တစ်​ခါက နှင်​့ ဝိညဉ်​ ​လေလား .. တ​စ္ဆေ လား !!!??

ေမာင္ရိုးSeptember 16, 20131min34034

ဒီလိုမိုး​တွေ​စွေ​နေရင်​ ကျုပ်​အတိတ်​ကိုပြန်​​ရောက်​ သွားတတ်​တယ်​ဗျ ။ သတိယတိုင်​းလည်​း စိတ်​မသက်​မသာနဲ့ ကျုပ်​ရင်​ဘတ်​ကြီးပွင်​့မတတ်​ ပါဘဲဗျာ ….

ကျုပ်​မြင်​ခဲ့ရတဲ့မြင်​ကွင်​း​တွေဟာ ရုပ်​ရှင်​အ​နှေးပြသလို တရိတ်​ရိတ်​​ပေါ်လာ​တာဘဲဗျို့ ….

ကျုပ်​​ပြောရင်​ ခင်​ဗျားတို့ ယုံပါ့မလားမသိဘူး….. …..

တစ်​ခါက​ပေါ့ …. ….

အဲဒီညကမိုး​တွေ ​စွေလိုက်​တာဗျာ …….

 

×××××××××××××××××××××××××××××××××××××××××××

 

ကျုပ်​ ပထမဆုံးသစ်​လုံးတင်​ကားနဲ့ လိုက်​လာတဲ့ အ​ခေါက်​က​ပေါ့ဗျာ …

သစ်​လုံးတင်​ကားဆို​တော့ ၂၂ဘီးတပ်​ဆင်​ထားတဲ့ PRIME MOVER ကြီးနဲ့​ပေါ ့။ အရပ်​ထဲ​ခေါ်တာက​တော့ ​ထွေလာကားလို့အလွယ်​​ခေါ်ကြတာပါပဲ ။

ကျုပ်​ကအရင်​တုန်​းက အ​ဝေး​ပြေးဘတ်​စ်​ကား နဲ့ ဘုရားဖူးကားဘဲ​မောင်​းတာ​လေ ။ အခုမှ​ခေတ်​မ​ကောင်​းလို့ သစ်​လုံးကား​ပြောင်​း​မောင်​းတာဗျို့ …

အင်​းးးး ဆိုး​တော့မဆိုးဘူးဗျ … နားနား​နေ​နေ စားလိုက်​ အိပ်​လိုက်​နဲ့ ဆို​တော့ အရင်​ကား​တွေ​လောက်​မပင်​ပန်​းဘူး​ပေါ့ဗျာ ။

လမ်​း​ပေါ်မှာ လိုက်​စရာလည်​းမလိုဘူး ၊ ဖိုက်​စရာလည်​း မလိုဘူး … အဲ အဲ တစ်​ခုပဲ အိပ်​မငိုက်​ဖို့ဘဲလိုတာ 🙂

ငိုက်​ရင်​​တော့ သိတဲ့အတိုင်​း…

 

အခုရာသီကလည်​း ဇွန်​လဆန်​းပိုင်​း​ဆို​တော့ မိူး​လေးဖွဲဖွဲနဲ့ ကားသမားအကြိုက်​ဖြစ်​​နေတာပါဘဲ ။

ကျုပ်​က​တော့ ​အေး​အေးလူလူ​မောင်​းလို့ရလို့ ကြိုက်​တာပါ …

ဟို .. ​​ကျောက်​ပန်း​​တောင်​းသား ​တွေက​တော့ အမဲ​ခြောက်​ဖုတ်​ဝါးလိုက်​ ..

အာမီရမ်​​လေးပက်​လိုက်​နဲ့ ဟုတ်​​နေတာပဲ ….

ဒါ​ပေမယ်​့ ..ဒီ​နေ့ မိုးကတစ်​မျိုးဗျ ။ည​နေက ထမင်​းဆိုင်​က​ရေဒီယိုမှာကြားလိုက်​ရတာ ဘာတဲ့.. ဘင်​းဂလားပင်​လယ်​​အော်​မှာ မုန်​တိုင်​းဆိုလား ???

ဒါ​ကြောင်​့ထင်​တယ်​ ..မိူးက​စွေပြီးရွာရင်​း တဖြည်​းဖြည်​းသည်​းလာတာဗျို့ ….။

ုကျုပ်​လည်​း ​မောင်​းရင်​းနဲ့ ငိုက်​ချင်​သလိုဖြစ်​လာပါ​ရော …

အပြင်​ကလည်​း​အေးး .. မိုးကလည်​းသည်​း​နေ​တော့ ငိုက်​ချင်​စိတ်​ကို ထိန်​းရင်​း စကား​ပြောဖို့

စပယ်​ယာကိုကြည်​့လိုက်​တာ …

လား လား အိပ်​တာ​တောင်​ အ​တော်​အချိုးကျနေပြီဗျို့ …။

 

ဒါနဲ့ ကျုပ်​လည်​း ကွင်​းကျယ်​ကျယ်​ လွတ်​လွတ်​မှာထိုးရပ်​လိုက်​​တော့တာပဲ ။

မိုးတွေလေ တွေတိုက်နေရင်တော့ သစ်ပင်အောက်မှာမရပ်နဲ့ဗျို ့ …. သစ်ပင် လဲလို့ အိပ် ရာကမနိုးပဲနေသွားမယ် …

​နေ့လည်​​နေ့ခင်​း တစ်​​ရေးတ​မောအိပ်​ရင်​​တော့ သစ်​ရိပ်​​ကောင်​း​ကောင်​းမှာ ​ရွေးအိပ်​သဗျ ။

တစ်​ခု​တော့ရှိတယ်​ …ဘယ်​​သောအခါမှ ကား​အောက်​​တော့ဝင်​မအိပ်​ဘူး။ ကားသမား ကားကြိတ်​တဲ့ ဇတ်​လမ်​း​တွေမြင်​ရတာများလွန်​းလို့ ဗျာ …

စပယ်​ယာ​တွေလည်​း ကျုပ်​ကားမှာ​တော့ ​အောက်​ကိုဝင်​မအိပ်​ခိုင်​းဘူးဗျ ။ ခက်​တာက ကားသမား​တွေက ကား​အောက်​မှာအိပ်​တာအလွန်​ကြိုက်​တာကလား ….

 

ကျုပ်​တို့ သစ်​လုံးတင်​​ထွေလာကား​တွေမှာက စပယ်​ယာနှစ်​​ယောက်​ထားသဗျ ။ တစ်​​ယောက်​တလှည်​့ ​ခေါင်​းခန်​းထဲအိပ်​ခိုင်​းရတာ​ပေါ့ … …ဒီလိုနဲ့ ….

ကျုပ်​လည်​း မိုး​အေး​အေးနဲ့ အိပ်​လိုက်​တာ အချိန်​ဘယ်​​လောက်​ကြာမှန်​းမသိ​အောင်​ပါပဲ …။?

ရုတ်​တရက်​ … အိမ်​မက်​လိုလို ဘာလိုလိုနဲ့ တံခါး​ခေါက်​သံကြားလိုက်​ရတယ်​ …

ကျုပ်​မျက်​လုံး​တွေဖွင်​့မရ​သေးဘူး ၊ တံခါး​ခေါက်​သံ ဆက်​ကြားရပြန်​တယ်​ ။

အိပ်​တဝက်​နိုးတစ်​ဝက်​နဲ့ ကျုပ်​လည်​း ကုန်​းရုန်​းထပြီး အသံလာရာကိုလည်​းကြည်​့လိုက်​​ရော …

 

အာာားးးးးးးး………….

ကျုပ်​ …ကျုပ်​ ……မ​အော်​မိ​အောင်​ ကျုပ်​်​ပါးစပ်​ကို လက်​ထိုးထည်​့လိုက်​ရတယ်​ဗျို့ …….

 

ရုတ်​တရက်​ မြင်​လိုက်​ရတဲ့မြင်​ကွင်​းဟာ ကျုပ်​ဆံပင်​​တွေကို​ထောင်​ထ သွား​စေတယ်​…

ကျုပ်​ခ​န္ဓာကိုယ် မှာလည်း ကြက်သီးဖုတွေထလို့ ……………

ကျုပ်လက်တွေ တဆတ်ဆတ် တုန်နေတယ်……

ကမန်းကတန်း ကားဒက် ရှ်ဘုတ်ထဲက နှစ်တောင့်ထိုးဓတ်မီကိုစမ်းရင်း တာယာလီဗာသံချောင်းကိုလည်း

ရှာနေမိတယ် ……

သွားပြီ ….. ဒီတချီ​တော့ အပြီးဘဲ ….

 

ကျုပ်​ စိတ်​ထဲမှာ ဆဲနည်​း​ပေါင်​းစုံကိုအကျယ်​ကြီးဆဲ​နေ​ပေမယ်​့

ကျုပ်​ ဆဲသံက အပြင်​ကို ထွက်​မလာဘူး …. မပီမသ ခတ်​တိုးတိုး ထွက်​သွားမယ်​ထင်​တယ်​ …. ….

ကျုပ်​…. ကျုပ်​ …ဆုံးဖြတ်​လိုက်​ပြီ ..

တံခါး​ကို ဆွဲဖွင်​့ပြီးတာနဲ့ သံတုတ်​နဲ့ ရိုက်​ချလိုက်​မယ်​ဆိုပြီး လက်​ကို​မြှောက်​လိုက်​တာ​ပေါ့ ….

 

“ ဆရာ !!!! မလုပ်​နဲ့ !!!

ကျုပ်​တပည်​့ ကြွက်​နီက ကျုပ်​လက်​ကိုအတင်​းဆွဲထားတယ်​ဗျ

 

ဆရာ…ဆရာ … စိတ်​ထိန်​းဦး​လေ ¡¡¡

 

ပြီး​တော့…… ကားတံခါး​ပေါက်​ဖက်​ကို လက်​​ဝှေ့ယမ်​းပြလိုက်​ရင်​းးး….. ​

သွား​တော့…သွား​တော့ ………..တဲ့..။

 

ကြွက်​နီရဲ့ အမိန်​့ကိုနာခံတဲ့ အရိပ်​သဏ္ဍန်​ဟာ တဖြည်​းဖြည်​းဆုတ်​ခွါသွားတယ်​…..

ကျုပ်​လည်​း ကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ကိုင်​ထားတဲ့သံ

တုတ်​ကို ပစ်​ချလိုက် ရင်​း ……. ဘယ်​လိုလဲ ? ဆိုတဲ့သ​ဘောနဲ့ ကြွက်​နီကို ကြည်​့လိုက်​​တော့ ………???

 

 

 

. ​

 

 

ေဩာ်​……. ဒါနဲ့ …..

ကျုပ်​​တွေ့ လိုက်​ရတာ​လေး ​ပြောရဦးမယ်​ဗျို့ ။

ခတ်​ပြင်​းပြင်​းတံခါး​ခေါက်​သံ ​ကြောင်​့ကျုပ်​​ခေါင်​း​ထောင်​ကြည်​့မိတယ်​…

ပြတင်​း​ပေါက်​အပြင်​ဘက်​က မုှန်​ဝါးဝါးအလင်​းရောင်​​အောက်​မှာ ဖြူဖြူသဏ္ဍန်​တစ်​ခု…..

မိုး မုှန်​​လေး​တွေကြားမှာ မျက်​နှာဖြူဖြူကြီးက ပြတင်​း​ပေါက်​မှန်​နားတိုးကပ်​လာပြီ ။

…..တစ်​လှမ်​း ….

……နှစ်​လှမ်​း ……

ရုတ်​တရက်​ …… မီး​တောက်​ငယ်​တစ်​ခုက မျက်​နှာဖြူဖြူကြီးနားမှာ ..ရဲ ကနဲ …

မီး​ရောင်​​အောက်​မှာ ​တွေ့လိုက်​ရတာက​တော့ ခတ်​နီနီနုှတ်​ခမ်​းထူထူ ကြီး ။

ပြီး​တော့ …… မီးအလင်​း​ရောင်​နဲ့အတူ ကျုပ်​ကို သွားဖြဲပြတယ်​….ဟီးးး ဟီးးး…တဲ့ …..

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကြွက်​နီက ကျုပ်​ကိုရှင်​းပြ​တော့ ကျုပ်​မှာ ငိုရအခက်​ …ရီရအခက်​ ..။

ရှက်​လည်​း ရှက်​မိပါရဲ့ …။

ဘယ်​့နှယ်​ဗျာ …. ည ကြီးသန်​​ကောင်​ အိပ်​​ကောင်​းတုန်​းမှာ မျက်​နှာဖြူဖြူကြီးက တံခါးလာ​ခေါက်​​တော့ ကျုပ်​လည်​း လန်​့သွားတာ​ပေါ့ ….

ပြီး​တော့မှ …. ကုန်​း​ပေါ်က စင်​​ရော်​​တွေ တဲ့ ……

ညငှက်​မ​လေး​တွေ​ပေါ့ဗျာ …။

သူတို့မှာ အ​သွေးအသားအငှါးလိုက်​ရင်​း လမ်​း​ဘေး ကားသမား​တွေကြားမှာရှာစား​နေရ​တော့

ထိုက်​ထိုက်​တန်​တန်​ ဘယ်​ရပါ့မလဲ ။ ဒါ​ကြောင်​့ …

အ​ပေါစား သနပ်​ခါး​ပေါ်မှာ အ​ပေါစား​ပေါင်​ဒါမှုန်​့​တွေကိုလိမ်​း …….

နှုတ်​ခမ်​းနီ အ​ပေါစားကို ရဲရဲ ​တောက်​​နေ​အောင်​ဆိုး …….

ညဖက်​ ဟိုက်​​ဝေးလမ်​း​ပေါ်မှာကားသမား​တွေမြက်​​အောင်​ ဓာတ်​မီး​ရောင်​​လေးပြ……

ညငှက်​​တွေမှန်​းသိ​အောင်​ စီးကရက်​အ​ပေါစား​တွေ ဖွာပြ ……

ဒီလို ……ဒီလို နဲ့ . ……

 

ကျုပ်​ကားနားကိုလာပြီး တံခါး​ခေါက်​ ၊ ပြီး​တော့ မျက်​နှာကိုမှန်​တံခါးနားကပ်​ ၊ ကျုပ်​မြင်​​အောင်​ မီးခြစ်​နဲ့ မျက်​နှာနားမှာခြစ်​ပြလိုက်​တာ …..

ဟင်​းးးးး…..ကျုပ်​လည်​း ဇိုးဇိုးဇတ်​ဇတ်​ တုန်​သွားတာဘဲဗျို့ ……..

သူ့မှာ​တော့ … ည​ကြေးမကိုက်​​သေးလို့ …..

ကျုပ်​ က​တော့ …… ဝိညဉ်​ ​လေ​လား …. တ​စ္ဆေ လား  ….. … လို့ ……

 

 

 

 

 

တစ်​ခါက

​မောင်​ဆာမိ

34 comments

  • Myo Thant

    September 16, 2013 at 3:03 pm

    ပြီးတော့ကော ဟင် ?

    ဆက်အိပ်မယ်တော့ မထင် 🙂

    • sorrow weaver

      September 16, 2013 at 3:11 pm

      ဦးဦးမျိုးသန့်…ပေါက်ကရမမေးရ …အဟီး

    • surmi

      September 18, 2013 at 10:55 am

      ဘယ်​အိပ်​လ်ို့ ရ​တော့မလဲ ကိုမျိုးသန်​့ရဲ့
      လန်​့စ်​ သွားတာကိုးးး 🙂

      ​ပြောလိုက်​စမ်​းပါ sorrow weaver ရယ်​ 🙂
      ​ကျေး ​ကျေး ..

  • KZ

    September 16, 2013 at 3:08 pm

    ဟမ်မလေးးးး
    ဆာဆာ ရယ်။
    ကံကောင်းလို့ပါလားးးးးး

    ကြောက်ကြောက်နဲ့ ဖတ်လာတာ စင်ရော်တွေဖစ်နေလို့ တော်သေးးးးး

    :kwi:

  • MAUNG

    September 16, 2013 at 3:09 pm

    ဟားဟား ဖြစ်မှ ဖြစ်တတ် ပလေ
    တော်သေး တာပေါ့၊ မရိုက် လိုက် ခင်တားမိလို့
    နို့မို့ဆို သက်သက် အလုပ် ရှုပ် ကုန်မယ် 🙂

    • surmi

      September 18, 2013 at 11:04 am

      မခိုင်​ဇာ ..
      မ​ကြောက်​ပါနဲ့ဗျို့ …
      စင်​​ယော်​က ပို​ကြောက်​ဖို့​ကောင်​းတာ ….

      @Maung
      ဟုတ်​ပဗျာ …
      တစ်​ခါတ​လေ အိပ်​ချင်​မူးတူးမှာ အာရုံမှားတတ်​တယ်​​လေ
      ​ကြောက်​ကန်​ ကန်​တဲ့သ​ဘောမျိုး​ပေါ့
      အဓိက က လူလို့မထင်​ထားတာပဲ .. 🙂

  • kyeemite

    September 16, 2013 at 3:49 pm

    ကိုရင်ဆာမိရေ…ဟုတ်ပါ့
    ကျုပ်လည်း အသိတစ်ယောက် အဝေးပြေးကုန်တင်ကားနဲ့ ကားကြုံလိုက်စီးဖူးတယ်
    ဟုတ်သဗျို့…ဒီကားနဲ့ပါလာလိုက် ၊ နောက်ပြန်သွားတဲ့ကားနဲ့ ပြန်လိုက်သွားလိုက်နဲ့
    ခေါက်တုန့်ပြန်သွားလာနေကြတာဗျို့.. ရင်းနှီးနေကြတဲ့ ကားသမားတွေက တစ်စီးနဲ့
    တစ်စီး လက်ဆင့်တောင်ကမ်းနေကြသေးတာ… 😀

    • surmi

      September 18, 2013 at 11:10 am

      ဟုတ်​လိုက်​​လေ ဦးမိုက်​ရယ်​ …
      မယုံဘူး ကြုံဖူးမှသိ ဆိုသလိုဘဲဗျ ။
      အရင်​တုန်​းက ပျဉ်​းမနားတဝိုက်​က ကားလမ်​း​ပေါ်​တွေမှာဆို
      ​ပေါလိုက်​သမှ ​အောလဘုံ ဆိုပဲ (cd / ကိုပု) 🙂

      @မဗုံဗုံ
      ကျုပ်​ကို အချွန်​​တွေ ဆူးသွား​တွေနဲ့ မ ​နေပါလား …

  • ဗုံဗုံ

    September 16, 2013 at 4:00 pm

    အဲ့ဒီညက အိမ်ပြန်ရောက်တော့ အူးဆာအကျီကော်လံမှာ နှုတ်ခမ်းနီတွေဆိုလား :mrgreen:
    တံခါးဘောင်ကနေ ပေသွားတာပါတဲ့..အူးဆာပြောတာ.. :mrgreen:

  • ခင် ခ

    September 16, 2013 at 4:42 pm

    အဲ ကြောက်ကြောက်နဲ့ဘဲ တအားဖက်ထားလိုက်တယ်မလား
    ရှေ့ပေါင်ပေါ်တင်ထားတဲ့ ဘေးလွယ်အိတ်ကလေးကို ပြောပါတယ်။

    • surmi

      September 18, 2013 at 11:15 am

      ဦးခ ခင်​ဗျ …..
      ​ကြောက်​ ​ကြောက်​နဲ့​တော့ မဖက်​ဘူးဗျာ
      ရမ်​း ပစ်​လိုက်​မှာ 🙂

      @သဂျား
      မယုံရင်​ လိုက်​ပြမယ်​
      သရဲ မ​ကြောက်​ဘူး ဆိုရင်​​ပေါ့.. ဟဲဟဲ

  • Mr. MarGa

    September 16, 2013 at 6:36 pm

    အီးးးဟီးးးးးးး
    ကြောက်ပါတယ် ဆိုမှ
    ဒီ ဦးဆာကလဲ ဘာတွေရေးမှန်းမသိ
    နောက်တစ်ခါဆို သူရို့ကို ပြောလိုက် မီးခြစ်နဲ့ မခြစ်နဲ့ ဓါတ်မီးနဲ့ ထိုး လို့ :mrgreen:

  • မှော်ဆရာ

    September 16, 2013 at 6:53 pm

    ဘာမှန်းမသိခင်တော့ ကြောက်မှာပေါ့နော် ..ဘာမှန်းလဲ သိသွားရော .. 😛

    • surmi

      September 18, 2013 at 11:20 am

      က​မှော်​ကြီး …
      မသိခင်​ကလည်​း​ကြောက်​ …
      သိသွား​တော့လည်​း …… ​ကြောက်​ ပါ ြပြီ ဗျ!!!!!!!!!!!!

      @ကို​ကျော်​စွာ​​
      အဟမ်​းးးးး!!!!
      အသား​တွေတုန်​တာပါဆရာရယ်​ 🙂
      တမျိုးမထင်​ပါနဲ့ ..

  • ကျော်စွာခေါင်

    September 16, 2013 at 10:21 pm

    ဒီလို ……ဒီလို နဲ့ . ……

    ကျုပ်​ကားနားကိုလာပြီး တံခါး​ခေါက်​ ၊ ပြီး​တော့ မျက်​နှာကိုမှန်​တံခါးနားကပ်​ ၊ ကျုပ်​မြင်​​အောင်​ မီးခြစ်​နဲ့ မျက်​နှာနားမှာခြစ်​ပြလိုက်​တာ …..
    ဟင်​းးးးး…..ကျုပ်​လည်​း ဇိုးဇိုးဇတ်​ဇတ်​ တုန်​သွားတာဘဲဗျို့ ……..

    ….. ကဲ…မှန်မှန်ပြော…
    ဘာတုန်တာလဲ….။

  • uncle gyi

    September 16, 2013 at 10:55 pm

    အံမာသူကပဲကြောက်နေသေး
    ဟဝါပြုမလားလို့ဟဝါပြုတာ
    သူကပဲငပြူးကပြဲရသေးတယ်လို့
    တော်ပြီအိပ်ရေးပျက်တာပိုသေး
    အိမ်ပြန်အိပ်တာပဲကောင်းတယ်

    • surmi

      September 18, 2013 at 11:25 am

      အန်​ကယ်​ကြီး 🙂
      အဲသလို ြြြဖြစ်​သွားတာ​ပေါ့နာ ….

      @Wow..
      ဝတ​်​ညင်​ လည်​းမဟုတ်​​ရော ……
      ဘာ​ပြော​ကောင်​းမလဲ …..
      ​ရေတစ်​ပုလင်​းလုံး​သောက်​ပလိုက်​တာ​ပေါ့ ဗျာ ….ဟဲဟဲ ..

      • ခင် ခ

        September 18, 2013 at 4:47 pm

        အနီမပါရင် ခေတ်မမှီမှာစိုးလို့ တစ်ခုတော့အားပေးထားတာတွေ့ပါ၏။

  • Wow

    September 17, 2013 at 9:30 am

    အာ့နဲ့ ဝတ်ညင် မဟုတ်မှန်းလဲသိရော ဆာဆာ ဘာဆက်လုပ်လဲ :mrgreen:

  • cobra

    September 17, 2013 at 11:39 am

    ရိုက်မိလိုက်လို့ကတော့
    ဦးဆာမိရေ.. လျော်ထားပဲ
    ပီးတော့ဘာဆက်ဖြစ်ကြလဲ ဆက်ပြောဦးလေ

    • surmi

      September 18, 2013 at 11:30 am

      ဘာမှ ဆက်​မဖြစ်​ဘူး ညီ​လေး​မြွေမင်​းသား​ရေ…
      ဆက်​မ​တွေးနဲ့ …ဆက်​မ​တွေးနဲ့ .. 🙂

      Hi !!! အရီးလတ်​ …
      မ​တွေ့တာ​တောင်​ကြာလို့ဗျာ
      သတိတယ လာ​အား​ပေးတာ ​​ကျေး ​ကျေး …
      အရီး​ပြောသလို ဒီတခါ သဂျီးဆီပို့ရမယ်​
      ဒါမှ …. သဂျီးဗိုက်​​ခေါက်​ အလိမ်​ခံရမှာ 🙂

  • အရီးခင်

    September 17, 2013 at 2:57 pm

    ကဆာမိ
    အရေး ကတော့ ထုံးစံအတိုင်း တကဲ့ ရှယ်ပါဘဲ။
    နောက်ဆို အဲလို သရဲ ထင်တာနဲ့ ဆွဲဖမ်း ပြီး သူကြီးဆီ ကိုသာပို့လိုက်။
    ကျန်တာ သူကြည့်ရှင်းလိမ့်မယ်။
    😉

  • အလင်းဆက်

    September 17, 2013 at 8:10 pm

    ဦးဆာတို ့များ…
    အလန့်သကြား..ဖြစ်အောင်..ရေးတတ်ပါပေ့..။.

    🙂

    • surmi

      September 18, 2013 at 11:33 am

      မ​ကြောက်​ပါနဲ့ကွယ်​…
      ဆက်​အိပ်​…ဆက်​အိပ်​ 🙂

  • kolumbus

    September 17, 2013 at 10:07 pm

    ကိုဆာမိ အဗာတာက ကိုဆာမိသား လက်ရာများလား။ အခုမှပဲ မြင်ရတော့တယ်။ ကျနော့ မျက်စိထဲမယ် ဂဇက်ရွာလားထင်မိတယ်။ အရောင်စုံ ပုံစံစုံတစ်နေရာထဲမှာစုထားလို့။

    • surmi

      September 18, 2013 at 11:38 am

      ဟုတ်​ပ အစ်​ကို Kolumbus ​ရေ
      ကျ​နော့သား​ပေါက်​စန လက်​​ဆော့ထားတာ
      သူဟာထည်​့​ပေးရမယ်​ဆိုလို့​လေ…
      အစ်​ကို​ပြောမှဘဲ ဂဇက်​နဲ့ တူတာ သတိထားမိတယ်​ 🙂

      @ဦး​ကြောင်​
      ကျုပ်​​နေရာမှာ ဦး​ကြောင်​သာဆိုရင်​ ¿¿¿¿¿¿ 🙂 ♥♥♥♥

  • ဦးကြောင်ကြီး

    September 18, 2013 at 8:16 am

    အဲသာမျိုး ဆော်ထည့်လိုက်ရမှာဗျ…

  • Novy

    September 18, 2013 at 3:35 pm

    ကိုရင်ဆာတယောက် ဂဲ့ ဝိညဉ်နဲ့တြွေ့ပီအောင်းမေ့နေတာ
    အခုတော့ ဇိုးဇိုးဇတ်​ဇတ်​ တုန်​သွားတာပဲအဖက်တင်တယ်ပေါ့ :harr:

    • ဦးကြောင်ကြီး

      September 19, 2013 at 7:50 am

      အမ်တီနိုဗွီ…. ကြောင်ကြီးကို မခြစ်တော့ဝူးလား… မခြစ်ရင်လဲနေ… ခရစ်စတယ်လေးနဲ့ အောင်သွယ်ပေးရင် အမ်တီနိုဗွီ့ သာမီးလေးဂို ချမ်းသာရာပေးမယ်… နို့မို့လိုဂဒေါ့.. ကြောင်ကြီး အဆိုး မဆိုနဲ့…

  • Ma Ma

    September 19, 2013 at 1:44 pm

    ကြွက်နီစကားကို နားထောင်တယ်ဆိုတော့ ကြွက်နီကပဲ သရဲနိုင်ဂါထာ တတ်သလိုလို ထင်လိုက်မိတာ……. :kwi:

  • ဦးဆာမိနော် လျို့ဝှက်ချက်တွေချန်မထားနဲ့ဦး ဟဲဟဲ :mrgreen:
    အလကားနောက်တာပါ ဥဆာတို့ကဒါမျိုးတွေဝါသနာပါမှာမှုတ်ဘူးမို့လား ေိေိ

  • Crystalline

    September 20, 2013 at 2:19 pm

    ဦးဆာမိရယ်.. သူတို့ဘဝတွေက မလုံခြုံလိုက်တာနော်… အခြေအနေအမျိုးမျိုးမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း နှစ်ဖက်စလုံးအနည်းနဲ့အများတော့ခံစားရမှာပဲ.. 🙁

  • ကိုရင်စည်သူ

    September 20, 2013 at 8:36 pm

    အုဆာ မှန်မှန်ပြော… လန့်လန့်နဲ့ မအိပ်ရဲလို့ စင်ရော်မှန်မှန်ဖောလိုက်တယ်မဟုတ်လား…။
    ဟိုနေ့ကတောင် ဒေါပုံက ပြန်တော့ ကားအတူစီးလာတာ ပန်းဆိုးတန်းမှာ ဆင်းသွားတာ
    တော်တော်လှသဗျာ.. ကိုယ်တွေက ရိုးတော့ မျက်လုံးချင်းဆုံဖို့တောင် ရင်ခုန်သေးတယ်။
    ဘေးက သင်္ဘောသီးက နင့်ကို ပစ်နေပီဆိုမှ.. ရှက်ရှက်နဲ့.. ဟဲဟဲ…
    နောက်တစ်ကားပြောင်းစီးလိုက်ပါတယ်လို့…. :mrgreen:

  • TNA

    September 21, 2013 at 2:25 pm

    သားသား လန့်လန့်။ အောင်မညေးချိုပီး ဆက်လန့်လိုက်တာပေါ့ ဘာရမလဲ ဟဲဟဲ ဟုတ်တယ်ဟုတ်ဦးဆာ

Leave a Reply