“လူရိုင်းတွေ နေတဲ့ မြို့တော်”

culture shock ဆိုတာမျိုးက လူတိုင်းနီးပါးမှာရှိကြမှာပဲဗျ။ အထူးသဖြင့် ကျုပ်တို့လို မြန်မာပြည်မှာမွေး ၊ မြန်မာပြည်မှာပဲကြီးပြီး အသက်ကြီးကာမှ နိုင်ငံခြားစရောက်တဲ့သူတွေမှာ ပိုဖြစ်ပေါ့ဗျာ။

သမုဒ္ဒရာ ဝမ်းတစ်ထွာကြောင့် နိုင်ငံခြားဆိုတာကြီးကို ငမ်းငမ်းတက်ရောက်ခဲ့ရပေ မယ့်လည်း ဟမ်ဟာဂါတွေ ၊ ကြက်ကြော်တွေ ၊ ပေါင်မုန့်တွေ ၊ နာစီလာမ ဆိုတဲ့ အုန်းထမင်းမကျ ရိုးရိုးထမင်းမကတဲ့ ဟာကြီးတွေ၊

ပီဇာတွေ၊ ပေါ့ရွှတ်ရွှတ် တရုတ်ဟင်းတွေနဲ့ အထာမကျနိုင်တဲ့သူတွေထဲ ကျုပ်က ထိပ်ဆုံးကပေါ့ဗျာ။ ကျုပ်ရောက်နေတာက မြန်မာတွေများလှပါတယ်ဆိုတဲ့ ကျွန်းစုနိုင်ငံလေး ..

ရောက်ခါစ အလုပ်ဝင်ခါစပေါ့ဗျာ .. ကျုပ်အနေနဲ့ အင်္ဂလိပ်စကားပြောတဲ့အသိုင်းအဝိုင်းနဲ့ သိပ်ဝေးကွာတဲ့သူတော့မဟုတ်ဘူး. ကျောင်းပြီးခါစကထဲက ဒီအသိုင်းအဝိုင်းထဲမှာ အလုပ်လုပ်လာတော့ ဘာပဲဖြစ်ဖြစ်

သူများထက်စာရင် ပြောရဲတယ်ဆိုပါတော့။ သူများပြောကြတာကိုလည်း နားရည်တော့ ဝ နေပါတယ်။ ဒါပေမယ့်ဗျာ.. ကျုပ်ရောက်ခါစမှာ ကျုပ်အလုပ်က သူဋ္ဌေးပြောတဲ့စကားကို ကျုပ် ဆယ်ခွန်းမှာ ၃ခွန်းလောက်ပဲ

နားလည်တယ်ဗျို့ .. တစ်ခါ တစ်ခါများဆိုရင် တရုတ်လိုပြောနေသလား အင်္ဂလိပ်လိုပြောနေသလား ကျုပ်မသိဘူး။ သူတို့ရဲ့ colorful english တွေကြောင့် .. တစ်ခါတစ်ခါများဆို အင်္ဂလိပ်လိုပြောနေတဲ့ကြားမှာ

မလေးလိုတွေ တရုတ်လိုတွေညှပ်ပါလာတော့ ဘာတွေကိုဆိုလိုချင်မှန်းကိုမသိဘူး။ ဒါက ဆက်သွယ်ရေးပိုင်းမှာ ကြုံရတဲ့ ဒုက္ခပေါ့ဗျာ …

ကျုပ်ရောက်ခါစကတော့ ဪ ..တော်သေးတာပေါ့ ငါတို့မြန်မာတွေနဲ့သိပ်တော့ မကွာပါဘူးလို့ထင်ထားခဲ့တာ .. အားလားလား ………တက်တက်စင်အောင်လွှဲချက်က ၁ပါတ်လောက်နေတော့ သိလာရတာပဲ ..

ကျုပ်နဲ့ပစ္စည်းတစ်ခုအကြောင်း စကားပြောနေရင်ကနေ တရုတ်မက ကျုပ်ကို အဲဒီပစ္စည်းဆိုတဲ့အကြောင်းကို လက်နဲ့ မပြဘဲ ..ခြေထောက်နဲ့ ထိုးပြတာလေ.. ရိုင်းချက်ဗျာ ……….. စိတ်က ထောင်းကနဲဆိုဖြစ်သွားတာပဲ

ဒါပေမယ့် ဖြေလိုက်ပါတယ်..သူတို့ အရပ် သူတို့ဇာတ်ပေါ့လေဆိုပြီး  …… အမယ် ..ကျုပ်ကလည်း ဘယ်ရမလဲ …..သေးသေးတင် မခံဘူး …….. ခြေထောက်နဲ့ပဲ ပြန်ပြပစ်လိုက်တာပေါ့ …

နောက် …သူတို့တွေရဲ့ အသုံးအနှုန်း …….. သိပ်ရိုင်းတယ် …….. လူတစ်ယောက်ကို စကားပြောရင် ………..အဖြူကိုပြောသံကတော့ ရှစ်ခိုးမတတ် ..ခုပဲ .. ထနမ်းတော့မတတ် ..ညုရွပြီး ကိုးကွယ်မတတ်ပြောကြပေမယ့်

ကျုပ်တို့ မြန်မာတွေကို ပြောတဲ့ လေသံကတော့ တစ်မျိုး ၊ ဖားတွေကိုပြောရင်တစ်မျိုး ၊ ဘ တွေကိုပြောရင်တစ်မျိုး ……….အိုး…………..အမျိုးမျိုးပါပဲ

လူကိုလူလိုမထင်ကြပဲ .. စိတ်ဓါတ်တွေ အတော် ရွဲ့စောင်းတဲ့နိုင်ငံဗျာ ……

တခြားနိုင်ငံတွေတော့ ကျုပ်မရောက်ဖူးတော့မသိဘူး ……….. ဒီနိုင်ငံကလူတွေကတော့ လူ၁၀ဝမှာ ၈၅ယောက်လောက်ရိုင်းကြသဗျို့ …….. စကားပြောတာ ..မျက်နှာအမူအရာ … အားလုံးအားလုံးပဲ

ကျန်တဲ့ ၁၅ယောက်ကတော့ … ပညာတတ်တွေပေါ့ဗျာ ……….. ဒီနိုင်ငံက တက္ကသိုလ်တွေလည်း နိုင်ငံတကာအဆင့်ဝင်တွေပါပဲ ..သို့ပေမယ့် ..အဲဒီမှာ ကျောင်းပြီးတဲ့သူတွေကလည်း ရိုင်းတာပဲ ..

ဒီနိုင်ငံမှာမွေး ၊ ဒီမှာကြီး ၊ ဒီကစိတ်ဓါတ်နဲ့ ဒီလိုရိုင်းပေါ့ဗျာ .. ကျုပ်ပြောတဲ့ ၁၅ယောက်ကတော့ တကယ့် နိုင်ငံကြီးတွေမှာ သွားပညာသင်ကြပြီး .. မျက်စိပွင့်နားပွင့်နဲ့ .. တကယ့် ပညာတတ်လူတန်းစား..ပေါ့ဗျာ

ကျုပ်တော့ ဒီ လူရိုင်းတွေနေတဲ့ နိုင်ငံကြီးကလွှတ်ဖို့ ရက်ပေါင်း ၄ဝလောက်သာ ကျန်တော့တဲ့အတွက် ……..လွှတ်ပျော်………….သဗျို့ …………….

 

ကဲ ..ကြုံဖူးသူများလည်း ကွန်မန့်လေးတွေထားခဲ့ပါဦး ..ဗဟုသုတရတာပေါ့ ..

8 comments

  • sorrow weaver

    September 19, 2013 at 4:12 pm

    ဒေါ်ကေဇက်တို့ ကျွန်းလား..အဲ့ရာ…အဟီး

  • Mr. MarGa

    September 19, 2013 at 7:51 pm

    အလိုလိုက်တဲ့ကလေးတွေက ပို ဆိုးတတ်၊ ပို ရိုင်းတတ်သတဲ့
    အဲလိုပဲ ပြောရမယ်ထင်တယ်
    ဘာပဲဖြစ်ဖြစ်ပါလေ
    သည်းခံမှု တရား ရှေ့မှာထား ပြီး
    ကိုယ်လိုချင်တာကို ရအောင် ယူခဲ့ပေါ့ 🙂

  • lele kyi

    September 19, 2013 at 7:59 pm

    ရက်အင်ဒီးယန်းတွေကို ပြောတာလား။တာဇံလားဟင်င်င်။
    မန်နေဂျာ ကသင်ပေးထားတယ်။ မစ်စတာထည့်မခေါ်နဲ့တဲ့ နာမည်ကိုပဲခေါ်ပြီး ပြောတဲ့။ မီတင်းပြီးရင်နှုတ်ဆက်ပါတဲ့။ ခြေထောက်နဲ့ပြလို့မရရင်မျက်စပစ်ပြတဲ့ ဟဲဟဲ။ မသိရင်လည်း ပြန်ငြင်းပါတဲ့။ သူတွေဝေသွားရင်ကိုယ်စဉ်းစားဖို့အချိန်ရတယ်တဲ့။ အဲ့လို လူကောင်းသူကောင်း စီနီယာ မန်နေဂျာကို ရထားတယ်။ သူအဓိတ်မရှိလာဆူနေရင်ငိုပလိုက်တယ်။ အစွမ်းထက်လက်နက် ဟီးဟီးးး။ ဘာပဲဖြစ်ဖြစ် တစ်ခရီးတည်း သွားသူချင်းချင်းရိုင်းပင်းကူညီကြပါတယ်။ပရောဖက်ရှင်နယ်လိုက်ဖ်မှာ နိုင်ငံ လူမျိုးကို ခဏဘေးချိတ်ထားပြီး။

  • KZ

    September 20, 2013 at 8:50 am

    အွန်။
    အဲလိုရိုင်းတဲ့ သူမျိုးတွေတော့ မတွေ့ဖူးဘူးတော့။
    🙂
    သူတို့က မိဘ (အစိုးရ) ကောင်း ရထားတာ။
    အလိုက်မသိတတ်ဘူးးးး
    ဒူပေဒါပေ မခံဘူးးး
    ဖြတ်ထိုးဉာဏ်မကောင်းဘူးးးး
    ကြံရည်ဖန်ရည် မကောင်းဘူးးးးး
    မချုပ်တည်းနိုင်ကြဘူးးးးးး
    သည်းမခံနိုင်ကြဘူးးးးးးးးး
    ဪ ဂလို စဉ်းစားတော့လည်း ဒို့ဖေဂျီးများက ဒို့ဒွေကို အဲ့လို အရည်အချင်းမျိုးရှိအောင် လေ့ကျင့်ပေးခဲ့တာပါလား ကြံဖန်ကျေးဂျူးတင်ရမို။
    😀
    ကာလာဖူး အင်္ဂလိပ်စကားပြောနဲ့တော့ ကြုံဖူးတယ်။
    ဘရုတ်သုတ်ခ ပဲ။
    ခုတော့ ကိုယ်တိုင် အဲလို ပြောတတ်သွားပြီ။ ဟိဟိ။

    😀
    ပြန်နိုင်တော့မယ် ဆိုလို့ အားကျပါတယ်။

  • Ma Ma

    September 20, 2013 at 8:52 am

    လူလိမ္မာသား ယဉ်ပါး
    လူမိုက်သား ရမ်းကားတဲ့။
    ကိုယ့်ရဲ့ ယဉ်ကျေးတဲ့ စိတ်ရင်းလေး သူတပါးကြောင့် မှေးမှိန်မသွားပါစေနဲ့။ 🙂

  • Wow

    September 20, 2013 at 11:18 am

    ငတို့ တိုင်းပြည်က ငါးဦးက ကမ္ဘာ့ဘဏ်မှာ ၁၁ သန်းရှိတယ်… (နိုင်ငံမှာ အကြွေးဘယ်လောက်ရှိလဲ မမေးကြေး) :mrgreen:
    ဘူ့ဂုစိုက်ရမလဲဆိုတဲ့ အချိုးနဲ့ ပြန်ဆက်ဆံလိုက် … :buu:

  • အလင်းဆက်

    September 20, 2013 at 12:04 pm

    သူတို ့ရိုင်းရင် ကိုယ်က ပြန် ယဉ်ကျေးပြဖို့တော့လိုတယ်
    အရိုင်းခံ သည်းခံစိတ်မွေးလွန်းတော့လည်း ညံ့ရာကျမယ်

    သင့်တင့်မျှတတဲ့ တုံ ့ပြန်မှုတော့ ရှိရမယ်ပေါ့

    :kwi:

  • ကိုယ်က တော်ရုံတန်ရုံဆိုသည်းခံပါတယ် ..
    ဒေါသလည်း လွယ်လွယ်ထွက်ခဲပါတယ် ..
    ရိုင်းလာလည်း .. အော် ..သူဒီလိုရိုင်းတတ်တယ်ပဲ မှတ်ထားလိုက်တယ် ..
    ဝေးဝေးကရှောင်တယ် ……….
    အနိုင်ကျင့်လွန်းတာခံရင်လည်း ပိုကျင့်ကြတယ်
    ရောက်ခါစ လူရည်မလည်မဝယ်တုန်းကဆို ဖုန်းဆက်ရင် ဖုန်းထဲကအသံကြားရုံနဲ့
    ကိုယ်က နို်င်ငံခြားသားဆိုတာကို သိကြတော့ စွတ်ဟောက်ချင်ကြတယ်
    မေးတာကို ပြန်မဖြေချင်ကြဘူး ..ကို်ယ်က ရိုရိုကျိုးကျိုးအေးအေးသက်သာမေးတာကိုး
    ခုများတော့ မလာနဲ့ ကိုယ်လည်းသူတို့အထာကျသွားပြီ..
    ဖုန်းထဲမှာကထဲက ဆရာကြီးသံလုပ်ပြောတတ်လာတယ်
    ဟိုဘက်က အသံပေါ်မူတည်ပြီး ..အချိုးမပြေရင် ဒီဘက်ကလည်း အချိုးမပြေတဲ့အသံနဲ့ ပြန်ဖြေတတ်လာတယ်..
    ဟဲဟဲ ………

Leave a Reply