားပင်မဆုံးလိုက်…
“သောက်အပိုမပြောနဲ့…ခင်ဗျားကြီး အခွက်..သုံးပတ်မမြင်ချင်ဘူး…” ဟု အံကြိတ်ရင်း ပြောသည့်လေသံနောက်တွင်…လက်သီးဆုပ်ကလေး ဝဲနေသည်….ထပ်ကျွေးမည်မှာ သံသယရှိရန်မလို…
ကျွန်ုပ်သူမ..ကို အလွန်ချစ်မြတ်နိုးပါသည်..ထိုနေ့မှစပြီး….ကျွန်ုပ် သူမ၏ ရုပ်သွင်လေးကိုမမြင်ရသည်မှာ တစ်ပတ်တင်းတင်းရှိပါပြီ….
သူမ ..မရှိသည့်ဘဝသည်…လွန်မင်းစွာ ကန္တာရဆန်ပါသည်….ကျွန်ုပ်နောက်နောင်ပါးစပ်နှင့်လက်မဆော့တော့ပါဟု ….အထပ်ထပ်ကတိပေးရင်း…သူမဖုန်းသံလေးကိုမျှော်လင့်နေမိသည်ကို သိစေလိုပါသည်…
ကျွန်ုပ်လွမ်းဆွတ်မှုကို….သူမနတ်သမီးကလေး နားလည်နိုင်မည်ဟုမျှော်လင့်ပါသည်…..အလွန်ချစ်တီ.ဟန်နီ..:(

16 comments

  • alinsett

    September 13, 2013 at 3:01 pm

    စာသားလေးတွေက
    လွန်မင်းစွာ ရေလည် ကောင်းမွန်နေသည်
    ကျနုပ်လည်း လွန်မင်းစွာ ရေလည် ကြိုက်စ်သွားသည် ။
    ကျနုပ်ငယ်ငယ်ဒုန်းဂတော့
    ဒီလို စာသား အလန်းများကို လွန်မင်းစွာ မရေးတတ်ခဲ့ပါ။
    ကျနုပ်သည် ကြီးမှ စာပေကို ဆိတ်ဝင်စားသူ ဖျစ်သည်

    :kwi:

  • sorrow weaver

    September 13, 2013 at 3:10 pm

    ဒါမျိုးမြှောက်ပေးလို့ကတော့ ..သေချင်သေ…အလုပ်ပြုတ်ချင်ပြုတ်…ရွာပြန်လယ်လုပ်ပြီးကိုရေးမှာ ..အာဟိ…

  • KZ

    September 13, 2013 at 3:18 pm

    ရေးချက်တွေက သွက်ချက် လန်ထွက်နေတာပဲ။၊

    အဲလို အနှိတ်ကွတ်ခံရတာတွေ များများရေးပေးးးး
    ဖတ်ရတာ အရသာရှိနွန်းနွံ့ပါ။

    :kwi:

    • sorrow weaver

      September 13, 2013 at 3:46 pm

      ကိုယ်ချင်းစာစိတ်လေးမွေးပါဗျ….ဟိုရှမ်းခံရရင်တော့ စုတ်တသတ်သတ်နဲ့နေမှာ…ဘယ့်နှယ့်တော်…ကယ်ပဲ …အဟီး

  • MAUNG

    September 13, 2013 at 3:34 pm

    ချဗျာ ရေးပစ်လိုက် 🙂

    • sorrow weaver

      September 13, 2013 at 3:47 pm

      ချပလိုက်မယ်ဂျာ..ရေးခွဲပလိုက်မယ်…အနှစ်နှစ်အလလ ခံထားရသမျှ …အဟီး

  • Myo Thant

    September 13, 2013 at 3:52 pm

    အတော်သည်းခံပြီး ချစ်ပေရှာတာပဲနော် ၊

    ကျုပ်တုန်းကတော့ ရုံးခန်းထဲအထိလာပြီး

    စွပ်စွဲရန်တွေ့တဲ့ မိန်းမကို လက်သီးစာ ၁ ချက်ကျွေးပြီး ကွာရှင်းပစ်တာ ၊

    တနင်္ဂနွေသားလေ ၊

    အခုတော့ ကလေး ၃ ယောက်နဲ့ ကျုပ် အေးဆေးပဲ ၊

    နားအေးတယ်လို့ မှတ်လိုက်တယ် ၊ 🙂

    • sorrow weaver

      September 13, 2013 at 4:12 pm

      အလို..စိတ်ကြီးပါ့… ဦးမျိုး ရာ… ကျော်တို့ကတော့ မျိုးရိုးလိုက်သလားပဲ ….အဖေဆိုလဲ ..သူပဲခံရသဗျ…အဖိုးလဲ သိပ်တော့အဖြစ်မရှိ….( ကချင်မျိုးသမီးတွေပဲ ဇတ်ဇတ်ကြဲသလားတော့မသိ ..အဟီး )

      • Myo Thant

        September 13, 2013 at 4:25 pm

        ပထမဆုံး အသည်းကွဲခဲ့ရတာ ကချင်ပြည်နယ် မိုးညှင်းသူကြောင့်ပေါ့ ၊

        ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသူကြီးက အင်းစိန်ဂျီတီအိုင်ကျောင်းသားလေးကို

        ပညာမျိုးစုံနဲ့ နှိက်စက်ခဲ့သတဲ့ကွယ် ၊ 🙁

    • sorrow weaver

      September 13, 2013 at 5:00 pm

      မျက်နှာများတဲ့ကောင်လေး..ကံဇာတာတက်လာသလားတော့မသိ ဘုရားတရားများများလုပ်……..အငိငိ….လက်သီးစာကျွေးရတာ ကောင်းတာပေါ့ဗျ…တိမ်တအုပ်ကိုဖမ်းဆုပ်ရသလိုမျိုး..အလွန်နူးညံ့သိမ်မွေ့ …အဟိဟိ …

  • Wow

    September 13, 2013 at 4:54 pm

    ဒီခေးမ ဒဏ်ရာမပေါ်ပဲ နှိပ်စက်နည်းသုံးတာ မဟုတ်ဘူး :mrgreen:

    • sorrow weaver

      September 13, 2013 at 5:11 pm

      အင်းမြှောက်ပေး…မြှောက်ပေး….ဘရန်းတွေဝယ်ရင် ..အတုမိပါဇီ….အဟီး

  • အဘ ဖားသက်ပြင်း

    September 13, 2013 at 7:05 pm

    ငိငိ
    ဖြစ်ရလေကွီ

    • sorrow weaver

      September 14, 2013 at 9:45 am

      အဘ လာမန့်တယ်လား…ကျော်က အဘ အရမ်းသာယာနေတော့ …အသဲကွဲစာတွေမဖတ်ဘူးမှတ်တာ….ကျော်က အဘပရိသတ်ဗျ…..

      • ခင် ခ

        September 15, 2013 at 6:23 pm

        ဪ အဘ မှာဘဲ နီတာတွေ့တယ်

Leave a Reply