စလုံးမှာ မြို့ပတ် ရထားကို အမ်အာတီ (Mass Rapid Transit) လို့ ခေါ်ပါတယ်။ လိုင်းတွေလည်း အများကြီးမို့ ဘယ်သွားသွား အဆင်ပြေတဲ့ ရထားတွေပါ။

လူကြပ်တဲ့ အချိန်ဆို နေရာမရပေမဲ့ လူချောင်ရင်တော့ လေအေးပေးစက်ပါတဲ့ အခန်းထဲထိုင်လိုက်ရသလိုမို့ အတော်သက်သာတယ်ခေါ်မှာပေါ့။

စလုံးများရဲ့ သိတတ်ချက်များကတော့ ထိုင်ခုံတွေ ရဲ့ ဘေးစွန်း ၂ ခုံ စီကို (Reserved Seats) ဆိုပြီး ကိုယ်ဝန်ဆောင်သည်တွေ အဖိုးအဖွားး ကလေးငယ်တွေ အတွက် သတ်မှတ်ထားတာပါ။

ဒါတောင် ထိုင်မိတဲ့ သူက အိပ်ချင်ယောင်ဆောင် ထ မပေးရင် လိုအပ်သူတွေမှာ ဒုက္ခရောက် ပါသေးတယ်။

အမြင်မတော်တဲ့လူက ဇွတ်သွားနှိုးရင် နှိုး၊ ဒါမှမဟုတ် တခြားနေရာက သိတတ်တဲ့သူက ဖယ်ပေးရတာပါ။

 

ဟုတ်။ ဇာတ်လမ်းက ခုမှ စတာပါ။

တစ်ရက် စနေနေ့လည် လူချောင်နေတဲ့ အချိန် မြို့ထဲသွားချင်တာနဲ့ ထွက်လာပါတယ်။

ရထားက ချောင်တယ် ဆိုပေမဲ့ ထိုင်စရာတော့ မရှိတဲ့ အနေအထားပါ။

ကေဇီက ထိုင်စရာမရှိလည်း မှီပြီး ဖုန်း သုံးလို့ ရတဲ့ နေရာရရင် အိုကေတဲ့သူမို့ အလယ်က တိုင်လေးကို ပဲ မညှာမတာမှီပြီး ဖုန်းကို ကလိလာတာပါ။

အဲဒီမှာ ရှေ့က သကောင့်သားကစူးစူးရဲရဲ လာလာကြည့်ပါတယ်။ အမှတ်မထင်မြင်ပြီးမှ သတိထားမိတာပါ။ ဒါပေမဲ့ မသိမမြင်ချင်ယောင်ဆောင်နေပြီး ပြန်ကြည့်တဲ့ အချိန်ကျ သူ့နေရာကို လာထိုင်ဖို့ မျက်ရိပ်ပြပါတယ်။ သူ ထ ပေးမယ် ပေါ့လေ။ ဒါနဲ့ ကိုယ့်ကလည်း ရပါတယ် ဆိုပြီး လက်ကာပြလိုက်ပြီး သူ့ရှေ့မှာ ဆက်ရပ်ရမှာ စိတ်မသက်သာတာနဲ့ အစွန်းဘက်ခုံနားကို သွား ရပ် နေလိုက်ပါတယ်။

အဲဒီ  ရီဆာတ် ခုံမှာ ကောင်မလေး တစ်ယောက်က အိပ်လိုက်လာတာပါ။

အဲဒါကြောင့် စိတ်အနှောက်အရှက်မရှိ သူ့ရှေ့မှာ သွားရပ်မိတာပါ။

အဲဒီအချိန်မှာ ဘေးက အန်တီကြီးက ကောင်မလေးကို နှိုးပါတယ်။ ပြီးတော့ တရုတ်လိုတွေ ပြောပါတယ်။

ကောင်မလေးက ထပေးပါတယ်။

ဘာတွေပြောမှန်းမသိပဲ ကြားထဲမှာ ကြားလိုက်ရတာက   (Pregnant Lady) တဲ့။ အဟင့်။  :cry:

အဲလာ ဘယ်လိုဖြေရှင်းရမှန်းမသိ ပဲ အဲဒီ ထိုင်ခုံမှာပဲ စိတ်ရှုပ်ရှုပ်နဲ့ ကိုယ့် လို ရာ ရောက်တဲ့ အထိ စီးဖူးပါကြောင်းးးးးး၊ ငါ့ နှယ်။

ဖြစ်ပုံက ကေဇီက စိတ်လွတ်လပ်တဲ့ အင်္ကျီမျိုးတွေ သိပ်ကြိုက်တာပါ၊ ပွပွပါးပါးလေးတို့၊ ခါးအောက်နားမှာ ဖောင်းပြီး ပြန် စည်းနှောင်ထားတဲ့ အင်္ကျီတို့ အရမ်းဝတ်တာပါ။

သူငယ်ချင်းတွေ စ တုန်း က ဂရုမစိုက်ပဲ ဆက်ဝတ်တာမှာ အဲဒီ အခေါက်ကတည်းက ထပ်မဝတ်ဖြစ်တော့ပါဘူးးးး

ကေဇီ မှတ်သွားပါပြီ။ နောက်မဝတ်တော့ပါဘူးးးး ထိုင်ခုံရချင်မှပဲ ဝတ်ပါတော့မယ်။ အဟိ။   :-D

 ~~~~~~~~~~~~~~~

နောက်တစ်လွဲက ရုံး အသွားမှာပါ။

ကေဇီရဲ့ ရုံးကို ရထား ၁ နာရီလောက် စီးရတာမို့ နားမှာ နားကျပ်ကြီးနဲ့ သီချင်းနားထောင်ပြီး ခေါ်မကြား အော်မကြား စတိုင်နဲ့ သွားတာပါ။

ပြီးလို့ နေရာရရင် ထိုင်ပြီး ငိုက်ပါတယ်။  

တစ်နေ့ အဲလို ငိုက်နေချိန် လူကို တစ်စုံတစ်ယောက်က လာတို့ တာနဲ့ လန့်နိုးပြီး သူ့ကို သွားကြည့်တာ သူပါလန့်သွားတယ်။ ဟိ။

အဖိုးကြီး တစ်ယောက်ပါ။

သူ ပြောစရာရှိတဲ့ ပုံမို့ နားကျပ်ကို ချွတ်ပြီး နားထောင်လိုက်တဲ့ အချိန် တရုတ်လိုတွေ လာပြောပါတယ်။ ကိုယ်ကလည်း တရုတ်လို လာပြောရင် အင်မတန်မုန်းလို့ လားမသိ။ ခပ်တင်းတင်းပဲ တရုတ်လို နားမလည်ဘူးပေါ့၊။ ခပ်တင်းတင်းပဲ လက်ခါပြတာပေါ့။

အဲတော့ သူက ရှင်းပြတယ်။ သူ့ ပိုက်ဆံအိတ် ကျပျောက်တာမှာ ရထားကတ်ပါ ပါ သွားတယ်ပေါ့၊ အိမ်ပြန်ဖို့ ယာယီ လက်မှတ်ဝယ်ဖို့ ၂ ဒေါ်လာလောက် ပေးပါတဲ့။

အွန်!! အဲဒီ မှာ ကေဇီ ဒုက္ခရောက်ပြီ။

ခါတိုင်း အလို ဆို လူမိုက်အားပေးတယ် ပြောပြော ဘာပြောပြော၊ လိုတယ် ဆိုတဲ့ သူကို ကိုယ် အပန်းမကြီးဘူး ဆိုရင် ပေးမိမှာပဲ။

ခက်တာက များသောအားဖြင့် ကေဇီက ပိုက်ဆံ မကိုင်၊ ဒီမှာက ဘယ်နေရာဖြစ်ဖြစ် ပိုက်ဆံထုတ်ဖို့ လွယ်တာရော၊ လက်ထဲရှိရင် အကုန်မြန်တာရောမို့။

အကြွေလေးချည်းထည့်ထားတဲ့ အိတ်က ရှိတယ်။ ဒါပေမဲ့ လွယ်အိတ်ထဲမှာ။ အဲဒီ နေ့က ဝေါလက်ကိုပဲ ခါးကြားထိုးလာတဲ့ နေ့။

အဲဒါနဲ့ မျက်နှာထားကို ပြန်လျှော့လိုက်ပါတယ်။ ပြန်ဖြေလိုက်တယ် “မရှိဘူး။ ငါ ပိုက်ဆံမပါဘူးး” လို့။ အဲဒါမယုံသလို ခေါင်းကိုနောက်ဆုတ်ပြီးမှ ကို ကြည့်ပါသေးတယ်။

ပြီးတော့ “တကယ် လားးးးး” တဲ့။ မယုံကြည်နိုင်တဲ့ လေသံနဲ့ မျက်လုံးးးးး။

ဒါကို ဒီက အမိုက်မက သူ့ကို စိတ်ဆိုးလို့ မပေးဘူး ထင်မှာဆိုးလို့ “တကယ်ပါ။ ငါ ဒီ နေ့ ပိုက်ဆံမထုတ်ရသေးဘူး” လို့ ဆက်ဖြေပါတယ်။

ဘာပြန်ပြောတုန်း ဆိုတော့ ” You do not have EVEN S$ 2, don’t you???” (၂ ဒေါ်လာ တောင် မရှိဘူး၊ အဟုတ်ကြီးလား) တဲ့။

သည်းခံနိုင်တဲ့ စွမ်းရည်ကုန်သွားပါပြီ။ ဒါနဲ့ပဲ စိတ်လိုက်မာန်ပါနဲ့  ……………………….

(မလန့်ပါနဲ့။ ဘာမှ မလုပ်ပါဘူးးးး )  ဘောင်းဘီအိတ်ထဲက ဝေါလက်ကို ဖွင့်ပြလိုက်တာပါ။   :-D

အဲဒီ တော့ မှ ဘေးက ထသွားပြီး မျက်စောင်းထိုးလောက်က ကောင်လေးတစ်ယောက်ဆီသွားတောင်းပါတယ်။ ဟိုက ပေးလိုက်တာလည်း မြင်ပါတယ်။ (အဲဒီနေရာမှ စီနီယာ စီဒီစင်တွေဆို မေးဦးမှာ မပြီးပါဘူးးး အငယ်တွေက နားအေးပြီးရော ပုံစံတွေပါ။)

ပြန်လာတော့ ကောင်းကောင်းပြန်မလာပါဘူးးးး ရခဲ့တယ် ဆိုတဲ့ မျက်နှာပေးနဲ့ ပေစောင်းစောင်းးးးးးးးး၊ ဘေးမှာ ပြန်လာထိုင်ပါတယ်။

အဲဒီမျက်နှာကို တောက်မြင်ကပ်လို့ ဖဲ့မလို့ စိတ်ရိုင်းနဲ့ ကြံပြီးမှ တကယ် ဒုက္ခရောက်တဲ့သူ ဆို မလုပ်သင့်တာနဲ့ ပြန်ပဲ ငြိမ်နေခဲ့ပါတယ်။

အဲဒီလို ပဲ ဘယ်သူနဲ့ မဆို စိတ်ကို အဆုံးထိ ရှည်ထားပြီး ဖြေရှင်း/ရှင်းပြ/နားထောင်/စိတ်ဝင်စား နေတတ်တဲ့ အကျင့်ကြီးနဲ့ အဲလို ခံရမှ ပြန်ဒုက္ခပေးတတ်တဲ့ စိတ်ရိုင်းက မိတ်ဆွေတွေ ဆုံးရှုံးစေတာ ရန်သူတွေ ရတာ ခဏခဏမို့ပါ။

ခုတော့ လူတိုင်းကို ကိုယ့်ကြောင့် စိတ်အနှောက်အရှက်မဖြစ်စေရဘူး ဆိုတဲ့စိတ်နဲ့ နေသားကျအောင် နေနေတာမို့လည်း မပြောတော့ပါဘူးးးးး။ စိတ်လျှော့ခဲ့ပါတယ်။ ရှူးးးးးးးးးးးးးးးးးးးးးးးးးးး

:mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~

 

နောက်တစ်ခု က ကျနော့ အမလို ခင်ရတဲ့ အမ နေခြည်နဲ့။ မနှစ်က စလုံးမှာ မန်နေ့မန့် သင်တန်းတစ်ခု တက်ပါတယ်။ အမနဲ့က ခင်ကာစ၊ အိမ်ပြန်လမ်းတူလို့ ရထားတူတူစီးလေ့ရှိတာပါ။

အမနဲ့ က စကားပြောကောင်းလွန်းလို့ အိမ်ကို ဘယ်လို ပြန်ရောက်မှန်းမသိ၊ အချိန်ကုန်မှန်းမသိ စိတ်ပျော်ခဲ့တာပေါ့လေ။

အဲနေ့က အတန်းထဲ ဆရာက စာမေးပြီး ငြင်းခုံမိလို့ အပြန်လမ်းမှာ ကေဇီက စိတ်ပင်ပန်းနေတာပါ။ အဲဒါနဲ့ ချောင်ထဲက ထိုင်ခုံတစ်နေရာလွတ်လို့ အမက ဦးစားပေးပြီး ကေဇီကို ပေးထိုင်ပါတယ်။ (အမှန်ဆို အမ ကိုယ်လုံးက ကိုယ့် ထက်ဝက်လောက်ကို သူက ပြန်ညှာတာပါ။)။

ဘေးမှာ ထိုင်နေတဲ့ မလေး ငနဲက ခေါင်းထောင်ကြည့်ပြီး ပြန်အိပ်သွားတယ်။

ဒါနဲ့ပဲ စကားတွေ အများကြီးပြောဖြစ်တာပေါ့လေ။

အမက မတ်တတ်၊ ကိုယ့်က ထိုင်ရက် ပတ်ဝန်းကျင်လဲ မကြည့်ပဲ သူက ကိုယ့်စိတ်ပြောင်းအောင် စကားပြောပေးလာတာပါ။

ခု ဝတ်ထားတဲ့ အင်္ကျီက ဘယ်ကဝယ်တာ၊ ဘယ်လောက်။

အလုပ်မှာ ထိုင်ရတာများလို့ ခါးတို့ ဗိုက်တို့မှာ အဆီစုတဲ့ အကြောင်းးးးး (အမတို့များ လူပိန်သလောက် အမူအရာပါ ပါတာဗျားးးးးး၊ ဟိဟိ)  :-D

ဒါနဲ့ ကိုယ့်က ပိန်တာ ဝတာ အပိုင်းရောက်တော့ တစ်ခုဝင်ပြောပါတယ်။

အမရယ်၊ အရင်က မန်းလေးမှာ သူငယ်ချင်းတွေကို တောင်ပြောမိသေးးး၊ ဒီ မျက်နှာပြည့်တာကို စိတ်ညစ်လို့ မျက်နှာကျချင်တာ ဘာလုပ်ရမှန်းမသိဘူး လို့။

နံပတ် ဖိုးရှုရင် မျက်နှာ ကျလို့ ရှူရမားးးး စဉ်းစားမိသေးတယ် ဘာညာ ဝင်ပြောမိတာ။ (အဲဒီ အချိန် အမ ဆင်းရမဲ့ ဘူတာကို ရောက်ခါနီးပါပြီ။ ကိုယ့်က နောက်တစ်ဘူတာပါ။)

အဲဒီမှာဗျာ ဘေးက သကောင့်သားက ခေါင်းကြီးထောင်ပြီး ပြုံးစိစိနဲ့ ” နံပတ်ဖိုး မရှုနဲ့၊ နံပတ် ဖိုက် ရှူ” တဲ့။

၂ ယောက်လုံး ကြက်သေသေပြီး ဘာမှ ပြန်မပြောနိုင်။ (ကိုယ်တွေက မြန်မာလို့ ထင်မထား…………)

အမကလည်း ကြားလိုက်ရတာ မသေချာလို့ ပါးစပ်လေး အဟောင်းသား နဲ့ “ရှင်” ဆိုပြီး မေးကြည့် ကြည့်နေမိသေးးးးး ။

ကိုယ်က ဂယောင်ဂရင် နဲ့ အတော်လန့်သွားတာ။

ဘူတာမှာလည်း ရပ်ရော၊ အမက ကိုယ့်လက်ပါ ဆွဲပြီး ပြေးဆင်းလာတာပါ။

သူနဲ့ အတူဆက်ထိုင်ပါမသွားစေချင်လို့တဲ့။

ဘူတာမှ ရီလိုက်ရတာ လှိမ့်လို့။

ခုထိ မျက်နှာကျချင်တဲ့ အကြောင်း မစ ရဲဘူးးးး နံပတ် ဖိုက် ရှုရမှာ ….  ဘာမှန်းမသိပဲ ကြောက်လွန်းလို့။ ငိငိငိ   :-D

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 347 post in this Website..

CJ # 129120