“ပင်စင် ´´

ခင္ခSeptember 16, 20131min15220

“ပင်စင် ´´

 

အစိုးရဘဏ်တစ်ခုထဲကို ခင်ခ ငွေလွဲထုတ်စရာရှိလို့ ဝင်ရောက်ခဲ့ပြီး ငွေထုတ်ဖို့စောင့်နေတုန်း ဘဏ် အဆောက် အဦးပထမထပ်က ဆင်းလာတဲ့အမျိုးသားကြီးတစ်ယောက်နဲ့ အဲဒီလှေကားကိုလှမ်းတက်မည့် အမျိုးသားတစ်ဦး ဆုံတွေ့ကြပြီး စကားပြောနေတာကို ခင်ခ နားထောင်မိတဲ့အခါ

“ကိုအောင်ကြီး ခင်ဗျ ပင်စင်ယူဖို့တင်လိုက်ပြီဆို´´

“ဟုတ်တယ် ကိုစိုး ရေ´´

“ခင်ဗျကလည်းဗျာ မပြောမဆိုနဲ့ တင်လိုက်ရတယ်လို့ ဟိုတစ်လက လက်ဖက်ရည်ဆိုင်ထိုင်တုန်းကတောင် ပင်စင်မတင်သေးနဲ့အုံး ဆက်လုပ်ခွင့်ရရင် ခြောက်လတစ်နှစ်လုပ်အုံးမလားလို့ စဉ်းစားနေတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့အပတ်ကမှ ခင်ဗျပင်စင်ယူဖို့တင်လိုက်ပြီဆိုတာ ကိုတင်အေး ပြောလို့သိတာဗျ၊ ဘယ်လိုဖြစ်တာ လဲဗျာ´´

“ဘယ်လိုမှ မဖြစ်ပါဘူး၊ တစ်ချိန်ချိန်မှာခွဲရမှာဘဲလေ ဒါသင်္ခ ါရတရားဘဲဉ္စာ လုပ်လာတဲ့ ဝန်ထမ်းလုပ်သက်က အနှစ် ၃ဝ ကျော် အသက်ကလည်း ၆ဝ ပြည့်ပြီဆိုတော့ တစ်နေ့နေ့ မနက်ရုံးလာ ညနေထိနေ ညနေပြန်သွား နောက်နေ့မနက်ရုံးလာ ညနေထိနေ ဆိုတာကို ငြီးသလိုလိုဖြစ်ပြီမို့  တင်လိုက်တာလေ´´

“အေးပေါ့လေ ကျုပ်တို့လည်း သိပ်မလိုတော့ပါဘူး ပင်စင်ယူရမယ့် အချိန်ရောက်လာမှာဘဲလေ စောယူတာနဲ့ နောက်ကျယူတာဘဲကွာတာပါ၊ ဒါပေမယ့်ဗျာ ပင်စင်မယူသေးတော့ နေ့တိုင်းတွေ့ရ စကားပြောကြ ငြင်းကြခုံကြ မို့ပြောတာပါ၊ ခင်ဗျပင်စင်ယူသွားတော့ စကားပြောဖော်တစ်ယောက် ငြင်းဖော်ငြင်းဖက် တစ်ယောက်လျော့တာ ပေါ့ဗျာ´´

“ဒါပေါ့ဒါပေါ့ဗျာ ကျုပ်လည်း ခင်ဗျတို့အပေါ် သံဃောဇဉ်တော့ရှိပါတယ် အခုက ပျင်းလည်းပျင်းလာပြီး နားလည်း နားချင်လာလို့ပါ၊ ဒါပေမယ့် ဝန်ထမ်းတွေထင်နေကြတာက ရုံးဌာနတစ်ခုက ပင်စင်ယူလိုက်ပြီဆိုရင် အဲဒီဝန်ထမ်း အဲဒီရုံးဌာနနဲ့ သေတဲ့ထိဝေးကွာသွားရပြီဆိုပြီး စိတ်ခံစားကြတယ် တကယ်တော့ အဲလိုမဟုတ် ပါဘူး ပင်စင်ယူလိုက်ရင် အခုလို ရုံးဖွင့်ရက်မနက်တိုင်းနေ့တိုင်းတော့ ဒီရုံးဌာနကို မလာရပေမယ့် ဒီရုံးဌာန ရောက်လို့ဘဲဖြစ်ဖြစ် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ သတိရလို့ဘဲဖြစ်ဖြစ် လာနေတွေ့နေလို့ ရကြတာပါဘဲဗျာ အပြီးအပိုင်ခွဲတာမျိုးမဟုတ်ပါဘူးလေ။ တစ်ခါတလေတော့ ရောက်ဖြစ်လည်ဖြစ်မှာပေါ့´´

“အေးဗျာ ခင်ဗျပြောတာလည်းသဘာဝကျပါတယ်ဗျ ခင်ဗျပြောသလို ကျုပ်တို့ကိုသတိရလို့ဘဲဖြစ်ဖြစ် ဒီနား ကို ရောက်လို့ဘဲဖြစ်ဖြစ် ဝင်ကာလည်ပါအုံးဗျ။´´

“ဟုတ်ပါပြီ နေ့တိုင်းမဟုတ်ပေမယ့် ရံဖန်ရံခါတော့ ရောက်နေအုံးမှာပါဗျ သွားပြီဗျို့´´

ဆိုပြီးနုတ်ဆက်ကာထွက်သွားတဲ့ အမျိုးသားကြီးကို ခင်ခ လိုက်ကြည့်မိရင်း ပင်စင်ယူကြသည်ဆိုရာဝယ် အပြီး အပိုင် ဝေးကွာသွားတာမဟုတ်ဘူး ရံဖန်ရံခါတော့ ရောက်ဖြစ် လည်ဖြစ် နေအုံးမှာပါဆိုတဲ့ စကားလေးနဲ့ပင်စင်ကို တွဲလျှက် မှတ်ထားလိုက်မိတယ်လေ။

 

 

ခင်ခ။

20 comments

  • KZ

    September 16, 2013 at 2:27 pm

    ဒါပဲနော်။
    ပင်စင်ယူလို့ ထမင်းဆိုင်ဖွင့်ရင် အနော် ကို မမေ့နဲ့။
    ထမင်းချက်ဖို့ ဟုတ်ဘူးးးး နော်။
    လာစားမို့။

    😀

    • ခင် ခ

      September 16, 2013 at 2:38 pm

      တစ်ခုတော့ရှိတာပေါ့ စီးပွားပြိုင်ဆိုပြီးတော့ ဆိုင်ငယ်လေးကို အနိုင်မကျင့်နဲ့လေ။
      အဲဒီအတွက် ဒေါ်ကေဇီရဲ့ ဟင်းစပ်တွေ မှတ်ထားတယ်ဗျ။

  • surmi

    September 16, 2013 at 2:57 pm

    ဦးခ
    ကျ​နော်​ပြန်​လာဘီ
    ပင်​စင်​မယူနဲ့ဦး 🙂

  • kyeemite

    September 16, 2013 at 3:01 pm

    ဘာလိုလိုနဲ့ ကျုပ်တို့လည်း ပင်စင်နားကပ်လာပြီဗျို့..
    ကျုပ်ရှေ့က ဆရာသမားတော့ ပြီးခဲ့တဲ့လက ပင်စင်သွားတယ်
    နောက်အလှည့်ကျမှာက ကျုပ်ပဲ ကိုခရေ…

    • ခင် ခ

      September 16, 2013 at 3:25 pm

      ကျွန်တော်က မန်းမှာမို့ဗျာ ရန်ကုန်မှာနေတာဆို ကိုဆာမိတို့ ကိုကြီးမိုက်တို့နဲ့ စကားဝိုင်းလေးဖွဲ့ တွေဆုုံကာ ရွာအကြောင်းတွေကို အားရပါးရပြောလိုက်ချင်ပါရဲ့ဗျာ။
      ရန်ကုန်ဆင်းဖြစ်ရင် အဲဒီစိတ်ကူး အကောင်အထည်ဖော်ဖြစ်မလားဘဲဗျ။
      ကွန်မန့်တွေအတွက် ကျေးဇူးပါ ဆြာတို့ရေ။

  • ဗုံဗုံ

    September 16, 2013 at 3:27 pm

    ပင်စင်ယူတော့မို့လား
    ယူနဲ့အုံးလေ..မိဗုံတောင် ယောက်ဂျားယူရတေးဘူး (အယ်..ဘာမှလည်းဆိုင်ဘဲနဲ့) :mrgreen:

    • ခင် ခ

      September 16, 2013 at 3:53 pm

      မိဗုံရေ ယောက်ျားယူရင် ဖိတ်စာပို့အုံးနော် ရေခဲမုန့်စားမလို့ပါ။

      မနှင်းရေ ဆက်လက်လျှောက်မယ် ဘဝခရီး အကောင်းတကာ့ အကောင်းဆုံးနဲ့ ပျော်ရွှင်ပါစေဗျ။ အကယ်လို့ ပင်စင်ယူဖြစ်မယ်ဆိုလည်း ရံဖန်ရံခါ အလျဉ်းသင့်ချိန်မှာ ခင်ခင်မင်မင် ဆုံချင်မိပါသေးတယ်ဗျ။

  • ခင် ခ

    September 16, 2013 at 4:01 pm

    ခင်ခ အနီရောင် ပိုမိုရှင်း ( စက်တင်ဘာ ၃ ရက် မှ ၁၄ ရက် ) ထိ ဆယ်နှစ်ရက်စာပိုစ့်တွေမှာ လိုက်ဝင်ကြည့်ကာ ရွာသူားမန်ဘာတစ်ဦး၏ ထိုဆယ်နှစ်ရက်အတွင်း တင်သမျှပိုစ့်များရှိ အနီရောင် ရေတွက်ပြီး မှတ်တမ်းတင်ထား ချက်အရ အနည်းဆုံးအနီ(ကွန်မန့်အနုတ်) (၁၀)ခုနှင့်အထက် ရရှိထားသော ရွာသူားများကတော့ဖြင့်-
    ၁ ။ KZ
    ၂။ မဟာရာဇာအံစာတုံး
    ၃။ လုံမလေးမွန်မွန်
    ၄။ မနှင်းဖြူ မှန်မှန်ပြော
    ၅။ အလင်းဆက်
    ၆။ MAUNG
    ၇။ YE YINT HLAING
    ၈။ သျှားသက်မာန်
    ၉။ sorrow weaver
    ပိုမိုရှင်းရက်ပြီးဖို့က လိုနေသေးလို့ ဆက်လက်ပြီး ပိုစ့်များတင်ကာ ကံစမ်းပေးကြပါအုံးနော်။
    အားလုံးကို ခင်ခ မှ ကျေးဇူးပါ။

    • sorrow weaver

      September 16, 2013 at 4:16 pm

      တားတားနာမည်က ကပ်ပါလိုက်တေး…. မရေးကိုမရေးရဲအောင်ပဲ .. 🙁

      • ခင် ခ

        September 16, 2013 at 4:56 pm

        sorrow weaver ဆက်ရေးပါဗျ အားပေးနေပါတယ်လို့

    • KZ

      September 16, 2013 at 4:19 pm

      ဟိ။
      ဒီ နီနီလေး ဆုမှာ နာ ရတော့မယ်။
      😀

      • ခင် ခ

        September 16, 2013 at 4:55 pm

        အနီရောက်ရလာဒ် အခြေအနေလေးတွေကိုလည်း ပိုစ့်တင်ခဲ့တဲ့ ရွာသူားဘော်ဒါတွေကို အသိပေးချင်၊ အဲဒီရလာဒ်ကိုဘဲ ပိုစ့်တစ်ပုဒ်တင်ရင် သဂျီးဆီက ပွိုင့်ညာယူတယ်ဖြစ်မှာစိုးလို့ ကြံဖန်ပိုစ့်တစ်ပုဒ်ဖြစ်အောင်ရေးပြီး ကွန်မန့်နဲ့ပြောထားရတာ ဒေါ်ကေဇီရေ။

        ခင်ခ အနီရောင် ပိုမိုရှင်းရက်မှာ ဆက်တိုက်ဆိုသလို့ ပိုစ့်တွေတင်ရေးနေသူ KZ တို့၊ အဘ ဖားသက်ပြင်းတို့၊ မနှင်းဖြူမှန်မှန်ပြောတို့ sorrow weaverတို့ မောင်အလင်းဆက်တို့ ကိုလည်း ခင်ခ က အထူးပင် ကျေးဇူးပါဗျ။

  • Mr. MarGa

    September 16, 2013 at 6:38 pm

    အာ….. လေးခ ပင်စင်သွားတော့မှာလား
    နေပါဦးဗျာ မသွားလဲ ရသေးတာပဲကို
    ရံဖန်ရံခါ ရောက်ဖြစ်တာ မှန်ပေမင့် အဲဒီလိုမျိုးကျ အားရပါးရ ပြောကြဆိုကြလို့ မကောင်းဘူးလေဗျာ
    အမြဲတွေ့နေတော့ ပို ပြောဖြစ်ဆိုဖြစ်တာပေါ့

  • ကျော်စွာခေါင်

    September 16, 2013 at 10:51 pm

    ကိုခ…
    ပင်စင် အကြောင်းအရာတွေကတော့ တချို ့ခံစားချက်လေးတွေကို ဖတ်ဖူးတော့ တမျိုးဘဲ….
    တချို ့က အထီးကျန်သွားသလို ခံစားတတ်ကြတယ်လို ့ဖတ်ဘူးပါတယ်..။ လုပ်ဖော်ကိုင်ဖက်တွေနဲ ့ရုတ်တရက်ခွဲရတာမို ့လား.။
    ကိုခ…
    ကျနော် မန်းလေးကို ရောက်ရင် လာတွေ ့မှာနော်..။

    • ခင် ခ

      September 17, 2013 at 12:18 pm

      ဟုတ်ကဲ့ပါ ကိုကျော်စွာခေါင်ရေ မန်းလာဖြစ်ရင် ဆက်သွယ်လိုက်ပါ ဆုံကြတာပေါ့ဗျာ။
      ကျွန်တော်ဖုန်းက ၄၀၂၇၁၆၆၄၉ ပါ။

  • uncle gyi

    September 16, 2013 at 11:05 pm

    လုပ်သက်ပြည့်လို့
    အသက်ပြည့်လို့
    ပင်စင်ယူရတယ် ပေးရတယ်
    ဒါကမလုပ်ချင်သူတွေ
    လုပ်ချင်သူတွေအတွက်က
    ပင်စင်မလိုမလို

    • ခင် ခ

      September 17, 2013 at 12:22 pm

      အန်ကယ်ကြီးပြောတာလဲ ဟုတ်ပါတယ်။၆ဝ ပြည့်လို့ သက်ပြည့်ပင်စင်ယူကြတာ က သတ်မှတ်ချက်အရ လုပ်ကိုလုပ်ကြရတာပါဘဲ။
      ဒါပေသည့် တစ်ချို့လည်း ကျန်းမာနေသေးတော့ အစိုးရမဟုတ်တဲ့အခြားအလုပ်တွေမှာ ဆက်လုပ်ကြတာပေါ့ဗျာ။ တစ်ချို့ကတော့ အဲလို သတ်မှတ်ချိန်အရွယ်မတိုင်မှီ ပင်စင် ယူချင်ကြသူတွေလည်း ရှိတတ်တာပါဘဲ။

  • အလင်းဆက်

    September 17, 2013 at 8:08 pm

    အင်း……
    စိတ်ညစ်စရာတွေ မကြာခဏ …ခဏပေါင်းများတတ်တဲ ့..ကျွန်တော်တစ်ယောက်လည်း..
    တစ်ခါတစ်ရံမှာ..
    ဒီလောက ကနေ ပင်စင်ယူလိုက်ချင်တယ်..။

    ——————-

    😥

  • TNA

    September 22, 2013 at 5:33 pm

    အခုခေတ်ပင်စင်ယူရတာတန်ပါတယ်။ အဖေတို့ခေတ်တုန်းကများဆို ပင်စင်တောင်သွားမထုပ်ရဲဘူး။ လမ်းစရိတ်စိုက်ရလို့။

Leave a Reply