ဘုရားကပေးတာ

ムラカミSeptember 16, 20131min37842

နင်. အရမ်းချစ်ဖို့ကောင်းတယ်.

ပြောတိုင်း. ဟင့်အင်း. နင် က ချစ်တတ်တာပါ. ဆိုတဲ့စကားက.

ကျနော်တို့ကြားက အပြန်အလှန်ပြောနေကြ. ကွန်ဗာဇေးရှင်းပေါ့ဗျာ.

နင်ကငါ့အတွက်. ဘုရားကပေးတဲ့ လက်ဆောင်. လို့ သူကပြောတော့.

ကျနော်.က ဟင့်အင်း. ငါ့အဖေ. ကို နင့်အဖေဆီမှာ.

စိတ်ရင်းအရမ်းကောင်းပြီး ချစ်ဖို့ သိပ်ကောင်းတဲ့ သမီးလေးတယောက်

တောင်းပေးပါ ပူဆာဖူးတယ်လို့. ပြောမိရဲ့.

ဟုတ်တယ်

ကောင်းကင်ဘုံမှာ. နင့်အဖေနဲ့ ငါ့အဖေ ပုခုံးဖက်ပီး. ရယ်မောပျော်ရွှင်နေလောက်ပြီ

အော်. ငါတို့ လက်ထပ်ပွဲကို ထိုင်ကြည့်ပြီးတော့ ဆိုပါတော့

https://www.facebook.com/min.zarni/posts/10201013879887962

P.S အလုပ်လက်မဲ့ကျနော့်အတွက်. မောင်. နင် ဘာမှ. အားမငယ်ပါနဲ့နော်.

အနည်းဆုံးတော့ ဒီကရင်မက. နင့်ကိုမျှစ်ချိုးပြီး ကျွေးမှာပါ. ဆိုတဲ့

ပက်ကညောအတွက်. မှတ်မှတ်ယယ.

(မှတ်မှတ်သားသားနဲ့ယုယုယယ ဆိုလိုခြင်းဖြစ်သီ. သတ်ပုံဂိုဏ်း မမြင်ဇီ သဒီး)

20130916-182110.jpg

42 comments

  • sorrow weaver

    September 16, 2013 at 4:08 pm

    ဆြာဂီ…အားကျပါတီ 🙂

    • အဘ ဖားသက်ပြင်း

      September 16, 2013 at 4:20 pm

      ဝှက်စာဗျ
      ဆြာ့ဆြာတွေ ဖော်ပါလိမ့်မယ်လေ
      ကျနော် hard rock ကို blues ထည့်ဆိုကြည့်ထားတာဗျ.
      ချို့ယွင်းချက်ရှိရင်တော့. ကျနော်ညံ့လို့သာမှတ်ကြပါကုန်.

      • lele kyi

        September 17, 2013 at 7:46 pm

        ညံ့ပါ့ ကိုရင်ဖားရယ်။ သူတို့နှစ်ယောက်လက်ထပ်ဖို့ ဒယ်ဒီ နှစ်ပါးမှာ ကောင်းကင်ဘုံပဲ ကြွမြန်းပေးရတော့မလိုလို။ အင်းးး”Hard Rock” ကော်ဖီဆိုင် မှာ Blues သီချင်းဖွင့်ထားတာ မထိုင်ဘူးသေးဘူး။ ဈေးကြီးလို့။ အင်း ဒီကရင်မ တော်တယ် မျှစ်ပဲချိုးကြွေးပါ။ထမင်းဟင်းတွေကြွေးနဲ့ အကုန်သက်သာတယ်။ သနားအောင်ညာဖြီးနေတာ။
        (PS- တာဝတိန်သာနတ်ပြည်ကိုအရှင်လတ်လတ် သွားချင်ရင်တော့ မြေပုံလမ်းညွန်ပေးလို့ရတယ်။ မော်လမြိုင်ကျွန်းဆိုတဲ့ မြို့လေးမှာ ရှိပါ့။)

        • အဘ ဖားသက်ပြင်း

          September 18, 2013 at 4:46 pm

          ကျော့်အဖေ က. ဂေါတမဘုရား ဖြစ်ပြီး သူ့အဖေက ကိုယ်တော်ယေရှု လေ.

          အဲ့ဒါပြောတာပါဗျာ.

          ကိုးကွယ်မှု အရေးကိစ္စ သဘောတူညီချက်အမှတ် ၁/၂၀၁၃ ကို ထုတ်တယ်လို့

          မှတ်ပါလေ.

          ငိငိ

  • အလင်းဆက်

    September 16, 2013 at 5:33 pm

    ဘုရာပေးတဲ့ ဆု တစ်ခု ပေါ့နော်

    ကျုပ်အတွက်လည်း ဘုရားက ပေးထားခဲ့တယ်
    နှလုံးလမ်းကြောင်းပေါ်က ကျွန်းကြီးတွေ

    :kwi:

    အကြောင်း ကြောင့် အကျိုးဖြစ်အိ ဒဂျိဒဂျိ

    🙂

    • အဘ ဖားသက်ပြင်း

      September 18, 2013 at 4:57 pm

      နိတို့လိုတော်ကီညက်တဲ့ ကဗျာဆြာတွေ ပွေတယ် ပွေးတယ် ဆိုတာ သိထားပီးသားပါအေ.

      စကားမစပ် မမကမ်း တောင် ကျုပ်ညီမ တယောက် သုတ်ပြေးထားသေးတာ.

      ကျုပ် ဒင်းအိမ်ပေါ် ၂-၃ ရက်. သောင်တင်နေတယ်နော်. မဖွင့်ပြောဘူး.

      သိပ်ပိရိဒါ လူတကာသိပြီးမှ ကျုပ်သိရတယ်. သိရတော့ကျုပ်ကပြန်ဘီ

      တေဂျင်းဇိမ်းယီး

      • အလင်းဆက်

        September 19, 2013 at 9:20 am

        သားသားက ပွေ ပါဘူး ဂျာ

        🙂

        ခချစ်သုဝေရယ်
        ဒေါ်ဖွားမေရယ်
        ဒါပါပဲ
        ဟီဟိ

        :kwi:

  • Shee

    September 16, 2013 at 8:55 pm

    ချစ်တယ်ဆိုတဲ့ စကားထပ်ပိုမဲ့စကားရှိသေးရင် မမောတမ်းပြောချင်ပါတယ်မောင်…….တကယ်ပါပဲ….နင်က ဘုရားပေးဆုပါ။။။။။။

  • kyeemite

    September 17, 2013 at 8:58 am

    သန်းနိုင် ရဲ့ “ဆု” သီချင်းကိုဆိုနေကြတာလားဟင် 😀

    • အဘ ဖားသက်ပြင်း

      September 18, 2013 at 5:05 pm

      ရင်ဘတ်ဂျက်ပင်ထိုးတာပါခည.

  • Ma Ma

    September 17, 2013 at 2:16 pm

    မှတ်မှတ်ယယ. ………
    သူ့စာကိုဖျက်မယ့် သတ်ပုံဂိုဏ်းကိုတော့ ကြောက်ရှာသားးးးးးးးးးးး :loll:

    • အဘ ဖားသက်ပြင်း

      September 18, 2013 at 5:16 pm

      ချမ်းတာပေးပါမာမားရယ်.

      မာကတ္တာဆိုတော့ လေပဲချမ်းသာဒါဘာ.

      ကဗျာ မှာ သဒ္ဒါ ကို ဖောက်ခွင့် စိပါတယ်.

      မြေကြွက် အူးကျောက် တို့လိုလည်း တော်ကီကမကောင်း

      ဒညင်းဝက် လိုလည်း ရုပ်ခံက မစိ

      ကရင်သီသွပ် လိုကလည်း. လည်လည်ဝယ်ဝယ် မစိ.

      မမကမ်း တို့လိုလည်း. အနုပညာ ရေခံမြေခံ ကမကောင်းမို့.

      ရိုးသားတဲ့ ကရင်မလေးပဲ ရှာထားတာပါ.

      အာဟိ.

  • အရီးခင်

    September 17, 2013 at 2:50 pm

    { အနည်းဆုံးတော့ ဒီကရင်မက. နင့်ကိုမျှစ်ချိုးပြီး ကျွေးမှာပါ. }
    စကားလေး က လူလိုဘဲ တအားလှတယ်။
    ရှီး မောင် ကလဲ ဒီ အတိုင်းထိုင်နေလိုက်တော့မဲ့ ခပ်ညံ့ညံ့လူ ဟုတ်ပါဘူးကွယ်။
    သူပိုပြီး အောင်မြင်မှာပါ။
    😛

    • အဘ ဖားသက်ပြင်း

      September 18, 2013 at 4:53 pm

      ကျေးကျေးပါ အရီး.

      အခုတော့. ပလတ်ကျွတ်နေလို့.

      ရွာပြန်နားလိုက် အူးမည်.

  • Ma Ei

    September 17, 2013 at 4:21 pm

    သမီးရှီး ကိုတော့ ဒီစကားတစ်ခွန်းနဲ့
    အမှတ်ပြည့်ပေးလိုက်ပီ….
    တစ်သက်တာ ချစ်ကြပါဇီ…
    🙂

    • အဘ ဖားသက်ပြင်း

      September 18, 2013 at 5:07 pm

      ဟုတ်ကဲ့ကျေးကျေးပါ အန်တီအိ.

      ကိုကိုဝီ ကို မီးဒုတ်ရှု့ဖို့ အဲ့တခွန်းနဲ့တင် လုံလောက်တယ်ဟုတ်.

      ငိငိ

  • Shee

    September 17, 2013 at 8:26 pm

    အရီးခင် နဲ့ မအိ တို့ကို ကျေးဇူးအများကြီးတင်ပါတယ်နော်………:)

  • Shee

    September 17, 2013 at 8:35 pm

    မလဲ့လဲ့ကြည်ရေ…….မျှစ်ချိုးတာက စပါးစိုက်တာထက်ခက်တယ်နော်……..ဒါကြောင့် အရမ်းချစ်လို့မျှစ်ပဲကျွေးတော့မယ်လို့ဆုံးဖြတ်ပြီးသား………

    .နော်…မောင်……..ဟိ

    • ဦးကြောင်ကြီး

      September 18, 2013 at 10:17 am

      မှိုချိုးမျှစ်ချိုး ဆိုသလိုပေါ့ကွယ်…။ မောင်ဂီဒေ့ါ ကျိုးအုံးမယ် ဇက်…

      • အဘ ဖားသက်ပြင်း

        September 18, 2013 at 5:02 pm

        ခွစ်စမတ်ကျမှ ခညားအိမ်မယ် သီချင်းလာဆိုမယ်.

        အီအိမ်ပေါ်သို့ မြွေကြီး ရ ကောင် ရောက်စေသော် ရောက်စေသော်
        အီအိမ်ပေါ်သို့ မြွေကြီး ရ ကောင် ရောက်စေသော် ရောက်စေသော်
        အီအိမ်ပေါ်သို့ မြွေကြီး ရ ကောင် ရောက်စေသော် ရောက်စေသော်

    • အဘ ဖားသက်ပြင်း

      September 18, 2013 at 5:09 pm

      နိ နဲ့ နာ့ ကို အာရှတိုက်ရဲ့. သောက်ကြောအပြောင်ဆုံး စုံတွဲ လို့တော့ ပြောကြတော့မယ်.

      ဒချိ. ဒချိ.

  • ဦးကြောင်ကြီး

    September 18, 2013 at 8:07 am

    ဘုရားပေးတာ
    မနားကျွေးပါ
    ဖလားဆေးလျှာ
    သနားသေးကွာ..

  • surmi

    September 18, 2013 at 12:20 pm

    အင်းးးးး
    ကြည်​နူးဖွယ်​ အ​ပျော်​များ ကူးစက်​ခံစားရပါတယ်​
    ယုံကြည်​ရာ ဘဝသံသရာတဆုံး လက်​တွဲနိုင်​ပါ​စေဗျာ …

    • အဘ ဖားသက်ပြင်း

      September 18, 2013 at 5:18 pm

      ဟုတ်. ကျေးကျေးပါချင့်. အဲ့ ဗျ.

  • Mon Kit

    September 18, 2013 at 1:48 pm

    ရှီးလေးဟာ ဂီ့အတွက်တော့xxxxxx ဘုရားပေးတဲ့ ဆုပါဘဲ xxxxxxx အိုး xx မရှိမဖြစ်ဘူးးးးးးးးးးးးးးးးးး
    ဘုရားသခင် ကောင်းချီးပေးပါဇီ…
    🙂

    • အဘ ဖားသက်ပြင်း

      September 18, 2013 at 5:00 pm

      ၂ရ နှစ်တိတိ. ထိန်းသိမ်းခဲ့တဲ့ တပါတ်နွမ်းတောင်ကုန်းကို သူမ လက်ကမ်းသိမ်းပိုက်ပါတော့မည်.

      ဒချိ ဒချိ.

  • ခင် ခ

    September 18, 2013 at 4:32 pm

    အသင်တို့၏ ဘုရာသခင်က အသင်တို့ကို စောင့်ရှောက်ကာ ကောင်းချီးပေးခြင်းကို အသင်တို့ခံယူကြပေလော့။

    • အဘ ဖားသက်ပြင်း

      September 18, 2013 at 4:48 pm

      ဗုဒ္ဓ သာသနံစိတံတိတ္တထု. ဟာလေလူလျာ.

      သာဓု. အာမင်.

      🙂

      <3

  • ခင် ခ

    September 18, 2013 at 4:55 pm

    အဲ အံရော အဘ ရေ။
    ကောင်းပါပေ့ ကောင်းပါပေ့။

  • Crystalline

    September 19, 2013 at 11:41 am

    ဦးလေးရယ်.. အစ်ကိုနှစ်ယောက်က Buddhist နဲ့ Christian ယူထားကြတာပါ.. တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု..လေးစားမှုရှိတော့ သူတို့ကြား ကိုးကွယ်မှုပတ်သက်ပြီး ဘာရှော့ခ်မှမရှိပါဘူး.. ဆြာဂီနဲ့ ချစ်စရာကောင်းတဲ့နော်ရှီးကိုလည်း အဲဒီလိုဖြစ်ဖို့မျှော်လင့်ပါတယ်.. 🙂

    • ဦးကြောင်ကြီး

      September 21, 2013 at 7:13 pm

      ခရစ်စ်လေးဂ ပန်းသေးမွတ်ဆလင် တရုတ်မ၊ ဦးကြောင်ဃ ရဲရဲတောက် ၉၆၉… အဘိုလုပ်ကြမဲ…. ရှုပ်ပါဒယ် ခိုးပြေးရအောင်…။ ရောက်စေသောဝ် ရောက်စေသောဝ် ခရစ်လေးပေါင်ပေါ် ကြောင်ကြီးဒဂေါင် ရောက်စေသောဝ်…. 😳

  • Shee

    September 20, 2013 at 6:20 pm

    Crystalline…မမရေ…ကျေးဇူးပါနော်…….

  • kai

    September 20, 2013 at 11:22 pm

    ငယ်သူငယ်ချင်းတယောက်လည်း ခရစ်ယန်နဲ့ဗုဒ္ဓဘာသာယူထားသူ၂ယောက်ကမွေးတာပဲ..။ ခရစ်ဗုဒ္ဓဘာသာဝင်လုပ်ပြီး.. လာသမျှပွဲအကုန်တက်တီးတာပဲ..။
    ပွဲတော်ဆိုမှာ စိတ်ချမ်းသာစရာများမှာမို့.. သာမန် (၁)တဘာသာဝင်တွေထက်.. ၂ဆလောက်စိတ်ချမ်းသာစရာအခွင့်ပိုရသပေါ့…။

    .. နောက်တော့ ဗုဒ္ဓဘာသာဝင်မိန်းကလေးယူတယ်..။
    .. အခုသားသမီးတွဲလောင်းနဲ့..။ :mrgreen:

  • Shee

    September 21, 2013 at 12:05 am

    ဟုတ် အူးလေ ကိုင်. . .ဂါးမေမေ ကကုလားအစ်မှာတောင် မုန့်လိုက်စားတာ. . . .:D

    • ဦးကြောင်ကြီး

      September 21, 2013 at 10:02 pm

      နန်းတော်လေးဂို ဦးကြောင် ပါ့ကညောချင်တယ်…. လှယာဂျီးနဲ့ လှယာဂျီးနဲ့… 😳

  • ကိုရင်စည်သူ

    September 22, 2013 at 1:40 pm

    တိုင်းရင်းသားထဲမှာ ရှမ်းနှင့် ကရင်ကတော့ ယောက်ျားကို တော်တော် ချစ်ဒတ်ဒါ
    သတိထားမိတယ်… အနစ်နာခံပေးတဲ့ မိခင် စိတ်များတယ်ဗျ…
    ခင်ညား အဲ့လိုဒွေမရေးပါနဲ့ဗျာ… ကျော့်ကို ဆယ်စုနှစ်တစ်ခုက သင်္ဘောမလိုက်ပါနဲ့
    အပင်စိုက်ပီး တင်ကျွေးပါ့မယ် ဆိုတဲ့ စည့် ရင်မှာ ငိုနေဘီ နန်းရယ်.. ဖြစ်တွားလို့ပါ…။
    ခုဒေါ့ ကျော့်မှာ ဘောဘောလိုက်နေရတုန်းပဲ… ကျော့်ကိုလည်း ကောင်းချီးပေးပါလော့.. 😥

  • Shee

    September 22, 2013 at 2:00 pm

    အက်လောက် ငိုချင်းမချပါနဲ့ ကိုရင် C ရယ်. . . .ရှီး Daddy မှာကောင်းချီးတောင်းပေးပါ့မယ်. . . . .နန်းတော်ရာသူ >>>>……မမ လား ညမလေးလာတော့မသိ. . . .အဲ့. . .သူပြောတာနဲ့ ကို C. .ပြောတာမှန်တယ်. . . .ပါ့ကညော တွေရဲ့အကြောင်း. . . .:D

  • TNA

    September 22, 2013 at 5:46 pm

    ချစ်နိုင်လိုက်ကြတာ အားကျပါဘိ။ အေးချမ်းပျော်ရွှင်ဖွယ်မိသားစုဘဝအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေ

    • Shee

      October 10, 2013 at 11:50 am

      ​ကျေး​ကျေး..မမ​နွေး…:-)

Leave a Reply