“အနီချင်းပြိုင် နိုင်မတဲ့လား´´ ၁၄ ရက်ခရီး အကဲခတ်ကြည့်ခြင်း

ခင္ခSeptember 19, 201314min20132

“အနီချင်းပြိုင် နိုင်မတဲ့လား´´ ၁၄ ရက်ခရီး အကဲခတ်ကြည့်ခြင်း

ခင်ခ သမီး မခင်နှင်းသက်သည် ဂဇက်ရွာ၏ မူလတန်းကျောင်းက ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ သူငယ်တန်း ကို ဒီနှစ်မှစပြီးကျောင်းထားရတာဖြစ်ပြီး ကျောင်းဆင်းတဲ့အချိန် ခင်ခ တစ်ယောက်သမီးလေးကို ကျောင်းသွား ကြိုခဲ့ပြီး ခင်ခ နေထိုင်ရာ ဂဇက်ရွာအပြင် ဇနပုဒ်တဲလေးကိုရောက်တော့ သမီးလေး အဝတ်အစားလဲပြီးကျောင်း ကြိုရင်းနဲ့ရွာမုန့်ဈေးတန်းက ဒေါ်ကေဇီ ဆိုင်က စားစရာလေးတွေဝယ်လာလို့ သမီးလေးနဲ့ အတူ မုန့်စားရင်းနဲ့ စကားစမည်းပြောဖြစ်ကြတာပေါ့။

“သမီးလေး ကျောင်းမှာ ဆရာမတွေ သင်ပေးတဲ့စာတွေ သမီးလိုက်နိုင်ရဲ့လား´´

“လိုက်နိုင်ပါတယ် ဖေကြီးရ၊ သမီး ဖြေတဲ့အဖြေတွေအားလုံး အနီရောင်အမှတ်လေးတွေဘဲ ရတာဖေကြီးရ´´

“ဟေ သမီး အနီရောင်အမှတ်လေးတွေ ဟုတ်ရဲ့လား သမီးရယ်´´

“ဖေကြီး မယုံရင် သမီး စာအုပ်ပြမယ်´´ ဆိုပြီး သမီးလေးက သူကျောင်းလွယ်အိတ်ထဲက စာအုပ်တွေ ထုတ်ပြီးပြသဖြင့် ယူကြည့်လိုက်တော့ ဟုတ်ပါရဲ့ အနီရောင်အမှတ်လေးတွေကို စီကားစွာတွေ့ရတယ်လေ။

“သမီးတို့ကျောင်းက အစမ်းဘဲနော် ဖေကြီးတို့ ငယ်ငယ်မြို့ကျောင်းတက်တုန်းက ဆရာမတွေက ဘောပင် မှင်အပြာနဲ့ အမှန်ခြစ်တာသမီးရဲ့ သမီးဆရာမက ဘောပင်မှင်အပြာရောင် ကုန်နေလို့ နေမှာ မနက်ဖြန် ဖေကြီး ဘောပင်မှင်အပြာ တစ်ကဒ်ဝယ်ပေးလိုက်မယ် သမီးဆရာမကို လက်ဆောင်သွားပေး ပေးပေါ့´´

“ဟာ ဖေကြီးကလည်း သမီးကို ဆရာမဆူမှာပေါ့´´

“ဘာလို့လဲသမီးရ´´

“ဒီဂဇက်ရွာက ကျောင်းတွေမှာက မှင်အရောင်ကို အနီဘဲသုံးရမယ်လို့ အမိန့်ထုတ်ထားတယ်တဲ့ ဟိုတစ်ခါ အစန်ပရီစီတုန်းက ကျောင်းအုပ်ဆရာကြီးပြောတာ ကြားဖူးတယ်၊ ဒါကြောင့် ဆရာမတွေက အနီရောင်ဘောပင် ဘဲသုံးတာလေ လှတောင်လှသေးတယ် ဖေကြီးကလည်း´´

“ဟုတ်လားသမီး အံရော အံရော ဂဇက်ရေ´´

အင်း သူအရပ်နဲ့ သူဇာတ်ကတော့ ဟုတ်နေတာဘဲကွယ်။

( ဘာရယ်ဟုတ်ပါဘူး သရော်စာတွေရေးတဲ့ အကျင့်က ဖျောက်မရလို့ ရေးလိုက်မိတာပါ )

………………………………………………………………………………………………..

“အနီချင်းပြိုင် နိုင်မတဲ့လား´´ လက်ဆောင်အစီအစဉ်အတွက် (၁၄)ရက်သာခရီး အကဲခတ်ကြည့်သည့်အခါ

စက်တင်ဘာလ ၃ ရက် ပိုစ့်များထဲမှ

ကျောက်နဲ့ စကားစမြည် – KZ  ( ၁၁ ) ခု တွေ့ရှိ။

ကေဇီရဲ့ ဆယ်လစ်ဗျစ်တီ အလွဲများ- KZ (၃) ခုတွေ့ရှိ။

ဆယ်ကျော်သက် feeling – Conny Kim (၄) ခုတွေ့ရှိ။

တောနက်တွင်းက မိန်းမလှများ ( ဇတ်သိမ်း) – YE YINT HLAING (၁၂ ) ခုတွေ့ရှိ။

 

စက်တင်ဘာလ ၄ ရက် ပိုစ့်များထဲမှ –

ချစ်ချစ်ချစ်- အပိုင်း (၁)- အခန်း-၄- မင်းခန့်ကျော် – (၁) ခုတွေ့ရှိ။

မိုက်တဲ့ကောင် နီလိုက်ကွာ- Myo Thant – (၁) ခုတွေ့ရှိ။

ပြောကို မပြောချင်ဘူးးးးးး- အလင်းဆက်  (၈) ခုတွေ့ရှိ

မွန်းကျပ်နေတဲ့ မြို့”- Hnin Thae Phyu (၂) ခုတွေ့ရှိ။

 

စက်တင်ဘာလ ၅ ရက် ပိုစ့်များထဲမှ

မခေါ်ရက်တာပါ …. . ပျော်လျက်ရှိတယ် မထင်နဲ့ – အလင်းဆက် (၅)ခုတွေ့ရှိ။

နီနည်းလေးမစကြပါခင်ဗျာ- မင်းခန့်ကျော် (၃)ခုတွေ့ရှိ။

သူမ တစ်ယောက် ၏ အကြောင်း- မနှင်းဖြူ မှန်မှန်ပြော (၂)ခုတွေ့ရှိ။

သူတို့ ကမ္ဘာကို လွှမ်းကြလေပြီ…။- black chaw (၁)ခုတွေ့ရှိ။

ဆားပုလင်း မမနှင်း နှင့် ပရော်ဖက်ဆာဒေါက်တာ ကျောက်ခဲ – အဘ ဖားသက်ပြင်း (၅)ခုတွေ့ရှိ။

၂၀၁၃၀၉၀၅ – အဘ ဖားသက်ပြင်း (၁)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၆ ရက် ပိုစ့်များထဲမှ

ငါ့ရဲ့ ခရီးလမ်း – မနှင်းဖြူ မှန်မှန်ပြော (၄)ခုတွေ့ရှိ

အချစ်-ရှုံးနှိမ့်ခြင်း – Conny Kim (၂)ခုတွေ့ရှိ

ချစ်သူ့အတွက် အိတ်ဖွင့်ပေးစာ- Conny Kim (၁)ခုတွေ့ရှိ

၁၂ ရာသီဖွား အကျင့်စရိုက်လေးများ အပိုင်း (၃) – KZ (၆)ခုတွေ့ရှိ

လွမ်းတဲ့ ရွာ – Myo Thant (၄)ခုတွေ့ရှိ

 

စက်တင်ဘာလ ရ ရက် ပိုစ့်များထဲမှ

ပိုစ့်(၂) ပုဒ်တင်ပါတယ်။ မှတ်တမ်းဝင် ရဲရဲတောက်လေးများ မတွေ့လို့ပါ။

 

စက်တင်ဘာလ ၈ ရက် ပိုစ့်များထဲမှ –

ကျွန်တော်နားလည်မိသော လောကဇာတ်ခုံ – Ko out of… (၁)ခုတွေ့ရှိ။

ချစ်ချစ်ချစ်- အပိုင်း-၁ အခန်း-( ၅ ) – မင်းခန့်ကျော် (၁)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၉ ရက် ပိုစ့်များထဲမှ –

KZ’s ထမင်းဆိုင် (ပထမ တစ်ပတ်စာ ဟင်းစပ်များ) – KZ  (၅၆)ခုတွေ့ရှိ။

တောင်တန်းတွေနှင့် ယဉ်တဲ့မြို့ – သျှားသက်မာန် (၁၁)ခုတွေ့ရှိ။

အတုယူစရာကောင်းတဲ့ဘဝ – TNA (၆)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၁ဝ ရက် ပိုစ့်များထဲမှ –

အင်တာနက်ပေါ်တွင် ငွေ ရှာနည်း – မဟာရာဇာ အံစာတုံး (၁၆)ခုတွေ့ရှိ

ကျွန်တော့်ရည်းစား ( ရှုံးမဲ မဲခြင်း ) – sorrow weaver (၅)ခုတွေ့ရှိ

 

စက်တင်ဘာလ ၁၁ ရက် ပိုစ့်များမှ

အနှစ် နှစ်ဆယ် ရှိခဲ့ပြီ – Mr. MarGa (၉)ခုတွေ့ရှိ

ခါးပိုက်နှိုက် – MAUNG -(၁)ခုတွေ့ရှိ

စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၁) – Copyright © H + M – KZ (၆)ခုတွေ့ရှိ။

ရိုမီယို 2 ( ဇတ်သိမ်း ) – sorrow weaver (၁)ခုတွေ့ရှိ။

ဒွိ – marblecommet  (၁)ခုတွေ့ရှိ။

တွေးမတွေးရာ ရေးမိရေးရာ (၂)… – kotun winlatt  (၂)ခုတွေ့ရှိ။

ကြောင်စာ……… – ကျော်စွာခေါင် (၁)ခုတွေ့

 

စက်တင်ဘာလ ၁၂ ရက် ပိုစ့်များထဲမှ –

ဂဇက်ဝဒိန်သာသမဒ ဦးမာဃနှင့် နတ်သမီးသုဒမဇာဂီတို့ရဲ့ ဗျန်းဗျန်းကွဲအချစ်ဇာတ်လမ်း – အလင်းဆက် (၃)ခုတွေ့ရှိ။

အရသာ – အဘ ဖားသက်ပြင်း (၂)ခုတွေ့ရှိ။

နင်သိလား ???- Char Too Lan  (၂)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၁၃ ရက် ပိုစ့်များထဲမှ –

လူကြုံ – MAUNG (၁၄)ခုတွေ့ရှိ

အချိန်ငတ်နေသော လူ့စွမ်းအားအရင်းမြစ်များ- လုံမလေးမွန်မွန် (၂၁)ခုတွေ့ရှိ

ကျနော် … လူလိမ်- မဟာရာဇာ အံစာတုံး (၆)ခုတွေ့ရှိ

တောင်ကုန်းပေါ်ကအိမ် (သို့) မာယာ (၁) – မနှင်းဖြူ မှန်မှန်ပြော (၁၂)ခုတွေ့ရှိ

လူဆိုးမကြီး (ငယ်ငယ်တုန်းက ရေးတဲ့စာ) – sorrow weaver (၃)ခုတွေ့ရှိ

ကံဆိုးကောင် မိုးလိုက်မှောင် ( ငယ်ငယ်တုန်းက ချစ်သူချော့စာ ) – sorrow weaver (၁)ခုတွေ့ရှိ

အပြာဖျော့ အစက် – Pale blue dot – Carl Sagan (ဘာသာပြန်သူ – ကိုမိုး) – အရီးခင် (၂)ခုတွေ့ရှိ

 

စက်တင်ဘာလ ၁၄ ရက် ပိုစ့်များထဲမှ –

ခရီးသွားလောကမှ အမြင်မတော်သည့် အပို်င်းအစတစ်ချို ့moonpoem (၆)ခုတွေ့ရှိ

တနင်္ဂနွေအရုပ် – sorrow weaver (၁)ခုတွေ့

တွေးမိ တွေးရာ ရေးမိ ရေးရာ (၃)…. – kotun winlatt (၁)ခုတွေ့

ချစ်ခင်စရာ အပြုံး – ကျော်စွာခေါင် (၂)ခုတွေ့

Stadio Giuseppe Meazza မှာ ရလဒ်ကောင်းမယ့် အိမ်ရှင်- မောင် ပေ (၁)ခုတွေ့။

 

စက်တင်ဘာလ ၁၅ ရက် ပိုစ့်များထဲမှ –

ပြန်လာရင်ကြိုမှာလား- သော်ဇင် (လွိုင်ကော်) (၁)ခုတွေ့ရှိ

စွဲလမ်းတဲ့သံယောဇဉ်- ကိုပေါက်(မန္တလေး) (၁)ခုတွေ့ရှိ

ပုလဲတစ်လုံး- မနှင်းဖြူ မှန်မှန်ပြော (၁)ခုတွေ့ရှိ

 

စက်တင်ဘာလ ၁၆ ရက် ပိုစ့်များထဲမှ

မား. အတွက်. မား.- အဘ ဖားသက်ပြင်း (၁)ခုတွေ့ရှိ။

ဒေါ်ကြီးလုံ နဲ့ ရွှေဧည့်သည် (မန်းဂဇက်ကဗျာချစ်သူများ၏ ကဗျာပြခန်း – ၉)- လုံမလေးမွန်မွန် (၃၂)ခုတွေ့ရှိ။

လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို အာကာသအတွင်း စိုက်ပျိုးနိုင်ရန် သုတေသနပြုလုပ်လျက် ရှိသည့် နာဆာ- မောင်ခိုင်မာ (စမ်းချောင်း) (၂)ခုတွေ့ရှိ။

အသဲလေး လက်စွမ်းပြမဲ့ KZ’s ထမင်းဆိုင်- KZ (၄၀)ခုတွေ့ရှိ။

ငါး ငပိချက်။- Kyi Lwin (၂)ခုတွေ့ရှိ။

တစ်​ခါက နှင်​့ ဝိညဉ်​ ​လေလား .. တ​စ္ဆေ လား !!!?? – surmi (၁)ခုတွေ့ရှိ။

ပုလဲတစ်လုံး (အပိုင်း ၂)- မနှင်းဖြူ မှန်မှန်ပြော (၄)ခုတွေ့ရှိ။

…………………………………………………………………

“အနီချင်းပြိုင် နိုင်မတဲ့လား´´ လက်ဆောင်ပေးမှု ခင်ခ၏ ပိုမိုရှင်း အစီအစဉ်ကာလ(၂၁) ရက်အတွင်း ဖြစ်တဲ့ စက်တင်ဘာလ ၃ ရက် မှ ၁၆ ရက် ထိ ပိုစ့်တွေကို လိုက်ရေတွက်ကြည့်တဲ့အခါ –

“အနီချင်းပြိုင် နိုင်မတဲ့လား´´ လက်ဆောင်ပေးမှု ခင်ခ၏ ပိုမိုရှင်း အစီအစဉ်တွင် ပထမနေရာက အပြတ်အသတ် ဦးဆောင်နေသူူက အနီရောင်အရေအတွက် (၁၂၂)ခု ရရှိထားသူ ရွာသူ KZ ဖြစ်နေပါပြီ။

ကျောက်နဲ့ စကားစမြည် – KZ  ( ၁၁ ) ခု တွေ့ရှိ။

ကေဇီရဲ့ ဆယ်လစ်ဗျစ်တီ အလွဲများ- KZ (၃) ခုတွေ့ရှိ။

၁၂ ရာသီဖွား အကျင့်စရိုက်လေးများ အပိုင်း (၃) – KZ (၆)ခုတွေ့ရှိ

KZ’s ထမင်းဆိုင် (ပထမ တစ်ပတ်စာ ဟင်းစပ်များ) – KZ  (၅၆)ခုတွေ့ရှိ။

စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၁) – Copyright © H + M – KZ (၆)ခုတွေ့ရှိ။

အသဲလေး လက်စွမ်းပြမဲ့ KZ’s ထမင်းဆိုင်- KZ (၄၀)ခုတွေ့ရှိ။

 

“အနီချင်းပြိုင် နိုင်မတဲ့လား´´ လက်ဆောင်ပေးမှု ခင်ခ၏ ပိုမိုရှင်း အစီအစဉ်တွင် ဒုတိယ နေရာမှလိုက်နေ သူူက အနီရောင်အရေအတွက် (၅၂)ခု ရရှိထားသူ ရွာသူ လုံမလေးမွန်မွန် ဖြစ်နေပါပြီ။

အချိန်ငတ်နေသော လူ့စွမ်းအားအရင်းမြစ်များ- လုံမလေးမွန်မွန် (၂၁)ခုတွေ့ရှိ

ဒေါ်ကြီးလုံ နဲ့ ရွှေဧည့်သည် (မန်းဂဇက်ကဗျာချစ်သူများ၏ ကဗျာပြခန်း – ၉)- လုံမလေးမွန်မွန် (၃၂)ခုတွေ့ရှိ။

 

အခြားသော ရွာသူားများ၏ ပိုစ့်တွေမှာတော့ အနီရောင်အရေအတွက် မှတ်တမ်းအရ (၂၅)ခု ရရှိသူသာ အများဆုံး ရှိနေတာ တွေ့ရတော့ အထက်ပါ ရွာသူနှစ်ဦးက အပြတ်အသတ်ဦးဆောင်နေတာဖြစ်တဲ့အတွက် ခင်ခ ပိုမိုးရှင်းက ရပ်လိုက်လို့ရအောင် အဖြေထွက်နေပြီလို့တော့ ယူဆမိတယ်။ ဒါပေမယ့် ပိုမိုရှင်း ရက်က နောက်ထပ် ခုနှစ်ရက် စာမျှ  ( စက်တင်ဘာ ၁ရ မှ ၂၃ ထိ ) ကျန်သေးသဖြင့် အခြေအနေတော့ ဆက်ကြည့်နေအုံးမှာပါ။

အဲဒီလို ပိုစ့်တွေမှာလည်း အနီတွေကို တွေ့ရပေမယ့် ကွန်မန့်ရရှိမှုအရေအတွက်မှာ ဖော်ပြပါ KZ တို့ လုံမလေး မွန်မွန် တို့လောက် မများခဲ့တာကြောင့်လည်း ပါမယ်လို့ယူဆပါတယ်။ ခင်ခ ရဲ့ “အနီချင်းပြိုင် နိုင်မတဲ့လား´´ အမှတ်တရလက်ဆောင်ပေးမယ့် ပိုမိုရှင်းကာလလေးမှာ တိုက်ဆိုင်လို့ဘဲဖြစ်ဖြစ် ကူညီဝိုင်းဝန်း ရေးတင်ပေးကြ လို့ဘဲဖြစ်ဖြစ် ရေးတင်ခဲ့ကြသော KZConny KimYE YINT HLAINGမင်းခန့်ကျော်Myo Thantအလင်းဆက်  – Hnin Thae Phyublack chawအဘ ဖားသက်ပြင်းConny KimKo out of…သျှားသက်မာန်TNAမဟာရာဇာ အံစာတုံးsorrow weaverMr. MarGaMAUNG – – မောင် ပေmarblecommetkotun winlattကျော်စွာခေါင်Char Too Lanလုံမလေးမွန်မွန်အရီးခင်moonpoemသော်ဇင် (လွိုင်ကော်)ကိုပေါက်(မန္တလေး)မောင်ခိုင်မာ (စမ်းချောင်း)surmicobraဦးကြောင်ကြီး  – kaiLu manMa MaSan Hla Gyiဖြူစိုင်း လူe toneရွှေ ကြည်ဝင့်ပြုံးမြင့်•*¨နန်းတော်ရာသူ •*¨ဇဝနthan shwe mgJuvenilemayKyi Lwinkyeemite စတဲ့ ရွာသူားများ ကိုလည်း ခင်ခရဲ့ ရင်ဘတ်ကြီးထဲမှာ မှတ်တမ်းတင်ထားပြီး ကျေးဇူးလည်းတင်မိပါတယ်လို့ ပြောပါရစေဗျ။ ပြီးတော့ ဂဇက်ပိုစ့်တွေကို ဖတ်ပြီးအားပေးကြသော ရွာသူားများနှင့် စာဖတ်ပရိတ်သတ်များကိုရော၊ ကွန်မန့်များ ပေးကြသော ရွာသူားအပေါင်းကိုရော၊ ကွန်မန့်တွေမှာ အပေါင်း၊ အနုတ် အစိမ်းအနီ ပြုကြကုန်သော သူအပေါင်း တို့ကိုရော ခင်ခမှ ကျေးဇူးအထူးပင်တင်ပါကြောင်းလည်း ထပ်လောင်းပြောပါရစေ။

“အနီချင်းပြိုင် နိုင်မတဲ့လား´´ လက်ဆောင်ကိုလည်း အနီရောင်လေးနဲ့ လက်ဆောင်ကောင်းလေး ပေးမယ်လို့လည်း အစကထဲကရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ ပြီးတော့ ဒီဂဇက်ရွာမှာ ခင်ခ စာရေးခဲ့စဉ်တုန်းက ရခဲ့ဖူးတဲ့ လက်ဆောင်ပေါ့လို့ အမှတ်တရအဖြစ်နဲ့ ကျန်ခဲ့စေချင်လို့လည်း ဒီပိုမိုရှင်း ကိုလုပ်ဖြစ်တာပါဘဲဗျာ။

 

 

ခင်ခ။

 

32 comments

  • Myo Thant

    September 19, 2013 at 12:48 pm

    Bravo……..KZ 🙂

  • KZ

    September 19, 2013 at 12:52 pm

    ခွိ။

    ကေဇီကွ။

    အဟွတ်။

    မွန်လေးက မမဂျီးကို မှီဖို့ များဂျီးလိုသေးတယ်။
    အဟိဟိ

    😀

    • Myo Thant

      September 19, 2013 at 1:01 pm

      ကေဇီရေ
      ၂ ယောက်လုံး နီနေပြန်ပြီကွယ် 🙂

      • KZ

        September 19, 2013 at 1:40 pm

        မီးကို အဲ့လို ကို
        ကျိတ် ချစ်နေတဲ့ သူတွေ
        အားဂျီးများဂျီးရှိတယ် အကိုမျိုးသန့်။
        ခုခွိခုခွိ။

        😀

        • ခင် ခ

          September 19, 2013 at 1:45 pm

          အနီရောင် အခြေပြုတဲ့ ပိုမိုရှင်းပိုစ့်ဖြစ်လို့ ဒီမှာလာပြီး မန့်တဲ့ ကွန်မန်တွေကို သူတို့က ဂုဏ်ပြုတဲ့အနေနဲ့ အနီရောင်လေးတွေ များပြားစွာ လာပေးပါလိမ့်မယ်။
          ကျွန်တော်ပြောတာ မယုံဘူးလား စောင့်ကြည့်ပေါ့ဗျာ။

        • ကျော်စွာခေါင်

          September 20, 2013 at 12:23 am

          ရယ်တာတောင် ….သိပ်ကဗျာဆန်တာဘဲ…
          အော်….ချစ်ခင်သူများတော့လဲ………။

        • KZ

          September 20, 2013 at 7:56 am

          ရွဲ့ပြောတာပါ ကွီ။
          အနီများတယ် ဆိုမှ တော့ အ မြင် ကပ် တဲ့ သူ များ တာ ကို ပြော တာ ပါ လေ။
          😀

  • sorrow weaver

    September 19, 2013 at 2:13 pm

    နီဂျမ်း ..အဲ့လောက်ဖစ်လှတာ…မနီရဲမနီကြည့်…နာ့အကြောင်းကောင်းကောင်းတိမယ်…ခွီးးးးး

    • ခင် ခ

      September 19, 2013 at 2:20 pm

      sorrow weaver စာရေးအားလေးကောင်းနေတာတွေ့ရတယ်။ ခင်ခ အားကျလှပါတယ်။
      ရေးရှိန်လေးရတုန်းတွန်းရေး ပါလို့တိုက်တွန်းချင်ပါတယ်။ တစ်ချို့ပိုစ့်တွေ ကွန်အခက်ကြောင့် မမန့်ဖြစ်ပေမယ့် ဖတ်ဖြစ်ပါတယ်ဗျ။

      • sorrow weaver

        September 19, 2013 at 3:01 pm

        ဦးခရယ်…ကျေးဇူးများကြီးတင်ပါတယ်ဗျာ..တကယ်ကရေးအားကောင်းတာမဟုတ်ဘူးရယ်..အရင်က ရေးထားတာတွေပါ….ခုမှရွာထဲ တင်ဖြစ်လို့ 🙂

        • ခင် ခ

          September 19, 2013 at 3:47 pm

          အရင်ရေးရေး နောက်ရေးရေး ရေးတာရေးတာဘဲ မဟုတ်ဘူးလား sorrow weaver ဗျ။
          စာရေးတယ်ဆိုတာ ဘာဘဲဖြစ်ဖြစ် သူလည်းအချိန်ပေးရတာပါဘဲဗျ ဒါအပြင် ဦးနှောက်ကပါ စဉ်းစားကာတွေးရသေးတယ်လေ။ ဒါကြောင့် ပုံမှန်ရေးနိုင်ဖို့ဆိုတာ လွယ်တာမှတ်လို့။

  • လုံမလေးမွန်မွန်

    September 19, 2013 at 2:41 pm

    ခိခိ…
    မြို့မေတ္တာပို့တဲ့အဖွဲ့ပါ..အချစ်ဆုံးတွေပါ… 🙂

    ရွာထဲကို လာမေတ္တာပို့တာဆိုတော့ မြို့ကြီးကသူတွေပဲ ဖြစ်မယ်…ဟီး….

    မကျေနပ်ဝူးကွာ..မမဂျီးကို မီအောင်လိုက်မယ်… ဒချိ..ဒချိ…

  • ခင် ခ

    September 19, 2013 at 3:04 pm

    ဒါဆိုရင် ရေးပါအုံးဗျို့ ပိုစ့်လေးတွေ ဒီကာလအတွင်းလေး ဖတ်သွားချင်လို့ပါ လုံမလေးရေ။

  • lele kyi

    September 19, 2013 at 7:08 pm

    နီရင် “ပတမြား.” စိမ်းရင်”ကျောက်စိမ်း”။ ဖြူရင် “ပုလဲ” ဘာပဲလာလာ တန်ဖိုးရှိတယ်။ မားခိုခ်ထုံး နှလုံးမူပြီး အီဂေဇက်၌ရေးချင်ရာရေးပါမည်။

    • ခင် ခ

      September 19, 2013 at 7:39 pm

      ကောင်းတယ်

  • မောင် ပေ

    September 19, 2013 at 8:07 pm

    အို
    တစ်ရွာလုံးကို ရဲရဲတောက်နေတော့သည်ကိုး
    လေးခ ရဲ ့ သတိပြုစွမ်းအား ကို အသိအမှတ်ပြုပါ၏

    • ခင် ခ

      September 19, 2013 at 9:01 pm

      ဒို့ မြန်မာတွေရဲစွမ်းပြမည် အာဇာနည်ပီပီ ဆိုတာနဲ့ အညီပေါ့ ကိုပေရေ

  • Ko chogyi

    September 19, 2013 at 8:35 pm

    ရဲရဲတောက်ရွာဖြစ်နေတာပေါ့။
    ဒါနဲ့ အံရော အံရော ဂဇက်ရေ ဆိုတာ ဗလကောင်းကောင်းနဲ့လူကိုပြောတာလား

  • ခင်ခ

    September 19, 2013 at 9:05 pm

    ကိုချိုကြီးရေ သူခဗျာဗလမကောင်း လူလုံးမပြဝံသူပါဗျ

  • Ma Ma

    September 20, 2013 at 7:33 am

    ကွန်မကောင်းတဲ့အပြင် လော့အင်ဝင်ထားရင် နီမရ စိမ်းမရတဲ့ အခြေအနေမှာ ရဲရဲတောက်နေအောင် အားပေးနိုင်တယ်ဆိုတာ နည်းတဲ့ အားထုတ်မှုမဟုတ်ဘူး။ :mrgreen:

    ကိုယ်တိုင်တော့ တချို့ကွန်မန့်တွေ စိမ်းပေးချင်တာကို…….
    လော့အင်လုပ်ထားတာ ပြန်ထွက်ရမှာနဲ့ တခါစိမ်းဖို့အရေး အကြာကြီးစောင့်ရမှာနဲ့တွေကြောင့် စိမ်းမပေးဖြစ်တော့ဘ 🙁

    • TNA

      September 22, 2013 at 5:26 pm

      ဟုတ်ပါ့မမရေ။ ကွန်မင့်တောင်မနဲပေးရတာ။ နီဖို့စိမ်းဖို့စိတ်မကူးနိုင်တာကိုများ တော်တော်ခက်ခက်ခဲခဲ လုပ်ပေးနေရရှာတာ။ သနားဇယာပါ။

  • ရာမည

    September 20, 2013 at 9:31 am

    ကျွန်​​တော်​လည်​း ​ခေတ်​မီသွား​အောင်​ ​ရေးကြည်​့ပါမယ်​ခင်​ဗျ
    ဘယ်​နှစ်​ခုနီလည်​း​စောင်​့ကြည်​့မယ် ။ ​ပျော်​စရာကြီးဗျာ 🙂

  • အရင်ကRedကိုသိပ်မကြိုက်ပေမယ့် သဘောကျပါတယ်။
    ရွာထဲမှာတော့ Red ကိုမြင်ရင်စိတ်မချမ်းသာဘူး/ဘာပဲပြောပြောဒီပို့စ်မှာလည်းရဲရဲတောက်တို့ှဗမာတွေပါဘဲလား
    🙁

  • manawphyulay

    September 20, 2013 at 1:31 pm

    အရင်တုန်းက အနီတွေ ရထားရင် သိပ်မုန်းထှာအေ။
    ခုတော့ အနီမပေးမှာ စိတ်ပူနေရတဲ့အဆင့်ရောက်ပြီ….. 😛

  • ခင် ခ

    September 20, 2013 at 4:26 pm

    ဘောလုံးပွဲတွေမှာတော့ ဒိုင်လူကြီးက အနီကပ်ပြရင် ကစားကွင်းထဲကနေထွက်သွားပါ ကစားခွင့်မရှိ တော့ပါဘူးတဲ့ဗျ။

  • TNA

    September 22, 2013 at 5:24 pm

    ထမင်းဟင်းတွေမုန်းတဲ့သူ အစာမစားတဲ့သူတွေဖြစ်မယ်ကို်ခင်ခရေ။ ထမင်းဆိုင်မှာချည်းဗိုလ်ဆွဲတာပဲ။ အော် ရာသက်ပန်အစာရှောင်ထားသူတွေကိုမှ ထမင်းဆိုင်ဖွင့်ပြမိထင်ပါ့။

  • Foreign Resident

    September 23, 2013 at 5:47 am

    တောက် —– အသိ နောက်ကျသွားတယ်ကွာ ။

    အဘ ရွာ နှင့် ၂ ပါတ်လောက် နဲနဲ ဝေးနေတဲ့ အချိန်မှာမှ ။
    ကို ခင်ခ က အနီ ဘယ်လောက်များသလဲ ပြိုင်ပွဲ လုပ်သွားသကိုး ။

    ဟဲ ဟဲ ။
    အခု ရွာသူားအသစ်လေးတွေ အနီ များတယ် ဆိုတာ အဘ အိပ်နေသလောက် ရှိတာပါ ။
    အဘ တို့က Comment နီတာလောက်က စကားထဲ တောင် ထဲ့ပြောစရာ မရှိဘူး ။
    အဘ အဆင့်က Comment ထဲမှာကို ထည့်ဆဲခံ ရတဲ့ အဆင့် ရောက်နေပြီ ။
    ( သရဲ ကြီးတော့ သဘက် ဆိုတဲ့ အဆင့်ကိုရောက်နေသလိုပေါ့ကွယ် ၊ ဟီ ဟိ )

    မယုံ ဘူးလား ။ အခုချက်ချင်း Post တစ်ခု ကောက်ရေးပြလိုက်ရမလား ။ ဟင်း ဟင်း ဟင်း ။

    အဘ မှာ ၊ အခု နောက်ပိုင်း ၊
    ရွာသူား တွေ တော်တော် များများ နှင့် အပြင်မှာပါ ခင်နေကြတာမို့လို့ ( အားနာသွားလို့ ထင်ပါရဲ့ ) ၊
    အမနာပ Comment တွေ ၊ မထိတထိ ရိတာတွေ ၊ ဒဲ့ ဆဲ တဲ့ Comment တွေ ပါ ၊
    အရင်လို သိပ်မရတော့လို့ ၊ တစ် ခုခု လိုနေသလိုလို စိတ် မ ကောင်းတောင် ဖြစ်နေရတာ ။

    ဟင်း ဟင်း ဟင်း ။
    ပြီးခဲ့တဲ့ နောက်ဆုံး ဂဇက် တွေ့ဆုံပွဲမှာတောင် ၊
    အဆဲ အခံရဆုံး ဆု ဆိုပြီး ကို တရားဝင် ဆု ရထားတာနော် ။

    ဟင်း ဟင်း ။
    တော်ကြာ ၊ ရှေ့ဆုံးက ပြေးနေ တဲ့ သမီးလေး KZ ၊
    နောက်ကောက်ကျသွားမှာ စိုးလို့သာ ။ ဟီ ဟိ ။

    မယုံရင် ၊ အခုချက်ချင်း Post တစ်ခု ကောက်ရေးလိုက်ရမလား ။
    ဘူး ထွား ဟား ဟား ။

    • KZ

      September 23, 2013 at 8:19 am

      အာဟင့်!
      တာမီး ကို တ နား ဒေါ အား ဖြင့် အ စိမ်း များမဲ့ ပို့(စ) လေး ပဲ ရေးပါ ဘဖောရယ်။

      😀

    • လုံမလေးမွန်မွန်

      September 23, 2013 at 9:58 am

      ဘဖောကြီး ပျောက်နေတော့လည်း သတိရသားဗျ…
      ပို့စ်တင်မယ်ဆိုရင်တော့ လကုန်မှ တင်တော့နော်..တော်ကြာ ရထားတဲ့ ဒုတိယနေရာလေး နောက်ရောက်တွားမှာစိုးလို့.. 😛

  • Crystalline

    September 23, 2013 at 9:49 am

    ဟိုအရင်တုန်းကတော့ သူများကွန်မင့်တွေအနီလိုက်ပေးလေ့ရှိတာ.. စွယ်စုံပညာရှင်ဖားသက်ပြင်းလို့ကြားဖူးတယ်.. 😀 အခုတော့သူအရင်ကတော့ မအားတော့ပါဘူး.. ဒါပေမယ့် ပြောတတ်ဘူးလေ.. ဝါသနာက တားမရတတ်ဘူးဆိုတော့ :mrgreen:

    • ဦးကြောင်ကြီး

      September 23, 2013 at 9:58 am

      ခရစ်နဲ့ဦးကြောင်လည်း မအားရအောင် တခုခု လုပ်ကြဇို့လား… ဝါသနှာ ပါရင်ပေါ့ကွယ်.. စင်နောက်မှာ နှစ်ပါးသွား ကရအောင်… တူနှယ်တဲ့နှယ် တူနယ်တဲ့နယ်… ခွီး ဂရား (ကရင်းမာန်ထလာသံ)

Leave a Reply