ဒေါ်ကြီးလုံ နဲ့ ရွှေဧည့်သည် (မန်းဂဇက်ကဗျာချစ်သူများ၏ ကဗျာပြခန်း – ၉)

ကျုပ်နာမည်လား။ ကျုပ်နာမည်က ဒေါ်ကြီးလုံတဲ့။

ဒီရွာမှာနေတာတော့ နှစ် (၂၀) လောက်ရှိပြီ။ ရွာလယ်ပိုင်းမှာ တူမလေးနဲ့ နေတယ်လေ။ အောင်မယ်လေး…ရွာက ပျော်ဖို့ကောင်းတာတော့ မပြောနဲ့။ မှတ်မိသေးတယ်။

ဒီရွာကို ရောက်ခါစက ကျုပ်က ခပ်ငယ်ငယ်ရယ်။ ဘာမှလည်း ဟုတ်တိပတ်တိမသိ။

ဒီလိုပဲ ရွာလူကြီးတွေ စကားဝိုင်းထဲ ဝင်နားထောင်ရင်း နားထောင်ရင်းနဲ့ စာလေးဘာလေးတွေဖတ်၊ အဲဒီကနေ ကိုယ်ထင်တာလေးတွေ ဝင်ပြောကြည့်၊ လူကြီးတွေကလည်း မှားရင်ပြင်ပေးကြတယ်။

ဒီလိုနဲ့ ပြောရဲဆိုရဲက ရှိလာ၊ နေတာလည်းကြာတော့ ရွာထဲက အတော်များများနဲ့ သိပေါ့။ ဒါတောင် တစ်ချို့ အဝေးရောက်နေတဲ့ ရွာသားတွေ ပြန်လာရင် ကျုပ်က ကြောင်တောင်တောင်ကို ဖြစ်တတ်သေးတာ။ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ပေါ့။

ဒါနဲ့ … ပြောတာ ဘယ်ရောက်သွားပါလိမ့်။ အော်…ရွာက ပျော်စရာကောင်းတာ… ကျုပ်ဆို ဒီရွာရောက်ကတည်းက ပတ်ဝန်းကျင်က ဘယ်ရွာကိုမှ သွားမလည်ဖြစ်တော့ဘူးတော်။ အားတာနဲ့ ရွာရိုးလျှောက်သွားပြီး ဟိုစကားဝိုင်းနားထောင်၊ ဒီစကားဝိုင်းနားထောင်နဲ့။ မြို့ပေါ်ကိုတောင် ကိစ္စရှိမှ သွားဖြစ်တော့တာ။

အဲ.. ကျုပ်တို့ရွာက ပျော်စရာကောင်းတာ ရောက်ဖူးတဲ့သူတိုင်း သိကြပါတယ်တော်။

ဒါပေမယ့် တစ်ခါတစ်ခါ မနာလိုတတ်တဲ့သူတွေက သူပုန်တွေ လွှတ်တတ်သေးတော့်။ ဘယ်ရမလဲ..ကျုပ်တို့ရွာပဲ။ သူကြီးသွားတိုင်တာပေါ့။

သူကြီးကလည်း တတ်နိုင်သလောက်တော့ ကာကွယ်ရှာသား။ နောက်ဆုံးတော့လည်း အဆင်ပြေသွားတာပါပဲ။

ဒီနေ့လား။ ဟုတ်ပါ့..စည်ကားနေမှာပေါ့။

ရွာထဲက ကဗျာချစ်သူတွေရဲ့ ကဗျာပြခန်း ဖွင့်တယ်လေ။

အခုဆိုရင်တော့ ပြခန်း (၉) တောင် ဖြစ်နေပြီ။ သွားလို့ရမလားဆိုတော့ ရပါ့..ရပါ့။ လူတိုင်း လာကြည့်လို့ရတယ်။

ကျုပ်လည်းအခု အဲဒီကို သွားမလို့။ တစ်ခါတည်းသာလိုက်ခဲ့။

ဘယ်သူတွေပါလဲဆိုတော့…. အင်း.. ကျုပ်လည်း ပြခန်းတာဝန်ခံတွေလောက်သာ သိတာ… နေပါဦး..ပထမဆုံးက

ဟို လူကြီးလိုလို ဘာလိုလိုနဲ့ “ဦး” တပ်ပြီး နာမည်ခေါ်ခိုင်းတဲ့ ဦးမာဃ။ ကျုပ်တို့တော့ အဲ့နာမည် ခေါ်မနေပါဘူး။

တဂျားမင်း လို့ ခေါ်လိုက်တာပဲ။ ဟုတ်တယ်မို့လား.. မာဃဆိုတာ သိကြားမင်းနာမည်လေ။

အဲ.. သူတို့ပြခန်းတာဝန်ခံအချင်းချင်းကတော့ တဂျား ဆိုလား ဘာဆိုလားပဲ။

နောက်တစ်ယောက်က ဂျီးတော်ဆွိ…ဂျီးတော်ဆိုလို့ အသက်ကြီးကြီး မထင်နဲ့ဦး။

သူတို့အချင်းချင်း ဂျီးတော်ခေါ်လို့ ကျုပ်တို့လည်း လိုက်ခေါ်တာ။ ခပ်ငယ်ငယ်ရှိသေး။ ကျုပ်ကတော့ သူ့နာမည်ကြားတာနဲ့ စားစရာတွေ ပြေးမြင်တာပဲ။ အောင်မာ…မရယ်နဲ့ .. အတည်ပြောတာ။ သူရွာထဲကို ရောက်လာတော့ ဟင်းစပ်တွေနဲ့တော့။

ဘယ်ဟင်းနဲ့ ဘာနဲ့ကို တွဲစား၊ ဘာနဲ့က ဘယ်လိုလိုက်တယ်နဲ့ သူက တွဲပြတော့မှ..အောင်မယ်လေး…ဟုတ်တယ်တော့… စားကောင်းချက်။

နောက် နေပါဦး။ မန္တလေးက ဆိုင်ကောင်းကောင်းတွေ ညွှန်းတုန်းကများ သူကြီးတောင် သူ့ကို ခေါ်မေးရသေး။ ဒီတော့ ကျုပ်က သူ့နာမည်ကြားတာနဲ့ ဗိုက်ဆာလာတာ မလွန်ပါဘူးတော်။

နောက်တစ်ယောက်က .. ဟိုကောင်လေး……

သူ့ကိုသူ အစက မင်းမော်ကွန်းနဲ့ တူတယ်တဲ့။ နောက်ကျ အောင်ရဲလင်းနဲ့ တူတယ်တဲ့… စဉ်းစားကြည့်ပါဦး။

မင်းမော်ကွန်းနဲ့ အောင်ရဲလင်းက ဘယ်လိုမှ ရုပ်မဆင်တာ သူက တစ်ခါလာ တစ်ယောက်နဲ့ တူတယ်ဆိုတော့..

တူမတူ စဉ်းစားသာကြည့်တော့။

အော်.. နာမည်မပြောရသေးဘူးပဲ။

ဟို အလင်းဆက် လေ။ ဟီးဟီး..သူများတွေကတော့ ခေါ်တယ်။ ဒညင်းဝက်တဲ့။

ရွာအရှေ့ပိုင်းက ကိုရင်ဂီ ပေးထားတဲ့ နာမည်။

တကယ်တော့ အဲဒီနာမည်ကသာ သူနဲ့ အလိုက်ဆုံးပဲ။ ကျုပ်တော့ ဈေးသွားလို့ ဒညင်းဝက်တွေမြင်ရင် သူ့ပြေးမြင်မိနေလို့ ဒညင်းဝက်ကြော် မစားဖြစ်တာတောင် ကြာပြီ။

နောက်တစ်ယောက်က ဘယ်သူမှတ်တုန်း။

ကျုပ်ရဲ့ တူမတော် တော့်။ မွန်မွန်တဲ့။ အဲ့ကလေးမကတော့ ကိုယ့်တူမဖြစ်နေလို့သာပဲ။ ဘယ့်နှယ်တော်… ကျုပ်တို့ တစ်မျိုးလုံး အေးအေးဆေးဆေးပါပဲ။

သူ့ကျမှ ပါလေရာ။ ရွာထဲက ဘကြီးပါလေရာ မဟုတ်ဘူးနော်။ ဟိုစပ်စပ် ဒီစပ်စပ် သိပ်ပါတာ။

အခုလည်း ဘယ်လိုဖြစ်လို့ ပြခန်းတာဝန်ခံဖြစ်ပြန်တာလဲ မသိဘူး။ သူ့ကို တာဝန်ခံခန့်လို့ကတော့ အဲဒီပြခန်း ဘယ်အချက်ဇောက်ထိုးဖြစ်မယ်မသိ။ ခပ်လန့်လန့်ရယ်။

ဒီကြားထဲ ပဲကလည်း များလိုက်သေး။ တော်ပါပြီလေ။ ကိုယ့်တူမအကြောင်း ဒီထက် ထပ်ပြောရင်လည်း မကောင်းတော့ပါဘူး။

နောက်ဆုံးတစ်ယောက်တော့ သူကလေးတဲ့။ မှတ်မှတ်ရရ သူရောက်လာကာစက ရွာထဲ နေတွေသာနေတာ။ သူ့ပြောမိတော့ ဟုတ်တယ် ကြီးလုံတဲ့။ ဒီနေ့လည်း နေသာတဲ့နေ့တစ်နေ့ပဲတဲ့။

အခုတော့ နေမသာတာကြာပေါ့။ ဒီကိစ္စ သူနဲ့တွေ့ရင် ပြောရဦးမယ်။ အလိုတော်… ဒီ (၅) ယောက်ပဲလားဆိုတော့ ကျုပ်လည်း ဘယ်သိမလဲ။

ပြခန်းတာဝန်ခံတွေလောက်သာ သိတာ။ နောက်မှာ ဘယ်သူတွေရှိသေးလဲတော့ ကျုပ်လည်း မပြောတတ်ဘူး။

အိမ်က ကလေးမကလည်း သူ့ကဗျာကိစ္စဆို ကျုပ်ကို ဘာတစ်ခုမှ ပြောတာမဟုတ်။

ဆိုတော့ ပြခန်းတာဝန်ခံတွေနဲ့တွေ့ရင် ကိုယ့်ဘာသာကိုယ် မေးကြည့်ပေတော့။ ဟော..ရှေ့မှာ ပြခန်းကို ရောက်ပြီ။

နေပါဦး ဒီမှာ ဘာပါလိမ့်။

အော်.. ပြခန်း (၈) က ကဗျာစာရင်းပဲ။ ဒါကတော့ ပြခန်းရဲ့ ထုံးစံပေါ့။ ပြခန်းဆိုလို့ ကြည့်ရုံပဲ မထင်နဲ့နော်။

သူတို့က အမှတ်တရလက်ဆောင်လေး ပေးသေးတာ။ ပြခန်းကဗျာတွေထဲက ကိုယ်ကြိုက်မိတဲ့ ကဗျာ (၃) ပုဒ်ကို မဲပေးလို့ရတယ်။

ပြခန်းတစ်ခန်းကို  အများဆုံး (၁၅) ရက်လောက်ကြာအောင် ဖွင့်ထားတယ်။

ပြခန်းပိတ်ကာနီးကျရင် မဲပုံးကိုလည်း ပိတ်ပြီး မဲအများဆုံးရတဲ့ ကဗျာအတွက် လက်ဆောင်လေးပေးတယ်ပေါ့။

အဲဒီမှာ မဲပေးတဲ့သူတွေ စိတ်ရှင်းရှင်းနဲ့ ပေးနိုင်အောင် ဘယ်သူရေးတဲ့ကဗျာဆိုတာ မပြောပြထားဘဲ နောက်ပြခန်းကျမှ ကဗျာနဲ့ ကဗျာရေးသူကို တွဲပေးတာ။ ဒါက ရှေ့ပြခန်းက ကဗျာစာရင်းပေါ့။ နေဦး..ကြည့်ကြည့်ရအောင်။

ဗေဒါလမ်း (၁၉) – ဆရာဇော်ဂျီ
ဗေဒါလမ်းကတော့ ဆရာဇော်ဂျီ ရေးမှန်းသိပါ့။ ဒါပေမယ့် ဒီ (၁၉) ကဗျာလေးကတော့ ကျုပ်က ခုမှ ဖတ်ဖူးတာ။ အတော်လေး ကြိုက်မိသား။

နင့်အတွက်ငါ – Green Rose
Green Rose ဆိုတာ ရွာအကျိုးဆောင်လေးပေါ့တော်။ ရွာမှာ ဟိုတလောက အမှတ်တရစာအုပ်ကလေးတစ်အုပ် ထုတ်တယ်လေ။ သူက အစအဆုံးအကုန်စီစဉ်တာပေါ့။ အားလုံးကို ပြည့်စုံနေတာပဲ။ အောင်မယ်လေး…လိုချင်သပ ဝယ်လို့ရပါ့။ ရွာထိပ်က ဘွားလေးပဒုမ္မာရဲ့ အိမ်ထောင့်မှာ ကြော်ငြာဘုတ်ကြီးချိတ်ထားတယ်။ များများသာဝယ်။

စက်တင်ဘာလ ရောက်ပြီမို့ – ခင်ခ
ဒါကတော့ ရွာစွန်က ဦးခင်ခကြီးပေါ့။ သူက လရာသီဖွဲ့လေးတွေ ရေးတာ။ တစ်လကို တစ်ပုဒ်။ လရာသီရဲ့ သဘောသဘာဝ၊ ပွဲတော်၊ ပွင့်တဲ့ပန်း ..အို အကုန်ရေးထားတာ.. သူမို့ ရေးတတ်တယ်။ ကျုပ်တို့များ သူ့ကဗျာဖတ်မှ သေချာသိတော့တာပဲ။

လမ်းပြသူ – ဒီပါကို
ဟိုတလောလေးတင်က ကညာပျိုနဲ့ ဇရာအိုဆိုပြီး ကြေညာသွားလေတော့ ဒီလမ်းပြသူဆိုတာ သူ့ရဲ့ ကညာပျိုလေးများလားမသိ…တွေ့ရင်တော့ စပ်စုကြည့်ရမယ်…

စစ်သား – မဟာမြန်မာ
သူကတော့ မှတ်မှတ်ရရပါပဲ။ ပြီးခဲ့တဲ့ ပြခန်း (၇) တုန်းက ပြခန်းတာဝန်ခံ ဂျီးတော်ဆွိက သူ့ပြခန်းလေး လူမဝင်မှာစိုးလို့ဆိုပြီး ပလိုမိုးချင်း ဆိုလား ဘာလား လုပ်လေရဲ့။ ကဗျာရေးသူတွေနဲ့ စကားစမြည်ပြောတာလေးတွေကို ပြောပြထားပြီး ဘယ်သူက ဘယ်ကဗျာရေးတယ်ဆိုတာ တွဲခိုင်းတာ။ မှန်တဲ့သူကို ဆုပေးတယ်ပေါ့။ အဲဒီမှာ မဟာမြန်မာဆိုတဲ့ ဒီတစ်ယောက်က အကုန်မှန်အောင် တွဲပေးလိုက်ပါရောလား။ ဆုငွေကိုလည်း ရွာထဲက လူငယ်တွေစုဖွဲထားတဲ့ ဒါဇင်ပလပ်ပညာရေးအထောက်အကူပြု လူမှုကူညီရေးအဖွဲ့ ကို ပြန်လှူလိုက်သတဲ့။ ဟုတ်တာပေါ့။ ဒီလိုအဖွဲ့လေးရှိတာ ဘယ်လောက်ကောင်းသလဲလို့။ လှူချင်ရင် လှူလို့ရတယ်နော်။ ရွာထဲမှာတောင် ဆိုင်းဘုတ်အကြီးကြီး ထောင်ထားသေးတယ်။ ဝင်မေးကြည့်လို့ရတယ်။

နေရာနဲ့ကျော – သဲနုအေး
မွသဲ လို့ ခေါ်နေကြတဲ့ တစ်ယောက်ပေါ့။ အရမ်းသဘောကောင်းတယ်။ သူ့မှာ သားလေးရှိတယ်။ အိမ်က တူမတော်က ယောက္ခမသွားသွားခေါ်နေလို့ ကြိမ်းထားရသေးတယ်။ ဟိုက ကလေးလေးရှိသေးတာ။ သူက တစ်ရွာလုံးကို ပတ်ပြီး ယောက္ခမခေါ်လိုခေါ်၊ ယောင်းမတော်လိုတော်နဲ့ စပ်စလူးကို စိမ်နေလို့ ဆူနေရတာ။ အခုတလောတော့ ငြိမ်နေပါ့။ တစ်ခုခုပဲ။

သစ္စာပုံပြင် – ရွှေဂျူး
နေပါဦး..ဒီတစ်ယောက်က ဘယ်သူပါလိမ့်။ အော်… မိဂျူးမ။ ရွာထဲမှာ ဂျူဂျူးက နှစ်ယောက်ရှိတယ်။ တစ်ယောက် ဂျူဂျူးမ တဲ့။ အခုက ဂျူဂျူး။ ဟိုတလောက သူ့ကိုယ်သူ မွေ့ကေသာ လို့ ပြောင်းသေးတယ်။ အခုတော့ ရွှေဂျူးတဲ့။ တော်သေးတာပေါ့.. နို့မို့ လူမှားတော့မလို့။

အသက် (၄၀) အလွမ်း – ထက်ဝေး
အယ်..ဒီလူကြီးက အသက် (၄၀) လား။ ဒါ ရွာထဲက ဆေးဆရာ၊ ကဗျာဆရာ၊ စာရေးဆရာပေါ့။ သူ့လက်ရာတွေတောင် မတွေ့ရတာ ကြာပါ့။ အခုလို ကဗျာလေးတွေ ပြန်ဖတ်ရတော့လည်း သူ့ရဲ့ ညီမလေးရေ ဆိုတဲ့ စာလေးတွေ သတိရမိသားတော့်။

ဒွိဟ – လုံမလေးမွန်မွန်
အောင်မယ်..ဒီကလေးမ ဘာတွေ ဒွိဟ ဖြစ်နေပါလိမ့်။ အိမ်ကျမှ မေးကြည့်ရမယ်။ ပြောတာ မပြောတာ သူ့အလုပ်။ မေးရမှာက ကျုပ်အလုပ်။ ပြောမယ့်သာပြောတာ မေးရင်လည်း မထုံတတ်တေးနဲ့ ရယ်နေမှာ မြင်ယောင်သေး။

သူမ – အင်ဇာဂီ
ထင်သားပဲ။ ဒီကဗျာရေးတာ ကိုရင်ဒဿဂီရိဆိုတာ။ မျက်နှာများလို့လားဆိုတော့ ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်းမဟုတ်ဘူး။ မဟုတ်ဘူးဆိုတာက သူက ဟိုလိုမျက်နှာများတာ မဟုတ်ဘူးလေ။ ဟုတ်တယ်ဆိုတာက နာမည်တွေ ခဏခဏပြောင်းလွန်းလို့။ အစကဆို ကျုပ်မှာ မျက်စေ့လည်ရော။ ပေါက်ပေါက်ရှာရှာနာမည်ဆို သူပဲ ပေးတတ်တယ်။ အခုတော့လည်း သိသွားပါပြီတော်။

ချစ်သူသို့တမ်းချင်း – တောကကိုရင်
အော်.. ဒါ ကိုရင့် ကဗျာလား။ ကြိချိုးကဗျာလေး အရမ်းကောင်းတယ်။ ကိုရင်တောင် ရွာပြန်မလာတာ ကြာပြီ။ ဟို ကဗျာအဖွဲ့တော့ ဘယ်လို အနုကြမ်းစီးပြီး ကဗျာတောင်းထားလဲ မသိဘူး။

အောင်မယ်..အံ့ဩတာလား။ ဟုတ်ပါ့… သူတို့အဖွဲ့က အနုကြမ်းလည်း စီးတတ်သေး။ ကဗျာတောင်းတာ ပြောပါတယ်။ သူတို့ကိုယ်သူတို့တော့ ဓားပြတိုက်တယ် ပြောတာပဲ။ ကျုပ်ကတော့ အနုကြမ်းစီးတယ်လို့ပဲ မြင်မိတယ်။ ခေါင်းဆောင်ဘယ်သူလဲဆိုတာတော့ ကိုယ့်ဘာသာကိုယ်သာ မှန်းကြည့်။ မပြောဘူး။ ကျုပ်တူမ တိုးတိုးလေး ပြောပြထားတယ်။

အဲ..အဲ အရေးကြီးတာ ကျန်သေးတယ်။ ဘယ်သူ မဲအများဆုံးပါလိမ့်။ အံမယ်.. ဒီလူတော့ မုန့်ကျွေးရတော့မယ်… ပြီးခဲ့တဲ့အပတ်က ပြခန်းတာဝန်ခံရဲ့ ဆုကိုရတယ်.. ဒီအပတ် ကဗျာပြခန်းရဲ့ မဲအများဆုံးဆုကိုရတယ်…

ဒါကတော့ ကဗျာပြခန်း - ၈ ရဲ့ အပြီးသတ်ရလာဒ် စာရင်းလေးပေါ့။
ဒါကတော့ ကဗျာပြခန်း – ၈ ရဲ့ အပြီးသတ်ရလာဒ် စာရင်းလေးပေါ့။

ကဲကဲ..ကျုပ်လည်း အတော်လေး မောသွားပြီ။ ဒီနေရာက ဝင်သွား။ ကဗျာတွေအကုန်ဖတ်ပြီးရင် ဒီနေရာကိုပဲ ပြန်လာခဲ့။ ဟော ဟိုနားမှာ မဲပုံးတွေ့လား။ အဲဒီမှာ ကိုယ်ကြိုက်တဲ့ ကဗျာ (၃) ပုဒ်ကို မဲထည့်ခဲ့။ ပြီးရင် ပြောချင်တဲ့ မှတ်ချက်လေးတွေလည်း ရေးထားခဲ့လို့ ရတယ်။ အဲ..မဲပုံးနားက ဘာပါလိမ့်။ ပဟေဠိများနှင့် ပြခန်း (၉) ဆိုပါလား။ လာ..လာ..သွားကြည့်ရအောင်။

ကဗျာပြခန်း (၉) ၏ ကဗျာဆရာများ

၁။
၂။ သူ့ကလောင်နာမည်လေး ပေးဖြစ်ခဲ့ပုံက ယုံကြည်ရာလမ်းကို လျှောက်လှမ်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ပါတဲ့။
၃။ မြန်မာအက္ခရာ နောက်ဆုံးစာလုံးနဲ့စပြီး တတိယစာလုံးနဲ့ပိတ်ထားတဲ့ စာလုံးနှစ်လုံးတည်း နာမည်ပိုင်ရှင်
၄။ ကဗျာပြခန်းတာဝန်ခံတစ်ယောက်နဲ့ နာမည်ခပ်ဆင်ဆင်တူတဲ့သူ
၅။ ရွာပြင်ဇနပုဒ် မီးမှိန်မှိန်လေးမှာနေတဲ့ ရာသီစာ ရောင်းသူတစ်ယောက်
၆။ အဖနိုင်ငံရဲ့ နာမည်နဲ့ လူတစ်ယောက်
၇။ ကဗျာရေးတဲ့ ဓာတ်ပုံဆရာ
၈။ ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေထုတ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ နာမည် (ဧည့်သည်ကဗျာဆရာ)
၉။ သူ့နာမည်ရဲ့ အသံထွက်ကို အင်္ဂလိပ်လိုပြန်လိုက်ရင် It is difficult တဲ့ (ဧည့်သည်ကဗျာဆရာ)
၁၀။ ရွာလူကြီးတစ်ယောက်ရဲ့ ဇကာတင်ပါတဲ့ ပို့စ်ထဲက မင်းသား
၁၁။ ပြခန်း (၆) တုန်းက နာမည်ကြီးသွားတဲ့ မင်းသား
၁၂။ အစက်အပြောက်မဟုတ်ဘဲ ဆက်ပေးချင်ပါတယ်ဆိုတဲ့ မော်ဒန်ကဗျာဆရာတစ်ယောက်  

အဲ…သိသလို မသိသလိုပဲ။ အို… နေပါဦး။ နောက်မှ အေးအေးဆေးဆေး စဉ်းစားတာပေါ့။ ကဲ..ကဲ..ကျုပ်သွားပြီ။ ဟမ်.. ဘာမေးဦးမလို့လဲ။ ကဗျာပို့ချင်လို့.. ။

ပို့လို့ရပါ့။ အသေးစိတ်အချက်အလက်ကို ပြခန်းထဲက တစ်နေရာရာမှာ ကြေညာထားတတ်တယ်။

ကိုယ့်ဘာသာကိုယ်သာ ကြည့်သွားပေတော့။ မဟုတ်ရင်လည်း ပြခန်းတာဝန်ခံကိုမေး။ ဟုတ်ပြီလား။

ကဲ တကယ်သွားတော့မယ် ကိုဧည့်သည်ရေ… အေးအေးသာ ကြည့်ပြီးနေရစ်ခဲ့ပေတော့။ ။

=======================

စကားအတင်းစပ် …. ဒီကဗျာပြခန်းဟာဆိုရင် (၁၆-၀၉-၂၀၁၃) နေ့မှာ ကျရောက်တဲ့ လုံမရဲ့ မွေးနေ့ အမှတ်တရ အဖြစ် တင်လိုက်တဲ့ ပို့စ်လေးပါ။

မကောင်း ကောင်းကောင်း သည်းခံပြီး အားပေးကြပါဦးလို့။

=======================

အောက်မှာ ကိုယ်နှစ်သက်တဲ့ ကဗျာ (၃) ပုဒ်ကို Vote ပေးခဲ့ကြပါဦး။

[polldaddy poll=”7396378″]

=======================

ဒီပြခန်းမှာတော့ (ကဗျာပြခန်း နောက်တစ်ခုမခွဲတော့ဘဲ) ပို့စ်တစ်ခုတည်းမှာတင် ကဗျာတွေ တစ်ခါတည်း ကြည့်လို့ရအောင် ထားထားပါတယ်။

ထုံးစံအတိုင်းပဲ ကဗျာတွေ မဖတ်ခင်မှာ ကဗျာဆောင်းပါးလေးကို ဖတ်ရှု အားပေးသွားကြပါဦးရှင်။

 

ဆွမ်း – ကွမ်း – ကျွမ်း – လွမ်း

“ဆွမ်း – ကွမ်း – ကျွမ်း – လွမ်း ညီရဲ့လား”၊ “ဆွမ်း – ကွမ်း – ကျွမ်း – လွမ်း ကွဲရဲ့လား” ဟူသည့် စကားမျိုးကို ကျွန်တော်တို့ ကြားဖူးကြပါသည်။ ရွတ်ဆိုသော အခါ၌လည်း “ဆွမ်း-ကွန်း-ကျွန်း-လွန်း” ဟု ရွတ်ဆိုကြောင်းကိုလည်း ကျွန်တော်တို့ သတိထားမိကြပါသည်။ ယနေ့ခေတ် လူငယ်များတော့်ဖြင့် မပြောတတ်၊ ကျွန်တော်တို့ ငယ်စဉ်ကတော့ အငြိမ့်များတွင် လူရွှင်တော်များက “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း” ညီအောင် ရေးဖွဲ့ ရွတ်ဆိုတတ်ခြင်းမှာ တစ်ဂုဏ်ဖြစ်ကြောင်း ပြောသည်ကို မကြာခဏ ကြားခဲ့ရဖူးပါသည်။ ကျွန်တော့် စိတ်တွင်တော့ ကာရန်ညီအောင် ရေးဖွဲ့တတ်ခြင်းကို ဆိုလိုသည်ဟုသာလျှင် ခပ်ပေါ့ပေါ့ ထင်မှတ်ခဲ့ဖူးပါသည်။ နောင်တော့မှ ရေးသူက ဘက်လောက်ပဲ အသံလှအောင် ကာရန်ယူထား လိုက်စေဦးတော့၊ ဖတ်သူက ဆွမ်း – ကွမ်း – ကျွမ်း – လွမ်း မှန်ကန်အောင် မဖတ်တတ်လျှင် ကာရန်အလှ ပျောက်သွားတတ်ကြောင်း သတိပေးထားခြင်း ဖြစ်ကြေား သိလာပါသည်။

“ဆွမ်း” ကို “ဆွာမ်း/ဆွန်း”၊ “ကွမ်း” ကို “ကွာမ်း/ကွန်း”၊ “ကျွမ်း” ကို “ကျွာမ်း/ကျွန်း”၊ “လွန်း” ကို “လွာမ်း/လွန်း” စသည်ဖြင့် ရွတ်ဖတ်နိုင်ပါသည်။ မည်သည့် အသံမျိုးထွက်မည်နည်း ဆိုလျှင် သာမန် ပြောဆိုကြရာ၌ ကိုယ်ကြိုက်သလို အသံထွက်နိုင်သည်။ သို့သော် ကာရန်တွင်ပင် လာပြီဆိုလျှင်တော့ ကာရန်ကိုငဲ့ပြီး ရွတ်ကြရတော့မည် ဖြစ်ပါသည်။

ကျွန်တော် ပထမဆုံး သတိပြုလိုက်မိသည်က နန်းတော်ရှေ့ ဆရာတင်၏ “အောင်ပင်လယ်” သီချင်းထဲက စာသားကို သီဆိုကြပုံ ဖြစ်ပါသည်။ စာဖတ်သူလည်း ကြားဖူးပါလိမ့်မည်။ သူ့သီချင်း စာသားက –

“ဘယ်ဆီသို့ ဘယ်ဝယ်သို့ လွမ်းပါရမယ်
ညွှန်းကာပြကွယ် ကြာဖူးအိုင်ရယ်”၊

သီချင်းဆိုသူများက “လွမ်းပါရမယ် ညွှန်းကာပြကွယ်” ဟု ဆိုလိုက်သောအခါ နန်းတော်ရှေ့ ဆရာတင် အလှဆင်ထားခဲ့သော “လွန်း-ညွှန်း” ကာရန်ကလေး ပျောက်သွားပါလေတော့သည်။ ဆရာတင် ကိုယ်တိုင် သင်ကြားပေးနေမည် ဆိုလျှင် ထိုအချက်ကို ချက်ချင်း ပြင်ပေးလိုက်မည် ထင်ပါသည်။ ဆရာတင်တို့လို သီကုံးရေးသားသူများကို မဆိုထားနှင့်၊ ကျွန်တော်တို့လို ကျောင်းဆရာများကပင် ထိုသို့ အရွတ်အဖတ် မှားလျှင် နားက သည်းမခံနိုင်လောက်အောင် ဖြစ်မိတတ်ပါသည်။

=======================

ကဗျာပြခန်းမှာ..  ကဗျာလေးများ..ပါဝင် ပြသ ချင်တယ်ဆိုရင်တော့….

alinsett.art@gmail.com ကို.ကဗျာလေးများ..ပေးပို့နိုင်ပါတယ်..လို ့။

===================================

ကဗျာများ တစ်ခုချင်း ကျယ်ပြန့်စွာ ကြည့်ရှုလိုပါက အောက်ပါ လင့်ခ်များကို နှိပ်၍ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

  1. ရှေးကဗျာ (တော်သလင်းလဖွဲ့)
  2. ဟုတ် ဟုတ်ရဲ့လား အဖွားရယ်
  3. ငါဒီည ခေါင်းကိုက်နေတယ်
  4. Dream of Love
  5. စံပါယ်မျှားခြင်း
  6. Smile
  7. အကောင်းမြင်စိတ်
  8. နုပျိုမှုထဲ ခုန်ချချင်တယ်
  9. လူသားရဲ့ အရှုံး
  10. ကိုယ့်အလှည့်ကျတော့
  11. နှောင်ဖွဲ့ခြင်း
  12. ကြွားချင်း

=======================

p8
p4
p7
p1
p5
p11
p9
p6
p3
p0
p2
p10

=======================

115 comments

  • အလင်းဆက်

    September 16, 2013 at 7:46 am

    လုံလုံ ရေ
    ထူးခြားတဲ့ မွေးနေ ့ကလေး ပေါ့နော်

    ပျော်ရွှင်ပါစေ လုံလုံရေ။
    အေးချမ်းပြည့်စုံသော နေ့ရက်များ
    ပိုင်ဆိုင်နိုင်ပါစေ လို ့

  • အလင်းဆက်

    September 16, 2013 at 7:51 am

    ပြခန်း ရဲ့ ကဗျာ တင်ပြပုံ ကို
    တမျိုး ဆန်းသစ်အောင် ဖန်တီးပေးတဲ့ နည်းပညာ ရှင် ကိုကို နှစ်ယောက်ကိုလည်း
    ကျေးဇူးတင်တယ်ဗျို ့

    မွန်မွန်ရဲ့ တင်ပြပုံလေးကလည်း
    တကယ့် အဒေါ်ကြီးတစ်ယောက်လေသံနဲ့ သရုပ်ပါပါ ရေးနိုင်တာလေး
    အားကျရင်း ချီးကျူးမိတယ်

    တစ်ခုပါပဲ
    နာ့ဂို ဒညင်းဝက် လို ့ပြောပြီး
    ပါးပါးလေးပုတ် ထားတာတော့ စိတ်နာတယ်တွာ
    နိုလိုက်ဦးမယ်
    ချစ်သုဝေနဲ့ ဖက် ပြီးးး

    :kwi:

      • DEPARKO DEPARKO

        September 16, 2013 at 6:08 pm

        အမတ်ကြီးဦးပေါ်ဦးပြောသလိုပေါ့ ဆားနဲ့ပါ့ဖရာ့တဲ့ ညည်းသိပ်တော်

        • လုံမလေးမွန်မွန်

          September 17, 2013 at 5:26 pm

          ဟီး…ဘယ်ရမလဲ..နာကွ…
          မုန့်ဝယ်ကျွေး.. (အဲ..ဘာမှလည်းမဆိုင်ဝူး) :mrgreen:

  • KZ

    September 16, 2013 at 8:29 am

    ပထမဆုံးပြောချင်တာ။
    မင်္ဂလာရှိသော မွေးနေ့လေးဖြစ်ပါစေလို့။

    ဒုတိယတစ်ခုပြောချင်တာက
    ရေးတတ်လိုက်တာ။ ကွက်ကွက်ကွင်းကွင်းပဲ။

    တတိယတစ်ခုပြောချင်တာက
    ကဗျာလေးတွေရော ပုံလေးတွေရော ရှင်းရှင်းလေးနဲ့ ကောင်းပါ့။

    စတုတ္ထတစ်ခုပြောချင်တာက
    ဒီပြခန်းကို အရင်ဟာတွေနဲ့ မတူအောင် ထူးထူးခြားခြားလုပ်ပေးထားတာကို မနာလိုဘူးလို့။

    ဟိဟိ။
    ဝမ်းနည်းလိုက်တာ။
    ကောင်းပြည့်လေး ဖက်ပြီး သွားငိုအူးမှ။ :chit:

    • လုံမလေးမွန်မွန်

      September 16, 2013 at 12:07 pm

      -ကျေးဇူးအကြီးကြီးပါလို့.. (ဒါမယ့် စိတ်ကောက်တယ်..သများ ဘာပြောထားလဲ မမှတ်မိတော့ဝူးဟုတ်..)

      -ခိ… အဲ့ဒါရေးတာ ခေါင်းကိုမူးရော…

      -အဲ..အဲဒါက အားလုံးက ဝိုင်းပေးကြတဲ့ အိုက်ဒီယာပါ…

      -ဟီး..အိုက်ဒါက လုပ်ပေးမယ့်သူတွေကို ဖားထားလို့… နိုနဲ့နော်..ကောင်းပြည့်လေး နှပ်ချေးတွေပေကုန်ဦးမယ်.. 🙂

      • KZ

        September 16, 2013 at 12:18 pm

        အင်။
        ဘာလဲဟင်။
        မမဂျီးရဲ့ အားနည်းချက်တစ်ခု မက ထဲမှာ မေ့တတ်လွန်းခြင်းရှိပါတယ်။
        ဇာတာမှာကို ဘဝ အလှည့်အပြောင်းဖြစ်သွားနိုင်တဲ့ ထိမေ့တတ်ပါသတဲ့ကွယ်။

        ပြော။ မမဂျီး ဘာကတိ ပေးမိတုန်းးးးး (ကိုယ့် အကြောင်းကို သိတယ်၊ ကတိပေးပေးပြီး မေ့တတ်တာ)
        😀

        စိတ်မကောက်နဲ့။
        ဟိ။ ထိပ်ခေါက်ပလိုက်မယ်။
        နာ့ ညလေး ကိုတော့ဟုတ်ပါဘူးးး ဟိုသကျိုးကို။
        နာ့ ပို့(စ) ကျ လှည့်ကို မကြည့်လို့။
        :mrgreen:

        • လုံမလေးမွန်မွန်

          September 16, 2013 at 12:31 pm

          မွေးနေ့မှာ ဟို သဂျိုးတုန်းကလို ပို့စ်လုပ်ပေးမယ်လို့ ပြောထားတာလေ..ဟင့်..

        • KZ

          September 16, 2013 at 12:36 pm

          အိ။
          ဟုတ်တယ်။
          မေ့လို့။
          အလုပ်များတာတွေရောမို့။
          နောက်အထိမ်းအမှတ်တစ်ခုခုနဲ့ ပြန်လုပ်ပေးမယ်။ နော်။
          ဟီးးးးးး
          😀

  • surmi

    September 16, 2013 at 9:07 am

    ဂုဏ်​ယူပါတယ်​​မွေး​နေ့ရှင်​မွန်​မွန်​​ရေ …..
    ၅ လအတွင်​းဝင်​​ရောက်​လာပြီဖြစ်​တဲ့ ကဗျာပြခန်​း​လေးဟာလည်​း သက်​တမ်​းအ​တော်​ရလာပြီ​ပေါ့ ….
    ဆန်​းသစ်​တဲ့ တင်​ပြပုံ​တွေ
    ဆန်​းသစ်​တဲ့ အ​တွေးအ​ရေး​တွေ….
    ဆန်​းသစ်​တဲ့ ခံစားမှု​တွေကို ​ပေး​ဝေတဲ့ ဒီပြခန်​း​လေးကို
    အလည်​လာသွားပါ​ကြောင်​း …..

  • အလင်းဆက်

    September 16, 2013 at 9:53 am

    ဒါနဲ့
    ဒီပြခန်းထဲမှာ ပါတဲ့ ကဗျာ ရေးသူတွေ နာမည်ကို
    အဖြေထုတ်ကြည့်ရ ဦး မှာ ပေါ့နော်

    :kwi:

  • ကိုပေါက်(မန္တလေး)

    September 16, 2013 at 12:51 pm

    (“ဘယ်ဆီသို့ ဘယ်ဝယ်သို့ လွမ်းပါရမယ်
    ညွှန်းကာပြကွယ် ကြာဖူးအိုင်ရယ်”၊)
    ဒါလေးက လွဲနေတယ်ကွယ်

    ဘယ်ဆီသို့
    ဘယ်ညာသို့
    လွမ်းရမယ်
    ညွန်းပါ့ကွယ်
    ကြာပင်အိုင်ကြီးရယ်

    ဘယ်ဆီသို့
    ဘယ်ညာသို့
    လွမ်းပါရမယ်
    ညွန်းကာဆကွယ်
    ကြာပင်အိုင်ကြီးရယ်
    ကမှ အမှန်ပါကွဲ့

    • လုံမလေးမွန်မွန်

      September 16, 2013 at 4:46 pm

      ုဟုတ်..လေးပေါက်..ဆောင်းပါးထဲက အတိုင်း ရေးထားတာမို့… ပြင်လိုက်မယ်နော်.. ဆက်ဆိုလိုက်ဦးမယ်..

      မိုးအခါဝယ် ပျိုးသာမယ်…
      ပျိုးသာမယ် မိုးအခါဝယ်
      ချစ်သူပန်ဖို့ရယ်
      ရည်ရွယ်ကာ …. (အဲ..အဲ့နား မသိတော့ဝူး)

      စကားမစပ်..နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းတွေ အရမ်းကြိုက်တယ်… လေးပေါက်မှာ ဘယ်နှစ်ပုဒ်လောက်ရှိလဲဟင်င်…

  • ခင် ခ

    September 16, 2013 at 1:50 pm

    ပထမဆုံးပြောချင်တာ။
    ပျော်ရွှင်ဖွယ်မွေးနေ့မှ နှစ်ပေါင်းရာကျော်တိုင် ကျန်းမာပျော်ရွှင်လိုရာပြည့်ပါစေလို့။

    ဒုတိယတစ်ခုပြောချင်တာက
    လရာသီဖွဲ့လေးတွေ တစ်လကို တစ်ပုဒ်ရေးဖွဲ့ကာ နှစ်ပတ်လည်ထိ မပျက်မကွက် အချိန်မှီပို့ပေးပါမယ်လို့။

    တတိယတစ်ခုပြောချင်တာက
    ကဗျာပြခန်းက တစ်ခါတစ်မျိုး မရိုးရနဲ့ ဖွဲ့ကြတဲ့အတွက် ပြခန်းလူငယ်တွေ ဘရာဗိုပါလို့။

    စတုတ္ထတစ်ခုပြောချင်တာက
    ရွာ၏ စာရေးတဲ့ဘက်မှာ ခင်ခ မကြာမှီပင်စင်ယူနိုင်ဖွယ်ရှိပေမယ့်၊ ကဗျာတွေတော့ ရေးနေ ပို့နေ အားပေးနေအုံးမှာ ပါလို့။
    ( KZ မန့်ချက်ရေးဟန်ကို သဘောကျလို့ လိုက်ရေးထားတာပါ ခရက်တစ်ဒေါ်ကေဇီပါ)

    ခင်နေလျှက်
    ခင်ခ။

    • လုံမလေးမွန်မွန်

      September 16, 2013 at 4:54 pm

      လေးလေးခ..
      -ပေးတဲ့ဆုနဲ့ပြည့်ရပါစေလို့…

      -တစ်နှစ်ကုန်လည်း နောက်တစ်နှစ်အတွက် ဆက်ရေးပေးပါဦးလို့.. 🙂 (အနုကြမ်းစီးရမား)

      -အားပေးတာအတွက်လည်း ကျေးဇူးတင်ပါတယ်နော်…

      -ပင်စင် ဆိုတာ ဘာလဲဟင်င်..သာမီးတော့ ဘာမှမတိဝူး.. :mrgreen:

  • Mahar Myanmar

    September 16, 2013 at 2:15 pm

    ကဗျာ တွေ မြင်ရဖို့ ကို .
    ..မျက်လှည့် ဆရာ တစ်ယောက် ဟာ သူ့ရဲ့ မျက်လှည့် ပြကွက်
    တစ်ခု အတွက် ကို အစချီ အင်ထရို ဝင် လိုက် တာ…
    အဲဒါ ဆုံး မှ မျက်လှည့် ပြကွက် ကို ပြ တတ် ပါတယ်…

    …အခုလည်း..ဒေါ်ကြီး လုံ ရဲ့…အင်ထရို ရေစီးကြောင်း မှာ မျောပါရင်း
    ရွာသား တွေ ရဲ့..ကောင်းနိုးရာရာ တွေ မြင်တွေ့ကြားသိခွင့်ရခဲ့ပါတယ်..
    အဲဒါ တွေရဲ့ အဆုံး မှာ တော့.. မထင်မှတ် တဲ့ မမျှော်လင့် ထား တဲ့..
    ကဗျာ ပြခန်း (၈) ရဲ့ ဗုတ် အများဆုံး ဆု ကို ပွတ်ကာသီကာ နဲ့
    ရထား တာ တွေ့လိုက်ရတော့..ဝမ်းသာ ပျော်ရွှင်မိပါတယ်..
    ရွာသား အား လုံး ၊ ပြခန်းတာဝန်ခံအား လုံး ကို ကျေးဇူး အထူးတင်မိပါတယ်..
    ကျေးဇူး တင်စကား မပြော တော့ ဘူး နော် ..ကျွန်တော် ပြောလိုက်ရင်
    ကြီးဒေါ်ကေဇီ နောက် တစ်ယောက် ရှာပြီး ထပ်ဖက် ငို နေမစိုး လို့ …
    ကျွန်တော် က စကား ကိ ု ရှည်ရှည် ဝေးဝေး မပြောတတ်ပါဘူး
    တိုတို နီးနီး ပဲ ပြောတတ် တာ ဂျီးတော် ကေဇီ သိ ပါ…တယ်
    ကဗျာ တွေ ဗုတ် လို့ မရသေ း ဘူး ကျွန်တော့် ဆီ မှာ (၈) ပုဒ် အပြိုင် ဖြစ်နေသေး တယ်..
    (၅) ပုဒ် ကို နှမြောစွာ နဲ့ ဖြုတ် ပယ် ရမှာ မို့..ထပ် ခံစား လိုက်ပါ ဦး မယ်..

    အဲဒါ ထက် ဒေါ်ကြီးလုံ ရဲ့ အင်ထရို ကို ဗုတ်ပေး လို့ ရ / မရ အကြောင်းပြန်ပေး ပါ နော်..
    ကြိုက်လွန်း လို့ ပါ..

    အခု ဒီနေ့ ဒေါ်ကြီးလုံ မွေးနေ့ … ဆယ်ကျော်သက် မှ သည် ရာကျော်သက် ဆီ သို့…
    ကျန်းမာရွှင်လန်းစွာဖြင့် ချီတက် နိုင်ပါစေကြောင်း… ဆန္ဒ ပြု ပေးပါတယ်..

    ဒါ ထက် ကျွန်တော် ဖက် ငိုစရာ ရွာ ထဲ မှာ သင့်တော်မယ့် သူ မရှိဘူး လား ဗျ..
    နာမည်ကြီး ရုပ်ရှင် ဗီဒီယို မော်ဒယ် ဆို မကြိုက် လို့ ပါ…
    တစ်ဆိတ် ခင်ဝင့်ဝါ လေး ဆိုရင်..ကော ဗျ..အကြံ ပြု တာ နော်..
    ( အော် ဒါနဲ့ ဂျီးတော် ကေဇီ ရေးဟန် ကြိုက်လို့ ပါ… ကဒက်ချဉ် တူ ဂျီးတော် ကေဇီ )

    ခင် တဲ့

    မဟာမြန်မာ

    • KZ

      September 16, 2013 at 2:33 pm

      ခရက်ဒစ်ကို ဒညင်းဝက်ကို ပေးလိုက်ပါ။
      ကျုပ်က သူ ချစ်သုဝေ နဲ့ ဖက်ဖက်ငိုတာ အားကျလို့ လိုက်ငိုရတာ။

      😀

      • အလင်းဆက်

        September 16, 2013 at 3:10 pm

        ဗြဲ ဟဲ ဟဲ

        သားသားကို ဒညင်းဝက်လို ့ခေါ်တိုင်း
        ချစ်သုဝေကို ဖက်ပြီး
        သိပ် နိုချင်တာပဲ မေမေ

        😥

        • လုံမလေးမွန်မွန်

          September 17, 2013 at 5:32 pm

          နာလည်း ဖက်ငိုပလိုက်မယ်နော်… ဟီး.. :mrgreen:

          ကိုမဟာမြန်မာရေ.. (ခေါ်ရတာ နည်းနည်းတော့ မောတယ်..)
          ဖက်ငိုချင်ရင် ရွာထဲမှာ ဘွပုဆိုတဲ့ အမျိုးသားမီး တစ်ယောက်တော့ရှိတယ်.. သူ့ကို မေးပေးရမားဟင်င်..

    • လုံမလေးမွန်မွန်

      September 17, 2013 at 5:31 pm

      ဂုဏ်ယူပါတယ်..ကိုမဟာမြန်မာရေ… (တစ်ဗုတ်တည်းနဲ့ ကျန်ခဲ့ရတာ.. နည်းနည်းတော့ ဝမ်းနည်းမိသား..) ဟီး အလကားနောက်တာပါ… နောက်လည်း ကဗျာတွေ ထပ်ပို့ပေးပါဦးနော်… အားလည်းနာတယ်..ခင်လည်းခင်တယ်.. 🙂

      အင်ထရိုကို ကြိုက်တယ်ဆိုလို့ ဝမ်းသာမိပါအိ… အဲ့ပို့စ်က အလင်းဆက်ရဲ့ ပြခန်း (၆) လောက်ကတည်းက စဉ်းစားထားရတာ… သိပ်တော့ အချိန်မယူလိုက်ရပါဘူး.. ဟီး.. :mrgreen:

      အဲ..ကိုယ့်ပို့စ်ကို ပြန်ပြောရတာ မကောင်းပေမယ့် မျက်နှာပူပူနဲ့ပဲ ပြောလိုက်ပါမယ်.. အင်ထရိုကို ပို့စ်အနေနဲ့ ကြိုက်တယ်ဆိုရင်တော့ ဖတ်ရွေးဆီကို မေးလ်နဲ့ပို့ပြီး ပြောလို့ရတယ် ထင်ပါတယ်… 🙄

  • ဗုံဗုံ

    September 16, 2013 at 3:44 pm

    ဂျီးဒေါ်လုံ တော်လိုက်တာကွယ်…
    ကဗျာပြခန်းထဲလူဝင်အောင် ယတြာချေလေ..
    အားလုံးဖတ်ပြီးတော့လာဗုတ်ပါ့မယ် ဂျီးဒေါ်လုံ
    အထု အချဉ်ပေါင်းစားနေလို့ :mrgreen:

    • လုံမလေးမွန်မွန်

      September 17, 2013 at 5:34 pm

      ဒွေးလေးဗုံ
      အချဉ်ပေါင်းစားပြီးပြီလားဟင်င်.. လက်သေချာဆေးပြီးမှ မဲလာထည့်ပါ… နို့မို့..နာ့မဲစာရွက်တွေ ကြွက်ကိုက်ကုန်မယ်…

  • DEPARKO DEPARKO

    September 16, 2013 at 6:09 pm

    ဝုတ်ပြီးပြီဗျို့

  • ကျော်စွာခေါင်

    September 16, 2013 at 10:36 pm

    မိုးအခါဝယ် ချိုးလာမယ်
    ချိုးလာမယ် မိုးအခါဝယ်…
    ချစ်သူပန်ဘို ့ကွယ်
    ရည်ရွယ်ကာထားခဲ့မယ်…
    ပဒုမ္မာ……..ကြာရယ်…..
    ခေါင့် ရည်းစားနဲ ့ ညားအောင် စောင့်ဦးကွယ်…။
    ….

    ….
    လုံလုံလေး မွေးနေ ့မှ အစ …အရာရာကို သောက ကင်းဝေးစွာ ပျော်ရွှင်နိုင်ပါစေ။။
    မွေးနေ ့လက်ဆောင်လေး ပေးချင်ပေမယ့် အဝေးးးးးးကြီး လုံလုံရေ..။

    • လုံမလေးမွန်မွန်

      September 18, 2013 at 2:12 pm

      ဘယ်တော့ညားမှာလဲဟင်င်.. :mrgreen:
      နန်းတော်ရှေ့ဆရာတင်သီချင်းတွေကို အရမ်းကြိုက်တယ်.. ဒါမယ့် ကိုယ်ပဲ နားမကောင်းတာလားမသိ.. တစ်ချို့နေရာတွေဆို စာသားကို ကောင်းကောင်းမကြားရဝူး…

      မွေးနေ့ဆုတောင်းအတွက်လည်း ကျေးကျေးအကြီးကြီးပါနော်…
      ဟီး..လက်ဆောင်က တွေ့ရင်ပေးပေါ့နော်.. (သိပ်မလိုချင်ရှာပါဝူး.) :mrgreen:

  • Crystalline

    September 17, 2013 at 8:53 am

    ညီမလေးရေ.. ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေနော်.. အောင်မြင်ပျော်ရွှင်သော ဘဝရရှိပိုင်ဆိုင်ပါစေ.. အခုရက်ထဲအသက်တောင် ဝဝရှူလို့မရသေးလို့ အေးအေးဆေးဆေးဖတ်ပြီးရင် ဗုတ်တော့မယ်နော်..

    • လုံမလေးမွန်မွန်

      September 18, 2013 at 2:14 pm

      ကျေးကျေးအကြီးကြီးပါ မမခွစ်..

      ဘီလိုဖြစ်တာလဲဟင်င်.. 🙄 ကျန်းမာရေးကိုလည်း ဂရုစိုက်ပါဦးနော်..အလုပ်တွေထဲ စိတ်သိပ်နှစ်မထားနဲ့ဦး သိရား..ပီးရင်တော့ ဗုတ်ပေးနော်…

  • Ma Ma

    September 17, 2013 at 10:25 am

    နှစ်ကိုယ်ခွဲစာရေးနည်း မှတ်သားသွားပါတယ် လုံမလေးရဲ့ ကြီးတော်လုံရေ။ 😉

    • လုံမလေးမွန်မွန်

      September 18, 2013 at 2:18 pm

      ဟီး…. စိတ်နှစ်ပြီးရေးလိုက်တာ…စာလည်းဆုံးရော..လက်မညောင်းဘဲ အာတွေခြောက်သွားလို့ ရေတွေအများကြီး သောက်လိုက်ရတယ်..ခိခိ..ကြီးတော်လုံ အတော်ကို စကားများတယ်…

  • kyeemite

    September 17, 2013 at 11:17 am

    လွမ်းတော်မူလို့ စာကိုစီတယ်
    တိမ်ဖြူ တိမ်ဝါ တိမ်ပြာတွေ သန်းပြန်တော့…..
    ဗုတ်သွားပြီနော် မွန်မလေး လုံလုံရေ… 😀

  • အလင်းဆက်

    September 17, 2013 at 1:11 pm

    နုပျိုမှုထဲ ခုန်ချချင်တယ် ဆိုတဲ့ကဗျာလေးကို
    ဖတ်ပြီးးးး
    အခု ရောက်နေတဲ့ အသက်အရွယ်ကို နောက်ပြန်ဆုတ်ပြီး
    ုငါးနှစ်သားလေးပြန်ဖြစ်ချင်သွားတယ်။

    ဦးထီးရဲ့ ပျောက်ဆုံးနေသော နိဗ္ဗာန် ဆိုတဲ့ သီချင်းကိုလည်း
    သတိရ ကြားယောင် လာတယ်

    ကျွန်တော်သာ အခုနေ
    ငါးနှစ်သားလောက် ကလေးငယ် ပြန် ဖြစ်ခွင့် ရမယ်ဆိုရင်
    အခုလို မဆိုးတော့ဘူး
    မမိုက်တော့ဘူး
    ဖြူစင်ခြင်းကို ထဝရ ဝတ်ရုံလို ခြုံထားပါ့မယ်

    :kwi:

    • KZ

      September 17, 2013 at 1:23 pm

      နာ ကတော့ အကောင်းမြင်စိတ်ကိုဖတ်ပြီး ရင်နာနာနဲ့ ရီချင်စိတ်ဖြစ်သွားတယ်။ :kwi:

  • အရီးခင်

    September 17, 2013 at 3:08 pm

    ဒေါ်ကြီးလုံ ရေ
    အဖွားအရွယ် ရောက်နေပါရော့လား တွေးပြီး ပြုံးမိသွား နောက်တော့ ပြန်ငယ်သွားချင်ပေမဲ့ ကကြီး ခခွေးတော့ ပြန်အရေးချင်တော့ဘူး အေ။
    ဝုတ် သွားကြောင်းလေး သတင်းပို့ တာပါ။ 😛

    စစ်သားကြီး မဟာမြန်မာ ရေ
    အများကြိုက် ကဗျာ လေးအတွက် Many Congratulations ပါ။

    မွေးနေ့ရှင် လုံမ လေးလဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ လိုရာဆန္ဒများ ပြည့်ပါစေ။
    A Very Happy Birthday!
    နောက်ကျသွားတာ ခွင့်လွှတ်။

    • လုံမလေးမွန်မွန်

      September 18, 2013 at 3:05 pm

      ချစ်တဲ့အရီးရေ… ဆုတောင်းအတွက် ကျေးဇူးပါနော်…

      ဟဲ..ပြောမရဘူး အရီးရဲ့..သမီးအသက်ကြီးလာရင် ဒေါ်ကြီးလုံလို စကားခပ်များများအဖွားကြီး ဖြစ်ရင်ဖြစ်မှာ..

      ကဗျာတွေကို ခံစားမိတဲ့အရီးဆီက ကဗျာလေးများ ထပ်လိုချင်ပါကြောင်း..
      (ကဗျာချစ်သူတွေ သဘောတူတယ်ဟုတ်.. 🙂 )

  • အလင်းဆက်

    September 17, 2013 at 4:02 pm

    ကဗျာပြခန်းထဲမှာ ရှိနေတဲ့ ကဗျာ လေးတွေကို
    ကိုယ် ပြောဆို ဆွေးနွေးချင်ရာကဗျာလေးတွေ ရွေးပြီး ကဗျာ့အတွက် comment လေးတွေ ပေးကြစေချင်ပါတယ်ဗျို့။

    ပြခန်းဝင်ကဗျာ ရေးသူတို ့က
    သူတို ့ကဗျာနဲ့ ပက်သက်တဲ့ ပြောဆိုဆွေးနွေးမှု စကားသံလေးတွေကို
    ကြားချင်မှာ သေချာပါတယ်လို ့

    ((အတွန် ့တက် မိပါကြောင်းး))

    :kwi:

  • KZ

    September 18, 2013 at 9:22 am

    ဗုဒ် တဲ့ သူ အရမ်းနည်းနေသေးတယ်။
    ၂ရ ယောက်ပဲ ရှိသေးတယ်။ 😥

    လာပါ။
    ဖတ်ပါ။။
    ရွေးပါ
    ဗုဒ်ပါ။
    အဟင့်။
    ကဗျာက တိုတိုလေးတွေဟာကိုနော်။

    ဗုဒ်ပေးတဲ့ ပိတ်သတ်ကြီးကို ကြီးလုံမှ အာဘွားပေးမှာဖြစ်ပါတယ်။
    :chit:

    • လုံမလေးမွန်မွန်

      September 18, 2013 at 9:30 am

      ကဲ..ပလိုမိုးချင်း လုပ်မယ်… ကဗျာဆရာတွေကို အများဆုံးမှန်အောင် ဖော်နိုင်တဲ့သူကို ကြီးလုံက အမှတ်တရလက်ဆောင် ချီးမြှင့်ပါမယ်… 🙂

      • KZ

        September 18, 2013 at 9:36 am

        မီးဝင်ဖြေလို့ရရားးးး ဂျီးလုံ?

        :mrgreen:

      • Mahar Myanmar

        September 18, 2013 at 4:02 pm

        ဘာလက်ဆောင် လဲ အတိအကျ ပြောရင် ဖြေမယ်..
        ဟီးဟီး ဈေးဆစ်တာ လေ…အနည်းဆုံးတစ်ယောက် မမှန်ရင်
        ခင်ဝင့်ဝါလေး ဖက်ငို မယ် လေ..

        • အလင်းဆက်

          September 18, 2013 at 4:10 pm

          မိလုံရေ….
          လက်ဆောင်တွေ ထဲမှာ.. ဒေါ်ဖွားမေကြိးကိုပါ..
          ထည့်..ပေး ပေးပါနော်..။

          :kwi:

        • လုံမလေးမွန်မွန်

          September 18, 2013 at 4:13 pm

          စာအုပ်တစ်အုပ်ဖြစ်ဖို့များပါတယ်.. အနော်က လက်ဆောင်ပေးရင် စာအုပ်ပေးတတ်တာ များလို့ပါ.. လိုချင်တဲ့စာအုပ်ရှိရင်လည်း တောင်းဆိုလို့ရပါတယ်..အဲ..တန်ဖိုးကတော့ တစ်သောင်းအောက်ပေါ့နော်.. 🙂

        • Mahar Myanmar

          September 19, 2013 at 4:17 pm

          ကဗျာ ဆရာ အမည်စာရင်း စအုပ် ပေး ပါဗျာ..
          ရတာ နဲ့ ကျွန်တော် ဖြေပါ့ မယ်…
          အခု လည်း စောင့် နေတာ..
          ဖေါ် တာ သုံးယောက် ပဲ ရသေး တယ်

        • လုံမလေးမွန်မွန်

          September 20, 2013 at 2:24 pm

          ပေးဝူးးးးး.ကွကိုယ် ရအောင်ဖြေ… အကုန်မမှန်ရင်တောင် အများဆုံးမှန်တဲ့သူကို ပေးပါမယ်ဆို..

  • ဗုံဗုံ

    September 18, 2013 at 1:41 pm

    ဗုတ်ပြီးပါဂျောင်း……
    ပဟေလိ ကတော့ ဖြေတော့ပါဘူး….
    သူညားတွေဘဲ ဆုရကြပါစေ..
    သဘောထားကြီးကြီးနဲ့ လက်လွှတ်ပေးလိုက်မယ်.. :mrgreen:

    • Mr. MarGa

      September 21, 2013 at 7:14 pm

      မသိရင် မသိဘူး ပြောပေါ့ကွယ် :mrgreen:

  • ခင် ခ

    September 18, 2013 at 10:30 pm

    အခုတစ်ခေါက်ကဗျာပြခန်း ဗုတ်မလို့ပြန်လာတော့ လာလမ်းတလျှောက် အနီရောင်အလံလေးတွေကိုင်ပြီ ကြိုဆိုနေကြတညအားရစရာ ၃၂ ခုတောင်ဘဲဗျ။ကဲ ပြောနေကြာတယ် ဗုတ်ရဖို့အရေး ပြခန်းအဝင်က အနီရောင်လိုက်ကာလေးဖွင့်ကာဝင်လိုက်မယ်ကွယ်

    • Mr. MarGa

      September 21, 2013 at 7:18 pm

      လေးခရေ
      သုံးဆယ့် နှစ်ခု ဆိုပါလား
      အခုဆို ဘယ်လောက်ထိ တိုးနေပြီလဲမသိ
      လေးခရဲ့ ပရိုမိုးရှင်းပို့စ် တက်မှ လာကြည့်မယ်
      ကိုကိုတို့ မမတို့ရေ
      နီကြပါ နီကြပါ
      အားရပါးရ နီကြပါကုန်….

      • ခင် ခ

        September 21, 2013 at 9:43 pm

        ပိုစ့်တင်ပြီး ၃ ရက်မြောက် နေ့ ညနေ ၃ နာရီ နောက်ပိုင်း ဝင်ရောက်ရေတွက်ပြီး ထိုရေတွက်စဉ်က တွေ့ရှိတာကိုဘဲ အဲဒီပိုစ့်အတွက် မှတ်တမ်းသွင်းပါတယ်။ ထိုအချိန်ပြီး အတိုးအလျော့ အနီများသည် ခင်ခ ပိုမိုရှင်းနှင့် ပက်သက်မှုမရှိတော့ကြောင်း နဂိုသတ်မှတ်ချက်တွင် ဖော်ပြပြီးပါဗျ

  • ရာမည

    September 19, 2013 at 9:33 am

    အထက်​က ကိုဒညင်​းဝက်​​ပြောသွားသလို ကဗျာ​တွေကို​ဝေဖန်​​ဆွေး​နွေးမယ်​ဆိုရင်​ >>>>>>
    ကျွန်​​တော်​က​တော့ ​မော်​ဒန်​ကို ဘာမှနားမလည်​ပါဘူးခင်​ဗျာ ။
    ​မော်​ဒန်​ပန်​းချီပြခန်​းကို ​ရောက်​ခဲ့စဉ်​ကလည်​း က​လေးတစ်​​ယောက်​​ဆော့ထားတာထင်​လို့ .. အဲ့ဒါ 🙂

    ကိုဒညင်​းဝက်​က ​ပြောဆို​တော့ …​ပြောချင်​မိပါတယ်​ခင်​ဗျ
    ကိုဒညင်​းဝက်​ရဲ့ ကဗျာကစပြီး ကွန်​မန်​့​ပေးချင်​ပါတယ်​
    ကဗျာအမည်​​လေးသိပရ​စေခင်​ဗျာ
    ကဗျာအဖွဲ့​ခေါင်​း​ဆောင်​ဆို​တော့ စိတ်​ခိုင်​ခိုင်​ထားနိုင်​မှာပါ
    ဒီရွာထဲမယ်​ ပွစိပွစိမဖြစ်​တာလည်​းကြာပြီဖြစ်​လို့ ကဗျာပြခန်​းကမီး​မွှေးလိုက်​ကြတာ​ပေါ့ဗျာ
    ကျွန်​​တော့ကို အ​ကြောင်​းပြန်​ပါဦး​နော်​
    ဘယ်​ကဗျာကို စပြီး ကရိုင်​းရမယ်​ဆိုတာ :mrgreen:

    • အလင်းဆက်

      September 19, 2013 at 9:58 am

      ကိုရာမည ရေ

      ကဗျာပြခန်းရဲ့ မူ အရ
      ကျွန်တော့်ကဗျာ နဲ့ ရေးသူ ကျွန်တော်. . .

      ကျွန်တော်
      ဖော်ပြလို ့မရ /ဖော်ပြ ခွင့်မရှိပါဘူး။
      အဲ ကျွန်တော့် ကဗျာ မှန်း ရိပ်မိရင်တော့ ရိပ်မိတဲ့သူတစ်ယောက်ယောက်က ဒါ အလင်းဆက်ကဗျာပဲ လို ့ပြောပေါ့ နော့်
      🙂

      ကျွန်တော့် ကဗျာမှန်သမျှမှာ
      ကျွန်တော် သုံးနေကျ ဟန်တစ်ခု ရှိပါတယ်။
      အဲဒီ ဟန်အတိုင်းဖြစ်အောင် လုပ်ရေးတာ မဟုတ်ပါဘူး။
      မဖြစ်အောင်လည်း ရှောင် မရေးပါဘူး။
      ရေးမိတိုင်း အဲဒီ ဟန်ကလေး ဖြစ် ဖြစ်သွားတာပါ။
      မှန်းကြည့်လို ့ရမယ် ထင် ပါတယ်။

      🙂

      ကိုရာမညရေ

      ကဗျာတွေ အကြောင်း ဆက်ပြောရအောင်ဗျို့

      ချစ်ခင်လေးစားလျက်
      ဆက်ဆက်

  • ရာမည

    September 19, 2013 at 10:14 am

    ​ကောင်​းလှပါပြီ ကိုဝက်​ဝက်​​ခင်​ဗျာ
    ကျွန်​​တော်​မှန်​းလို့လွဲသွား​တော့လည်​း
    ရာမည​ရေ…အမျှအမျှ လို့သာ​အော်​လိုက်​ပါခင်​ဗျ …

    • အလင်းဆက်

      September 19, 2013 at 10:34 am

      ကောင်းလှပါဘီ ကိုညညရေ

      ဒါနဲ့
      ကျွန်တော် စ်ိတ်ခိုင်ပါတယ်ဗျ
      အထူးသဖြင့်
      ကျွန်တော်ရေးတဲ့ မော်ဒန် ကဗျာ ဆိုတာတွေနဲ့ပက်သက်ပြီး ပို စိတ်ခိုင်တယ်ဗျို့

      အားမနာကြေး ဝေဖန်ဆွေးနွေးနော်

      ဆွေးနွေးဝေဖန်မှုတွေကို
      နွေးထွေးစွာမျှော်လင့် ကြိုဆိုလျက်ပါ

      ချစ်ခင်လေးစားလျက်
      ဝက်ဝက်

      အဲ နာမည်တွေလည်း ဘိုဒွေဖစ်ကုန်ပါလိမ့်

      🙂

  • sorrow weaver

    September 19, 2013 at 12:46 pm

    လူညားကဗျာတွေ ဖတ်မိရင် အားငယ်လာတယ်ကွီ… အဟင့်

    • အလင်းဆက်

      September 20, 2013 at 8:41 pm

      အားမငယ်ပါနဲ ့…ချစ်တဲ ့..အမေရယ်….အဲ..အဲ…. သီချင်းနဲ့တောင်ရောကုန်ဘီ ။

      အားမငယ်ပါနဲ ့ဗျာ…။
      အတိုဂျီး sorrow weaver က..စာရေး../ ကဗျာရေး.ကောင်းမှန်း..သိပြီးသားပါဗျ ။

  • Crystalline

    September 19, 2013 at 1:06 pm

    ကျန်တဲ့ကဗျာတွေတော့သိဘူး..ဒွင်းမ်. ဒွင်းမ်..ဒွင်းမ်ဆိုတာတော့ ကတုံးပေါ်ထိပ်ကွက်သွားတဲ့ ဟိုမြန်မာဘီယာဆိုတဲ့တစ်ယောက်.. :mrgreen:

    • Mahar Myanmar

      September 19, 2013 at 4:07 pm

      စွပ်စွပ် ဆွဲဆွဲ ဗျာ… ကျွန်တော့် ကဗျာ မဟုတ် ပါဘူး
      ကြီးတော် ကေဇီ လုပ် လို့ ဖြစ် လာ တာ ပါ..
      ကျွန်တော် အပေါ် လွှဲမချပါနဲ့ ဂျ….
      ဂျီးတော်ကေဇီ ရှင်း ..ဒီမှာ.. မတရား အစွပ်အစွဲ ခံ ရတာ ပါ
      လွှတ်တော် ..တင်မယ်…ဦးရွှေမန်း သိတယ် ..
      ရွှေမန်းတင်မောင် ရဲ့ အမျိုး… တိုင် မယ်..
      နောက် တစ်ခု ကတုံး ပေါ် ထိပ် မကွက် ပါ ဘူး ဂျ…
      ထုံး လေး နည်းနည်း သုတ် ပေး ခဲ့ တာ ပါ..
      လူကြီး ခရီးစဉ် နီး လို့ လေ…

      ခင်တဲ့
      မဟာဘီယာ

      • KZ

        September 20, 2013 at 1:48 pm

        ပြခန်း မှာ သုံး ဆိုလို့ သုံးပလိုက်တာ။
        ဟိဟိ

        😀

    • Mahar Myanmar

      September 21, 2013 at 9:04 am

      မယ်ကေဝဋ် လက်သစ် လေလား
      မယ် ခရိုင်းစတောလင်း ရယ်…
      မဟာ လေ… တစ်ခါ ပဲ….မှား မိ တာ ပါ နော်..
      အဲဒါ ကို ..မယ်ကေဝဋ် အသည်းနှလုံး မှာ
      အစင်း ကြောင် း ထင် နေတယ် ဆို ရင် လေ..
      အကြံ ပု ပေး လိုက် ပါတယ်..
      အဲဒီ အစင်း ကြောင်း ထင်နေတဲ့ အသည်းနှလုံး ကို
      ကော်ပတ် ကြမ်း နဲ့ စား ပတ်တီး နာနာ ဖို့
      ပြီး ရင် အပေါ် က ..လိုတဲ့ အရောင် ကို မှုတ် ဆေး
      ဖြန်း လိုက်ရင် အော် အတိုင်း ပြန် ရပါ တယ်…
      လုပ်ကြည့် လိုက် နော်….

  • Ma Ma

    September 19, 2013 at 2:40 pm

    ကဗျာတွေတော့ မဗုတ်ရသေးဘူး။
    ဖတ်ကြည့်ပြီး သိလိုက်တာက………..
    တစ်လထက် တစ်လ ကဗျာတွေ လက်စွမ်းထက်လာတယ်။ 🙂

    • Mr. MarGa

      September 20, 2013 at 12:28 pm

      အာတီမမရေ
      လက်စွမ်းထက် လာတယ် ဆိုတဲ့ မှတ်ချက်ကလေး အတွက် ကျေးကျေးပါ
      ဒီလို တစ်လထက်တစ်လ ပိုမိုကောင်းမွန်တဲ့ ကဗျာတွေကို ပို့ပေးနေကြတဲ့ ကဗျာဆရာတွေကိုလည်း
      တစ်လထက်တစ်လ ကျွန်တော်တို့က ပိုပို ချစ် လာတယ် ဗျ :mrgreen:

  • Ma Ma

    September 19, 2013 at 2:48 pm

    ဗုတ်ပြီးသွားပါကြောင်းးးးးးးးးးးး
    ဟုတ် ဟုတ်ရဲ့လား အဖွားရယ် ကဗျာကိုဖတ်ပြီး
    အော် ကိုယ့်အသက်လည်း ဘွားတော်အရွယ်ရောက်နေပါရောလားလို့ တွေးမိသွားတယ်။
    ကိုယ်ငယ်ငယ်က မုန့်ဟင်းခါးအကြော်နဲ့တစ်ပွဲ တစ်မတ်ဆိုတော့………… :mrgreen:

    • Mr. MarGa

      September 21, 2013 at 7:23 pm

      တကယ်က
      အန်တီမမတို့က အသက်ကြီး သွားတာ ဟုတ်ဖူး ဗျ
      ငွေဖောင်းပွမှု က အတော် များသွားတာ
      တို့ အန်တီတွေက ငယ်ငယ်လေးတွေ ရှိသေးတာ နော့ :mrgreen:

  • Mahar Myanmar

    September 19, 2013 at 4:08 pm

    မန်း လေး က ပြခန်း လိပ်စာ လေး မ စ ကြပါ ဦး
    ခင်ဗျ…
    ဘယ် နေရာ လဲ မသိသေး လို့ ပါ…
    ဘယ်နေရာ ဘယ် ရက်..ဆိုတာ လေး လုပ်ကြပါဦး

    ခင်တဲ့
    ဘီယာ

    • အလင်းဆက်

      September 20, 2013 at 8:38 pm

      ကဗျာပြခန်းလိပ်စာက…
      တစ်ခုပဲ..ရှိပါတယ်.. ကိုဘီယာရေ…

      အဲဒါကတော့..http://myanmargazette.net/tag/%E1%80%80%E1%80%97%E1%80%BA%E1%80%AC%E1%80%BB%E1%80%95%E1%80%81%E1%80%94%E1%80%B9%E1%80%B8

      အဲဒါပါပဲ.. ။
      တိမ်တွေပေါ်က… ပြခန်းလေးပါ ။
      အင်မတန် လှပ ခမ်းနားပါတယ်…။

      :kwi:

    • Mr. MarGa

      September 21, 2013 at 3:51 pm

      ဗျို့ ကိုဘီယာ
      မန်းမှာ ပြခန်းလိပ်စာတော့ မရှိသေးဘူး
      သိကြားမင်းပဲ ရှိတယ်
      လာမယ်ဆို ပြောလိုက်ဗျာ
      ရေ လိုက်တိုက်မယ် ဗျ

      • အလင်းဆက်

        September 21, 2013 at 6:22 pm

        ဘီယာတော့ တိုက်ပါတွာ
        ဘီယာဆို နာလည်း လာမယ်ဟေ့
        :kwi:

        ဒါနဲ့ ကိုဘီယာရေ
        သဂျားဆီ သွားမယ်ဆို သတိထားနော့
        သူက စိတ်ကထောင်းခနဲဆို. . . . .
        စိတ်က ထစ်ခနဲဆို. . . . .
        ပြီးတော့ ဘာလိုလို ညာလိုလိုလည်း နာမည်ကြီးသေးး

        အဟိ

        🙂

        ကိုကိုမာ ရေ
        ဂျစ်လို့စတာနော်
        ချိတ်ချိုးနဲ့

    • အလင်းဆက်

      September 20, 2013 at 5:40 pm

      မမနန်းတော်ရာသူ ဆီက
      ကဗျာ လေးတွေကို
      မျှော်နေပါတယ်နော်

      ညန်ညန်ရေး ရေးပီး ပို့ပေးပါခည

  • ရာမည

    September 20, 2013 at 12:09 pm

    ကိုဒညင်​းဝက်​ ခင်​ဗျာ
    ကျွန်​​တော်​ကွန်​မန်​့​ရေးရင်​းနဲ့ ရှည်​သွားလို့ လုပ်​စားတဲ့အ​နေနဲ့ ဂွင်​ရိုက်​ပြီးပို့တင်​ထားပါတယ်​ ခင်​ဗျာ
    🙂

    • အလင်းဆက်

      September 20, 2013 at 12:26 pm

      က်ိုရာမည တင်ထားတဲ့
      ကဗျာခံစားချက်စာတမ်း ( အက်ဆေး ) ကို
      ဖတ်ပြီးပါကြောင်း

      ပြခန်း ၉ ထဲက ကဗျာတွေကို
      တစ်ပုဒ်ချင်းစီ သေချာဖတ်ပြီး ခံစားရေးဖွဲ့လိုက်တာကို ကျေးဇူးတင်ပါကြောင်းး

  • Mahar Myanmar

    September 20, 2013 at 1:31 pm

    ဖတ် ပြီး ပါပြီ ဗျာ..
    ကျေးဇူး ပါ ခင် ဗျ…
    အရောင် တင် ပေးသူ တစ်ယောက် ပေါ့

  • Mahar Myanmar

    September 20, 2013 at 4:55 pm

    ကဗျာဆရာ အမည် ဘယ်နေ့ နောက် ဆုံ း လဲ ဗျို့
    မဟာ က… ကတုံး ပေါ် ထိပ် ထုံး ဖြူးမှာ ချောင်း နေလို့ ဗျ.

    • အလင်းဆက်

      September 20, 2013 at 5:36 pm

      ကို မြန်မာ ဘီယာ ရေ။

      နောက်လာမယ့်ပြခန်း အမှတ် ၁ဝ က ဒီလကုန်ပြီး
      ၁ ရက် ၂ ရက် လဆန်းပိုင်းလောက်မှာ တက်မှာ ဆိုတော့
      စက်တင်ဘာ လ မကုန်ခင် လေး နောက်ဆုံးပေါ့
      အဲဒါက ခန်မှန်းပေးတာပါ

      စာအုပ်လက်ဆောင်လေး ပေးချင်ပါတယ်နော့

      🙂

      ချစ်ခင်လေးစားလျက်

  • ရာမည

    September 20, 2013 at 5:16 pm

    များမကြာမီကာလ၌….
    “လူစွန်​့စားမြင်​့​ကျော်​နှင်​့ ပြခန်​းအမှတ်​(၉)မှ ​ပျောက်​ဆုံး​နေ​သောကဗျာဆရာများ “
    ဟူ​သော ဝတ္ထုအား တင်​ဆက်​​တော့မည်​ဖြစ်​ပါ​ကြောင်​း…..
    ဒူ ….. နာ……နာ….. 🙂

    • အလင်းဆက်

      September 20, 2013 at 8:34 pm

      ပျောက်ဆုံးနေသော ကဗျာဆရာများ.. ပြန်ရှာတွေ ့မည်လော….
      ကဗျာဆရာအားလုံးမှ ..ရှာတွေ့နိုင်ပါမည်လော…ဟု….. စိတ်ဝင်စားမိပြီ…။

      🙂

    • Mr. MarGa

      September 21, 2013 at 7:29 pm

      ကိုရင် ရာမညရေ
      နောက်ဆုံး ပိတ်ရက်ကို ဒီလ မကုန်ခင် လို့ သတ်မှတ်ထားပါတယ်ဗျို့
      အခုကစ မျှော်နေပြီဗျာ…

  • ရွှေ ကြည်

    September 20, 2013 at 7:49 pm

    ဒေါ်ကြိးလုံရေ မိရွှေကြည်ကိုတောင်လက်မတို့ဘူးတော် တကတည်း
    ကျုပ်လည်းလိုက်မှာပေါ့လို့ အခုတော့ ကျုပ်ဘာသာကျုပ်မေးစမ်းလိုက်လာရတယ်
    တယ်ခမ်းနားပါလားတော် 😀

    • အလင်းဆက်

      September 20, 2013 at 8:20 pm

      မင်္ကြီးရွှေ…ရေ…
      သားသားတို ့ ပြခန်းမှာ..
      မင်္ကြီးရွှေ ရဲ ့ ကဗျာ အလှ မပါတာကြာပါပေ့ါ ။
      မကြီ်းရွှေ ..ကဗျာတွေ ထည့်ပြရင် ပို ခမ်းနားမှာပေါ့ ။
      ဒီတော့ဂါ….ကဗျာပေးပါဦး..။

      စပါးပေါ်မှ ပေးမယ်လို့တော့..ပြောနဲ ့ပေါ့ဗျာ..။
      :kwi:

    • လုံမလေးမွန်မွန်

      September 21, 2013 at 10:30 am

      ခေါ်မလို့ပါပဲ ရွှေကြည်မရေ….ဟို ဧည့်သည်နဲ့ စကားကောင်းနေတာနဲ့ပဲ မခေါ်ဖြစ်လိုက်တာ.. နောက်ပြခန်းကျရင် ကြိုပြောထားမယ် သိလား… တူတူသွားကြမယ်လေအေ..

      (ဟီး..မမဂျီး..ကန်တော့နော်..)

  • ကိုရင်စည်သူ

    September 20, 2013 at 8:42 pm

    ဗုတ်သွားပါတယ်.. မလုံမလေးရေ… စာရေးအားတွေ တော်တော်သက်လာတယ်နော်..
    နံရိုးအားတွေကြောင့်လား တိဘူးရယ်… :mrgreen:
    ကဗျာရေးဖို့ မုဒ်သွင်းမရသေးလို့… ရေးပီးတာနဲ့ နောက်တစ်ခါပြပွဲမှ ထည့်ပေးဖို့
    အပူကပ်ပီရစေညှော်… 🙂

    • လုံမလေးမွန်မွန်

      September 21, 2013 at 10:32 am

      နံရိုးအားလည်း နည်းနည်းပါတာပေါ့နော်..ဟီး… :mrgreen:

      သင် ကဗျာရေးဖို့ တာဝန်ယူပါ.. ကဗျာပြခန်းမှာထည့်ဖို့ ကဗျာချစ်သူတွေက တာဝန်ယူပါတယ်..
      (တောင်ကြီးမောက်မယ်ကြော်ငြာလေသံဖြင့် ဖတ်ပါရန်..)

  • Mahar Myanmar

    September 21, 2013 at 8:37 am

    ဒေါ်ကြီး လုံ…

    ၉-ယောက် ရနေပြီ နော်…စာအုပ် တော့ ရရ ချည်သေးရဲ့ ဗျာ..
    နှစ်ယောက် က ရွာ ထဲ မှာ ပတ်မွှေ တုန်း မတွေ့သေး ဘူး ဗျ…
    တွေ့ တာ နဲ့ တစ်ခါတည်း တင်ပေး လိုက် မယ် …

    • KZ

      September 21, 2013 at 9:59 am

      ချစ် နွန်းနွံ့ အကြံပုလိုက်မယ်။
      အဲ ၂ ယောက်မှာ ၁ ယောက်က မရေးတာကြာပြီ။
      ၁ ယောက်က ရေးကို မရေးဘူးတာ။
      ၂ ယောက်လုံး
      ကေဇီ ပြခန်းမှာ ပါဖူးတယ်။
      😀

    • လုံမလေးမွန်မွန်

      September 21, 2013 at 11:34 am

      ရသလောက်သာ တင်ပေးလိုက် ကိုမဟာ….
      (၂) ယောက်က ဧည့်သည်ကဗျာဆရာဆိုရင် (၉) ယောက်မှန်တာနဲ့ လက်ဆောင်ပေးပါမယ်.. 🙂

      • Mahar Myanmar

        September 21, 2013 at 10:24 pm

        မတင်သေးဘူး ဗျာ…
        နောက် ထပ် လ မကုန် ခင် အထိ အချိန် ရတယ် ဆိုပေမယ့် …ရုံးဖွင့်ရက် မန်းဒေး တစ်ရက် ပဲ ထပ်ယူ မယ်.. ဂျီးတော် ကေဇီ အိမ် မှာ ထပ် မွှေဦး မယ် ဗျာ..
        နှစ်ယောက် က တစ် နေတယ် … ရွေး ထားတဲ့ သူ တွေ က မဖြစ်နိုင်မှန်း သိ နေ လို့ ပါ..
        ၂၄ ရက် နေ့ မတိုင်မီ တင်ပေးမယ် ပို့စ် အနေ နဲ့ ကိုရင်ရာမည ကို အားကျ ပြီး တင်ပေးမယ် …
        စာအုပ် ကတော့ ဝယ်ရမှာ သေချာ ပါတယ်…
        ကေကေ သဲလွန်စ ပေးထား ပြီ ပဲ ..ရအောင် ရှာဦး မယ်..
        ဖြစ်နိုင်ရင် ..ကဗျာ ဆရာ တွေ ရဲ့ ပထမ ဆုံး အက္ခရာ ကို နေ့ နံ နဲ့
        ထပ်ညွှန်း ပေးရင် ..အကုန် မှန်အောင် ဖြေနိုင်ပါပြီ..အခု က မှန် မမှန် ကို ကွန်ဖန်း
        လုပ်စရာ မရှိဘူး လေ…ရမ်း တုုတ် တာ စာမေး ပွဲ ပဲ ကောင်း ပါတယ်..

        • Mahar Myanmar

          September 21, 2013 at 10:51 pm

          ၁၀။ ရွာလူကြီးတစ်ယောက်ရဲ့ ဇကာတင်ပါတဲ့ ပို့စ်ထဲက မင်းသား….ကိုဇော်သန့်
          ၁၁။ ပြခန်း (၆) တုန်းက နာမည်ကြီးသွားတဲ့ မင်းသား မိုးမင်းသား မဟုတ်
          မင်းဇာဏီ

          ကဲ … အင်ထရို လေး စမ်း ကြည့် လိုက် တာ..
          မှန် / မမှန် တော့ ပြော ပေး နော်…
          ဒါမှ မဟုတ် သဲလွန် စ ထပ်ပေး..
          ဒါဗြဲ…… ဒါ အစမ်း နော်…ဟဲဟဲ

        • KZ

          September 22, 2013 at 11:42 am

          ဟဲ့။
          နာ့ အိမ်ကို မွှေတာရပါတယ်။
          နာ့ အရှုပ်ထုပ်ကိုတော့မဖွခဲ့နဲ့နော်။
          ဟိုမှာ ကိုရင် ရာမည တင်ထားပြီ။

          😀

        • Mahar Myanmar

          September 23, 2013 at 8:58 am

          ကိုယ့်အိမ် ကိုယ် လည်း ရှင်း ဦး ဗျ…ဒေါ်ကေဇီ..
          ရှုပ်ပွ နေတာ ပဲ… အမြင် မတော် တာ နဲ့
          သတ့်ရှင်း ရေး တောင် လုပ်ပေး ခဲ့ သေး..အခု ဆို..
          အိမ်လေး က သာယာ လှပ လို့ ပေါ့..
          အရှုပ် ထုပ် ဆိုတာ ကြီး ဖွ မလို့ လိုက်ရှာ တာ မတွေ့ဘူး ဗျ..
          ဘယ်မှာ ဖွက်ထား သတုန်း…ဂျီးတော်..

  • TNA

    September 21, 2013 at 2:17 pm

    ှဗုတ်ပီးပါကြောင်း။ တူမလေးကိုလဲကျောက်ပြင်ရွက်ခိုင်းလိုက်ဖို့ထပ်သတိပေးပါကြောင်း ဟီဟိ

  • ရာမည

    September 22, 2013 at 10:55 am

    အ​ပြေးအလွှား အ​ဖြေတင်​​ပေးလိုက်​ပါပြီခင်​ဗျာ….
    သူများကို​မေးပြီး​ဖြေတာ​နော် :mrgreen:

    • Mr. MarGa

      September 22, 2013 at 9:20 pm

      သွားရောက် စစ်ဆေးနေပါတယ်ဗျ
      မကြာခင် ရလာဒ်ကို အဲဒီပို့စ်မှာ ကြေညာပါမယ် :mrgreen:

  • ကျော်စွာခေါင်

    September 22, 2013 at 5:07 pm

    ဗုတ်ခဲ့တယ်နော်…

    ခုမှဘဲ ကဗျာခန်းဝင်လို ့တတ်တော့တယ်…
    အရင်က ဝင်လို ့ကို မတတ်တာ

    • အလင်းဆက်

      September 22, 2013 at 5:47 pm

      ကျေးကျေးပါ ဦးခေါင်

      အရင်ပြခန်းတွေက ပုံလေးကို ကလစ်မှ ကဗျာတွေဆီရောက်တော့
      နည်းနည်း လျှို ့ဝှက် ဆန်နေတာကိုး

      အခုပြခန်းက ပုံစံနည်းနည်း ပြောင်းလိုက်တာပါ။
      နောက်ထပ် ပိုကောင်းမယ့် ပုံစံလေးတွေလည်း ပြောင်းကြည့်ပါဦးမယ်

    • Mr. MarGa

      September 22, 2013 at 9:07 pm

      ကိုကြီး ကျော်စွာခေါင် ရေ
      နောက်ခါဆိုရင် ကဗျာပြခန်းမှာ ပုံကလေးတွေ တွေ့ရင် ကလစ်တစ်ချက်နှိပ်လိုက်ဖို့ မမေ့ပါနဲ့နော်
      ကဗျာလေးများလည်း မစပါဦးဗျ

  • Mahar Myanmar

    September 23, 2013 at 8:42 am

    ကဲ ကျုပ် ကတော့ ..ပညာ မကုန် သေး ပါဘူး… လျှိုထား တဲ့ ပညာ တွေ ..ဘယ်ညာ အိပ်ကပ် မှာအပြည့်ရှိပါသေး တယ်… တစ်ခု ခြင်း ရောင်းစား ပေါင်စား နေတာ ပါ…

    ကဲကဲ စာရင်း ချုပ် လိုက်တော့ ဒီ လို … ရ လာ တာပေါ့ နော်.. မှန် / မမှန် က တော့ ..သက်ဆိုင်ရာ တာဝန်ရှိသူ များ က ဆုံးဖြတ် ပေးပါလိမ့် မယ်….

    ၁။ ဖိုးသူတော်ဦးမင်း

    ၂။ ခရီးသည်ကြီး

    ၃။ အာဂ

    ၄။ လူကလေး

    ၅။ ခင်ခ

    ၆။ ဟာမြန်မာ

    ၇။ ဆန်နီ

    ၈။ Nora

    ၉။ ခက်သီ

    ၁၀။ အံစာတုံး

    ၁၁။ မင်းဇာနည်

    ၁၂။ အလင်းဆက်

    ဒီလောက်နဲ့ ကျေနပ်နှစ်သက်လိမ့် မယ် ထင်ပါရဲ့ဗျာ…

    မဟာမြန်မာ

Leave a Reply