ဒီလိုမိုး​တွေ​စွေ​နေရင်​ ကျုပ်​အတိတ်​ကိုပြန်​​ရောက်​ သွားတတ်​တယ်​ဗျ ။ သတိယတိုင်​းလည်​း စိတ်​မသက်​မသာနဲ့ ကျုပ်​ရင်​ဘတ်​ကြီးပွင်​့မတတ်​ ပါဘဲဗျာ ….

ကျုပ်​မြင်​ခဲ့ရတဲ့မြင်​ကွင်​း​တွေဟာ ရုပ်​ရှင်​အ​နှေးပြသလို တရိတ်​ရိတ်​​ပေါ်လာ​တာဘဲဗျို့ ….

ကျုပ်​​ပြောရင်​ ခင်​ဗျားတို့ ယုံပါ့မလားမသိဘူး….. …..

တစ်​ခါက​ပေါ့ …. ….

အဲဒီညကမိုး​တွေ ​စွေလိုက်​တာဗျာ …….

 

×××××××××××××××××××××××××××××××××××××××××××

 

ကျုပ်​ ပထမဆုံးသစ်​လုံးတင်​ကားနဲ့ လိုက်​လာတဲ့ အ​ခေါက်​က​ပေါ့ဗျာ …

သစ်​လုံးတင်​ကားဆို​တော့ ၂၂ဘီးတပ်​ဆင်​ထားတဲ့ PRIME MOVER ကြီးနဲ့​ပေါ ့။ အရပ်​ထဲ​ခေါ်တာက​တော့ ​ထွေလာကားလို့အလွယ်​​ခေါ်ကြတာပါပဲ ။

ကျုပ်​ကအရင်​တုန်​းက အ​ဝေး​ပြေးဘတ်​စ်​ကား နဲ့ ဘုရားဖူးကားဘဲ​မောင်​းတာ​လေ ။ အခုမှ​ခေတ်​မ​ကောင်​းလို့ သစ်​လုံးကား​ပြောင်​း​မောင်​းတာဗျို့ …

အင်​းးးး ဆိုး​တော့မဆိုးဘူးဗျ … နားနား​နေ​နေ စားလိုက်​ အိပ်​လိုက်​နဲ့ ဆို​တော့ အရင်​ကား​တွေ​လောက်​မပင်​ပန်​းဘူး​ပေါ့ဗျာ ။

လမ်​း​ပေါ်မှာ လိုက်​စရာလည်​းမလိုဘူး ၊ ဖိုက်​စရာလည်​း မလိုဘူး … အဲ အဲ တစ်​ခုပဲ အိပ်​မငိုက်​ဖို့ဘဲလိုတာ :)

ငိုက်​ရင်​​တော့ သိတဲ့အတိုင်​း…

 

အခုရာသီကလည်​း ဇွန်​လဆန်​းပိုင်​း​ဆို​တော့ မိူး​လေးဖွဲဖွဲနဲ့ ကားသမားအကြိုက်​ဖြစ်​​နေတာပါဘဲ ။

ကျုပ်​က​တော့ ​အေး​အေးလူလူ​မောင်​းလို့ရလို့ ကြိုက်​တာပါ …

ဟို .. ​​ကျောက်​ပန်း​​တောင်​းသား ​တွေက​တော့ အမဲ​ခြောက်​ဖုတ်​ဝါးလိုက်​ ..

အာမီရမ်​​လေးပက်​လိုက်​နဲ့ ဟုတ်​​နေတာပဲ ….

ဒါ​ပေမယ်​့ ..ဒီ​နေ့ မိုးကတစ်​မျိုးဗျ ။ည​နေက ထမင်​းဆိုင်​က​ရေဒီယိုမှာကြားလိုက်​ရတာ ဘာတဲ့.. ဘင်​းဂလားပင်​လယ်​​အော်​မှာ မုန်​တိုင်​းဆိုလား ???

ဒါ​ကြောင်​့ထင်​တယ်​ ..မိူးက​စွေပြီးရွာရင်​း တဖြည်​းဖြည်​းသည်​းလာတာဗျို့ ….။

ုကျုပ်​လည်​း ​မောင်​းရင်​းနဲ့ ငိုက်​ချင်​သလိုဖြစ်​လာပါ​ရော …

အပြင်​ကလည်​း​အေးး .. မိုးကလည်​းသည်​း​နေ​တော့ ငိုက်​ချင်​စိတ်​ကို ထိန်​းရင်​း စကား​ပြောဖို့

စပယ်​ယာကိုကြည်​့လိုက်​တာ …

လား လား အိပ်​တာ​တောင်​ အ​တော်​အချိုးကျနေပြီဗျို့ …။

 

ဒါနဲ့ ကျုပ်​လည်​း ကွင်​းကျယ်​ကျယ်​ လွတ်​လွတ်​မှာထိုးရပ်​လိုက်​​တော့တာပဲ ။

မိုးတွေလေ တွေတိုက်နေရင်တော့ သစ်ပင်အောက်မှာမရပ်နဲ့ဗျို ့ …. သစ်ပင် လဲလို့ အိပ် ရာကမနိုးပဲနေသွားမယ် …

​နေ့လည်​​နေ့ခင်​း တစ်​​ရေးတ​မောအိပ်​ရင်​​တော့ သစ်​ရိပ်​​ကောင်​း​ကောင်​းမှာ ​ရွေးအိပ်​သဗျ ။

တစ်​ခု​တော့ရှိတယ်​ …ဘယ်​​သောအခါမှ ကား​အောက်​​တော့ဝင်​မအိပ်​ဘူး။ ကားသမား ကားကြိတ်​တဲ့ ဇတ်​လမ်​း​တွေမြင်​ရတာများလွန်​းလို့ ဗျာ …

စပယ်​ယာ​တွေလည်​း ကျုပ်​ကားမှာ​တော့ ​အောက်​ကိုဝင်​မအိပ်​ခိုင်​းဘူးဗျ ။ ခက်​တာက ကားသမား​တွေက ကား​အောက်​မှာအိပ်​တာအလွန်​ကြိုက်​တာကလား ….

 

ကျုပ်​တို့ သစ်​လုံးတင်​​ထွေလာကား​တွေမှာက စပယ်​ယာနှစ်​​ယောက်​ထားသဗျ ။ တစ်​​ယောက်​တလှည်​့ ​ခေါင်​းခန်​းထဲအိပ်​ခိုင်​းရတာ​ပေါ့ … …ဒီလိုနဲ့ ….

ကျုပ်​လည်​း မိုး​အေး​အေးနဲ့ အိပ်​လိုက်​တာ အချိန်​ဘယ်​​လောက်​ကြာမှန်​းမသိ​အောင်​ပါပဲ …။?

ရုတ်​တရက်​ … အိမ်​မက်​လိုလို ဘာလိုလိုနဲ့ တံခါး​ခေါက်​သံကြားလိုက်​ရတယ်​ …

ကျုပ်​မျက်​လုံး​တွေဖွင်​့မရ​သေးဘူး ၊ တံခါး​ခေါက်​သံ ဆက်​ကြားရပြန်​တယ်​ ။

အိပ်​တဝက်​နိုးတစ်​ဝက်​နဲ့ ကျုပ်​လည်​း ကုန်​းရုန်​းထပြီး အသံလာရာကိုလည်​းကြည်​့လိုက်​​ရော …

 

အာာားးးးးးးး………….

ကျုပ်​ …ကျုပ်​ ……မ​အော်​မိ​အောင်​ ကျုပ်​်​ပါးစပ်​ကို လက်​ထိုးထည်​့လိုက်​ရတယ်​ဗျို့ …….

 

ရုတ်​တရက်​ မြင်​လိုက်​ရတဲ့မြင်​ကွင်​းဟာ ကျုပ်​ဆံပင်​​တွေကို​ထောင်​ထ သွား​စေတယ်​…

ကျုပ်​ခ​န္ဓာကိုယ် မှာလည်း ကြက်သီးဖုတွေထလို့ ……………

ကျုပ်လက်တွေ တဆတ်ဆတ် တုန်နေတယ်……

ကမန်းကတန်း ကားဒက် ရှ်ဘုတ်ထဲက နှစ်တောင့်ထိုးဓတ်မီကိုစမ်းရင်း တာယာလီဗာသံချောင်းကိုလည်း

ရှာနေမိတယ် ……

သွားပြီ ….. ဒီတချီ​တော့ အပြီးဘဲ ….

 

ကျုပ်​ စိတ်​ထဲမှာ ဆဲနည်​း​ပေါင်​းစုံကိုအကျယ်​ကြီးဆဲ​နေ​ပေမယ်​့

ကျုပ်​ ဆဲသံက အပြင်​ကို ထွက်​မလာဘူး …. မပီမသ ခတ်​တိုးတိုး ထွက်​သွားမယ်​ထင်​တယ်​ …. ….

ကျုပ်​…. ကျုပ်​ …ဆုံးဖြတ်​လိုက်​ပြီ ..

တံခါး​ကို ဆွဲဖွင်​့ပြီးတာနဲ့ သံတုတ်​နဲ့ ရိုက်​ချလိုက်​မယ်​ဆိုပြီး လက်​ကို​မြှောက်​လိုက်​တာ​ပေါ့ ….

 

“ ဆရာ !!!! မလုပ်​နဲ့ !!!

ကျုပ်​တပည်​့ ကြွက်​နီက ကျုပ်​လက်​ကိုအတင်​းဆွဲထားတယ်​ဗျ

 

ဆရာ…ဆရာ … စိတ်​ထိန်​းဦး​လေ ¡¡¡

 

ပြီး​တော့…… ကားတံခါး​ပေါက်​ဖက်​ကို လက်​​ဝှေ့ယမ်​းပြလိုက်​ရင်​းးး….. ​

သွား​တော့…သွား​တော့ ………..တဲ့..။

 

ကြွက်​နီရဲ့ အမိန်​့ကိုနာခံတဲ့ အရိပ်​သဏ္ဍန်​ဟာ တဖြည်​းဖြည်​းဆုတ်​ခွါသွားတယ်​…..

ကျုပ်​လည်​း ကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ကိုင်​ထားတဲ့သံ

တုတ်​ကို ပစ်​ချလိုက် ရင်​း ……. ဘယ်​လိုလဲ ? ဆိုတဲ့သ​ဘောနဲ့ ကြွက်​နီကို ကြည်​့လိုက်​​တော့ ………???

 

 

 

. ​

 

 

ေဩာ်​……. ဒါနဲ့ …..

ကျုပ်​​တွေ့ လိုက်​ရတာ​လေး ​ပြောရဦးမယ်​ဗျို့ ။

ခတ်​ပြင်​းပြင်​းတံခါး​ခေါက်​သံ ​ကြောင်​့ကျုပ်​​ခေါင်​း​ထောင်​ကြည်​့မိတယ်​…

ပြတင်​း​ပေါက်​အပြင်​ဘက်​က မုှန်​ဝါးဝါးအလင်​းရောင်​​အောက်​မှာ ဖြူဖြူသဏ္ဍန်​တစ်​ခု…..

မိုး မုှန်​​လေး​တွေကြားမှာ မျက်​နှာဖြူဖြူကြီးက ပြတင်​း​ပေါက်​မှန်​နားတိုးကပ်​လာပြီ ။

…..တစ်​လှမ်​း ….

……နှစ်​လှမ်​း ……

ရုတ်​တရက်​ …… မီး​တောက်​ငယ်​တစ်​ခုက မျက်​နှာဖြူဖြူကြီးနားမှာ ..ရဲ ကနဲ …

မီး​ရောင်​​အောက်​မှာ ​တွေ့လိုက်​ရတာက​တော့ ခတ်​နီနီနုှတ်​ခမ်​းထူထူ ကြီး ။

ပြီး​တော့ …… မီးအလင်​း​ရောင်​နဲ့အတူ ကျုပ်​ကို သွားဖြဲပြတယ်​….ဟီးးး ဟီးးး…တဲ့ …..

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကြွက်​နီက ကျုပ်​ကိုရှင်​းပြ​တော့ ကျုပ်​မှာ ငိုရအခက်​ …ရီရအခက်​ ..။

ရှက်​လည်​း ရှက်​မိပါရဲ့ …။

ဘယ်​့နှယ်​ဗျာ …. ည ကြီးသန်​​ကောင်​ အိပ်​​ကောင်​းတုန်​းမှာ မျက်​နှာဖြူဖြူကြီးက တံခါးလာ​ခေါက်​​တော့ ကျုပ်​လည်​း လန်​့သွားတာ​ပေါ့ ….

ပြီး​တော့မှ …. ကုန်​း​ပေါ်က စင်​​ရော်​​တွေ တဲ့ ……

ညငှက်​မ​လေး​တွေ​ပေါ့ဗျာ …။

သူတို့မှာ အ​သွေးအသားအငှါးလိုက်​ရင်​း လမ်​း​ဘေး ကားသမား​တွေကြားမှာရှာစား​နေရ​တော့

ထိုက်​ထိုက်​တန်​တန်​ ဘယ်​ရပါ့မလဲ ။ ဒါ​ကြောင်​့ …

အ​ပေါစား သနပ်​ခါး​ပေါ်မှာ အ​ပေါစား​ပေါင်​ဒါမှုန်​့​တွေကိုလိမ်​း …….

နှုတ်​ခမ်​းနီ အ​ပေါစားကို ရဲရဲ ​တောက်​​နေ​အောင်​ဆိုး …….

ညဖက်​ ဟိုက်​​ဝေးလမ်​း​ပေါ်မှာကားသမား​တွေမြက်​​အောင်​ ဓာတ်​မီး​ရောင်​​လေးပြ……

ညငှက်​​တွေမှန်​းသိ​အောင်​ စီးကရက်​အ​ပေါစား​တွေ ဖွာပြ ……

ဒီလို ……ဒီလို နဲ့ . ……

 

ကျုပ်​ကားနားကိုလာပြီး တံခါး​ခေါက်​ ၊ ပြီး​တော့ မျက်​နှာကိုမှန်​တံခါးနားကပ်​ ၊ ကျုပ်​မြင်​​အောင်​ မီးခြစ်​နဲ့ မျက်​နှာနားမှာခြစ်​ပြလိုက်​တာ …..

ဟင်​းးးးး…..ကျုပ်​လည်​း ဇိုးဇိုးဇတ်​ဇတ်​ တုန်​သွားတာဘဲဗျို့ ……..

သူ့မှာ​တော့ … ည​ကြေးမကိုက်​​သေးလို့ …..

ကျုပ်​ က​တော့ …… ဝိညဉ်​ ​လေ​လား …. တ​စ္ဆေ လား  ….. … လို့ ……

 

 

 

 

 

တစ်​ခါက

​မောင်​ဆာမိ

About ေမာင္ရိုး

surmi has written 113 post in this Website..