တနင်္ဂနွေအရုပ်

sorrowSeptember 14, 20131min1458

တနင်္ဂနွေသည်…လွတ်လပ်စွာနိုးထခွင့်ရလိမ့်မည်ဟု…မျှော်လင့်မိသော….လူမိုက်သည်…ခြေကားယား..

.လက်ကားယားဖြင့်…ဇရက်မင်းစည်းစိမ်ယူနေခိုက်…တံခါးကို…ဝုန်းဒိုင်းနှင့်…တစ်လောကလုံးတည်ငြိမ်ရင့်ကျက်သည်ဟု.

..တလွဲထင်မြင်ယူဆထားသော…ဝင့်အရှင်မ သည်ဆင်မယဉ်သာ…မီးနင်းမိသလို….အိမ်ထဲ.ဝင်ရောက်လာသည်….လက်ထဲတွင်လည်း ..ဆိုင်ပြောင်းလာသည့်အလား…အထုပ်ပေါင်းတစ်သောင်းလောက်နှင့် …(မျက်လုံးထဲ …သင်္ကြန်တွင်း ကန်တော်ကြီးပတ်လမ်းတလျောက် ပုလင်းခွံကောက်သည့်လူများကိုမြင်ကြည့်ပါလေ ) အဟီး…နော်မန်ဒီကမ်းခြေမှ ဂျာမန်စက်သေနတ်သကဲ့သို့ ..မဲမဲမြင်ရာ ပြောဆိုပွစိခတ်ရင်း ကြည့်မိလိုက်သည်က
ငါးပေငါးလက်မ အရပ်အမောင်းနှင့် ခြောက်လက်မ Pencil heel က တကယ့်ကလန်ကလား..
ငါးပေရှစ်ရှိသော ကျွန်တော့်အရပ်အမောင်းကို တစ်ခါတရံ ဂျပုဟု ခေါ်တတ်သေးတယ်…ပုဂ္ဂိုလ်ရေးတိုက်ခိုက်တတ်ပုံများ …..

” ဟင် …ခုချိန်ထိအိပ်တုန်းလား…အခုထ..ဘယ်လိုလူကြီးလဲမသိဘူး..ပျင်းချက်က.အရည်ထွက်တယ်..” နံနက် ခုနှစ်နာရီခွဲအတိဖြစ်ပါသည်…အခန်းတံခါးကို ကန်ရင်း နိုးသည်…ထိုမျှ သိ်မ်မွေ့ပါသည် ..အာဟိ
သူမသည် မနက်ခြောက်နာရီလောက် Church သွားတတ်သော ….ဖန်ဆင်းရှင်၏ စံလွဲမှုတစ်မျိုး ….

သူမနှင့်..ညီများညီမများက ကျွန်ုပ်ကို မျောက်ပွဲကြည့်သကဲ့သို့ …ဟီလာထနေကြသည်…အစ်ကိုအကြီးဆုံးမို့ ..ဘူမှမနိုင်….နိုင်သည့်လူရောက်လာသည့်အခိုက်…လွတ်လပ်ရေးပွဲဆင်နွဲကြသည်…ခြိမ့်ခြိမ့်သဲ

အင်မတန်ချိုသာသောသံစဉ်အောက်တွင်….လန်းဆန်းစွာနိုးထခြင်းကို..သူသယ်ဆောင်လာသည်….
ထိုအချိန်မှစပြီး….တနေ့တာအချိန်အားလုံးကို…သူသိမ်းပိုက်ပါတော့သည်…..ဟင်းချက်ခိုင်းသည်…ထမင်းချက်ခိုင်းသည်…ဘေးမှဆရာလုပ်ပြီး ညောင်သည်..
သူမကတတ်သလားဆိုတော့ကာ…တစိမှမတတ်….

ပထမဆုံး..အင်မတန်နက်မှောင်သန်စွမ်းသော….ကွန်ုပ်ဆောရိုး ၏ ဆံပင်ကို……ဒိန်ချဉ်နှင့်အဆင်းတူသော….
ပေါင်းဆေးဖြင့်….မုန်ညင်းချဉ်နယ်သလိုနယ်သည်…ဆံပင်သန်ရန်ဆိုပဲ…..အနံသည်..အင်မတန်မွှေးသည်ဟု..
.သူတဖတ်သတ်ထင်မြင်ယူဆထားသော…..ဂျော်ရကီးအနံ့…..သေအောင်ပြင်းသည်…..ကျွန်ုပ်သည် သူမ စိတ်ကြိုက်ပုံသွင်းကစားရန်လူဖြစ်လာသော .မနုသအရုပ်…

ထို့နောက်ခေါင်းလျှော်မျက်နှာသစ်ပြီး….အင်မတန်မှခန့်ညားပြေပြစ်သော..ကျွန်ုပ်၏အခွက်ကို…တိုနာဟု သူပြောသော…..အရက်ပြန်ဖြင့်…

အသကုန်ပွတ်ပြီးသကာလ….ကြက်ဥနှစ်အဆင်းရှိသော….ပိုလန်အက်ဆန့်ဖြင့်…..ပတ်တီးရိုက်သည်…
အသံထွက်လျှင် …မျက်နှာသုတ်ထားသောဂွမ်းစကို .ပါးစပ်ထဲထိုးထည့်မည် ကြိမ်းထားသဖြင့်
အသံမျှင်းမျှင်းမျှပင်..ကျွန်ုပ် မထွက်ရဲ….
ထိုမျှပြီးသလားဆိုတော့ကာ..မပြီး…ထပ်မျက်နှာသစ်ခိုင်းသည်
တိုနီမိုနီ ခရမ်းချဉ်သီး ပေါင်းဆေးဖြင့် …ပယ်ပယ်နှယ်နှယ် ထပ်သမသည်….

”မျက်နှာကလေ…စီးကရက်တွေနင်းကန်သောက်ပြီး…မဲသဲခြောက်ကပ်.နေပြီ….နောက်နည်းနည်းဆို…ဗယာကြော်ရောင်းလို့ရပြီ”.
.ဆောင့်ဆောင့်အောင့်အောင့်ပြောသံက…..အခုပဲ….လက်ဆွဲမီးဖိုနှင့်လိုက်ပဲရောင်းရတော့မလိုလို…..

အနှီမိန်းမငယ်အေးသည်ဆိုခြင်းမှာ….အတုဖြစ်ပါသည်……

” အာ…တော်ပြီလေ…အခွက်နဲ့လုပ်စားတာမှ..မဟုတ်တာ…အဲ့လောက်မလိုပါဘူး….” အပြောတွင်…
တန်ပြန်ပုံလေးက ရေလည်သင်းပါသည်…..

” ကိုကို…လျှာထုတ်ပြစမ်းပါ….” အူကြောင်ကြောင်ငနဲကလည်း…..တကယ်ထုတ်ပြသည်….သူမက တဆက်တည်း.ဘေးမှကပ်ကြေးကိုလှမ်းဆွဲလိုက်သည်

” အင်း…ဟုတ်တာပေါ့….နည်းနည်းရှည်နေတယ်….ဖြတ်ပြီး…တိလိုက်မှ ….အတော်ပဲ ”….ကိန်ကနဲပင်….မအော်ရဲတော့ပါ…

အင်မတန်သိမ်မွေ့သည်..ဟုနာမည်ကြီးသော…လေယဉ်မယ်၏ တော်ကီဖြစ်ပါသည်…..တခါတရံ အကျွန်ုပ်ကို ..သောက်ကောင်မ ဟု လည်ချောင်းထဲမှထွက်လာသော အသံ နှင့်ခေါ်သည်…
( ဟဲ့..နင်မှတ်ပလား.ကချင်မ.အာဟိ.)

မျက်နှာကိုတတိယအကြိမ်ပြန်သစ်ပြီးမှ…..ပွတ်သပ်ကြည့်ပြီး…

” အင်း…မဆိုးဘူး…..” ဆိုပဲ….အခွက်သည်…ပိုးဟပ်အကောင်ပေါက်စလို…..ဖြူဖပ်ပြီး….
နောက်ထပ်နည်းနည်းဆိုလျှင်…လူက..ခြောက်ပြီ……တဏှာလေးရူးတတ်နေသဖြင့်သာ…..ခံသာသည်….အာဟိ

သူ့စိတ်တိုင်းကျသာ…လုပ်ရလျှင်…မျက်နှာလေးဝင်းပြီး….အလိုမကျလျှင်…အခုပဲဆင်ဖမ်းထားသယောင်……ရှုံ့မဲ့နေတတ်သော..

အနှီဂြိဟ်သူမလေးကား…ကျွန်ုပ်တစ်ဦးတည်း..ပိုင်ဆိုင်သော…အမြတ်နိုးဆုံး..အရာဖြစ်ပါသည်….

အင်မတန်အနိုင်ကျင့်တတ်သော..ရေလည်စွာသော….ထူးဆန်းသော….ဖန်ပေသီးကဲ့သို့..ခေါင်းမာသော…..ပေကပ်ကပ်နိုင်သော.

လေယဉ်မယ်သေမင်းတမန်မလေး ကို…အကျွန်ုပ်အလွန်ချစ်ပါသည်…..

8 comments

  • အလင်းဆက်

    September 14, 2013 at 12:53 pm

    အော် အချစ် အချစ်

    အချစ်စိတ်သာ ဖြစ်နေပြီဆို
    ရေလည် အနိုင်ကျင့်တတ်တယ်ဆိုတဲ့သူမကိုတောင်
    အပြစ်မမြင်
    အချစ်ဝင်

    🙂

    • ခင် ခ

      September 16, 2013 at 3:56 pm

      အနီတစ်

  • lele kyi

    September 15, 2013 at 6:54 am

    ဟဟဟ။။အဲ့လိုခံရတဲ့ ဇာတ်လမ်းလေးတွေလဲဖတ်ပါရစေ။ မဟုတ်ရင် သူတို့ကပဲ အမြဲ နိုင်နေသယောင်ယောင်။
    နောက်ခါဆိုရင် ကတုံးတုံးပေးလိုက်ရမှာ အလုပ်ရှုပ်သက်သာအောင်။ ပရီစင်ဘရိတ်ထဲက မင်းသားနဲ့တူတယ်ဘာညာပေါ့။ 😉

  • sorrow weaver

    September 15, 2013 at 3:31 pm

    အလိုလေးတော်..ဘူနဲ့တူတယ်…ပြောရက်ပါ့…

  • kotun winlatt

    September 15, 2013 at 11:19 pm

    ဟာဟ……ရေးးတတ်ပဗျာ….

  • KZ

    September 16, 2013 at 9:17 am

    အွန်။
    လိုက်ဖတ်ရင်း မက်စိလည်ကုန်ပြီ။
    ဓာတ်ပုံနဲ့ တကွ ပြပါ။

    :mrgreen:

    • sorrow weaver

      September 16, 2013 at 11:19 am

      အဲ့မျိုးကတော့ မေးနဲ့ကိုပို့အုံးမှာ ..ဘူ့ကြွားရမှန်းမသိဖြစ်နေတာ…အာဟိ

      • KZ

        September 16, 2013 at 11:27 am

        အမငိ၊.
        ဂယ်ဂျီးကို ကြွားတာတော့။
        မမမေးမိ အပြစ်ရှိပါဒီ။

        အာဟင့်။

        လှတယ်တော့။
        ကောင်မလေးက.. 😀

Leave a Reply