ခရီးသွားလောကမှ အမြင်မတော်သည့် အပို်င်းအစတစ်ချို ့

moonpoemSeptember 13, 20131min19817

ခရီးသွားလောကမှာ Tip Money ပေးတယ်ဆိုတာ မဆန်းတော့တဲ့ ထုံးတမ်းတစ်ခုပါ။ ဝန်ဆောင်မှုလုပ်ငန်းဖြစ်
တဲ့ အတွက် ဧည့်သည်ဘက်က စိတ်ကျေနပ်တဲ့အခါ ပေးတတ်တာကြောင့် ရယူသူဘက်ကလည်း စေတနာသန့်စွာ လက်ခံလို ့ရပါတယ်။
ခက်တာက အခုတလော ဘဝင်မကျတဲ့ ကိစ္စကတော့ ဧည့်သည်က မပေးချင်သည့်တိုင်အောင် Tip Money
ကို ဇွတ်တောင်းနေတဲ့ ကိစ္စတစ်ခုပါပဲ။ အရင်ကတော့ မသိသာလှပေမယ့် အခုကတော့ နေရာတိုင်းနီးပါး
မြင်တွေ ့နေရတော့ ကျွန်မစိတ်ထဲသိပ်ဘဝင်မကျလှပါဘူး။ အဲဒါကြောင့် မန်းဂေဇက်ကနေ တစ်ဆင့် ရင်ဖွင့်လိုက်ပါတယ်။

နံပါတ်(၁)။ ။နိုင်ငံခြားဧည့်သည်သုံး အိမ်သာတွေမှာ လက်ဆေးအပြီး တစ်သျှူးပေးသူက တစ်ခါပေးပြီးတိုင်း တစ်ခ်မန်းနီး ဝမ်းဒေါ်လာလို ့ပြောပါတယ်။
နိုင်ငံခြားသားအနေနဲ ့က ဝမ်းဒေါ်လာဆိုတာ နည်းတဲ့အတွက် ပေးလိုက်သော်ငြား ၁ဝယောက်လောက်ဝင်ပြီးရင် အိမ်သာသန် ့ရှင်းရေး သမား အတွက်ကတော့ အူစိုတာပေါ့။ ကျွန်မကတော့ အဲဒီအိမ်သာကို ဝင်ဘူးတာ မဟုတ်ပါ။ ကျွန်မဧည့်သည်က
အိမ်သာ ဝင်အပြီး သူ ့ကို အဲဒီလို လာတောင်းလို ့ပေးလိုက်ရတယ်။ မတန်ဘူးနော် ဆိုပြီး လာပြောတဲ့အတွက် သိရတာပါ။
တိတိကျကျပြောရရင်တော့ ရွှေတိဂုံ ဘုရားတောင်ဘက်မုခ်က အိမ်သာစောင့် ပါ။ တခြား မုခ်တွေက ဘယ်လိုရှိမယ် မသိပေမယ့် ကျွန်မအတိအကျ သိရတဲ့ နေရာကတော့ တောင်ဘက်မုခ်မှာပါ။

နံပါတ်(၂)။ ။ မြန်မာ့ ရုပ်သေးပွဲ တွေ အကတွေပါ ဖျော်ဖြေတဲ့ စားသောက်ဆိုင်တွေမှာ ဖျော်ဖြေပြီးတဲ့ အခါ
ဧည့်သည်တွေက သဘောကျရင် ဖျော်ဖြေသူအတွက် မု န် ့ဖိုးပေးတတ်ပါတယ်။ အခုဆိုးရွားလာတာက ပုဂံက စားသောက်ဆိုင်တစ်ဆိုင်မှာဆိုရင် ရုပ်သေးဖျော်ဖြေပွဲပြီးရင် ဧည့်သည်ထမင်းစားတဲ့ဝိုင်းနားထိလာပြီး မုန် ့ဖိုးတောင်းတဲ့ ကိစ္စပါ။ မပေးမချင်း မသွားပါဘူး။ သူ ့ရဲ ့ရုပ်သေးပညာတော်ပါတယ်။ ဒါပေမယ့် ကိုယ့်ပညာနဲ ့ကိုယ် အစော်ကားမခံရအောင် သိက္ခာရှိရှိ နဲ ့မုန် ့ဖိုးပေးချင်လို ့သော်လည်းကောင်း ဆုချချင်လို ့သော်လည်းကောင်း လာပြီး ပေးတဲ့ ငွေကိုသာ လက်ခံသင့်တယ်လို ့ထင်မြင်မိပါတယ်။ အခုလို
ထမင်းစားဝိုင်း အစေ့ မပေးမချင်း လိုက်ပြီး ကပ်တောင်းနေတာ ဧည့်သည်အချို ့မနှစ်မြို ့သလို ကျွန်မကိုယ်တိုင်လည်း မနှစ်သက်တဲ့ အပြုအမူ တစ်ခုပါ။

နံပါတ်(၃)။ ။ စားသောက်ဆိုင်က စားပွဲထိုးများ လုပ်စားကြတဲ့ အရာတစ်ခုပါ။ ဥပမာ ၉ထောင့်ငါးရာကျလို ့တစ်သောင်းပေးလိုက်ရင် အမ်းငွေ ငါးရာ လာပေးတဲ့အခါ ကျွန်မအနေနဲ ့ဝန်ဆောင်မှုကောင်းတဲ့ ဆိုင်က သူကဆိုရင် အမ်းငွေကို မုန် ့ဖို း ပေးလိုက်ပါတယ်။
ခက်တာက အခုနောက်ပိုင်း အမ်းငွေကို လာကို ပြန်မအမ်းကြတော့ဘဲ ဧည့်လမ်းညွှန်ကိုပဲ လာပြောပါတယ်။
ပိုငွေကို မုန် ့ဖိုးယူလိုက်ပြီ ဆိုပြီးတော့ပါ။ ဒါကတော့ မုန် ့ဖိုးကို ပေးပေးမပေးပေး ယူလိုက်ပြီဆိုပြီး လုပ်တဲ့ အပြုအမူတစ်ခုလို ့ပဲ ထင်ပါတယ်။

နောက်ထပ်လည်း ဘဝင်မကျတာတွေ အများကြီး ရှိပါသေးတယ်။ အခုလောလောဆယ်တော့ တော်တော်လေး ကို စိတ်ထဲမှာ မကြည်လင်တာကြောင့်
မန်းဂေဇက်ကနေတစ်ဆင့် ရွာထဲကို မောင်းလာထုတာပါ။ခရီးသွားလောကမှ အမြင်မတော်မှူများ၊ ချို ့ယွင်းချက်လေးများကို ပြင်ဆင်နိုင်ဖို ့တင်ပြပေးအပ်ပါသည်။ နောက်လည်း ရှေ ့ဆက် တင်ပြပါဦးမည်။ ကျေးဇူးတင်ပါသည်။

17 comments

  • uncle gyi

    September 13, 2013 at 10:15 pm

    အိမ်သာသန့်ရှင်းရေးသမားက
    တလသုံးသိန်းလောက်ရနေတဲ့သဘော
    အမြတ်ခွန်ကောက်သင့်နေပါပြီ

    ပုဂံကအနုပညာရှင်က
    အိမ်သာသန့်ရှင်းရေးသမားအဆင့်ဆင်းသွား
    တယ်လို့ခံစားလိုက်ရတယ်ဗျာ

    စားသောက်ဆိုင်ကစားပွဲထိုးကတော့
    ခါးပိုက်နိုက်အဆင့်ဖြစ်သွားတာပေါ့
    ဒါမျိုးကဆိုင်ရှင်ကိုတိုင်သင့်တယ်ထင်တယ်ဗျာ
    ဆိုင်ရှင်ကလည်းကိုယ့်ဆိုင်အဆင့်နိမ့်သွားတဲ့အဖြစ်
    ကိုစောင့်ကြည့်သင့်ပါတယ်

  • au kyein

    September 14, 2013 at 2:16 am

    ရစရာမရှိအောင် ပျက်စီးသွားတဲ့ဒီအကျင့်တွေ စိတ်ဓါတ်တွေ ကိုတော်တော်ပြင်ယူရပါအုံးမယ်။

  • MAUNG

    September 14, 2013 at 6:53 am

    အဲလို တစ်ချို့ တစ်ချို့ သောလူတွေ ကြောင့် အားလုံး ရဲ့ အထင်သေး တာခံရတယ် ။
    ကျွန်တော် လဲ ကြုံဘူး တယ်၊ နာမည်ကြီး စား သောက်ဆိုင် တစ်ခု မှာ။ မြန်မာ ဘီယာ ပုလင်း က အဖုံး ကို မပြော မဆို ယူသွားတာ ။ ဘာမှ တန်ဖိုး မရှိ ပေမဲ့ တမင် ပြန်တောင်း တော့ဘာပြော တယ် မှတ်လဲ ။ ဆရာ ဗလာ မဲကြီး တဲ့။ တောက်ညင် ကပ် လို့ ဟ မင်းတို့ ကိုဘယ်သူ ကပေးဖွင့် လို့ လဲ ဆို ပြီး ကောင်းကောင်း ရစ် ခဲ့တယ် ။

  • alinsett

    September 14, 2013 at 7:42 am

    ဆယ်မိုင် က
    စားသောက်ဆိုင် တစ်ဆိုင်မှာ လည်း အဲ့လို အိမ်သာ သန့်ရှင်းရေးသမား ရှိတယ်
    အဲ့လို စားပွဲထိုးတွေလည်း တခြားဆိုင်တွေမှာ မကြာခဏတွေ ့ရတယ်။

    ငွေပြန်မအမ်းချင်တဲ့ အထဲမှာတော့ ဘတ်စ်ကားစပယ်ယာတွေက အဆိုးဆုံး

    🙂

  • Ma Ma

    September 14, 2013 at 9:24 am

    အမှန်တော့လည်း ကိုယ့်လုပ်ခထက် ပိုရချင်တဲ့ (အချောင်လိုချင်တဲ့) အကျင့်တွေမို့ မကောင်းပါဘူး။

    ဒါပေမယ့်…..
    tip money တောင်းကြတာ နိုင်ငံတကာတွေမှာလည်း ရှိတာမို့
    (တရုတ်မှာဆို အတော်ကိုဆိုးတယ်လို့ဆိုတော့ )

    လကဗျာလေးရေ……. သိပ်တော့ခံစားမနေပါနဲ့။

    ကိုယ့်သားသမီးကို သူများသားသမီးထက် ပိုတော် ပိုထူးချွန်စေချင်ကြတဲ့ စေတနာလိုမျိုး
    ကိုယ့်နိုင်ငံ ကိုယ့်နိုင်ငံသားတွေ နိမ့်ကျတဲ့စိတ်ဓာတ်ရှိတာကိုတော့ မလိုလားပါဘူး။ 🙁

  • မင်းခန့်ကျော်

    September 14, 2013 at 10:56 am

    အော် နိုင် ငံတော် ဂျီး အဆင့် ကအစ

    အချေ ာင် လိုချင်နေမှတော့ အောက်က ပြည်သူ

    တွေ အချေ ာင်လို ချ င် စိတ် ရှိ တာ မဆန်းပါဘူး။

    ခေါင် က မှ မလုံ တာ ။

  • KZ

    September 16, 2013 at 9:10 am

    ဒါမျိုး နဲ့ ရတဲ့ ငွေကြေးကရော
    သမ္မာအာဇီဝ နဲ့ ရတဲ့ ငွေကြေး လို့ ခေါ်နိုင်ရဲ့လားမသိ။ 🙄

    ဒါနဲ့။
    ပြန်လာတာ ကြိုဆိုပါတယ် လကဗျာလေးးးး
    ဖေဖေ သက်သာလားးး

  • kyeemite

    September 16, 2013 at 11:29 am

    အိမ်သာစောင့် တောင်းစားတာကတော်သေးတယ်(သူ့အဆင့်ကိုကအိမ်သာစောင့်ဆိုတော့…)
    ရုပ်သေးပညာသယ်ကတော့ အနုပညာသိက္ခာမဲ့လွန်းလှပါတယ်..ကျန်အနုပညာရှင်တွေကိုပါ
    ထိခိုက်ပါတယ်…
    မုန် ့ဖိုးကို ပေးပေးမပေးပေး ယူလိုက်ပြီဆိုပြီး လုပ်တဲ့ အပြုအမူကတော့လက်မခံသင့်ပါ
    ချက်ချင်း ဆိုင်ရှင်ကိုတိုင်သင့်ပါ၏။

  • ခင် ခ

    September 16, 2013 at 3:40 pm

    အနီ၆ခုမှတ်သွားတယ်။
    ဟုတ်တယ် တစ်ချို့ဝန်ဆောင်မှုတွေက မလိုဘဲနဲ့ မယောင်ရာ ဆီလူးဆိုသလို ရှိနေတယ်လေ။ အမှန်တော့ အဲဒါဝန်ဆောင်မှုမဟုတ်ဘူး ဖန်စားနေတာဗျ

  • zaw min

    September 17, 2013 at 12:37 am

    ဆရာတော် ဥုသုမင်္ဂလ ယောကြားခဲ့တဲ့ တရားကိုသွား သတိရမိတယ်…ကိုရင်တွေ၊ဘုန်းကြီးတွေ လမ်းမပေါ်တွေမှာလိုက်ပြီး ပိုက်ဆံတောင်းနေရင် တောင်းစားနေရင် သသာနာက သူတောင်းစားသသာနာဖြစ်သွားလိမ့်မယ်ဆိုတာပါ….
    စကားမစပ်…..ကျနော်တို့ သမ္မတကြီးလည်း အမေရိကန်သမ္မတအိုဗားမားလာတုံးက မြန်မာပြည်သူလူထုအတွက် ရှေ့မျက်နှာနောက်ထားပြီး တောင်းခဲ့ပါသေးတယ်ခင်ဗျ….
    အဲဒီနိုင်ငံခြားသားတွေက အိမ်သာနဲ့ပုဂံက စားသောက်ဆိုင်လောက်ပဲ ရောက်တာကိုး မြန်မာပြည်က ဌာနဆိုင်ရာရုံးတွေကို ရောက်ရင် အဲဒီလိုတောင်းမှာမဟုတ်ဘူးလို့ရှင်းပြလိုက်ပါလားဟင်င်င်………

  • kai

    September 17, 2013 at 1:15 am

    အဲဒီ တစ်ပ်ပေးတဲ့အကျင့်ကြီး.. မြန်မာပြည်ယူလာသူကို.. ဖနောင့်နဲ့ဝိုင်းပေါက်သင့်တယ်…။
    ဂျပန်မှာဆို.. တစ်ပ်ပေးကျင့်မရှိဘူး..။

    ဆိုတော့… ဂျပန်အဖိုးကြီးတွေများ.. ပြန်အိမ်ငွေတယန်းစေ့တောင်.. ပြန်သိမ်းသွားတာ..
    .. ငွေကအလကားရတာမှမဟုတ်တာပဲလေ…တဲ့..။

    ဟုတ်ပ.. :kwi:

  • manawphyulay

    September 17, 2013 at 10:31 am

    တချို့နေရာတွေမှာ ဥပမာ Junction 8 က သန့်ရှင်းသမားတွေကျတော့ ဧည့်သည်ကို ဂရုမစိုက်ဘူး။ အမြဲမြည်တွန်တောက်တီးနေပြီး အိမ်သာဝင်လို့ ကြာရင်လည်း ပြောဆိုနေတာတွေ တွေ့ကြုံခဲ့ရသလို ဧည့်သည်အရမ်းများတဲ့အချိန်မှာတောင် အိမ်သာကို ပိတ်ထားပြီး သန့်ရှင်းရေးလုပ်နေတဲ့ပြောတဲ့အခါလည်း ကြုံခဲ့ဖူးတယ်။ သူတို့ကျတော့ မပေးသင့်ဘူးမြင်မိတာပါပဲ။

  • Wow

    September 17, 2013 at 3:02 pm

    အင်း လှည်းတန်း အိုင်တီတောင် Weekend မှာ မထိုင်ဖြစ်တာကြာပေါ့… အစားတလုပ် ပါးစပ်ထဲကောင်း ကောင်းမဝင်ရသေးဘူး ကိုရင်၊ အူးဇင်း ၊ သီလရှင်လေးတွေရပ်ကြတာ ကြာတော့ မျိုတောင် မကျတော့ :buu:

    • kai

      September 17, 2013 at 3:08 pm

      ခင်ညားတို့က.. လှူလှူနေတာကိုး…
      ပြောသာပြောတာ… ယူအက်စ်မလည်း.. မြန်မာပြည်က. .ဆရာတော်ကြီးငယ်ရွယ်လတ်.. သာသနာပြုကြွတာမပြတ်တော့.. လက်တဆုပ်မြန်မာကွန်မြုနတီခမျာလည်း… မျိုတောင်မကျတော့…။ :kwi:

      • အရီးခင်

        September 17, 2013 at 3:13 pm

        ဖိတ်သူရှိလို့ ကြွ လို့ ရတာပါ သူကြီးရယ်။
        ဒီအတိုင်း ကြွချင်တိုင်း ကြွ လို့ ရတာလိုက်လို့။

      • Wow

        September 17, 2013 at 3:20 pm

        ဂယ်ပါဒဂျီးရယ် အိုက်နေ့က အာလူးပူရီနဲ့ ပေါ့စိမ့်လေး ဇိမ်ခံသောက်မယ် ရှိသေး ၁ဝ ပါးလောက် တစ်ပါးပြီး တပါး ရပ်တာ … လယ်ချောင်းဂယ်နင်ဒါ 😥

Leave a Reply