ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား

ဦး ၾကိမ္September 15, 20131min1554

ကျနော်တို့လူမျိုးအများစုဟာငွေကြေးရလိုမှုတစ်ခုထဲနဲ့ နိူင်ငံအပြင်ထွက်ပြီးရေကြည်ရာမျက်နုရာရှာဖွေနေကြရတာ

ကမာ္ဘ့ မြေပုံကိုဖြန့်ခင်းကြည့်ရင်လက်ညိုးထိုးလို့လွေတ်နိူင်လောက်အောင်ပါပဲ

ဟိုး…ဘိုးဘေးခေတ်ကနိူင်ငံခြားမှာအတတ်ပညာသွားရောက်သင်ယူခြင်း၊အစိုးရကစေလွတ်ခြင်း၊

မိမိပညာနှင့်သွားရောက်လုပ်ကိုင်ခြင်း…..

စသဖြင့်ဒါတွေကအနည်းစုပါ..

ခုတော့မိရိုးဖလာတစ်ခုလို

နိူင်ငံခြားကိုထွက် အလုပ်လုပ်ကြတာအဆန်းမဟုတ်တော့….

ရိုးအီနေတဲ့စကားလိုကျနော်တို့နားထဲမှာ….

ဘာကြောင့်၊ညာကြောင့်၊ဟိုဟာကြောင့်၊ဒီဟာကြောင့်ဆိုတဲ့ လက်ညှိုးထိုးအပြစ်တင်ရမဲ့ကိစ္စလည်း

ကျနော်မပြောချင်တော့ပါ…

ကျနော်တို့တစ်တွေမိဘတွေနဲ့ဝေး၊

ညီအကိုမောင်နှမတွေနဲ့ဝေး၊

ဇနီးနဲ့ဝေး၊ခင်ပွန်းနဲ့ဝေး၊ဆွေမျိုးသားခြင်းတွေနဲ့ဝေးပြီးရေခြားမြေခြား သက်စွန့်ဆံဖျားအလုပ်၊လုပ်နေကြတာ

၊အမေသေ၊အဖေသေ၊အကိုအမသေ၊

ဘယ်သူသေသေ

ကျနော်တို့လက်တွေနဲ့၊ကျနော်တို့မျက်စိတွေနဲ့…

..မြင်ခွင့်ထိခွင့်ကိုင်တွယ်ပို့ဆောင်ခွင့်မရနိူင်တဲ့

ကျနော်တို့ဘဝတွေ၊ခေါင်းငုံ့ဒူးထောက်မျက်လွှာချပြီးရတဲ့ဒီပိုက်ဆံတွေနဲ့မှ

လူဖြစ်ခွင့်ရတော့မှာလား…

ကျနော်တို့ရတဲ့ ငွေကြေးနဲ့နိူင်းယှဉ်ရင်တန်ဖိုးခြင်းညီမျှပါရဲ့လား……။

ခပ်ကြောင်ကြောင်အတွေးဆိုရင်ဝိုင်းပြီး(မေတ္တာ)ပို့လိုက်ကြပါအုံး။

4 comments

  • အလင်းဆက်

    September 15, 2013 at 10:36 am

    အဲဒါ ခပ်ကြောင်ကြောင် အတွေး မဟုတ်ဘူးဗျို ့
    အင်မတန်တွေးသင့်သော
    အတွေးတစ်စပါ။

    ဘဝ ဇာတ်ဆရာ အလိုကျ က ပြရတဲ့ အခြေအေနေတွေကြားမှာ
    ကျွန်တော်တို ့ နာကျင်စရာတွေကိုလည်း
    မယူချင်ပဲ ယူနေရတယ်

  • kai

    September 15, 2013 at 2:32 pm

    မြန်မာပြည်မှာ.. မနက်အိမ်ကနေထွက်.. အိမ်စရိပ်အတွက်..အထွေထွေစရိပ်အတွက်.. သားအတွက်..သမီးအတွက်.. မိသားစုအတွက်.. အလုပ်လုပ်ဖို့ထွက်တဲ့.. ဖခင်တယောက်ကိုမြင်ကြည့်ပါ…။

    တမြို့ထဲ.. တနိုင်ငံထဲနေပြီး.. ဖခင်က..အလုပ်ထွက်လုပ်တယ်…
    ဘတ်စ်ကားပေါ်မှာ.. အလုပ်မှာ.. တနေရာရာမှာ..တခုခုဖြစ်ပြီး.. အိ်မ်ပြန်မရောက်ပဲ သေသွားနိုင်တာပဲ..။
    သားပစ်မယားပစ်..မိသားစုပစ်ပဲလေ…။
    တနေ့ဖြစ်ချင်ဖြစ်မယ်..။ တပါတ်ဖြစ်ချင်ဖြစ်မယ်..။ တလဖြစ်ချင်ဖြစ်မယ်..။ တနှစ်ဖြစ်ချင်ဖြစ်မယ်..။

    အဲဒါကို.. နိုင်ငံရပ်ခြားအလုပ်ထွက်လုပ်တာအဖြစ်ပြောင်းကြည့်.. မြင်ကြည့်ပေါ့..
    ဘာများဆန်းသလည်းကွယ်…။

    ယူအက်စ်မှာ.. အမေရိကန်တွေလည်း.. နိုင်ငံခြားထွက်အလုပ်လုပ်ကြတာ.. သန်းချီပါတယ်..။
    ကမ္ဘာရွာ… တဲ့…။ ဖွတ်ဆို.. မိုင်၁သောင်းပြန်ရောက်လာနိုင်သလို.. ထွက်သွားနိုင်တာပေါ့…။

    နောက်ဆို… စင်္ကြာဝဌာထဲ.. အာကာသထဲ… ထွက်အလုပ်လုပ်ကြရဦးမှာ…
    လုပ်ကြရဦးမှာ… :mrgreen:
    ==
    Millions of Americans live outside the United States, though as a group they remain an enigma, according to a new report.

    Between 2.2 million to 6.8 million Americans live in another country, either on a temporary basis or permanently, said a report called “Counting the Uncountable: Overseas Americans,” published on the Migration Policy Institute website.

    Americans are the most broadly dispersed people in the world, living in at least 100 countries. Mexico and Canada, however, are home to the largest population of U.S. citizens.

    Read more: http://latino.foxnews.com/latino/politics/2013/05/17/millions-americans-live-overseas-report-says/#ixzz2ewnAmkBY

  • KZ

    September 16, 2013 at 8:53 am

    ခါတစ်လေကျ
    တူတူ နေပြီး ငတ်နေကြရတာထက်စာရင် (အဆင်မပြေတာထက်စာရင်)

    ခွဲနေပြီး အဆင်ပြေအောင် ထောက်ပံ့နိုင်တာ ပိုကောင်းပါတယ်လို့ စိတ်ထားပြီး နေရတာပဲ။

  • ခင် ခ

    September 17, 2013 at 4:29 pm

    တကယ်တော့ အတူတူနေချင်ကြတာပေါ့ ဒါပေမယ့် အတူနေပြီး ဘဝကိုကြမ်းတမ်းပင်ပန်းစွာ နေကြရတာထက် ခွဲနေရပြီး ကောင်းမွန်စွာနေသွားတာမျိုး နှစ်ခုယှဉ်ရင် ကောင်းမွန်စွာနေကြရတာ ရခဲတဲ့လူဘဝအတွက် နေရတာ တန်တယ်ပေါ့ဗျ။

Leave a Reply