KZ’s ထမင်းဆိုင် – ထမင်းကြော် စားမယ်

ဇီဇီSeptember 23, 20135min36658

ဒီတစ်ပတ် လာချက်မဲ့ စားဖိုမှူးရှိဘူးးးးး

ကွကိုယ် စီစဉ်ရမှာဆိုတော့ ဒီတစ်ပတ်တော့ ထမင်းကြော်တဲ့ တစ်ပတ်ပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~

တနင်္လာနေ့

ငါးခြောက်ထမင်းကြော် (တချို့ကတော့ ငါးပုတ်ခြောက်ကို သုံးတယ်ပြောတယ်။)

တွဲဖက်က ကြက်အတောင်ပံကြော်

ငရုတ်သီးစိမ်းကို ပဲငံပြာရည်ကြည်နဲ့ စိမ်ထားတာလေးနဲ့တွဲစားရင် အင်မတန်လိုက်၏။

ပြီးမှ သံပုရာရည်လေး မှာသောက်ပါ။

 

ဘယ်လိုကြော်မတုန်း ဆိုတော့၊ (ဂျပန် ဆိုင် က မေးလာသလောက် ရေးပေးမှာနော်၊ ဟိ)

ငါးခြောက်ကို ပြုတ်ပြီးမှ အတုံးသေးသေးလေးတွေ တုံးထားပါ။

ဂေါ်ဖီပါးပါးလှီးးးး၊ ကြက်သွန်နီ ပါးပါးလှီးထားပါ။

ဘဲဥကို နောက်အိုးတစ်လုံးနဲ့ အချပ်ကြော်ပြီး ပါးပါးညှပ်ထားပါ။

ဆီအိုးတည်၊ ပူလာရင် ကြက်သွန်နီ နဲ့ ငါးခြောက်လေး ထည့်လှိမ့်လိုက်၊

နဲနဲ မွှေးလာရင် ဂေါ်ဖီပါးပါးလှီးလေးထည့်လိုက်။

နွမ်းလာရင် ထမင်းခြေထားပြီးသားကို ထည့်ပါ။

ဘဲဥကြော်လေးပါထည့်ပြီး နှံ့အောင် ကြော်ပါ၊

စားခါနီးမှ အပေါ်မှ မြေပဲဆံ/ သီဟိုဠ်စေ့ကြော် ကြက်သွန်ဖြူကြော် စသည်ဖြူးစားပါ။

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်္ဂါနေ့

 

ဝက်ခေါက်ကင် ထမင်းကြော်

ကျောက်ဖရုံဟင်းချိုလေးနဲ့ ဖက်ထုတ်ကြော် တို့ တွဲပေးထားပါမယ်…

ကြက်သွန်နီ၊ ငရုတ်သီးစိမ်းပါးပါးလှီးကို သံပုရာသီးညှစ်ထားတဲ့ အချဉ်

အအေးက တော့ (မသောက်နဲ့တော့ . ..မစဉ်းစားနိုင်တော့ဘူးလို့ မထင်နဲ့လို့)

ကြံရည်လေ။ ကြံရည်။   😀

 

ဘယ်လိုကြော်တုန်း ဆိုတော့ (အရင် ရှန်ဟိုင်းက သူဌေးကြော်ကျွေးတာပဲ။)

ထမင်းကို ပဲငံပြာရည် အနောက် (ကြာညို့) နဲ့ ဆား နှံ့အောင် နယ်ထားပါ။

ဝက်ခေါက်ကင် နဲ့ ဝက်အူချောင်းကို အရင် ဆီပူထိုးထားလိုက်ပါ။

ပြီးရင် ဆယ်ထားပြီး ကျန်တဲ့ ဆီထဲကို ကြက်သွန်ဖြူဒါးပြားရိုက်လေးထည့်ပြီး ဆီသတ်ပြီးမှ ပဲတောင့်ရှည်ကို ကြော် နွမ်းရင် နယ်ထားတဲ့ ထမင်းကို ထည့်ပြီး ကြော်ပါ။

နှံ့အောင် မွှေပြီးရင် ခုနက ဆယ်ထားတဲ့ ဝက်ခေါက်ရယ် ဝက်အူချောင်းရယ်ကို ထည့်ကြော်ပါ။

ခူးခါနီးမှ ကြက်သွန်ဖြူမိတ် လှီးပြီး ရေဆေး/စစ်ထားတာကို ထည့်လိုက်ပါ။

ရပါပြီ။ (မရလည်း ဒီ လောက်ပဲ မှတ်မိတယ်။ ဟိ)

 ~~~~~~~~~~~~~~~~~~~~

 

ဗုဒ္ဓဟူးနေ့

 

ပီကင်းထမင်းကြော်

ကြက်သွန်ချဉ် နဲ့ ပုဇွန်ကြော်လေးကို ဟင်းရံထည့်ပါမယ်။

ဘာလီရည်

 

ကျနော်က တရုတ်ထမင်းကြော်လို့ ခေါ်ပါတယ်။ အဖြူထည်ကြော်ရင် ပိုကောင်းပါတယ်။

ပန်းဂေါ်ဖီ၊ ငရုပ်သီးပွ၊ ဂေါ်ဖီ၊ မှို  နှင့် ပြောင်းဖူးငယ်လေးတွေကို လှီးဖြတ်ပြင်ဆင်ထားပါ။

ဆီပူပူမှာ ဆား၊ အချိူမှုန့် (သို့မဟုတ်) ကြက်သားမှုန့် နယ်ထားတဲ့အသားကို ကြော်ပါ။ အသားအနည်းငယ်ကျက်ပြီဆိုလျှင်ဖယ်ထားပါ။

ကျန်တဲ့ဆီနဲ့ ကြက်သွန်ဖြူ ဓါးပြားရိုက်ထားတာ ထည့်၊ အနံ့မွှေးလာလျှင် မုန်လာဥနီ၊ ပဲသီး နှင့် ဂေါ်ရခါးသီး ကဲ့သို့  မာတဲ့အသီးအနှံ များကိုထည့်ကြော်ပါ။

 ပြီးလျှင် ပြောင်းဖူး၊ ကြက်သွန်မြိတ် စတဲ့အကျက်မြန်တဲ့အသီးအနှံများကို နောက်မှထည့်ပါ။ ပြီးလျှင် ဖယ်ထားသောအသားပါထည့်ကြော်ပါ။

ဟင်းသီးဟင်းရွက် များနှင့် ထမင်း ဖွထားတာကို ရောကြော်ပါ။

ပဲငံပြာရည် ဆားအနည်းငယ်စီထည့်ပါ။

ဒယ်အိုး ကို ကစားပေးပြီး၊ မွှေလျှင်လဲ အသာအယာမွှေပါ။

သကြားအနည်းငယ်၊ ငရုပ်ကောင်းအနည်းငယ်ထည့်ပါ။

အနံ့တော်တော်မွှေးလာလျှင် အပေါ့အငံမြည်းပြီးချနိုင်ပါပြီ။

အနံ့အရသာနဲ့ ပြည့်စုံတဲ့ ထမင်းကြော်ပူပူလေး အသင့်သုံးဆောင်နိုင်ပါပြီနော်။

 ~~~~~~~~~~~~~~~~~~

 

ကြာသပတေးနေ့

 

ကင်ချီထမင်းကြော်

ဝက်သားလုံးကြော် နဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို ပဲငံပြာရည် စိမ်ထားတာလေးနဲ့ တွဲစားလိုက်ပါ။

သစ်သီးစုံပဲ အချိုတည်းကြပါတော့။

 

ချက်ပြုတ်နည်း (ဒါလည်း မကြိုက်တော့ မချက်တတ်လို့ ဂူးဂယ် ထားတာပါ။ ထပ်မမေးနဲ့တော့ နော်။ အဟွတ်)

ပါဝင်ပစ္စည်းများ ဖြစ်သော (ကင်ချီ၊ ဝက်သား(သို့) ဝက်သားပြား၊ ပဲငံပြာရည်၊ ထောပတ်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ) တို့ကို ပန်းကန်ပြားပေါ်တွင် တင်ထားပေးပါ။

ချက်ပြီသား ထမင်းများကို ထောပတ်ရည်များဖြင့် သမအောင် နယ်ထားလိုက်ပါ။

ကင်ချီထမင်းကြော် စကြော်ပါမည်။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ခန့် ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဝက်သား(သို့) ဝက်သားပြားတို့ကို ထည့်ပြီ ၃မိနစ်ခန့် မီးအသင့်တင့်ဖြင့် ကြော်လိုက်ပါ။

နုယ်ထားသော ထမင်း၊ ပဲငံပြာရည်တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

ထို့နောက် နှုတ်နှုတ်စဉ်းထားသော ကင်ချီထည့်ပြီ ထမင်း၊ ဝက်သားပြားတို့ဖြင့် သမအောင်မွှေပေးးပါ။

အရသာအပေါ့အငံ့အတွက် ဆား၊ ငရုတ်ကောင်းမှုန့် ထည့်လိုက်ပါ။

ကင်ချီထမင်းကြော် ရပြီဆိုလျှင် ကြက်ဥ ၂လုံးကို ခွက်တစ်ခုဆိုထဲ ဖောက်ထည့်ပြီ အလုံးလိုက် ကြော်ပေးပါ။

ထို့နောက် ကင်ချီထမင်းကြော်ပေးတွင် ကြက်ဥ တစ်လုံးစီတင်ပြီ ကြက်သွန်မြိတ်လေးများ ဖြူးပေး၍ စားသုံးနိုင်ပါပြီ…

 ~~~~~~~~~~~~~~~~~~~~~~~~~~~

 

သောကြာနေ့။

 

ထိုင်း နာနတ်သီး ထမင်းကြော်

ငရုတ်သီးနဲ့ ငပိရည်ကို သံပုရာသီးညှစ်တဲ့ အချဉ်ရယ်၊ ဝက်သားထောင်းကြော်လေးရယ်

အုန်းစိမ်းရည်လေးနဲ့ လိုက်မယ်ထင်ပါရဲ့။

 

ကြော်နည်း က (စားနေကြ ယိုးဒယားဆိုင်က ယောင်္ကျားမိန်း ကို ကြာပစ်ပြီး မေးထားရတာ၊ အဟွတ်၊ ကြေးကြီးတယ်။)

ဝက်သားများကို ဂျင်း၊ ကြက်သားမှုန့်၁ဇွန်းဖြင့်နယ်ထား

ထောပတ်ကို ကြက်သွန်များထည့်ကာဆီသတ်ပါ။ ဝက်သားကို ပါ ထည့်လှိမ့်ပါ။

ဝက်သားများကျက်ပြီးရွှေညိုရောင်သန်းပြီဆိုရင် ဒယ်ဘေးနားများကို ဝက်သားများဖယ်ကာ ပုစွန်၊ ပြည်ကြီးငါး ကြက်ဥများမွှေကြော်လိုက်ပါ။

ပြီးရင် မုန်လာဥနီ၊ ပဲစိမ်းလုံး၊စပျစ်သီးခြောက်၊ နာနတ်သီး၊ ထမင်းထည့် ကာ ပဲငံပြာရည်အကြည်၁ဇွန်း၊ ခရူဆီ၁ဇွန်း၊ ငရုတ်ကောင်းနဲနဲ၊သကြား အနည်းငယ်  ကြက်သားမှုန့်၁ဇွန်းနဲ့ မွှေကြော်ပါ။

နှံ့သွားပြီဆိုရင် ပါးပါးလှီးထားသောငရုတ်ချိုသီး ၊ ကြက်သွန်မြိတ်  သီဟိုစေ့ကြော်၊ တို့ဖြူးပြီးစားရန်အဆင်သင့်ပါပြီ။ လှချင်ရင်တော့ ခုနက အသားလှီးထုတ်ထားသောနာနတ်သီးထဲ ထည့်ပေါ့ဗျာ။

 ~~~~~~~~~~~~~~~~~~~~~~~~~

 

စနေနေ့

မလေးရှား (သို့) အင်ဒိုနီးရှား ထမင်းကြော်စားကြမလားးးးး

အဲ့ဒါ ဆိုရင် တော့ သူ့ ဟင်းအနှစ် ကို အရင် ဖန်တီးကြတာပေါ့ဗျာ။ ဒီမှာတော့ Sambal Chili paste ရယ်ဒီမိတ်ထုတ် တွေရှိပါတယ်။

 

မလေးရှားဟင်းအနှစ် ချက်နည်း (အင်တာနက်မှ ရှာပါတယ်)

ငရုတ်သီးပွ အနီ အခြောက်ကို ရေနွေးထဲ ထည့်ပြုတ်ပေးပါ။ ပြီးလျှင် ငရုတ်ပွကို blender ရေနည်းနည်းထည့်  ကြိတ်ပေးပါ။

ဒယ်အိုးထဲ ဆီထည့်လိုက်ပါ။ ပြီးရင် ကြက်သွန်နီ၊ ဖြူ၊ ဂျင်း ထည့် ဆီထိုးပါ။ ဆနွင်းမှုန့် ထည့်ပါ။

ထို့နောက် ကြိတ်ထားသော ငရုတ်သီးအနှစ်၊ ပုဇွန်ခြောက်မှုန့် (သို့) ငပိ၊ ငံပြာရည် ကို ဒယ်ထဲထည့်မွှေပေးပါ။

နှုတ်နှုတ်ဆင်း ထားသော ရှမ်းနံနံ၊ ကြက်သွန်မြိတ်၊ ဆား ထည့်မွှေပေးပါ။ ဟင်းအနှစ်များကို ရေခဲသေတ္တာ ထဲထည့်ကာသိမ်းထားပြီး ကြာရှည်စွာ အသုံးပြုနိုင်ပါသည်။

 

မလေးထမင်းကြော် ကြော်နည်းကတော့ဖြင့် (ဟိဟိ။ ထပ်မေးရင် စိတ်ကောက်မယ်)

ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ နီများကို ဆီသပ်ပေးပါ။

ဆီသပ်ပြီးလျှင် မုန်လာဥနီ၊ ဘိုစားပဲ များကို ထည့်၍ ရေ(လက်ဖက်ရည် ပန်းကန်လုံး၁လုံး) ထည့်ပြီး နူးအောင်တည်ထားပေးပါ။

ထို့နောက် ပုဇွန်များကို ထည့်ရောမွှေပေးပါ။

 ပြီးမှ ချက်ပြီးသား ထမင်း ၄ယောက်စာ ထည့်ပြီ အားလုံးကို သမအောင်မွှေပါ။

ထို့နောက် မလေးရှားဟင်းအနှစ်၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပေးပြီး သမအောင် ရောမွှေလိုက်ပါ။

အပေါ်မှ ကြက်သွန်မြိတ်လေးများကို ဖြူးပေးပါ။

ပြီးလျှင် ကြက်ဥတစ်လုံးကို ခလောက်အပြား ကြော်လိုက်ပြီ ပန်းကန်တစ်ခု ထဲထည့်၍ မလေးရှားထမင်းကြော်နှင့် တွဲဖက်စားသုံးနိုင်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~ 

 

တနင်္ဂနွေနေ့

 

အချိန်ရတာမို့ ပုစွန် ထမင်းကြော် ကြော်မလားလို့ပါ။

အအီပြေ ကျောက်ပွင့် အဖြူ လေးကို ချဉ်ငန်စပ်လေး သုတ်ပြီး တွဲစားနိုင်ပါတယ်။

 

ပုဇွန်များကို အခွံချွတ်၊ ကျောက ချေးကြောင်း ဖယ်ပစ်ပြီး ရေစင်စင်ဆေး ကာ ဟင်းချက်ဝိုင်၊ ဆား၊ အရသာမှုန့်တို့နဲ့ နယ်ပြီး ခေတ္တထားလိုက်……

ဥနီ၊ အာလူး၊ ဂေါ်ရခါးသီး၊ ရွှေပဲလုံး၊ တို့ကို လှီးချွတ် ပြင်ဆင်ထားပါ။ ကိုယ်ကြိုက်တဲ့ အသီးအနှံမျိုးလည်း ထပ်ဖြည့်လို့ ရပါတယ်။

သီဟိုဠ်စေ့ကိုတော့ မီးအေးအေးဖြင့် ခတ္တကြော်ထားလိုက်…..

ဝက်သား၊ (သို့) ကြက်သားကို အတုံး အနေတော်လှီး ပြီး ဆား၊ အရသာမှုန့်များနဲ့ နယ်…..

ထမင်းကို မကြော်ခင်မှာ ပဲငံပြာရည်အကြည်၊ ဆား၊ အသားမှုန့်၊ ချောက်ကော၊ ပါးကောအမှုန့်တို့ဖြင့် နယ်ထား…..

ပုဇွန်များကို ထောပတ်ဖြင့် ရောကာ ဆီပူ ကြော်ပါတယ်။

ခုန က အသီး အနံများကို ဆား၊ အရသာမှုန့်ထည့် ကြော်ပါတယ်။ ပြီးရင် ပန်းကန်ထဲ ထည့်ပြီး ခဏဖယ်ထားပါ။

ဆီကိုပူအောင်တည်ပြီး ထောပတ်များကို ထည့်ပါတယ်။ ဝက်သား (သို့) ကြက်သားကို ထည့်ကြော်ပြီး အသားကျက်ပါက ထမင်းများကို ရောမွှေပြီး ကြော်ပါတယ်။

ကျက်ပြီး အသီးအနှံများထည့်ပါတယ်။ ဆား၊ အရသာ အပေါ့အငံမြည်းပြီး လိုအပ်တာ ထပ်ထည့်ပါ။ အစောက ကြော်ထားတဲ့ ပုဇွန်များကိုပါ ရောထည့်နိုင်ပါတယ်.

ထမင်းကြော် ရပြီဆိုလျှင် အပေါ်မှ သီဟိုဠ်စေ့များ ထည့်လိုက်ပါတယ်.။

~~~~~~~~

 

အဲ။ နည်းနည်းတော့ ဆက်ပွါးခွင့်ပြုပါ။

ကျနော့ စိတ်ရောဂါ တစ်မျိုးက ဘယ်နိုင်ငံက ထမင်းကြော်နည်းစားစား ပဲပြုတ်ထမင်းကြော်ကို အကြိုက်ဆုံးပဲ။

ဆီခြောက်ခြောက်နဲ့ ပဲပြုတ်နိုင်းချင်းနဲ့ ကြော်ထားတဲ့ ထမင်းကြော်လေ။

ပဲပြုတ်ရယ်၊ ကြက်သွန်နီပါးပါးလှီးရယ် ကို ထမင်းနဲ့ ဆနွင်းဝါဝါရောင်လေးနဲ့ကြော်ထားတဲ့ ထမင်းကြော်ကို ငါးဖယ်ကြော်လေးနဲ့ သံပုရာသီး ကလတယ်နဲ့ တွဲစား ပြီးတော့ ကော်ဖီ ချိုချိုလေးသောက် လိုက်ရရင် အဲ့ဒီ နေ့ အတော်နေသာထိုင်သာရှိမှာပဲရယ်။

အဟင့်၊

အမေနဲ့ အညာကို လွမ်းတယ်။  😥

 

ဪ။ နောက် တစ်ခု က သိသလောက် ထမင်းကြော်အမျိုအစားတွေ၊ ကြော်နည်းတွေ ထပ်ဖြည့်ပေးသွားပါလို့။

ဒီ ပို့(စ) တစ်ခုဖတ်ရုံနဲ့ ထမင်းကြော်ကိစ္စစုံအောင်ပါ။ အဟေးဟေးးးးး

 

 

:mrgreen:

 ~~~~~~~~~~~~~~~~~~~~

အောက်ဖော်ပြပါ ပုန်းရည်ကြီး ထမင်းကြော်က ဂဂ (အာဂ) ဖဘ ဝေါ ပေါ် က ယူလာတာ။

ပုန်းရည်ကြီးထမင်းကြော် (၃ ယောက်စာ)
 ……………………………………………..
မြန်မာအကြိုက် ပုန်းရည်ကြီးကို အသုပ်ပုံစံကနေခွဲထွက်ပြီး
ထမင်းကြော်အနေနဲ့ အရသာရှိရှိ စားနိုင်ဖို့အတွက်ပါ
 ကြော်ကြည့်ရအောင်။
(15 မိနစ် / 1300 Ks)

ပါဝင်ပစ္စည်းများ
…………………
• ထမင်းချက်ပြီးသား – ထမင်းစားပန်းကန်လုံး ၃ လုံး
• ပုန်းရည်ကြီး – စားပွဲဇွန်း ၅ ဇွန်း
• ကြက်ဥ – ၃ လုံး (ခေါက်ထားပါ)
• ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းအမည်း – အနည်းငယ် (အလှဆင်ရန်)
• ခရမ်းချဉ်သီး – ၁ လုံး (ပါးပါးလှီးထားပါ)
• သခွားသီး – ၁ လုံး (အရှည်လိုက်ပါးပါးလှီးထားပါ)
• ကြက်သွန်မြိတ် – ၂ ပင် (လှီးထားပါ)
• ဆီ – စားပွဲဇွန်း ၃ ဇွန်း
• ကြက်သွန်ဖြူ – ၃ တက် (စဉ်းထားပါ)

ချက်ပြုတ်ပုံ
………………
၁။ အကြော်ဒယ်အိုးတွင် ဆီအပူပေးပြီး ကြက်ဥခေါက်ပြီးသားကို
 ကြေပြီးခြောက်လာသည်အထိ မွှေကြော်ပေးပါ။ ကြက်သွန်ဖြူထည့်ပါ။
 ၂။ ပုန်းရည်ကြီးထည့်ပြီး ဆီသတ်ပါ။
 ၃။ ဆီအရောင်တက်လာလျှင် ထမင်းထည့်ပြီး မွှေကြော်ပေးပါ။
 ၄။ ဆားကို ချိန်ဆထည့်ပေးပြီး ငရုတ်ကောင်းအမည်း ထည့်မွှေပေးပါ။
 ၅။ အားလုံးပြီးမှ ပန်းကန်လုံးအတွင်း ပုံစံရိုက် ထမင်းစားပန်းကန်တွင်
 ခရမ်းချဉ်သီး၊ သခွားသီးတို့နှင့် အလှဆင်ပြင်ဆင်ပြီး အပေါ်မှ
 ကြက်သွန်မြိတ်နဲ့ ငရုတ်ကောင်းဖြူးပေးပါ။

………….
သစ်ထူး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 ဒါက ချစ် မမ ရဲ့ ၃ ရောင်ခြယ်ထမင်းကြော် လင့်(ခ)        https://myanmargazette.net/171550

 

 

 

:chit:

 

 

58 comments

  • Mahar Myanmar

    September 23, 2013 at 9:34 am

    ထမင်းကြော် နဲ့ လက်ဘက်ရည် က မနက် တိုင်း ဘရိတ်ဖတ်စ် မှာ အများ ဆုံး စားဖြစ် ခဲ့ တာ ပဲ..
    ထမင်း ကြော် ဆိုတာ ..စားလို့ ရတာ အကုန် ထည့် ကြော် ပိုင်ခွင့် ရှိတယ်..
    မယုံရင် စမ်းကြည့် စား ကြည့် ပါ…
    အရ သာ တစ်မျိုး ခံစား ချက် တစ်မျိုး ရလာပါလိမ့် မယ်…

    • KZ

      September 23, 2013 at 10:49 am

      အဲဒီ နည်းနဲ့ပဲ ကြော်စားနေလို့ ဘာလို့ ပြောရမှန်းမသိတဲ့ ထမင်းကြော်တွေ ထွက်လာတာများပေါ့၊

      😀

  • Crystalline

    September 23, 2013 at 9:59 am

    စားဖိုမှုးတွေအလုပ်မလာကြဘူးပေါ့.. စိတ်လိုလက်ရရှိတဲ့အခါတွေမှာ မဖြစ်ညစ်ကျယ်ချက်ဖြစ်တဲ့ဟင်းလေးတွေ ပို့ပေးပါအူးမယ်.. အတွဲအစပ်တော့နားမလည်.. အားတဲ့အချိန် ချက်ချင်တာတွေကိုလိုက်ဖက်တာ မလိုက်ဖက်တာမကြည့်ပဲအကုန်ချက်တယ်.. မကုန်ရင်သိမ်းပြီးပြန်နွှေးစားတယ်. :mrgreen:

    • KZ

      September 23, 2013 at 10:50 am

      လာတယ်။
      ဒီ ပို့(စ) နောက်ကို ၄ ယောက် လာမယ်။
      ဟိဟိ

      🙂

    • ကိုရင်စည်သူ

      September 24, 2013 at 10:31 pm

      အို ကွယ့်.. ခရစ်စီတီလေး နွှေးကျွေးရင်.. ခွေးလှယားသီး ဆိုလည်း ချားမယ်..
      ကိုယ်ဒွေက ဖြစ်သလိုနေတတ် စားတတ်တယ်.. ကြော်မှ ချက်မှ စားတတ်တာမဟုတ်ဘူး
      ပြုတ်မနူး ဖုတ်မနူးလည်းရဒယ်…နော်.. မကြီး ဆွီးး .. :mrgreen:
      အူးကြောင် ပေါင်ဂျားက လက်ကြီးထုတ်ပီး လက်လျော့လိုက်ဒေါ့..
      ကျော်နဲ့ ခရစ်နဲ့ ရှန်ဟိုင်းသွားပီ… ကြေးမုံဂျီးကို လက်စားချေတော့မှာ..
      လှယာဂျီးနဲ့.. လှယာဂျီးနဲ့… :mrgreen:

  • ဦးကြောင်ကြီး

    September 23, 2013 at 10:05 am

    ကေဇီလေး ကြော်ဒဲ့ ထမင်းဂို ခရစ်လေးနဲ့ အတူတူစားမယ်… ပြီးရင် ခရစ်လေးဂ အချိုပွဲ လုပ်ပေး.. ကေဇီလေးနဲ့ တခါထိုင်ပျံမြည်းမယ်… ပီးမှ ဘယ်တဖက် ညာတဖက်… ကြောင်မင်းစည်းစိမ် ခံစားမည်…. လှယာဂျီးနဲ့ လှယာဂျီးနဲ့… 😳

    • KZ

      September 23, 2013 at 10:53 am

      ထမင်းကို ရသာစုံကြော်ပြီး အဆိပ်ခတ်ပလိုက်မယ်။

      👿

  • ရာမည

    September 23, 2013 at 10:37 am

    (၇) ရက်​လုံး ထမင်​း​ကြော်​များ အား​ပေးပါမည်​ ။
    အကြိုက်​ဆုံးက​တော့ ပဲပြုတ်​ထမင်​း​ကြော်​နဲ့ အမဲ​ခြောက်​ဖုတ်​ ပါ ။

    • KZ

      September 23, 2013 at 10:54 am

      အားပေးမှာ ကို ကျေးဇူးတင်ပါသည်။
      အကြိုက်လည်း တူပါသည်။
      အနော်က ဆိတ်သားထောင်းကြော်နဲ့ စားရတာကို ကြိုက်ပါသည်။

      🙂

  • kyeemite

    September 23, 2013 at 11:15 am

    ထမင်း ကာလသားကြော်စားမား…..
    ကြက်သွန်ဖြူ ငါးမွှာလောက် ဓါးပြားရိုက်
    ကုလားအော်ငြုတ်သုံးလေးတောင့် တောက်တောက်စင်း
    ကြက်ဥတစ်လုံးခေါက်ထား
    ဆီသတ်ပြီဆိုတာနဲ့ ကြက်သွန်ဖြူ နဲ့ ငြုတ်သုံးလေးတောင့် တောက်တောက်စင်းကိုအရင်သတ်
    (ကြိုက်ရင် နှနွင်းမှုံ့လေးနဲနထြည့်ပေါ့)
    ပြီးရင် ထမင်းထည့်၊ နဲနဲကျွတ်အောင်စိတ်ရှည်ရှည်မွှေကြော်၊ ဆားတော့အလောတော်လေးပေါ့
    နောက် ပုဇွန်ခြောက်မှုံ့လေးနဲနဲထည့်
    ချခါနီးမှ ကြက်ဥမွှေကို သွန်ထည့်ပြီး ချက်ချင်းနှံ့အောင်မွှေလိုက်..စားလို့ရပါပြီ 😀
    နေမကောင်းချင်သလိုလိုဖြစ်နေရင် အဲလိုကြော်စားလိုက်
    ချွေးထွက်ပြီးကောင်းသွားလိမ့်မယ်…လက်တွေ့နော် 😀

    • KZ

      September 23, 2013 at 11:25 am

      ဟိ။
      ခုလောလောဆယ်ကို ဘီစီပေးလိုက်ပီ..
      😀

      • kyeemite

        September 23, 2013 at 1:20 pm

        ကေဇီကဗျာလွတ် ချီးမြှင့်လိုက်တာ ကြယ်တစ်လုံးတိုးသွားသဗျ..ဟ..ဟ 😀

        • KZ

          September 23, 2013 at 2:45 pm

          အဲလာဆို ကြယ် တဝက်ပေးးးး
          😀

  • Mr. MarGa

    September 23, 2013 at 12:50 pm

    တစ်ပတ်လုံး ကြော်စားမယ်
    ကိုယ်တိုင်တော့ ဟုတ်ဖူး
    အိမ်က မာမီမားသားမေမေကို ကြော်ခိုင်းမှာ
    ဘလိုကြော်ကြော် အရသာရှိတယ် ရှလွတ် :mrgreen:

    • KZ

      September 23, 2013 at 2:46 pm

      နတ်သမီးတွေ ကြော်ခိုင်းလေ။
      ခိုင်းစရာရှိတော့မှ မေမေ့ကို သတိမရနဲ့

      :mrgreen:

  • ခင် ခ

    September 23, 2013 at 1:32 pm

    ကျွန်တော်ကတော့ ထမင်းကြော်တဲ့အခါ ကြက်ဥကို ဆားအနည်းငယ်ထဲ့ပြီး ခေါက်ထားလိုက်တယ်။ ပြီးမှ ထမင်းအရင်ကြော်ပြီး ကျက်ပြီဆိုရက် ထမင်းကြော်ကို အိုးထဲမှ ပုဂံထဲထဲ့ပြီး အကြော်ဒယ်အိုးထဲကို ဆီထဲ့လိုက်ပြီး ဆီကျက်ပြီဆို ခေါက်ထားသော ကြက်ဥထဲ့ အဲဒီကြက်ဥအပေါ် ခုနထမင်းကြော်လေး အနည်းငယ် ကြက်ဥအုပ်အောင်ပါးပါးလေးထဲ့လိုက်ပါ။ ခဏနေကြက်ဥကြော်ကို တစ်ဖက်လှန်လိုက်ပြီး ထမင်းကြော်ထဲစိမ့်ဝင်နေတဲ့ ကြက်ဥအရည်ကျက်သလောက်ဖြစ်ရင် ပထမကြော်ထားတဲ့ ထမင်းကြော် ပေါ်လေးတင်ကာ စားလိုက်တာပါဘဲဗျ။ အဲဒါ ခင်ခရဲ့ ရိုးရှင်းသောထမင်းကြော်ကို မရိုးနိုင် အဲလိုကြော်စားဖြစ်တယ်လေ။

    • KZ

      September 23, 2013 at 2:47 pm

      အဲတော့။
      ကိုကြီး ခ ပြောတဲ့ နည်း စမ်းကြည့်ဦးမှပဲ။
      ကျေးဇူးပါ၊.
      🙂

  • Ma Ma

    September 23, 2013 at 2:12 pm

    ထမင်းကြော်နည်းတွေ ဒီလောက်များမှန်း ခုမှပဲ သိတော့တယ်။

    ထမင်းကြော်နည်းတွေကိုဖတ်ပြီး ဆန်ပြုတ်ပြုတ်နည်းတွေ တင်ရင်ကောင်းမယ်လို့တောင် စဉ်းစားမိတယ်။

    (သရုပ်ဆောင်တစ်ယောက်ပြောဖူးတာ) ငြုပ်သီးစိမ်းကို ထက်ခြမ်းခွဲပြီး ဆီထဲထည့်ကြော်ပြီး (အခြားအဆာပလာတွေလည်း ပါတာပေ့ါ) ထမင်းကြော်ထဲထည့်ရင် စပ်စပ်မွှေးမွှေးလေးနဲ့ တမျိုးထူးဆန်းပြီး စားကောင်းတယ်။ 🙂

    • KZ

      September 23, 2013 at 2:49 pm

      ထမင်းကြော် က ဟင်းမလောက်တဲ့ အချိန် ကြော်စားနေကျ မမရေ။
      ငရုတ်သီးကလည်း အရမ်းကြိုက်တော့ ပုံစံမျိုးမျိုး ထည့်ကြော်ဖြစ်တယ်.။၊
      မမ လင့်(ခ) ကို ခွင့်မတောင်းပဲ ထည့်လိုက်ပြီ။
      ခွင့်လွှတ်မယ်လို့ သိပြီးသားးးး
      ခိခိ

      :chit:

      • Ma Ma

        September 23, 2013 at 5:03 pm

        လင့်ခ်ကို ကြော်ငြာထည့်ပေးလို့ ကျေးဇူးတောင် တင်နေတာ။ 🙂

  • အဘ ဖားသက်ပြင်း

    September 23, 2013 at 2:35 pm

    ထမင်းကြော်များဗျာ. ခက်လွန်လွန်းလို့.
    သများတို့ကတော့ ဂလိုပဲ ခြင်းရိုက်(မိုက်ခလိဝေ့ဖ့်နဲ့မွှေ့) စားလိုက်တာပဲ.
    ပက်ကညောနဲ့ရတော့မှ ပုဇွန်ဆီနဲ့ကြော်တဲ့ ထမင်းကိုမြိန်မြိန်ကြီးစားတော့မယ်.

    ဒချိ. ဒချိ.

    • KZ

      September 23, 2013 at 2:51 pm

      ထမင်းကြော်ကို မိုက်ခလိုဝေ့ နဲ့ ကြော်လို့ရတယ်တယ်?? ကြားဖူးပေါင်!!

      😀

  • ထမင်းကြော်နည်းမျိုးစုံပါလား
    ညီမတော့ ပဲပြုပ်ထမင်းကြော်နဲ့တရုတ်ထမင်းကြော်ပဲကြော်တတ်တယ်။
    ပြောသာပြောတာ ကိုယ်ကထမင်းကြော်စားရင်ရင်ပြည့်တတ်လေ့ရှိလို့ သိပ်တော့မစားဖြစ်လှပါဘူး။

    • KZ

      September 23, 2013 at 4:54 pm

      အကြိုက်တူတူပဲ သော်လေးးးး
      အဲဒီ ၂ ခု အကြိုက်ဆုံးးးး

      🙂

  • အရီးခင်

    September 23, 2013 at 4:48 pm

    အရီး က ထမင်းကြော် သရဲ ပါ။
    အဲ့နည်း တွေသုံးပြီး မျိုးစုံ ကြော်ပလိုက်ဦးမယ်။
    ဒါထက်။
    အရီး အသိတစ်ယောက် လက်ဘက် ကို ထမင်း နဲ့ ကြော်စားသတဲ့။
    ကေဇီလေးရဲ့ ရွာပရိုမိုးရှင်း ဦးဏှောက် ကိုတော့ ဂုဏ်ပြုသင့်ပြီ။
    😛

    • KZ

      September 23, 2013 at 4:53 pm

      အနော့ စကားပုံ က အကြံကုန် ထမင်းကြော်ပါ အရီးရေ။
      လက်ဖက်နဲ့ က နယ်ပဲ စားဖူးသေးတယ်။
      ကြော်မစားဖူးသေးဘူးးးး
      ဟိဟိ။

      😀

  • ဦးကြောင်ကြီး

    September 24, 2013 at 7:48 am

    သများဒွေ ထမင်းကြော်နည်း ပေါပဂျဒေါ့ အနော်လည်း ကက်ဗားရှင်းဖရိုင်းရွိုက်စ် ရှယ်ဗယဇေ… ဂလိုဗျ..
    အယင်ဇုံး ကျောက်ပုဇွန်ထုပ် (အဲသာမရရင် (တည့်တည့်ပြောရရင် ဝယ်မစားနိုင်ရင်)) ပုဇွန်ထုပ် လတ်လတ်ဆတ်ဆတ် သုံးလေးကောင်ကို ခပ်ရွယ်ရွယ်ဖဲ့၊ ရေဘဝဲနဲ့ကင်းမွန် လက်တဆုပ်စာစီ ရောသမမွှေ၊ အချိုအငံအချဉ် နှပ်ထား၊ ကြက်ဝက်ဘဲဆိတ်သိုး ငါးကျယ်သားစီ ဗန်းထဲ ပုံထားပီး အစောဂလို နှပ်ထား။ ပီးရင် အိုလိုက်ဗ်ဗာဂျင်ဆီနဲ့ ဂျင်းကြက်သွန်ငရုတ်ဆီသတ်… အသား၊ င.။ ၁၂မျိုးစုံ အသီးအရွက်ပဲပြား၊ငုံးအုကို ထောပတ်နဲ့ ခပ်စိမ်းစိမ်းကြော်ထား..။ ကက်ကတစ်ငါးကို အသားနွှင်ပီး ခရုဆီအုပ် ခပ်ရွရွကြော်..။ ထမင်းဂို ထောပတ်နဲ့ မွှေးနေအော် ကြော်ပီး အသီးအရွက်စုံ ငုံးဥထည့်၊ အသားထည့်၊ ပုဇွန်ထည့်၊ ငါးကြော်အုပ်.. အပေါ်ကနေ ကြော်ထားတဲ့ ကြက်ဥပြားအုပ်ပီးရင် လျင်မြန်လွယ်ကူ ကောင်းမွန်သက်သာ လှပကြော့ရှင်း ခွန်အားတိုးပွား သက်ရှည်ကျန်းမာစေတဲ့ ထမင်းကြောင် ရပါပီ..။ အနော့်ဆီ ခရစ်လေး စနေတနင်္ဂနွေ အိမ်လာလာလည်ဒိုင်း (စားပီးဘာလုပ်သလဲ အမေးနဲ့ဗျာ… အဖြေဗူး.. အသက်အသေခံမယ်၊ သူဂ အပေါရဗူးဆိုလို့ဗာ 😛 ) အဲလို လုပ်စားနေဂျ…။ ဒါလေးတော့ ပြောဂွင်ပြုနော် ခရစ်စတယ် အခြစ်လေးရေ.. မောင့်ဂိုခွင့်လွှတ်ပါ.. :mrgreen:

    • KZ

      September 24, 2013 at 8:11 am

      ကျန်းးးးးး
      ကျန်းးးးးးးး
      အောင်ကြူးတို့ လိမ်မာချက်။
      ဒီလို နည်းကောင်းလမ်းကောင်းလေးများ အစကတည်းကပေးပါတော့အေ၊။

      အွန်းးးးးး ရေးထားတဲ့ထဲက တစ်ကြောင်းစီကျော်ဖတ်ပြီး ကြော်စားရင်ကို အားဂျီး စားကောင်းမဲ့ အမျိုးးးးးး၊ ကြောင်ဗားရှင်းလောက် အသားစုံတာ တခါမှ မြင်ဘူးဘူးတော့။
      အဲနီးဝေးးးးး ကျေးဇူး အားဂျီး များဂျီး တင်ပါဒီ။

      :mrgreen:

    • Ma Ma

      September 24, 2013 at 9:31 am

      အသက်ကကြီး မျက်စိကမှုန်လာတော့ …..
      ခရစ်စတယ်လေးရေ.. ကြောင့်ဂိုခွေးလွှတ်ပါ….. လို့ ဖတ်မိသွားတယ်။ :loll:

  • Mon Kit

    September 24, 2013 at 9:35 am

    အင်း.. ခိုင်လေးကတော့ ထမင်းကြော် စပယ်ရှယ်လစ်စ် ပါဘဲလား…
    ထမင်းကြော် နည်းက လူအမျိုးမျိုး စိတ်အထွေထွေ ရှိတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပြုလုပ်ကြမှာပေါ့နော်..
    ခိုင်လေး ထမင်းကြော်နည်းထဲမှာ မလေးရှား ထမင်းကြော်ရယ်.. ပုဇွန်ထမင်းကြော်ရယ်.. အညာထမင်းကြော်နဲ့ တူတဲ့ ပဲပြုတ်နဲ့ ကြော်တာရယ်… နောက် ဦးကြီးမိုက်ရဲ့ နည်းနဲ့ ကြော်တဲ့ ထမင်းကြော်မျိုး စားဖူးတယ်.. ပြောရင်းနဲ့ ချားချင်ရာဘီ..
    🙂

    • KZ

      September 24, 2013 at 9:57 am

      မလစ်ပါဘူး ကစ်ရယ်။
      ဟိုရှာ ဒီ မေး လုပ်ထားရတာပါ။
      🙂

  • kai

    September 24, 2013 at 11:14 am

    အယ်လ်အေမှာ ခဏခဏစားဖြစ်တဲ့ထမင်းကြော်က.. အပေါ်ဆုံးက.. ငါးပုတ်ခြောက်ထမင်းကြော်နဲ့..ခတ်ဆင်ဆင်ဟာပဲ..
    မြန်မာတွေလည်းကြိုက်ကြတယ်..။
    =

    Chicken and Fish Fried Rice
    Chinese cooking techniques, ingredients, and recipes have long been a major influence in Thai food. This recipe is one example of the fusion of these two wonderful cuisines. Salty and savory, Chicken and Salted Fish Fried Rice is so good, it can become addictive! To achieve the right flavor, you will need real fish sauce for this recipe, which can be purchased by the bottle in any Asian market or grocery store.
    Prep Time: 30 minutes
    Cook Time: 15 minutes
    Total Time: 45 minutes
    Ingredients:

    2-3 cups cooked Thai jasmine rice, preferably several days old
    1 small chicken breast or 1 chicken thigh, cut into very small pieces (or use 1/2 cup cooked chicken, cut into pieces)
    1 dried salted fish (purchase this at a Chinese or Asian grocery store – usually kept refrigerated)
    2 eggs
    1/2 cup frozen peas
    1/2 cup spring onions, finely sliced
    4 cloves garlic, minced
    1/4 cup chicken broth/stock
    3 Tbsp. oil for frying (e.g. organic canola, sunflower, safflower, almond, or other nut oils)
    up to 2 Tbsp. fish sauce
    optional: 1/2 cup fresh coriander for garnish

    Preparation:

    Using a very sharp knife, cut away a few strips from the flesh of the salted fish (it is very firm, so be careful not to cut yourself). Now cut or chop these strips into very small cubes of fish. (Don’t worry if there is a little bone – this provides added calcium to the dish, and is easily eaten.)
    Place about 1 cup of cut fish in a bowl of hot water to soak (and soften) for at least an hour before cooking (or up to 8 hours, or even overnight). If you have cats, like I do, be sure to cover the bowl! Wrap the rest of the dried fish and refrigerate for use later (salted fish stays good for many months in the refrigerator, as the salt preserves it).
    To prepare the rice for stir-frying, pour 1 Tbsp. of oil into the rice and work it through with your hands, separating clumps as much as possible. If rice is several days old, it will separate easier into individual grains. Set aside.
    In a small frying pan, place a little oil (or you can use butter), and scramble the eggs. Set aside.
    Place a wok or large frying pan over medium to high heat. Allow to warm, then add 2 Tbsp. oil. Tip the wok to ensure the oil covers the entire cooking surface. Now add the garlic and chicken, stir-frying until chicken is cooked (1-2 minutes). Note: Add a little chicken broth when wok becomes too dry.
    Drain the salted fish and add to wok. Stir fry 1 minute, continuing to add chicken broth 1 Tbsp. at a time when pan becomes too dry.
    Add the rice and continue stir-frying. Note that at this point the pan should be dry, so that you can hear the rice “popping” as it fries.
    Add the peas and 1 Tbsp. fish sauce. Stir-fry to mix in.
    Add the cooked eggs and mix in. Now do a taste test for salt. Note that this dish should be fairly salty – this is its primary characteristic. Add up to 1 Tbsp. more fish sauce if not salty enough. (If too salty for your taste, add up to 1 Tbsp. lime juice.)
    Finally, add the spring onions and stir-fry to mix in.
    Serve hot from the pan with a sprinkling of fresh coriander, if desired. Also serve a small dish of Thai chilli sauce on the side, for those who like it spicy, and enjoy!
    http://thaifood.about.com/od/thairecipes/r/fishfriedrice.htm

    • KZ

      September 24, 2013 at 11:27 am

      အွန်။
      အင်္ဂလိပ်လို ရေးထားတာကလွဲရင် အတော်အသေးစိတ်ပါလားးးး
      ကျေးဇူးပါ တဂျီးရေ။
      ဆန် အမျိုအစားကောင်းလေ ထမင်းကြော် က အရသာရှိလေ ထင်ပါရဲ့။

      🙂

      • kai

        September 24, 2013 at 11:46 am

        တကယ့်ထမင်းကြော်မွေးဖွားလာတာက.. ထမင်းကြမ်းကလို့.. ဖတ်ဖူးတယ်..။
        တရက်ကြာနေတဲ့.. ထမင်းခဲကြမ်းပေါ့…။
        ပိုနေပြီးလွှင့်မပစ်ရအောင်လုပ်ပုံရပါတယ်..။ :mrgreen:

        ဆန်က.. ရှမ်းဆန်လို.. အစေးပါရင်ပိုကောင်းပုံရပါတယ်..။
        ဘာစမာတီလိုအခြောက်အဆီမပါက.. ဆီသိပ်မထည့်ကြတာမို့.. ထမင်းကြော်ပြီးယင်.. မလုပ်တတ်ရင်.. ခြောက်သယောင်းထသွားတတ်လို့ပါ..။

        ဆိုတော့…
        စားသောက်ဆိုင်မှာ..အလုပ်လုပ်တုံး.. ထမင်းကြော်တုံးဖူးကလည်း.. ထမင်းကို.. ညချက်ပြီးရေခဲသေတ္တာထဲထား… နောက်မနက်မှ.. ရေလေးဖြန်း.. လက်နဲ့နည်းနည်းပါးပါးကြိုချေပြီး.. ကြော်တယ်…။
        ဒယ်အိုးက.. မိုးဗြဲဒယ်လိုဟာကို.. လက်၁ဖက်နဲ့ အစွန်းကိုင်ပြီး.. စောင့်လှည့်လှည့်ရတာ..။ နောက်လက်တဖက်က.. ဖွန်းယောက်မရှည်ကြီးကိုင်.. ထမင်းခြေရင်း.. အရသာပစ်ထည့်စပ်ရင်းဆိုပါတော့…။

        မချောင်… :kwi:

        • KZ

          September 24, 2013 at 11:55 am

          ဟုတ်တယ်။
          ထမင်းကြမ်းကို လက်နဲ့ခြေတာ ကောင်းတာ၊
          ဇွန်းနဲ့ ဖြတ်ဖြတ်ထည့်ရင် အလွန်မုန်း။
          ကျနော် က သစ်သားယောင်းမ ၂ ခု နဲ့ ကြော်တာများတယ်။

          :kwi:

  • sorrow weaver

    September 24, 2013 at 12:16 pm

    ထမင်းကြော်ပဲချား…အရမ်းဝလာမယ်..အာဟိ

    • KZ

      September 24, 2013 at 12:19 pm

      အဲလာဆို ခု ဝ သေးဘူးပေါ့။
      ဆက်စားမှ!
      😀

  • လုံမလေးမွန်မွန်

    September 24, 2013 at 12:27 pm

    ငါးပိထမင်းကြော်ရော သိသလား ဂျီးတော်…





    တကယ်က အနော်က အဲ့တစ်ခုပဲ ကြော်တတ်တာ… ကြက်သွန်လှီး၊ ငရုတ်သီးစိမ်းလှီး၊ ဆီသတ်၊ မျှင်ငါးပိပါ ရောပြီး ဆီသတ်၊ အရွက်ထည့်ချင်ထည်၊ ပုစွန်ထည့်ချင်ထည့်၊ ထပ်ထည့်၊ ပြီးရင် ထမင်းကို ကြက်သားမှုန့်ရယ် ဆားရယ်နဲ့ ရောနယ်ထားပြီး ထည့်၊ ကြော်ပြီးလို့ ကျက်သွားရင် ပုဂံလုံးလေးပုံစံလုပ်ပြီး တစ်ယောက်တည်းထိုင်စားတယ်..တစ်အိမ်လုံး ဘယ်သူမှ မစား…ဟဲဟဲ..ချစ်မဂျီးရော စားချင်သလား.. 🙂

    • KZ

      September 24, 2013 at 12:32 pm

      အွန်းးးး
      မစမ်းသပ်ရသေးဝူးးးးး
      ချစ်မမ ပို့(စ) မှာပါတယ်။
      ညလေး ကြော်ကျွေးမယ် ဆိုရင် တော့ စားချင်သားးးးး

      😀

  • ခရီးသည်ကြီး

    September 24, 2013 at 2:14 pm

    ဗျိုးးးးးး….. ထမင်​း​ကြော်​ လိုက်​ပွဲနဲ့ချ​ပေးပါဗျို့
    ရွာထဲမယ်​ ​ရောက်​တုန်​း​လေး​မွှေလိုက်​တာဗိုက်​ဆာသွားလို့…
    မပူရင်​​နေ​ပေ့​စေ. မြန်​ မြန်​လေးဗျို့ ..​

    • KZ

      September 24, 2013 at 2:19 pm

      ဟမ်မလေး ခီးသည်ဂျီးးးး
      ကျုပ်ကို ဘီယာလေးဘာလေး ပြန်တိုက်ပါဗျာ။
      ခင်ညား အိမ်က စကားဝိုင်း မှာ ဝင်နားထောင်ရင်း ပွါးလိုက်တာ ရင်ပူ ရင်မောလာလို့ပါ။
      ဟီး

      😀

  • amatmin

    September 24, 2013 at 3:17 pm

    အစာပလာများလွန်းရင် မကြိုက်ပေမဲ့..
    ပီကင်းထမင်းကြော်နည်းကို..အိမ်ကမားကို စမ်းကြော်ခိုင်းမို့.
    ယူသွားပါတယ် နော့.။
    ကိုယ့်အကြိုက်ဆုံးကတော့ ထမင်းကြမ်းကြော်ပီးကာစ.ပဲပြုတ်ရော..
    ငါးရံ့ခြောက်ဖုတ် နဲ့ဆို.အဲ့နေ့ နေ့လည်စာ လွတ်ပဲ..။
    😀

  • ဦးကျောက်ခဲ

    September 24, 2013 at 3:29 pm

    ကျောက်စ် အကြိုက်ဆုံးကတော့ ပဲပြုတ်နဲ့ ဗမာထမင်းကြော်ပါ…
    နနွင်းမှုန့် ဝါဝါလေးနဲ့ ဆီခြောက်ခြောက်လေးကြော်ထားရင် အဆာခံသကွဲ့…
    ကြက်ဥနဲ့ ဂဏန်းသားထည့်ထားတဲ့ ယိုးဒယားထမင်းကြော်လည်း ကိတ်တာပဲ…
    တစ်ယောက်သောသူကို ချက်ကျွေးဖို့ စာရင်းလုပ်ဦးမှ… အား ဟိ
    😀

  • KZ

    September 24, 2013 at 3:35 pm

    ဟွန့်။
    ကျောက် နဲ့မတ်
    အကြိုက်တွေက တော့ တူပါရဲ့။
    စွံတဲ့ သူနဲ့ မစွံတဲ့သူ ကော်မန့်တွေမြန်း ကွာချက်ကယ်။
    ဟိဟိဟိ

    :mrgreen:

  • e tone

    September 24, 2013 at 4:07 pm

    ထမင်းကြော်အနံ ့ရလို့ဝင်လာတာ … ။ ခေါက်ဆွဲကြော် ၊ ကြာဆံကြော်တွေထက် ထမင်းကြော်ကို ပိုကြိုက်တယ် … ။ဘယ်လို ထမင်းကြော် အမျိုးစားမဆို … ကြိုက်ပါတယ် ။
    ဒီရက်ပိုင်း တရုတ်ထမင်းကြော်ချည်း ဓါတ်ကျလို့ … ညနေပိုင်းရုံးဆင်းရင် တွားတွားတီးဖြစ်တယ် … ခိခိ … ။ အိမ်မှာတော့ မကြော်ဖြစ်ဘူး …. ဟီး .. အပျင်းထူတာ …… ကြော်ပြီး ပြန်ဆေးကြောရမှာလည်း မလုပ်ချင်လို့ … 😛
    မမခိုင်ဇာရယ် ၊ ကိုဂရယ် ၊ အန်တီမမရယ် ဘယ်သူပဲဖြစ်ဖြစ် .. ကြော်ကျွေးလျှင်တော့ မငြင်းပါဘူး … ဟီး

    • KZ

      September 24, 2013 at 4:09 pm

      ဟုတ်တယ် တုန်။
      မမလည်း ထမင်းကြော်ပဲ မှာတာ။
      ဝယ်စားရတဲ့ အထဲမှာဆို တရုတ်ထမင်းကြော်ကို သိပ်ကြိုက်တာပဲ။
      🙂

  • Shwe Ei

    September 24, 2013 at 5:11 pm

    ှုွငါးပုတ်ခြောက်ထမင်းကျော်နည်း အလက်ကျွတ်စ်သွားဘာဒီ

    ပိတ်ရက်မှ အကောင်အထည်ဖေါ်ဘာမီ

    လမ်းကြုံတဲ့သူဝင်စားနိုင်သည် 😛

    • KZ

      September 24, 2013 at 5:22 pm

      ပြန်လာရင် ကြော်ကျွေးဦးနော် ပြာယေးယေ။

      😀

  • အလင်းဆက်

    September 24, 2013 at 7:03 pm

    ထမင်းကြော် သိပ်မကြိုက်တဲ့ကျွန်တော်
    အခု
    စားချင်လာတယ်

    🙂

  • ဦးဦးပါလေရာ

    September 25, 2013 at 12:33 am

    ထမင်းကြော်ပိုစ့် ဆိုတော့-
    ကျုပ်ရေးမယ့် ထမင်းကြော် မပါသွားရင် နှမြောစရာ….

    လွန်ခဲ့သော နှစ်သုံးဆယ်နီးပါးခန့်က တက္ကသိုလ်ကျောင်းဆောင်မှာ ကြော်စားတဲ့
    သမိုင်းဝင် နဝဒေးထမင်းကြော်

    ပါဝင်ပစ္စည်းများ
    ၁-ကြက်ဥ တစ်လုံး
    ၂-ထမင်းစားဆောင်မှ မတ်ခွက်ထဲခိုးသိပ်လာတဲ့ ရွှေဝါထွန်းဆန်နဲ့ချက်တဲ့ ထမင်းမာမာ မတ်ခွက်တစ်လုံးစာ
    ၃-ကြက်သွန်နီ ဥလတ် တစ်လုံး
    ၄-ဆီ ဇီးဘရားဇွန်းနဲ့ တစ်ဇွန်းခွဲ
    ၅-ဆား + အချိုမှုန့်

    ကြော်စားရမယ့်အချိန် (အလွန်အရေးကြီးသည်)

    သူများအဆောင်ရှေ့ဝင်းထရံနားမှာ အသံသေးအသံကြောင်နဲ့ သွားနှောက်ယှက်လို့အပြီး
    အဆောင်ပြန်ရောက်ချိန် ညသန်းခေါင်ယံခန့်

    ကြက်သွန်နီကို မထူမပါးလှီးပြီး ရေဆေးရေစစ်ထားပါ
    ဆီဇွန်းတစ်ဝက်ခန့်ကို လက်ကိုင်ဒယ်အိုးပြားထဲထည့်ပြီး ကြက်ဥဖေါက်ထည့်ကာ ဆားအနည်းငယ်ထည့်၍မွှေကြော်ပါ။ ပြီးလျှင်ဒယ်အိုးထဲမှခပ်ထားပါ။
    ဆီဇွန်းတစ်ဇွန်းခန့်ကို ဒယ်အိုးထဲထည့်၍ ကြက်သွန်နီဆီသတ်ပါ။
    ကြက်သွန်နီပျော့သွားလျှင် ဒယ်အိုးကို ဟော့ပလိပ်ပေါ်မှချ၍ မတ်ခွက်ထဲမှထမင်းများထည့်ပါ။
    အချိုမှုန့်ထည့်ပါ။ ဇွန်းဖြင့်နှံ့အောင်နယ်ပါ။
    ပြီးလျှင်မီးဖိုပေါ်ပြန်တင်ပြီး ထမင်းခြောက်လာသည်အထိ ချိုးမကပ်အောင် အဆက်မပြတ်မွှေပါ။
    ထမင်းခြောက်လာလျှင် ကြက်ဥကြော်များလောင်းထည့်ပြီး သုံးလေးချက်မွှေပေး၍ မီးဖိုပေါ်မှချပြီး သူများလာအားမပေးခင် အပူတပြင်းအလောတကြီး ဖူးဖူမှုတ်၍သုံးဆောင်ပါ..။

    စားတဲ့သူက အဆောင်ကျောင်းသားဖြစ်လျှင် နတ်သုဒ္ဒါတစ်မျှ အလွန်အရသာရှိပါသည်။

    စားတဲ့သူက အပြင်လူဖြစ်လျှင်တော့ အန်ထွက်လျှင် တာဝန်မယူ…

    • KZ

      September 25, 2013 at 9:14 am

      ပျော်စရာကြီးပဲ ဦးပါရေ။
      အညာမှာ ခပ်မြန်မြန်နဲ့ လွယ်လွယ် ချက်စားတဲ့ ဟင်းကို ဘိုးသိုးဘတ်သတ် ဟင်းလို့ ခေါ်သဗျ။
      ဒါလည်း ဘိုးသိုးဘတ်သတ် ထမင်းကြော်ပေါ့နော့။

      :mrgreen:

  • ဇီဇီခင်ဇော်

    June 14, 2015 at 6:51 pm

    ဒါက ချစ်မမ ရဲ့ ငါးပုတ်ခြောက် ထမင်းးကြော်…
    စားးလို့ ကောင်းးတာ ကိုယ်တွေ့ပါ…

    http://myanmargazette.net/215760

    —-
    ငါးပုပ်ပြားဆိုတာ ငါးကိုအပုပ်ခံမှ အနံ့လည်းမွှေး အသားလည်းပွပြီး နူးညံ့တာမို့
    အရင်ဆုံး စားရဲသူတွေအတွက်လို့ ပြောချင်ပါတယ်။ :i:

    ငါးပုပ်ပြားထမင်းကြော်တဲ့အခါမှာ ……
    အရသာရဖို့နဲ့ အနံ့ရဖို့အတွက် ငါးကို ၂မျိုးခွဲထည့်ပါတယ်။

    အရသာအတွက် အသားများတဲ့အပိုင်းကို ပါးပါးလှီးထားပါတယ်။

    ငါးအနံ့ရဖို့အတွက် အရိုးနဲ့ကပ်နေတဲ့ငါးကို ပြုတ်ပြီး အသားထွင်ပါတယ်။
    အသားထွင်တဲ့အခါမှာ အရေခွံကိုသပ်သပ်ဖယ်ပြီး ပါးပါးလှီးထားတဲ့ ငါးအသားနဲ့ရောထားပါတယ်။

    ငါးပြုတ်ရည်ကို သွန်မပစ်ပဲ ထမင်းထဲထည့်ပြီး ထမင်းကို ဖွထားပါတယ်။
    ငါးပြုတ်လိုက်လို့ ထွက်သွားတဲ့ အငံအရသာကို ပြန်ယူတာဖြစ်တဲ့အပြင် ဆီနည်းနည်းပဲသုံးချင်လို့လည်း ဖြစ်ပါတယ်။

    CAM03924[1]
    ကြက်ဥကို ခေါက်ထားပါတယ်။
    CAM03926[1]
    ပြုတ်ပြီး အသားထွင်ထားတဲ့ငါးတွေကို ဆီများများနဲ့ ရွှေဝါရောင်သမ်းတဲ့အထိ ကြွပ်နေအောင် ကြော်ပြီး ဆီစစ်ထားပါတယ်။

    CAM03921[1]
    ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ပါးပါးလှီးထားတဲ့ငါးအသားနဲ့ ပြုတ်ပြီးလှီးထားတဲ့ ငါးအရေခွံတွေကို ထည့်ကြော်ပါတယ်။

    CAM03927[1]
    ငါးအသားကျက်ပြီဆိုရင် ခေါက်ထားတဲ့ ဘဲဥထည့်ကြော်ပြီး ငါးပြုတ်ရည်နဲ့နယ်ပြီး ဖွထားတဲ့ထမင်းကို ထည့်ပါတယ်။
    ငါးအရသာလိုချင်တာမို့ ငါးကိုကြော်တဲ့အခါမှာ ခြောက်သွားတဲ့အထိ မစောင့်ပဲ ကျက်ရုံပဲ ကြော်ပါတယ်။

    အသားထပ်ထည့်ချင်ရင်တော့ ထမင်းမထည့်ခင် ပုစွန်နဲ့ ကြက်သား(သို့) ဝက်သားကို ပါးပါးလှီးပြီး ထည့်နိုင်ပါတယ်။
    အသားစုံရင်ပိုပြီး စားကောင်းပါတယ်။

    ထမင်းထည့်ပြီးတဲ့အခါမှာ အနံ့ရဖို့အတွက် ငါးကြော်ပြီး စစ်ထားတဲ့ဆီကို ထည့်ကြော်ပါတယ်။

    ကဲ- စားလို့ရပြီနော်။
    CAM03928[1]

    အရေးကြီးတာက ထမင်းကြော်တဲ့အခါ ဆားရော အချိုမှုန့်ရော ဘာမှမထည့်ပါဘူး။
    ငါးခြောက်နဲ့ချက်တဲ့အခါ ဆားထည့်ရင် အရသာစူးပြီး စားမကောင်းပါဘူး။

    ငါးပုပ်ပြားထမင်းကြော်က သူ့ချည်းပဲဆို ခြောက်ကပ်ကပ်ကြီးဖြစ်နေတယ်။
    ကြက်သွန်ချဉ်၊ ငရုတ်ဆီတွေနဲ့လည်း မလိုက်ဘူး။

    အဲဒါနဲ့ပဲ …..
    ချဉ်ပေါင်ရွက် အရည်သောက်လေးနဲ့ စားလိုက်တယ်။

  • ဇီဇီခင်ဇော်

    June 14, 2015 at 6:59 pm

    ဒါက ချစ် မမ ရဲ့ ၃ ရောင်ခြယ်ထမင်းကြော် လင့်(ခ) http://myanmargazette.net/171550

    ပိတ်ရက်နှစ်ရက်ဆက်နေတာနဲ့ ချက်ပြုတ်ကြော်လှော်စားသောက်ဖို့ ကြံမိပါတယ်။

    ဈေးဝယ်ထွက်ရမှာ ပျင်းသမို့ ရှိတာနဲ့ပဲ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အကြံထုတ်မိတယ်။

    မနေ့ကချက်ထားတဲ့ ထမင်းတွေ ကျန်တာများနေတော့ မျှင်ငပိထမင်းကြော် ကြော်စားဖို့ စီစဉ်လိုက်တယ်။

    ပုစွန်ဟင်းက ကျန်တဲ့ ပုစွန်ဆီနည်းနည်းကိုလည်း အစပြတ်သွားအောင် ထည့်ချင်သေးတယ်။
    အသားအတွက်တော့ လွယ်လွယ်ကူကူ ရှိနေတဲ့ ပုစွန်ခြောက်နဲ့ ဘဲဥကိုပဲ ထည့်လိုက်မယ်။

    စိတ်ကူးရင်း စားချင်စဖွယ် လှတပတလေးဖြစ်အောင် ထမင်းကို အရောင်၃မျိုးစပ်လိုက်ဖြစ်တယ်။
    အမြင်နဲ့ စားကြပါအုံးနော်။

    ကဲ- ထမင်းစကြော်တော့မယ်နော်။
    အရင်ဆုံး ထမင်းကို ၃ပုံ ပုံတယ်။
    ၁ပုံကို ပုစွန်ဆီနဲ့ နယ်တယ်။
    နောက် ၁ပုံကို မျှင်ငပိနဲ့ နယ်တယ်။

    ဘဲဥကို ပွနေအောင် ခေါက်ထားတယ်။
    ကြက်သွန်ဖြူကို ခွာပြီး ဓားပြားရိုက်ထားတယ်။
    အရောင်လှအောင် ပြင်ဆင်ဖို့ ကြက်သွန်မြိတ်နည်းနည်းလည်း ထည့်အုံးမှ။

    အရင်ဆုံး ဆီနည်းနည်းထည့်ပြီး ပုစွန်ခြောက်ကို ကြွပ်အောင် ကြော်ပြီး ဆယ်ထားပါတယ်။

    ကျန်တဲ့ဆီနဲ့ မျှင်ငပိနယ်ထားတဲ့ ထမင်းကို ထည့်ကြော်ပြီး ပြီးခါနီးမှာ ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာကို ထည့်မွှေပါတယ်။
    ကြက်သွန်ဖြူက ကျန်းမာရေးအတွက်ကောင်းစေတဲ့အပြင်

    ဆီနဲ့မကြော်ပဲ ဓားပြားရိုက်ပြီး အုပ်တာက အရသာရော အနံ့ကိုပါ တမျိုးထူးခြားကောင်းမွန်စေပါတယ်။

    ဆီနည်းနည်းထည့်ပြီး ခေါက်ထားတဲ့ ဘဲဥကို ထည့်ကြော်ပါတယ်။
    စားတဲ့အခါမှာ အဝါရောင် အမျှင်အစလေးတွေဖြစ်နေအောင်လို့ မွှေပေးပါတယ်။။

    ပြီးရင် တစ်ခုချင်း သပ်သပ်စီ ခပ်ထားပါတယ်။

    ဆီသင့်ရုံထည့်ပြီး ထမင်းဖြူကို ထည့်ကြော်ပါတယ်။
    အရသာအတွက် ကြက်သားမှုန့်အနည်းငယ်ထည့်ပါတယ်။

    ပုစွန်ဆီနယ်ထားတဲ့ ထမင်းကိုတော့ ဆီမထည့်ပဲ (ပုစွန်ဆီကလည်း ဆီပါထားတော့) ကြော်ပါတယ်။
    အရသာအတွက် ဆားအနည်းငယ်ထည့်ပါတယ်။
    ထမင်း ၃မျိုး၊ အရသာ ၃မျိုး ဖြစ်အောင်ပါ။

    နောက်ဆုံးတော့ လွယ်ကူသက်သာတဲ့ စားချင်စဖွယ် သုံးရောင်ခြယ် ထမင်းကြော်ကို သုံးဆောင်လို့ ရပါပြီ။

    စားပြီးမှ စဉ်းစားမိတာက ထမင်းအဖြူကြော်တဲ့အခါမှ ဘဲဥမွှေကြော်ထားတာကို ထည့်လိုက်ရင် အရောင်၃မျိုးက ပိုလှသွားနိုင်ပါတယ်။

    သုံးရောင်ခြယ် အရသာ၃မျိုး ထမင်းကြော်ကို အခုလိုမျိုး ပုစွန်ဆီနဲ့ မျှင်ငပိမဟုတ်ပဲ………
    တခြားစိတ်ကူးတည့်ရာ Chilli sauce တို့၊ Tomato sauce တို့ နယ်ပြီးတော့ပဲ ဖြစ်ဖြစ်၊
    အစပ်ကြိုက်တတ်ရင် ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲလှီးပြီး ဆီထဲထည့်ကြော်၊ အနည်းငယ်နွမ်းသွားရင် ထမင်းထည့်ကြော်တာမျိုးပဲ ဖြစ်ဖြစ်၊ စပ်ဟပ်ပြီး ထူးဆန်းထွေလာ ချက်ပြုတ်စားသောက်ကြည့်ဖို့ တိုက်တွန်းပါတယ်။

  • ဇီဇီ

    June 13, 2017 at 2:02 pm

    ခေတ်သစ် ပေါက်ကျိုင်း ရဲ့ ယူအက်(စ) အေ ထမင်းကြော် ဆိုပဲ။
    ~~~~~~~~~~~~~
    ပြင်ဆင်ပုံ…ကြက်သားရင်အုံသားကို ပါးပါးလှီးပါ၊ပြီးလျှင် ခရုဆီအနည်းငယ်၊ပဲငံပြည်အနည်းငယ်၊ဆား၊အချိုမှုန့်၊ငရုတ်ကောင်းအဖြူ၊နှမ်းဆီအနည်းငယ်၊ကြက်ဥအနှစ်အနည်း ထည့်ပြီးကြက်သားကိုနယ်ထားပါ၊
    (တစ်ယောက်စာဆို တစ်သားခန့်၊ဆယ့်ငါးကျပ်သားလောကဆိုရင်ရပါတယ်)။နယ်ပြီးအနည်းဆုံး(၁၅)မိနစ်လောက်ထားပါ၊
    ဒါမှအသားထဲကို အချိုအငံတွေအရသာတွေဝင်မှာပါ၊ပြီးလျှင် နယ်ထားသောကြက်သားများကို ကော်မှုန့်နှင့်နယ်ပါ၊ခြောက်သွေ့အောင်နယ်ပါ၊ဆီအိုးပူအောင်တည်ထားပါဆီပူလာလျှင် ကြက်သားများကို ထည့်ကြော်ပါ၊ကြော်သည့်အခါတွင်လည်း အသားများလုံးမသွားအောင်သတိထားပါအသားများ ရွှေအိုရောင်သန်းပြီဆိုလျှင် ဆယ်ပြီးဆီစစ်ထားပါ၊
    ထမင်းကြော်ရန်အတွက်…ပဲသီးစိမ်းအနည်းငယ်ကိုလှီးထားပါ၊မုန်လာဥနီအနည်းငယ်ကိုလည်းအတုံးလေးတွေတုံးထားပါ၊
    ထမင်းကိုလည်းတစ်ယောက်စာအနေတော်ထည့်ပြီး၊ဆားအချိုမှုန့်၊ငရုတ်ကောင်းအဖြူ၊ခရမ်းချဉ်သီးဆောစ့်အနည်းငယ်၊ငရုတ်ဆီဆောစ့်အနည်းပါထည့်ပါ။
    ဒယ်အိုးထဲဆီပူလာလျှင် ကြက်ဥအနည်းငယ်ထည့်ပါ၊ပြီးလျှင် ထမင်းများထည့်၍ကြော်ပါ၊အရသာကို ကြော်နေရင်းမိမိနှစ်သက်သလို အပေါ့အငံထပ်ထည့်ပါ။

    ဆောစ့်ချက်ရန်…အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး၊ဆီပူလာလျှင် ခရုဆီအနည်းငယ်ထည့်ပါ၊ငရုတ်ဆီ(Chilli Sauce)အနည်းငယ်ထည့်ပါ၊ပဲငံပြာရည်(အကြည်ရည်)ထည့်ပါ၊ဆားအနည်းငယ်၊သကြားအနည်းငယ်ထည့်ပါ၊
    အရသာကိုမြည်းကြည့်ပါပြီးလျှင်၊ကော်မှုန့်ကိုရေအနည်းငယ်ဖြင့်ဖျော်ပြီး၊ကော်ရည်နည်းနည်းထည့်ပါ၊ဆောစ့်ရပြီဆိုလျှင် ကြော်ထားသောကြက်သားများကိုထည့်ပြီး စားသုံးနိုင်ပါသည်။

  • ဇီဇီ

    June 13, 2017 at 2:03 pm

    ဒါ မွမှီ ရဲ့ ထိုင်းငါးပိထမင်းကြော်
    ~~~~~~~~~~~~~~~~~~~~~~
    ရွာထဲက ပြည်ပနေ တစ်ကိုယ်တော် သိုင်းသမားများအတွက် မြန်ဆန်လွယ်ကူတဲ့ စားလို့ကောင်းတဲ့ ထမင်းကြော်လေးပါ။
    ၁.ထမင်းကို မွှထားပါ။
    ၂.ပုစွန်ငါးပိ ကွမ်းသီးလုံးလောက် အနေကို ရေနဲ့ ဖျော်ထားပါ။
    ၃. ကြက်သွန်ဖြူ ၂တက်လောက်ကို နုပ်နုပ် စဉ်းထားပါ။
    ၄.ကြက်သွန်နီတလုံး ပါးပါးလှီးထားပါ။
    ၅. ကြက်ဥ တလုံး။
    ၆. ပုစွန်ခြောက် အနည်းငယ်။
    ၇. ဝက်အူချောင်း။ ( ဝက်အူချောင်း မရှိလို့ ဆောဆေ့ ကို ကြော်ထားတာ)
    ၈. ဆီ အနည်းငယ်။

    ထမင်းကြော်နည်း
    ဒယ်အိုးထဲကို ဆီထည့်ပါ။ ဆီပူလာတဲ့ အခါ ကြက်ဥကို အကာကြက်ကြော်ပြီး ဆယ်ထားပါ။ ပြီးရင်တဆက်တည်း ဝက်အူချောင်းကြော်ပါ။ ဝက်အူချောင်းကို ဆယ်ပြီးရင် ပုစွန်ခြောက်ကို ထည့်ကြော်ပါ။ အားလုံးကြော်ပြီးတဲ့ အခါ ဆီ နဲနဲ ထပ်ထည့်ပြီး နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို ကြော်ပါ။ ကြက်သွန်ဖြူ နွမ်းလာရင် အသင့်ဖျော်ထားတဲ့ ပုစွန်ငါးပိရည်ကို ထည့်လိုက်ပါ။ ငါးပိရည် ပွက်လာရင် ထမင်းထည့် ဆား၊ ဟင်းခတ်မှုန့်ထည့် ကြော်ပါ။ ထမင်းခြောက်ပြီး မာလာရင် အရသာမြည်းပြီး ချလိုက်ပါ။ ပန်းကန်ပြားထဲကို ထမင်းကြော်ထည့်။ ကြက်ဥကြော်၊ ဝက်အူချောင်းကြော်၊ ပုစွန်ခြောက်ကြော်ထည့် အလှပြင်ပါ။ လှီးထားတဲ့ ကြက်သွန်နီကို ရေဆေးပြီး သံပုရာသီး၊ ငရုပ်သီးစိမ်း၊ ဆားတို့နဲ့ နယ်လိုက်တဲ့ အခါ ထိုင်းငါးပိထမင်းကြော်နဲ့ လိုက်ဖက်တဲ့ အချဉ်ရပါပြီ။ ထိုင်းငါးပိ ထမင်းကြော်က ကြက်သွန်ချဉ်ပါမှ အရသာပြည့်စုံပါတယ်။ ကျွန်မကတော့ ထမင်းပေါ်က နံန့ပင်လေး တင်ပြီး အလှဆင်ထားတာပါ။ လွယ်လည်း လွယ်ပြီး စားကောင်းတဲ့ ထမင်းကြော် ကျွေးပြီး နှုတ်ဆက်လိုက်ပါတယ်နော်။

  • ဇီဇီ

    June 13, 2017 at 2:04 pm

    Wei Wei easy cook လဲ ပါချင်သေးတယ် … ထမင်းကြော်တွေထဲမှာ အကြိုက်ဆုံးကတော့ မနက်စာ ပဲပြုတ်ထမင်းကြော် .. လူတိုင်းသိပေမယ့် ဒီမှာ ကြော်လိုက်အုန်းမယ် … ညဘက်ကကျန်တဲ့ထမင်းကြမ်းကို ခြေပြီး ဆားနဲ့ ပဲငံပြာရည် အရည်ရော အနောက်ပါ ရောနယ်ထားလိုက်ပါတယ် .. ဆီပူထဲ ကြက်သွန်နီးလှီးထားတာထည့်ပြီး ဆီသတ် .. ပဲပြုတ်တစ်ဝက်ကို ဆီထဲထည့်ကြော်ပြီး ခြေထားတဲ့ထမင်းတွေ ထည့်ကြော်တယ် .. မီးအေးအေးနဲ့ပဲ ကြော်ပါတယ် .. အနေအထားကြိုက်ပြီဆိုမှ ကျန်တဲ့ပဲပြုတ်ကို ထည့်ပြီး မီးပိတ်ပါတယ် ..

  • ဇီဇီ

    June 13, 2017 at 2:06 pm

    Credit Tun Tun Win

    ရှမ်းပြည်ရု်ိးရာထမင်းကြော်

    ဆီပူထဲကို
    ကြပ်သွန်နီ အရင်ထည့်ကြော်
    မနီခင်လောက်မှာ
    ခရမ်းချဉ်သီးကို နုတ်နုတ်စင်းထည့်ကြော်ပါ
    ခရမ်းချဉ်မကျက်တကျက်မှာ
    ထည့်ကြော်မဲ့
    ထမင်း ရောမွှေ ဆားအချိုငံ
    သင့်ရုံထည့်
    ထမင်းလုံးတွေ မီးအပူတိုက်လို့တင်းဖောင်းခြောက်လာရင်
    ငုတ်ကောင်းဖြူးပြီး
    မြေပဲဆံကြော်
    ပဲပုပ်အချပ်မီးကင် ဆီစိမ်းဆမ်း
    ငုတ်တီးစိမ်း
    ကြပ်သွန်ဖြူ ကိုက်ရွေ့သုံးဆောင်ပါလေ

  • ဇီဇီ

    June 13, 2017 at 2:07 pm

    Credit to Tun Tun Win

    Malaysia Nasi Goreng Kampung
    It means
    Nasi ထမင်း
    Goreng ကြော်သည်
    Kampung ရွာ

    ဆိုတော့
    မလေးတွေရွာမှာကြော်တဲ့ ထမင်း??

    ဒလိုလေ
    ဂေါ်ဖီထုပ်တစ်ရွက်လောက်
    ကန်စွန်းရွက်နှစ်ပင်လောက် ကြမ် းကြမ်း စင်းထားလိုက်
    ပုဇွန်ခြောက် နည်းနည်းဆီပူထိုးဆယ်ထား
    ကြက်သွန်ဖြူနီ ငုတ်တီးစိမ်း
    ဓားပြားရု်ိက်ဆီပူထဲဆက်ထည့်
    ငပိက ပုဇွန်ငပိ စိမ်းစားငပ်ိ
    အာ့နည်းနည်းထည့်ကြော် မွှေးလာရင် ဆားအချိုငံ ထမင်းထည့်အေ
    ပန်းကန်ထဲပြောင်းကာနီး ကန်စွန်းရွက် ဂေါ်ဖီရွက် စင်းထားတာတွေ
    ထည့်မွှေ လိုက်ရင်
    ရပြီ ထမင်းကြော်ပန်းကန်ထဲရောက်မှ
    ခုနင်ကပုဇွန်ခြောက်ကြော်ထည့်ဖြူးလိုက်ပါ

Leave a Reply