လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို အာကာသအတွင်း စိုက်ပျိုးနိုင်ရန် သုတေသနပြုလုပ်လျက် ရှိသည့် နာဆာ

Mr WorldWideSeptember 16, 20131min1358

အမေရိကန်ပြည်ထောင်စု၏ အာကာသအစီအစဉ်ဖြစ်သည့်  အစောပိုင်းကာလများက ထွက်ပေါ်လာခဲ့ဖူးသည့် အာကာသရေခဲမုန့်၏ ပုံသည် အမေရိကန်လူငယ်လူရွယ်လေးများ၏ စိတ်အာရုံကို ဖမ်းစားခဲ့ဖူးပါသည်။ ယခုအခါ နာဆာနှင့် အခြားသောသုတေသီများသည် အာကာသအတွင်း စိုက်ပျိုးနိုင်မည့် ဟင်းသီးဟင်းရွက်ပင်တစ်မျိုးကို သုတေသနပြု စမ်းသပ်စိုက်ပျိုးလျက်ရှိကြသည်။ ၎င်းအပင်၏ အမြစ်ငယ်လေးများသည် မြေကြီးနှင့် ထိတွေ့ခြင်း လုံးဝမရှိဘဲ ရှင်သန်ကြီးထွားလာမည်ဖြစ်ပြီး အပင်၏အရသာမှာလည်း ရေခဲမုန့်ခြောက် အတုံးလေးများထက် ပိုမိုအရသာကောင်းမွန်မည်ဖြစ်ကြောင်း သိရှိရပါသည်။

nasda
နာဆာသည် စားသောက်၍ရသော ဟင်းသီးဟင်းရွက်ပင်များကို အာကာသအတွင်း စိုက်ပျိုးနိုင်စေရန် ကြိုးစားခဲ့ရာ၌ ဆလတ်ရွက်စိုက်ပျိုးသည့် ရိုမေးနီးယားတောင်သူများကိုပါ နိုင်ငံတကာအာကာသစခန်းသို့ ပို့ဆောင်နိုင်ရန် ကြိုးပမ်းခဲ့မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင် အင်္ဂါဂြိုဟ်ကဲ့သို့ ပတ်ဝန်းကျင်များ၌ ပဲပိစပ်နှင့် စပါးမျိုးများကို စိုက်ပျိုးနိုင်ရန်အတွက် နှစ်ရှည်အစီအမံများချမှတ်၍ သုတေသနလုပ်ဆောင်လျက် ရှိပါသည်။ ထိုကဲ့သို့ အာကာသအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်မှုကြောင့် အာကာသယာဉ်မှူးများနှင့်အတူ သယ်ဆောင်သွားရမည့် လိုအပ်သောရိက္ခာများ၏ အလေးချိန်ကို လျော့ချနိုင်လိမ့်မည်ဖြစ်ပြီး ပိုမိုအရသာရှိ၍ ပိုမိုအာဟာရဖြစ်စေသည့် အစားအစာများကို ပိုမိုသယ်ဆောင်နိုင်မည်ဖြစ်ပါသည်။ အနည်းဆုံးအနေဖြင့်မူ ထိုသို့စိုက်ပျိုးခြင်းကြောင့် အာကာသယာဉ်မှူးများအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာဖြစ်မှုကို ရရှိစေလိမ့်မည်ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်အာကာသယာဉ်မှူးတစ်ဦးဖြစ်သူ Don Pettit   ၏ ရေးသားချက်တစ်ခု၌ သူနှင့်အတူ ဘူးပင်ငယ်လေးတစ်ပင်ကို အာကာသအတွင်းသို့ သယ်ယူသွားရခြင်းမှာ စားသောက်ရန်အတွက်မဟုတ်ဘဲ သူ၏စိတ် ရွှင်ပျလန်းဆန်းစေရန်အတွက်ဖြစ်ကြောင်း ရေးသားခဲ့ဖူး၍ ဖြစ်ပါသည်။ နာဆာ၏သုတေသနအစီအစဉ်များ မည်ကဲ့သို့ အောင်မြင်လာမည်ကို စောင့်ကြည့်ကြပါဦးစို့

 

Source:http://www.popsci.com/science/article/2013-09/how-nasa-developing-fresh-space-salad

8 comments

  • KZ

    September 16, 2013 at 9:52 am

    ထူးဆန်းပါပေ့ ဆြာခိုင်။

    ကဘာ့ စားနပ်ရိက္ခာ ပြဿနာ အတွက်တော့ သတင်းကောင်းမို့ အောင်မြင်ပါစေ။

    သယ်ယူပို့ဆောင်ခများ ကြီးလေမလားးးးး :mrgreen:

    ဟိ!

  • kai

    September 16, 2013 at 11:36 am

    ဆရာရေ့…
    အီးမေလ်းစစ်ပြီး.. အကြောင်းပြန်ပါဦးခင်ဗျ… :kwi:

    • kai

      September 17, 2013 at 3:10 pm

      ဆရာခိုင်မာကြည့်ရတာ.. ပုတ်ပြေးနဲ့တူတယ်..
      ပုတ်လိုက်… ပြေးသွားလိုက်…
      စကားမေး.. အဲ.. စကားပြန်တောင်မရ… :kwi:

      • မောင်ခိုင်မာ (စမ်းချောင်း)

        September 18, 2013 at 11:54 am

        ပို့လိုက်ပြန်ပီလား..အခုမှ ဝင်ကြည့်ရမှာ သူကြီးရေ စိတ်မရှိပါနဲ့ဗျာ

  • မင်းခန့်ကျော်

    September 16, 2013 at 12:21 pm

    စိုက် ဖို့ လူ အင် အား လို ရင်

    အနော် လိုက် ချင်လို့ ပါ ။ :mrgreen:

  • အလင်းဆက်

    September 17, 2013 at 5:39 pm

    ပိုးသတ်ဆေး ကို မဆင်မခြင်တော့
    မသုံးလောက်ဘူး မဟုတ်လား

    :kwi:

  • ခင် ခ

    September 18, 2013 at 10:17 pm

    အနီမှတ်တမ်းတူး။
    အကာသထဲဟိုတယ်ဆောက်မယ်လို့ဟိုသလောကဖတ်လိုက်ရသဘိုဘဲ အဲဒီအတွက်တော့ ကိုက်သပေါ့နော်

Leave a Reply