culture shock ဆိုတာမျိုးက လူတိုင်းနီးပါးမှာရှိကြမှာပဲဗျ။ အထူးသဖြင့် ကျုပ်တို့လို မြန်မာပြည်မှာမွေး ၊ မြန်မာပြည်မှာပဲကြီးပြီး အသက်ကြီးကာမှ နိုင်ငံခြားစရောက်တဲ့သူတွေမှာ ပိုဖြစ်ပေါ့ဗျာ။

သမုဒ္ဒရာ ၀မ်းတစ်ထွာကြောင့် နိုင်ငံခြားဆိုတာကြီးကို ငမ်းငမ်းတက်ရောက်ခဲ့ရပေ မယ့်လည်း ဟမ်ဟာဂါတွေ ၊ ကြက်ကြော်တွေ ၊ ပေါင်မုန့်တွေ ၊ နာစီလာမ ဆိုတဲ့ အုန်းထမင်းမကျ ရိုးရိုးထမင်းမကတဲ့ ဟာကြီးတွေ၊

ပီဇာတွေ၊ ပေါ့ရွှတ်ရွှတ် တရုတ်ဟင်းတွေနဲ့ အထာမကျနိုင်တဲ့သူတွေထဲ ကျုပ်က ထိပ်ဆုံးကပေါ့ဗျာ။ ကျုပ်ရောက်နေတာက မြန်မာတွေများလှပါတယ်ဆိုတဲ့ ကျွန်းစုနိုင်ငံလေး ..

ရောက်ခါစ အလုပ်ဝင်ခါစပေါ့ဗျာ .. ကျုပ်အနေနဲ့ အင်္ဂလိပ်စကားပြောတဲ့အသိုင်းအ၀ိုင်းနဲ့ သိပ်ဝေးကွာတဲ့သူတော့မဟုတ်ဘူး. ကျောင်းပြီးခါစကထဲက ဒီအသိုင်းအ၀ိုင်းထဲမှာ အလုပ်လုပ်လာတော့ ဘာပဲဖြစ်ဖြစ်

သူများထက်စာရင် ပြောရဲတယ်ဆိုပါတော့။ သူများပြောကြတာကိုလည်း နားရည်တော့ ၀ နေပါတယ်။ ဒါပေမယ့်ဗျာ.. ကျုပ်ရောက်ခါစမှာ ကျုပ်အလုပ်က သူဋ္ဌေးပြောတဲ့စကားကို ကျုပ် ဆယ်ခွန်းမှာ ၃ခွန်းလောက်ပဲ

နားလည်တယ်ဗျို့ .. တစ်ခါ တစ်ခါများဆိုရင် တရုတ်လိုပြောနေသလား အင်္ဂလိပ်လိုပြောနေသလား ကျုပ်မသိဘူး။ သူတို့ရဲ့ colorful english တွေကြောင့် .. တစ်ခါတစ်ခါများဆို အင်္ဂလိပ်လိုပြောနေတဲ့ကြားမှာ

မလေးလိုတွေ တရုတ်လိုတွေညှပ်ပါလာတော့ ဘာတွေကိုဆိုလိုချင်မှန်းကိုမသိဘူး။ ဒါက ဆက်သွယ်ရေးပိုင်းမှာ ကြုံရတဲ့ ဒုက္ခပေါ့ဗျာ …

ကျုပ်ရောက်ခါစကတော့ သြော် ..တော်သေးတာပေါ့ ငါတို့မြန်မာတွေနဲ့သိပ်တော့ မကွာပါဘူးလို့ထင်ထားခဲ့တာ .. အားလားလား ………တက်တက်စင်အောင်လွှဲချက်က ၁ပါတ်လောက်နေတော့ သိလာရတာပဲ ..

ကျုပ်နဲ့ပစ္စည်းတစ်ခုအကြောင်း စကားပြောနေရင်ကနေ တရုတ်မက ကျုပ်ကို အဲဒီပစ္စည်းဆိုတဲ့အကြောင်းကို လက်နဲ့ မပြဘဲ ..ခြေထောက်နဲ့ ထိုးပြတာလေ.. ရိုင်းချက်ဗျာ ……….. စိတ်က ထောင်းကနဲဆိုဖြစ်သွားတာပဲ

ဒါပေမယ့် ဖြေလိုက်ပါတယ်..သူတို့ အရပ် သူတို့ဇာတ်ပေါ့လေဆိုပြီး  …… အမယ် ..ကျုပ်ကလည်း ဘယ်ရမလဲ …..သေးသေးတင် မခံဘူး …….. ခြေထောက်နဲ့ပဲ ပြန်ပြပစ်လိုက်တာပေါ့ …

နောက် …သူတို့တွေရဲ့ အသုံးအနှုန်း …….. သိပ်ရိုင်းတယ် …….. လူတစ်ယောက်ကို စကားပြောရင် ………..အဖြူကိုပြောသံကတော့ ရှစ်ခိုးမတတ် ..ခုပဲ .. ထနမ်းတော့မတတ် ..ညုရွပြီး ကိုးကွယ်မတတ်ပြောကြပေမယ့်

ကျုပ်တို့ မြန်မာတွေကို ပြောတဲ့ လေသံကတော့ တစ်မျိုး ၊ ဖားတွေကိုပြောရင်တစ်မျိုး ၊ ဘ တွေကိုပြောရင်တစ်မျိုး ……….အိုး…………..အမျိုးမျိုးပါပဲ

လူကိုလူလိုမထင်ကြပဲ .. စိတ်ဓါတ်တွေ အတော် ရွဲ့စောင်းတဲ့နိုင်ငံဗျာ ……

တခြားနိုင်ငံတွေတော့ ကျုပ်မရောက်ဖူးတော့မသိဘူး ……….. ဒီနိုင်ငံကလူတွေကတော့ လူ၁၀၀မှာ ၈၅ယောက်လောက်ရိုင်းကြသဗျို့ …….. စကားပြောတာ ..မျက်နှာအမူအရာ … အားလုံးအားလုံးပဲ

ကျန်တဲ့ ၁၅ယောက်ကတော့ … ပညာတတ်တွေပေါ့ဗျာ ……….. ဒီနိုင်ငံက တက္ကသိုလ်တွေလည်း နိုင်ငံတကာအဆင့်ဝင်တွေပါပဲ ..သို့ပေမယ့် ..အဲဒီမှာ ကျောင်းပြီးတဲ့သူတွေကလည်း ရိုင်းတာပဲ ..

ဒီနိုင်ငံမှာမွေး ၊ ဒီမှာကြီး ၊ ဒီကစိတ်ဓါတ်နဲ့ ဒီလိုရိုင်းပေါ့ဗျာ .. ကျုပ်ပြောတဲ့ ၁၅ယောက်ကတော့ တကယ့် နိုင်ငံကြီးတွေမှာ သွားပညာသင်ကြပြီး .. မျက်စိပွင့်နားပွင့်နဲ့ .. တကယ့် ပညာတတ်လူတန်းစား..ပေါ့ဗျာ

ကျုပ်တော့ ဒီ လူရိုင်းတွေနေတဲ့ နိုင်ငံကြီးကလွှတ်ဖို့ ရက်ပေါင်း ၄၀လောက်သာ ကျန်တော့တဲ့အတွက် ……..လွှတ်ပျော်………….သဗျို့ …………….

 

ကဲ ..ကြုံဖူးသူများလည်း ကွန်မန့်လေးတွေထားခဲ့ပါဦး ..ဗဟုသုတရတာပေါ့ ..

About မနှင်းဖြူ မှန်မှန်ပြော

Hnin Thae Phyu has written 32 post in this Website..