ဘပြောင်အတွက်အားဆေး

DEPARKO DEPARKOSeptember 19, 20131min17612

ပြောင်ပြောင်လျှောက်တဲ့လမ်းမှာ
ငရဲပန်းကိုနတ်ပန်းထင် ခေါင်းပေါ်ဆင်ယင်နေသူတွေက
ပြောင့်ရင်ထဲကစကား သူတို့နားမှာခါး
ငရဲသားတွေမို့ ခွင့်လွှတ်လှည့်စမ်းပါ။
ပြောင်ပြောင်လျှောက်တဲ့ခရီးမှာ အနီးကလဲမလိုက်
လူ့ဗာလ လူမိုက်တွေက အချီးနှီးသောစကား
မုဒိတာမပွါးနိုင်သမို့ ဂရုဏာထား
သနားလိုက်စမ်းပါ။
ပြောင်ပြောင်ဖေါက်တဲ့လမ်း ကြမ်းတမ်းဆဲဘဲမို့
လမ်းလျှောက်ရင်းခရီးတစ်ထောက် အမောဖေါက်တဲ့အခါ
ဂရုဓမ္မကိုပွါးလို့ လူသားတွေအပေါ်မေတ္တာထား
ပစ်မထားပါနဲ့နော်။
မလိုသူတွေတီးတိုးစကား နိုင်ငံတကာမှာကြားရပြီး
ကြိုဆိုမည့်သူနထ္ထိ အသိစိတ်မရှိသူတွေ
အရာရာကိုအဆိုးမြင် စိတ်ကြီးဝင်နေသူတွေက
ဘပြောင်ကိုပုတ်ခတ် စိတ်မပျက်လိုက်ပါနဲ့နော်။
တစ်ချို့သူတွေစကား ကြားရတဲ့သူခံစား မျက်ရည်များတောင်ကျရသတဲ့။
တစ်ချို့သူတွေရဲ့ ဂရုဏာတရား ဆုတံဆိပ်တွေပွါးသထက်ပွါးလို့
မေတ္တာရှင်ဂရုဏာတရား သိပ်ကိုများသတဲ့။
တစ်ချို့သူတွေလျှောက်တဲ့လမ်း လက်ခုပ်သံလွှမ်းလို့ စင်္ကြာဝဋာရဲ့အပြင်ဘက် ပေါက်ထွက်မတတ်ဘဲ။
တစ်ချို့သူတွေခင်းတဲ့လမ်း ကတ္တီပါလွှမ်းလို့ ပန်းတွေလည်းခင်းနောက်လိုက်နောက်ပါတသင်းနဲ့။
တစ်ချို့သူတွေရဲ့အပြုံး လူသားတွေရဲ့နှလုံးသားကိုယူငင် သီချင်းရှင်တောင်ဆိုမရတော့ဘူးဆိုဘဲ။
ဘပြောင်ရေ
ဘပြောင်လျှောက်တဲ့လမ်း လက်ခုပ်သံတွေမလွှမ်းလဲ ဘပြောင်နှလုံးသား လဲပြိုမသွားစေဘို့
ဘပြောင်ရဲ့အနောက် ကျွန်တော်တို့ရှိနေမယ်။
ဘပြောင်ရဲ့ဂရုဏာတရား မခံစားနိုင်သူတွေကြား မလိုတမားစကား စိတ်ပျက်မသွားပါနဲ့
ဘပြောင်အနား ကျွန်တော်တို့ရှိနေမယ်။
ဘပြောင်ခေါ်တဲ့လက် တွဲလက်ဖြုတ်ဘို့ကြိုးစား လူ့ငနွားတွေကြောင့် ဘပြောင်စိတ်ရှုပ်မနေနဲ့
ဘပြောင်စကား ကျွန်တော်တို့နားထောင်မယ်။
စေတနာကိုအရင်းခံ ဘပြောင်ရဲ့ဟန်မလုပ် အပြောသမားမဟုတ် အလုပ်လုပ်လွန်းလို့
နှလုံးသားထဲထည့်ထားတဲ့စက် မရပ်ဘို့ရာဆုတောင်း ဒီမိုကရေစီလမ်းကြောင်းမပြောင်းစေဘို့
လိုအပ်ရင်စတေးဘို့ ကျွန်တော်တို့အသက်သွေးချွေးနှင်းအပ်ပါရစေ ဘပြောင်။

12 comments

  • အလင်းဆက်

    September 19, 2013 at 11:04 am

    ဘဘပြောင် အပေါ်မှာ ထားတဲ့ စိတ်စေတနာတွေကို
    ဘဘပြောင် သိပါဇေ

    🙂

    • DEPARKO DEPARKO

      September 19, 2013 at 12:39 pm

      ပြောင်ပြောင်လျှောက်တဲ့လမ်းမှာ
      ငရဲပန်းကိုနတ်ပန်းထင် ခေါင်းပေါ်ဆင်ယင်နေသူတွေက
      ပြောင့်ရင်ထဲကစကား သူတို့နားမှာခါး
      ငရဲသားတွေမို့ ခွင့်လွှတ်လှည့်စမ်းပါ။
      ပြောင်ပြောင်လျှောက်တဲ့ခရီးမှာ အနီးကလဲမလိုက်
      လူ့ဗာလ လူမိုက်တွေက အချီးနှီးသောစကား
      မုဒိတာမပွါးနိုင်သမို့ ဂရုဏာထား
      သနားလိုက်စမ်းပါ။
      ပြောင်ပြောင်ဖေါက်တဲ့လမ်း ကြမ်းတမ်းဆဲဘဲမို့
      လမ်းလျှောက်ရင်းခရီးတစ်ထောက် အမောဖေါက်တဲ့အခါ
      ဂရုဓမ္မကိုပွါးလို့ လူသားတွေအပေါ်မေတ္တာထား
      ပစ်မထားပါနဲ့နော်။
      မလိုသူတွေတီးတိုးစကား နိုင်ငံတကာမှာကြားရပြီး
      ကြိုဆိုမည့်သူနထ္ထိ အသိစိတ်မရှိသူတွေ
      အရာရာကိုအဆိုးမြင် စိတ်ကြီးဝင်နေသူတွေက
      ဘပြောင်ကိုပုတ်ခတ် စိတ်မပျက်လိုက်ပါနဲ့နော်။
      တစ်ချို့သူတွေစကား ကြားရတဲ့သူခံစား မျက်ရည်များတောင်ကျရသတဲ့။
      တစ်ချို့သူတွေရဲ့ ဂရုဏာတရား ဆုတံဆိပ်တွေပွါးသထက်ပွါးလို့
      မေတ္တာရှင်ဂရုဏာတရား သိပ်ကိုများသတဲ့။
      တစ်ချို့သူတွေလျှောက်တဲ့လမ်း လက်ခုပ်သံလွှမ်းလို့ စင်္ကြာဝဋာရဲ့အပြင်ဘက် ပေါက်ထွက်မတတ်ဘဲ။
      တစ်ချို့သူတွေခင်းတဲ့လမ်း ကတ္တီပါလွှမ်းလို့ ပန်းတွေလည်းခင်းနောက်လိုက်နောက်ပါတသင်းနဲ့။
      တစ်ချို့သူတွေရဲ့အပြုံး လူသားတွေရဲ့နှလုံးသားကိုယူငင် သီချင်းရှင်တောင်ဆိုမရတော့ဘူးဆိုဘဲ။
      ဘပြောင်ရေ
      ဘပြောင်လျှောက်တဲ့လမ်း လက်ခုပ်သံတွေမလွှမ်းလဲ ဘပြောင်နှလုံးသား လဲပြိုမသွားစေဘို့
      ဘပြောင်ရဲ့အနောက် ကျွန်တော်တို့ရှိနေမယ်။
      ဘပြောင်ရဲ့ဂရုဏာတရား မခံစားနိုင်သူတွေကြား မလိုတမားစကား စိတ်ပျက်မသွားပါနဲ့
      ဘပြောင်အနား ကျွန်တော်တို့ရှိနေမယ်။
      ဘပြောင်ခေါ်တဲ့လက် တွဲလက်ဖြုတ်ဘို့ကြိုးစား လူ့ငနွားတွေကြောင့် ဘပြောင်စိတ်ရှုပ်မနေနဲ့
      ဘပြောင်စကား ကျွန်တော်တို့နားထောင်မယ်။
      စေတနာကိုအရင်းခံ ဘပြောင်ရဲ့ဟန်မလုပ် အပြောသမားမဟုတ် အလုပ်လုပ်လွန်းလို့
      နှလုံးသားထဲထည့်ထားတဲ့စက် မရပ်ဘို့ရာဆုတောင်း ဒီမိုကရေစီလမ်းကြောင်းမပြောင်းစေဘို့
      လိုအပ်ရင်စတေးဘို့ ကျွန်တော်တို့အသက်သွေးချွေးနှင်းအပ်ပါရစေ ဘပြောင်။(ကျွန်တော် ဂေဇက်မှာဒီနေ့တင်ဖြစ်တဲ့ ပို့လေးပါ)

      • အလင်းဆက်

        September 19, 2013 at 2:26 pm

        ဒီ စာသားတွေကို
        ကော်ပီ ကျန်အောင် ချန်ထားပေးပါဗျို ့

        🙂

  • Kyi Lwin

    September 19, 2013 at 11:13 am

    ပြောင်.. ပြောင်.. ပြောင်လား မောင်ရေ့။ ပြောင်ပြောင့် ကို အားပေးတဲ့ သူ ရှိတယ်။
    စိတ်ချမ်းသာပေတော့ပြောင်ရေ။
    ကျွန်မ ကြားဖူးတာလေး ပြောချင်တယ်။
    နေပြည်တော် တည် စ က တရားသူကြီးချုပ် ဦးအောင်တိုးတစ်ယောက် နေပြည်တော် ကို ရောက်ရင် စိတ်ညစ်ညစ်နဲ့ကားလျှောက်လို့ ချည်း စီးသတဲ့။ န အ ဖ ခို်င်းတဲ့ အလုပ် မလုပ်ချင်ဘူးဆိုသပေါ့လေ။
    ဒီလို ကြားတော့ ပြောမိတယ်။
    ကိုယ့် ပညာ ကိုယ့်သိက္ခာနဲ့ ကိုယ်မလုပ်ချင်တဲ့ အလုပ် လုပ်နေရရင်၊ ကိုယ်လုပ်ချင်တဲ့အလုပ် မလုပ်ရရင် မလုပ်ပဲနေပေါ့။ လူမှာ လူ့ကျင့်ဝတ် လူ့ပညာ လူ့သိက္ခာဆိုတာ ရှိတယ်။ အများအတွက် ကိုယ်က စေတနာထားပါလျှက်နဲ့ မတရားမှန်း သိပါလျှက်နဲ့ အာဏာနဲ့ အသိုင်း အဝိုင်းနဲ့ ဖိနှပ်မယ်။ အတင်း အဓမ္မခိုင်းမယ် ဆိုရင် ကိုယ့်နာမည်တော့ အပျက်မခံနဲ့ အသေသာ ခံလိုက် လို့။

  • အလင်းဆက်

    September 19, 2013 at 11:19 am

    ကဗျာ အောက်ပိုင်းက စာသားတွေက
    ဘယ်လို ဖြစ်ပါလိမ့်

  • Kyi Lwin

    September 19, 2013 at 1:15 pm

    ဒါမျိုး မဟက်ကြပါနဲ့ ။ကိုယ့်အမြင်နဲ့ကိုယ် ရေးနိုင်ကြတယ်မို့လား။ ခြေခြေမြစ်မြစ် နဲ့ အကြောင်းတရားရှိဖို့ပဲလိုတယ်လို့မြင်ပါတယ်။

    • DEPARKO DEPARKO

      September 19, 2013 at 1:31 pm

      အမြင်ခြင်းမတူရင် ရန်သူလို့သဘောထားသူတွေကြောင့်ပါ ကျွန်တော်ကတော့ ဘယ်သူမဆို အပြုသဘောဆောင်တဲ့အတွေးအခေါ်နဲ့မြင်တယ် အနုပညာဆိုတာ လူတွေရဲ့ စိတ်ထွက်ပေါက်ဘဲလေ

  • အလင်းဆက်

    September 19, 2013 at 1:54 pm

    ဒီ ပိုစ့်ကို ကျွန်တော် category ဝင်ပြောင်းပေးနေတာပါ
    ဟန်းဆက်နဲ့က poetry ကို ရှာမရလို ့ မပေါ်လို့
    လောလောဆယ် copy / paste ဖြစ်နေတာကို
    creative ထဲ ထည့်လိုက်တယ်။ ညကျမှ ကွန်ပျူတာနဲ့
    poetry ထဲ ထည့်မလို့ပါ။

    ကျွန်တော်လည်း လုပ်ပြီးရော
    ပြန်ပေါ်လာတာက ဒီလို ကြီးဖြစ်နေရော။
    ပထမ ကျွန်တော် ဖတ်ပြီး ကွန်မန့်တစ်ခု ပေးအပြီးထိ အကောင်း။

    ကျွန်တော်များ ဘာမှားသလဲဆိုပြီး လန့်သွားတယ်ဗျို့ ။

    =======
    ဟက်တာတွေ ဘာတွေတော့
    အဲဒီ အပိုင်း ကို ကျွန်တော် နားမလည်လို ့ မသိ။

    🙁

    =========

  • ဦးကြောင်ကြီး

    September 20, 2013 at 10:15 am

    ပြောင်ပြောင်လျှောက်
    ကြောင်တောင်ဂေါက်
    ပေါင်လောင်ချောက်
    ဆောင်ရောင်ပျောက်..

  • DEPARKO DEPARKO

    September 23, 2013 at 7:06 pm

    အားလုံးဘဲမင်္ဂလာအပေါင်းခညောင်းပါစေ

Leave a Reply