တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးသတင်းဌာ Weibo သည် SF Express အမှတ်တံဆိပ်ဖြင့် စက်ရုပ်တစ်မျိုး လေထဲတွင် ပျံသန်းလှုပ်ရှားနေပုံကို သတင်းတစ်ပုဒ်၌ ထုတ်လွှင့်ကြေညာခဲ့ပါသည်။

တရုတ်နိုင်ငံ အရှေ့တောင်ဘက် Dongguam မြို့ရှိ ထုပ်ပိုးပစ္စည်းများ ပို့ဆောင်ပေးသည့် SF Express ၀န်ဆောင်မှုလုပ်ငန်းက ၄င်းစက်ရုပ်ကို ထုပ်ပိုးပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့် Drone အဖြစ် စမ်းသပ်အသုံးပြုခဲ့ခြင်းဖြစ်သည်။

droneee

အဆိုပါ Drone သည် တရုတ်နိုင်ငံတွင် ပစ္စည်းများသယ်ယူပို့ဆောင်ပေးသော ပထမဆုံး Drone မဟုတ်ချေ။ သို့သော် ရှန်ဟိုင်းမြို့အတွင်း Drone ဖြင့် ကိတ်မုန့်လိုက်လံပို့ဆောင်သည့် SF Express လုပ်ငန်းမှာ နယ်မြေခံရဲများ၏ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရသောလုပ်ငန်းတစ်ခုဖြစ်လာပါသည်။ အဘယ့်ကြောင့်ဆိုသော် မြို့ထဲရှိ လူများကြိတ်ကြိတ်တိုးပြွတ်သိပ်နေသည့်နေရာများ၌ ထုပ်ပိုးပစ္စည်းများကို Drone ဖြင့် လေထဲတွင် ပျံသန်းသယ်ယူပို့ဆောင်ပေးနေခြင်းမှာ အလွန်ပင်ဆွဲဆောင်မှုရှိလှသောကြောင့်ဖြစ်သည်။
အဆိုပါ Drone များတွင် ပင်မကိုယ်ထည်မှ ဆန့်ထုတ်၍ရသော လက်တံရှစ်ချောင်းပါရှိပါသည်။ တရုတ် ပြည်တွင်းသတင်းဌာနတစ်ခု၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ Drone တစ်စီးသည် ပစ္စည်းအလေးချိန် ၆.၆ ပေါင်အထိ သယ်ဆောင်နိုင်ပြီး လေထဲတွင်အမြင့်ပေ ၃၃၀ မှ ပျံသန်းနိုင်ကြောင်းသိရှိရသည်။ သို့သော် Drone များ၏ ဘက်ထရီသက်တမ်းအရ အကွာအဝေးမည်မျအထိ ပျံသန်းနိုင်မည်ဆိုသည်ကိုမူ မသိရှိရသေးပေ။
အလေးချိန် ၇ ပေါင်အောက် ကုန်ပစ္စည်းများကို သယ်ဆောင်နိုင်ခြင်းမှာ များပြားလှသောပမာဏဟု မဆိုနိုင်ဘဲ အဆိုပါ Drone အနေဖြင့် ဟယ်ရီပေါ်တာဝတ္ထု စ။ဆုံးတစ်အုပ်ကိုပင် သယ်ဆောင်နိုင်မှု မရှိသေးပါချေ။ ထိုကြောင့် ၄င်း Drone များကို ၁၈ ဘီး ကုန်တင်ကားများနေရာတွင် အစားထိုးနိုင်ရန်အတွက် ယခုအချိန်ထိ မည်သူမှ မျော်လင့်မထားကြသေးပါ။ သို့သော် ၄င်း Drone များအနေဖြင့် လေထဲတွင်အမြင့်ပေ ၃၃၀ မှ ပျံသန်း၍ အဖုံးပျော့ဗလာစာအုပ်တစ်စုံကို အဆောက်အဦတစ်ခု၏ ၃၃ လွှာအထိ ပို့ဆောင်ပေးနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားပါသည်။
ထိုကဲ့သို့သော Drone များဖြင့် ပစ္စည်းငယ်လေးများကို အကွာအဝေးတိုတောင်းသော နေရာများဆီသို့ လျင်မြန်စွာပို့ဆောင်ပေးနိုင်ခြင်းသည် အင်္ဂလန်နိုင်ငံရှိ Drone များဖြင့် ပီဇာမုန့်ပို့ခြင်းနှင့်  လျော်ဖွတ်၊ မီးပူတိုက် ထားပြီးသားဖြစ်သော အ၀တ်အထည်များကို သယ်ယူပို့ဆောင်ပေးနေသည့် ဖီလာဒယ်ဖီယားပြည်နယ်ရှိ Drone များနှင့်နှိုင်းယှဉ်လျင် ၄င်းတို့၏ စွမ်းဆောင်ရည်မှာ မပြောပလောက်ပါပေ။ မည်သည့်အခါတွင် အမေရိကန်နိုင်ငံသည်လည်း Drone များဖြင့် စမ်းသပ်ဝန်ဆောင်မှုပေးနိုင်မည်ကို လေ့လာကြည့်ပါက ၂၀၁၅ ခုနှစ် အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးအဖွဲ့မှ Drone များ စမ်းသပ် ပျံသန်းနိုင်ရေးအတွက် ပြည်နယ်ခြောက်ခုကို အတည်ပြုသတ်မှတ်ပြီးသောအခါ၌ စတင်စမ်းသပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပို့ဆောင်ခပေးရန်မလိုသော Free Shipping ၀န်ဆောင်မှုသည် စားသုံးသူများအတွက် အတော်အသင့် အဆင်ပြေသော်လည်း စက်ရုပ်တစ်ရုပ်က မိမိတို့၏လသာဆောင်အထိတက်လာပြီး ပစ္စည်းများ လာရောက် ပို့ဆောင်ပေးခြင်းသည် စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း လူအများက ယူဆပြောကြားခဲ့ကြပါသည်။

ကျနော်ကတော့ ဗုံးတွေပို့လိုက်မှာတွေးနေမိတယ်…ပိရိတ်သက်ကြီးရော…(ခြင်ဆေးခွေကြေငြာလေသံဖြင့်ဖတ်ပါ :P )

Source:http://www.popsci.com/technology/article/2013/9/chinese-company-tests-drone-couriers

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)