အင်္ဂါဂြိုဟ်၌ သွားရောက်နေထိုင်ရန် လူနှစ်သိန်းကျော်ခန့် စာရင်းပေးသွင်းခဲ့ကြခြင်း

Mr WorldWideSeptember 18, 20131min1474

ကမ္ဘာပေါ်ရှိ လူအများစုသည် ၂၀၂၃ ခုနှစ်၌ အင်္ဂါဂြိုဟ်ပေါ်တွင် သွားရောက်နေထိုင်မည့် ရည်မှန်းချက်ကို အံ့ဩဖွယ်ရာကောင်းလောက်အောင်ပင် ရွေးချယ်ခဲ့ကြပါသည်။ နယ်သာလန်နိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက အင်္ဂါဂြိုဟ်သို့ One Way ခရီးစဉ်သွားရောက်မည့် အင်္ဂါဂြိုဟ်အာကာသယာဉ်စီမံကိန်းအတွက် စာရင်းများ စတင်လက်ခံနေပြီဖြစ်ကြောင်း လွန်ခဲ့သော ၅ လခန့်က ကြေညာပေးခဲ့သည်။ ထိုခရီးစဉ်အပေါ် နိုင်ငံပေါင်း ၁၄ဝ ကျော်ရှိ လူပေါင်း ၂၀၂၅၈၆ ဦးက စာရင်းပေးသွင်းလျောက်ထားခဲ့ကြပြီး အဘယ့်ကြောင့် ထိုခရီးစဉ်ကို ရွေးချယ်ခဲ့ကြကြောင်းကိုလည်း ဗီဒီယိုဖိုင်နှင့်တကွ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ingar

အင်္ဂါဂြိုဟ်သို့ သွားရောက်နေထိုင်မည့်သူများကို အသုတ် ၄ သုတ်ခွဲထားပြီး ပထမဆုံးစေလွှတ်မည့် အသုတ်ကို လွန်ခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က အပြီးသတ်စိစစ်ရွေးချယ်ခဲ့သည်။ ယခုအခါ အင်္ဂါဂြိုဟ်၌ သွားရောက်နေထိုင်လိုသူများကို စိစစ်ရွေးချယ်ပေးသည့် အမှုဆောင်ကော်မတီသည် နောက်လာမည့်လများ၌ လျောက်ထားနိုင်မည့်သူဦးရေကို လျော့ချရန်စီစဉ်ခဲ့ကြပါသည်။ နောက်ဆုံးပါဝင်လျောက်ထားမည့်သူများကို ရွေးချယ်ပေးမှုအား တီဗွီအစီအစဉ်၌ ပြသပေးသွားမည်ဖြစ်သည်။
ထိုခရီးစဉ်အတွက် အာကာသယာဉ်မှူး ၂၄ ဦးမှ ၄ဝ ဦးအထိကို ရ နှစ်တာ လေ့ကျင့်သင်ကြားပေးမည့် အစီအစဉ်ကိုလည်း ၂၀၁၅ ခုနှစ်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့နောက် ပုဂ္ဂလိကအာကာသကုမ္ပဏီ SpaceX သည် Mars One စီမံကိန်း၏ အဓိကအကြောင်းအရာဖြစ်သည့် အနာဂတ်ကိုမြော်မြင်၍ အင်္ဂါဂြိုဟ်၌ နေထိုင်လိုသူများအား ၂၀၂၃ ခုနှစ်အစပိုင်းတွင် အသုတ်လေးသုတ်ဖြင့် အင်္ဂါဂြိုဟ်သို့ စတင်စေလွှတ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Source:http://www.popsci.com/science/article/2013-09/more-200000-people-sing-die-mars

4 comments

  • အလင်းဆက်

    September 19, 2013 at 7:15 am

    အင်္ဂါဂြိုလ် ပေါ်မှာ
    ဂဇက် နဲ့ gmail / facebook တွေ သုုံး လို ့ရ ရင်တော့
    နေကြည့်ချင်သား
    ဟေဟေ့

    :kwi:

  • ဦးကြောင်ကြီး

    September 19, 2013 at 8:17 am

    မြန်မာ့ပြည်ဒွင်းရေး ဝင်ရှုပ်နေဒဲ့ တရုတ်သဗုံ ကြေးမုံဂျီးဂို အင်္ဂါဂြိုလ်ထက်ဝေးဒဲ့ စတြာဝဠာတံဒိုင်းနားဂ အီတွန့်ဗွမ်ဂြိုလ်ကို ပို့ဂျင်ဒယ်ဗျာ… ဘယ်လောက်ကုန်ကုန် ဘံဒမြတိုက် ပေးမယ်…။ မြန်မြန်လေး လုပ်စမ်းပါ…. နှစ်မကူးဂင်… 👿

  • kai

    September 19, 2013 at 2:58 pm

    အဲလိုစိတ်ရှိတဲ့လူတွေကြောင့်ပဲ.. အမေရိကတိုက်ကို.. ဥရောပသားတွေရှာတွေ့ခဲ့တယ်ဆိုပါတယ်..
    ဒါပေမယ့်…
    တကယ်က..သူတို့ဥရောပသားတွေအမေရိကတိုက်ရောက်ချိန်မှာ.. အမေရိကမှာ လူနီတွေရှိနှင့်နေပြီ..

    ဆိုတော့..
    အင်္ဂ ါဂြိုလ်ပေါ်မှာ.. ဘာဖြစ်ကြဦးမလဲမသိ… :mrgreen:

  • Ma Ma

    September 19, 2013 at 3:04 pm

    One way ခရီးစဉ်ဆိုတာကြီးကို အလကားရတောင် မသွားချင်ပါဘူး။
    ကမာ္ဘကြီးမှာ စိတ်နာစရာတွေ များလွန်းလို့ သွားချင်နေကြတာများလားလို့တောင် တွေးမိတယ်။ 🙁

Leave a Reply