ဇာဒီပြင်ကျေးရွာ NLD ဥက္ကဌမှ ကျေးရွာအုပ်ချုပ်ရေးမှုးအားတရားစွဲဆိုခြင်း

than shwe mgSeptember 15, 20131min780

ဇာဒီပြင်ကျေးရွာ NLD ဥက္ကဌမှ ကျေးရွာအုပ်ချုပ်ရေးမှုးအားတရားစွဲဆိုခြင်း

ရခိုင်ပြည်နယ်သံတွဲမြို့နယ် ၊ကျောင်းတိုက်ကျေးရွာအုပ်စု့ အုပ်ချုပ်ရေးမှူး
ဦးသန်းလွင်သည် ကျေးရွာ NLD ဥက္ကဌ ဦးမြင့်အောင်အား အမျိုးမျိုးအပြစ်ရှာကာ
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ အတွင်း ပြစ်မှုကျူးလွန်သူများခြေချုပ်နှင့်ခံဝန်အက်
ဥပဒေပုဒ်မ ၅-၁(စ)(ဆ) ဖြင့် တရားစွဲဆိုခဲ့ရာ ပြစ်မှုထင်ရှားမှုမရှိသဖြင့် သံတွဲခရိုင် တရား ရုံးတွင်အပြစ်မှတရားသေ လွတ်ပေးခဲ့ပါသည်။ ဦးမြင့်အောင် အနေဖြင့် အမှုရင်
ဆိုင်ဖြေရှင်းနေစဉ်ကာလအတွင်း မိသားစု့၏စီပွါးရေး၊ကျန်းမာရေး၊လှုမှုရေး၊ဂုဏ်သိက္ခါ
မှာ လွန်စွာကျဆင်းနစ်နာဆုံးရှုံးခဲ့ရသည့်အတွက် ယခုအခါကျေးရွာအုပ်ချုပ်ရေးမှုး
ဦးဆန်းလွင်ထံမှ အထွေထွေနစ်နာကြေးကျပ်သိန်းတစ်ရာနှစ်ဆယ် ရလိုမှူဖြင့်တရား
စွဲဆိုတောင်းခံခဲ့ရာတရားမကြီးအမှုအမှတ်၄/၂၀၁၃ ဖြင့်သံတွဲခရိုင်တရားရုံမှအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

မောင်သံတွဲ