ရုပ်တု နှင့် ဗုဒ္ဓဘာသာ

သုရွင္September 19, 20131min25515

Normal
0

false
false
false

EN-US
ZH-CN
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ဘာသာခြားတို့ ထင်မှတ်ထားသလို ဗုဒ္ဓဘာသာသည် ရုပ်တို တို့ကို
ကိုးကွယ်ဆည်းကပ်နေသော ဘာသာ တစ်ခု မဟုတ်ချေ။ အရုပ်သည် အရုပ်ပင် ဖြစ်သည်။
သစ်သားဖြင့် ပြုလုပ်ထားသော အရုပ်သည် သစ်သားရုပ်ဖြစ်သည်။
ကျောက်တုန်းဖြင့်ပြုလုပ်ထားသော အရုပ်သည် ကျောက်တုံးရုပ် ပင် ဖြစ်သည်။
များစွာသော ဘာသာခြားများသည် ဗုဒ္ဓဘာသာ များရှေ့တွင် မူ မပြောရဲကြသော်လည်း…
ကွယ်ရာတွင်မူ ရုပ်တု ကိုးကွယ်သော ဘာသာ တစ်ခု အဖြစ် အထင်သေး
အမြင်သေးရှိကြပေသည်။ ၎င်းတို့ အမြင်အရ ဘာမျှလုပ်မပေးနိုင်သော ရုပ်တု ကို
တစ်ခုခု မျှော်ကိုး၍ ဝတ်ပြုနေခြင်းသည် ရူးသွပ် ခြင်း ၊
အဆင့်အတန်းနိမ့်ကျခြင်း၊ အဓိပ္ပါယ် မဲ့ခြင်း ၊ စသည့် အမြင်သဘောထက် ပို၍
မမြင်ချေ။ သို့သော် တစ်ချို့သော အလယ်အလတ် သဘောရှိသော ခရစ်ယာန်များက မူ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ၏ တရားတော်များကို နှစ်ခြိုက်စွာ
နာယူလေ့ရှိကြောင်းမျက်မြင်ကိုယ်တွေ့ တွေ့ဖူးပါသည်။ မကြာ ခဏ လည်
းကြားသိရပါသည်။ ကျွန်တော်တို့ ဖက်တွင် မူ ခရစ်ယာန် ဘုန်းကြီးများ (
father ) များသည် တမင် ဘုန်းကြီးများကို ပင်ပင့်ဖိတ်လျှောက်ထား ပြီးနာယူ
ကြသည်မှာ လက်တွေ့ပင်ဖြစ်သည်။

ရုပ်တု တို့ကို ဗုဒ္ဓဘာသာတို့ အဘယ်ကြောင့် ဤမျှ အလေးထားနေရပါသနည်း ။
အဘယ်ကြောင့် ဦးချ ရှိခိုးလျှက် ဆုတောင်းမှုများကို ပြုလုပ်ကြပ ါ သနည်း ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာများတွင် အဖြေရှိသော်လည်း
ဘာသာခြားများတွင်ကားအဖြေမရှိပါ။ တစ်ချို့က အဖြေကို ကြားပင်မကြားချင် ပါ။
သို့သော် ရှင်းပြစရာရှိတာတော့ ရှင်းပြရမည်ပင်။ ခရစ်ယာန်တို့ ၏
သမ္မာကျမ်းစာ နှင့် မွတ်စလင်တို့ ၏ ကိုရမ်ကျမ်း တွင် ရုပ်တု
ကိုးကွယ်ခြင်းကို
ပြင်းထန်စွာတားမြစ် ပိတ်ပင်ထားပါသည်။ ဤသည်မှာလည်း ၎င်းဘာသာတို့၏
အသက်ပင်ဖြစ်သည်။ အလွန်ကြီးလေးသော အပြစ် ဖြစ်နိုင်ကြောင်း
ပြင်းထန်စွာတားမြစ်ထားခြင်းသည် မူလက ကျွန်တော်ပြောထားသကဲ့သို့
ဘုရားသခင်အားဆန့်ကျင်၍ တခြားကိုးကွယ်ရာ ရှာခြင်းဟု ၎င်းတို့ က ယူဆ
ကြဟန်တူပါသည်။ သို့သော် ဘုရားသခင်ချင်းအတူတူ ပင်ဖြစ်လင့်ကစား
မွတ်စလင်နှင့် ခရစ်ယာန် တို့၏ ဘုရားသခင်ချင်းကလည်း မတူပြန်ချေ။
ရုပ်တုအကြောင်းဆက်ပါမည်။ အရုပ်တို့ ဘာမျှ လုပ်မပေးနိုင်ကြောင်း
သန်းပေါင်း ၆၀ဝ သော ဗုဒ္ဓဘာသာဝင်တို့ နားလည်ပါသည်။ ဦးနှောက်လည်း
ရှိပါသည်။ စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း ထိုမျှလောက်တော့ ရှိကြပါသည်။
သို့အတွက်ဆိုလျှင် အဘယ်ကြောင့် အရုပ်တို့ကို ရှိခိုးခြင်း ကိုးကွယ်ခြင်း
တို့ကို ပြုလုပ်ကြသနည်း။ အုတ်ဖြင့်ပြုလုပ်ထားသော စေတီ များကို နေရာ အနှံ့
ဆောက်လုပ်ကြသနည်း၊ ကျောက်သားဖြင့် ၎င်း ၊ သစ်သားဖြင့် ၎င်း ၊
သံ၊ရွှေ၊ငွေ။ကြေး၊သတ္တု ဖြင့်၎င်း အဘယ်ကြောင့် ဗုဒ္ဓ့ပုံစံ
သွန်းလုပ်ကြသနည်း။

၁- ကိုယ်စားပြုခြင်း….( Representation )
ဗုဒ္ဓဟောခဲ့သည်မှ သူ၏ အယူဝါဒ ကို ၎င်း သူ့ကိုသော်၎င်း ၊
ကိုယ်စားပြုနိုင်သော အရာ (စေတိယ ) လေးမျိုးကို ဖော်ပြခဲ့ပါသည်။
၎င်းတို့မှာ
၁-ဓမ္မစေတိယာ ( တရားစာများ ၊ တရားများ )
၂-ဥဒ္ဒိဿစေတိယာ( ဗုဒ္ဓကို ရည်စူး၍ တည်ဆောက်အပ်သော အရာမှန်သမျှ
…သဲပုံ၊ အုတ်ပုံ၊အမှတ်အသား စသည်…)
၃-ပရိဘောဂ စေတိယာ ( သစ်သားဖြင့် ပြုလုပ်ထားသော ဗုဒ္ဓအမှတ်အသား
များ ..ရုပ်တု စသည်)
၄-ဓါတု စေတိယာ ( ဗုဒ္ဓ မှ ကြွင်းကျန်ရစ်သော ဓါတ်ေတော်မွေတော်များ )
စသည် စသည် မည်သည့် အရာကိုမဆို ဤအရာသည် ဗုဒ္ဓကို ရည်ညွှန်း၍ တည်ဆောက်၏ ။
မိမိတို့စိတ်နှလုံးတွင် အမှန်တကယ် ဗုဒ္ဓအရှေ့ ၌ အသက် ထင် ရှားရှိသည့် ဟန်
နှလုံးသွင်းနိုင်ပါက … အကျိုးဖြစ်ထွန်းနိုင်မည် ဟု
ယုံကြည်ကြသောကြောင့်ဖြစ်ပါသည်။
၂-သင်္ကေတ ပြုခြင်း ( symbolization )
ဘာသာတိုင်းတွင် ၎င်းတို့ ၏ သင်္ကေတ များရှိပါသည်။ ခရစ်ယာန်တွင် ကားတိုင်
သည် သင်္ကေတ ဖြစ်ပါသည်။ ယေရှု ခရစ် သည် လူသားများ စွာ တို့ အတွက်
အပြစ်ကြွေးကို ကားတိုင်ပေါ်တွင် ပေးဆပ်သွားခဲ့ရကား လူသားတို့နောင်တ
ရစေခြင်းငှာ ရည်စူး၍ ကားတိုင်ကို သင်္ကေတ အနေဖြင့် ချက်(ရှ် )
ကျောင်းများတွင်ထားရှိကြပါသည်။ ဘာမှ မရှိသည် ထက်စာ လျင် ကားတိုင်
ရှိနေခြင်းကြောင့် ကားတိုင်ကို ရည်စူး၍ အမှန်တကယ် ယေရှုသည် အရှေ့
တွင် ရှင်ပြန်ထမြောက်လာ သကဲ့သို ့ နှလုံးသွင်း ရ လွယ်ကူ အဆင်ပြေသည် မဟုတ်ပါလား။
မွတ်စလင်တို့တွင်မူကား ဗလီသည် အလ္လာဟ် အရှင်မြတ်ကို
ဝတ်ပြုရန်ဆောက်လုပ်ထားသော နေရာ ၊ ဝတ်ပြု ကျောင်းဖြစ်သည်။ ထိုနေရာသို့
ဘာသာခြားတို့မဆိုထားနှင့် မွတ်စလင် အမျုးိသမီးများပင်လျှင်
ဝင်ရောက်ခွင့်မရှိ၊ ကိုရမ်မှ ကျမ်းစာများကို သင်္ကေတ အနေဖြင့် ဗလီနံရံများ
အခန်း ဆီးများ တွင် အာရဗီစာများဖြင့် ရေးထိုးထားသည်ကို တွေ့နိုင်ပါသည်။
ပြီးနောက် မက္ကာ ရှိ ဗလီဝတ်ကျောင်းတော်ပုံ များ ုကိုလည်း ချိတ်ဆွဲထားတတ်
သေးသည်။ ထိုအခြင်းအရာများသည် မိမိတို့ဘာသာကိ ုသင်္ကေတပြုခြင်းဖြစ်သည်
။အမှတ်ရစေရန်အလို့ငှါ၎င်း၊နှလုံးသွင်းရန်လွယ်ကူစေရန် အတွက် ၎င်း
သင်္ကေတ ပြုခြင်းပင်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ သည်လည်း ထို့အတူပင်ဖြစ်ပါသည်။ ဗုဒ္ဓသည် ပရိနိဗ္ဗာန်ပြုသွားပြီ
ဖြစ်သောကြောင့် ဗုဒ္ဓသည် ၎င်းတို့ကို တစ်ခုခု
လာလုပ်ပေးလိမ့်နို်းနိုးဖြင့်
ရှိခိုးကိုးကွယ်နေခြင်းမျိုးမဟုတ်၊ ဗုဒ္ဓသက်ရှိထင်ရှားရှိနေဟန်
နှလုံးသွင်းပြီး မိမိဖြစ်လိုသော ဆန္ဒကို ဆုတောင်းခြင်း
ပြုကြခြင်းပင်ဖြစ်ပါသည်။ သို့သော်
ဗုဒ္ဓဘာသာတို့က အခြားဘာသာများနှင့် ကွာခြားနေသည်မှာကား
မည်သို့ပင်ဆုတောင်းနေစေကာမူ ကိုယ်တိုင်ကြိုးစားမှ ရမည် ဖြစ်ကြောင်း
ဆုတောင်း
နေသူကိုယ်တိုင်က သိရှိနားလည် ခြင်းပင်ဖြစ်ပါသည်။
အခြားဘာသာတို့တွင်မူကား အရာရာအားလုံးတို့သည် ဘုရားသခင်
အလိုတော်အတိုင်းပင်ဖြစ်သောကြောင့် ဆုတောင်းသောအခါ ၌ဆုတောင်းသည့်
အတိုင်းတကယ် အမှန်ဖြစ်လာမည်ဟု တစ်ထစ်ချ
ယုံကြည်ကြခြင်းပင်ဖြစ်ပါသည်။မိမိဆုတောင်းသော အသံကို ဘုရားသခင်သည်
ကောင်းကင် ဘုံမှ နေ၍ ကြားသိပြီး သကာလ မိမိတို့၏ တောင်းဆုများကို
ဖြည့်ဆည်းပေးခြင်းဖြင့် သနားဂရုဏာတော်ကို ပြသ လိမ့်မည်ဟု
သက်ဝင်ယုံကြည်ကြပါသည်။
ခရစ်ယာန်တို့မှာကား မိမိလုပ်ခဲ့မိသော အပြစ်တစ်စုံတစ်ရာအတွက်
အမှန်တကယ်နောင်တ ရပြီး ၊ တောင်းပန်ဝန်ချခြင်းဖြင့် ထိုအပြစ်ကို
ပြေပျောက်စေ နိုင်သည် ဟုလည်း ယုံကြည်နေကြပြန်ပါသည်။အပြစ်ကို
ဝန်ခံခြင်းသည် ကောင်းမွန်သောလုပ်ရပ်ပင်ဖြစ်လင့်က စား ဗုဒ္ဓဘာသာတွင်မူ
ထိုအပြစ်ကို တစ်နေ့ပြန်ခံရမည် ဟု ယုံကြည်နေမှုလည်းရှိနေပြန်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ဗုဒ္ဓဘာသာ ဝင်များသည် အခြားသော
ဘာသာဝင်များထင်မှတ်နေသကဲ့သို့ အရုပ်များကို (ထိုအရုပ်များက မိမိတို့ ဘဝ
ကောင်းရာ ကောင်းကျိုးကို ပေးစေနိုင်သည်ဟု ယုံကြည်လျှက် )
ရှိခိုးကိုးကွယ်နေသော အဆင့်အတန်းနိမ့်ကျသည့် ဘာသာဝင်များမဟုတ်ကြောင်း၊
ကျောက်တုံးများ ၊ အုတ်ပုံများကို အဓိပ္ပါယ်မဲ့ ကန်တော့လျှက်
အယူမှားနေကြသော ဘာသာဝင်များလည်း
မဟုတ်ကြောင်း၊ထိုအရုပ်များ၊ကျောက်တုံး၊အုတ်ပုံများထက် အရေးကြီးသော
ကိုယ်ကျင့်တရားနှင့် ဘဝ အဓိပ္ပါယ် များစွာရှိသည် ့
ဘာသာရေးလမ်းညွှန်ဆုံးမမှုများ ( ပိဋ္ဋကတ် စာပေ ) ခရစ်ယာန်တွင် သမ္မာကျမ်းစာ၊
မွတ်စလင်တို့တွင် ကိုရမ်ကျမ်း နှင့်ထက်တူပင် ၊ ကို ပိုမိုအလေးထား လိုက်နာ
တန်ဖိုးထားသူများသာဖြစ်ကြောင်း၊
တင်ပြလိုက်ပါသည်။
ဗုဒ္ဓကိုယ်တော်တို်င်ကလည်း ငါ့အရုပ်ကို ရှိခို်းကိုးကွယ်ရုံမျှဖြင့်
နိဗ္ဗာန်သို့ရောက်လိမ့်မည်ဟုဟောမထားချေ။ ငါ့တရားကို သင်တို့သည် အမှန်တကယ်
လိုက်နာကျင့်သုံးပြီးဘဝကို လျှောက်လှမ်းမှသာ ကောင်းကျိုးနိဗ္ဗာန်ကို
ခံစားရမည်ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်အောင်
ဟောကြားထားပြီးဖြစ်ပါသည်။
မှတ်ချက်…ရုပ်တု များကို မူ ဒီအတိုင်းတော့ ဘုရားဟု မသတ်မှတ်သေးပါ။
သံဃာများမှ အနေကဇာတိယံ ခေါ်သော  နေကဇာ တင်ဂါထာကို ရွတ်ဖတ်ပြီးမှ ဘုရားအမှတ်ဖြင့်
ရည်စူးကြခြင်းဖြစ်ကြောင်း စကားချပ်အနေဖြင့် တင်ပြလိုက်ပါသည်။

 

15 comments

  • ခင် ခ

    September 19, 2013 at 4:11 pm

    ကိုးကွယ်ယုံကြည်မှုဆိုတာ မိမိစိတ်သဒ္ဒါန်ထဲက ဖြစ်ပေါ်လာသော သဒ္ဒါကြည်ညိုစိတ် အတိမ်အနက်ပေါ်မူတည်ပြီး မိမိကိုးကွယ်ယုံကြည်မှုမှာ လေးနက်မှုကွားခြားပါလိမ့်မယ်။
    အဲဒီ မိမိသဒ္ဒါကြည်ညိုမှုအရ ဖြစ်တည်လာသော မိမိစိတ်ထဲတွင် ကိန်းအောင်းတည်နေသော ဘုရားကို စိတ်အာရုံပြုပြီး ရှစ်ခိုးခြင်းသည်ကား အနှိုင်းမဲ့ ကြည်ညိုခြင်းမည်ပေ၏။

  • San Hla Gyi

    September 19, 2013 at 7:49 pm

    အင်း တော်သေးတာပေါ့ ရုတ်တရက် ကြည့်လိုက်တာ ကျုပ်မိတ်ဆွေ မိုးပြားဆရာတွေ မှတ်လို့။ ဆောင်းပါးရှင် ရေးလို့ ပြောရဦးမယ်။ သူများဘာသာတွေ ပါလာတော့ သိပ်တော့ မကောင်းဘူး။ ဒါပေမယ့် မပြောမဖြစ်လို့ ပြောရဦးမယ်။
    တကယ်တော့ ရုပ်ထုကို ဘယ်သူမှ မကိုးကွယ်ဘူးဗျ။ ရုပ်ထုက အာရုံယူတာ သက်သက်ဖြစ်ပြီး တကယ့် ကိုယ်ယုံကြည်ရာပုဂ္ဂိုလ်ရဲ့ စံတွေကို ကိုးကွယ်တာပါ။ ဥပမာ မိဘနှစ်ပါးပုံကို ဦးချတတ်တဲ့ သားသမီးဆိုရင် ဓါတ်ပုံက တကယ်တော့ စက္ကူသက်သက်ပဲ ဆိုတာတော့ သိတာပေါ့။ ဒါပေမယ့် သူ့မိဘကို ဒီပုံလေး ကြည့်ပြီး အမှတ်ရနေတဲ့ သဘောပဲ။
    ကျနော့် ကိုယ်တွေ့ကို ပြောပြမယ်။ လွန်ခဲ့သော နှစ်ပေါင်း အတော်ကြာက ကျနော်ဟာ ဘာသာခြားတွေ အများဆုံးနေထိုင်တဲ့ နယ်လေးတနယ်မှာ အတော်ကြာ နေခဲ့ဖူးတယ်။ ဘာသာနာမည်တော့ မပြောတော့ပါဘူးဗျာ။ အဲဒီတုန်းက ကျနော်က ငယ်ငယ်လေး ရှိသေးတယ်။ အဲဒီဘာသာရဲ့ အဓိက ပညတ်ချက်ကလည်း “ရုပ်ထု ဆင်းတုကို မကိုးကွယ်ရ” ဆိုတာပဲ။ ကျနော် မှတ်မိသလောက်တော့ အဲဒီအချက်က သူတို့ဘာသာရဲ့ ပထမ ပညတ်တော်ပဲ။ အဲဒါ သူတို့ကလည်း ကျနော့်ကို ပေါ့သေးသေး မှတ်သလားတော့ မသိပါဘူး။ ကိုယ့်ကိုလာပြီး ပြောကြ ဟောကြတယ်ပေါ့ဗျာ။ အမယ် သူတို့က အဲဒီအချက်လည်း ပြောရော ပြုံးပြုံးလေးနဲ့ သူတို့ဘုရားသခင်က မှာခဲ့တယ် “ရုပ်ထု ဆင်းတုကို မကိုးကွယ်ရ” ပေါ့ဗျာ။ အဲဒါ ကျနော်က ဘာလုပ်သလည်းဆိုတော့ သူတို့ ဘုရားကျောင်းထဲမှာ လုပ်ထားတဲ့ သူတို့ ဘုရားအရုပ်နဲ့ မယ်တော်ရုပ်တွေကို ခြေထောက်နဲ့ ကန်မယ်လည်း လုပ်ရော အလန့်တကြား ကန့်ကွက်တော့တာပဲ။ အဲဒီတော့ ကိုယ်ကလည်း “ဟင် နင်တို့ပြောတော့ ရုပ်ထုဆင်းတုကို မကိုးကွယ်ဘူးဆို ဒါနင်တို့ ဘုရားသခင်မှ မဟုတ်တာ အရုပ်ကြီးပဲ” လို့လည်းပြောရော သူတို့လည်း ဘာပြောရမှန်း မသိတော့ဘူး။ တကယ်တော့ ကိုယ်ပြောတာ ကိုယ်ပြန်မစဉ်းစားလို့ပါ။
    နောက်တခုရော ဘာထူးလဲ။ ရုပ်ထု ဆင်းတုကို မကိုးကွယ်ရဘူးသာ ပြောတာ ကျောက်တုံးနက်ကြီးကို ဝိုင်းဝတ်ပြုနေကြပါလား။

    • kai

      September 20, 2013 at 5:43 am

      ဟုတ်ပ..
      တချို့ဆိုနံရံကြီးကြည့်..ရှိခိုးဆုတောင်းတာနဲ့…။
      တချို့ကြက်ခြေခတ်အမှတ်အသား ရှိခိုးဆုတောင်းတာနဲ့…။
      အရင်းစစ်တော့.. အုပ်ပုံ..အုပ်ခဲ.. မြေစိုင်ကျောက်သားတွေပါဗျ…။

      ဆိုတော့…
      ဂေါတမဗုဒ္ဓလက်ထက် လွန်ခဲ့တဲ့.. နှစ်၂၆၀ဝမှာ.. အိနိ္ဒယအရှေ့တိုင်းသားတွေ ရုပ်ထုထုအတတ်… စေတီပုထိုးဆောက်တဲ့အတတ်… တတ်တယ်လို့.. သမိုင်းမှာမပြဆိုပါဘူး…။
      ရုပ်ထုမပြောနဲ့.. ဘုရားရှင်ကိုယ်တော်တိုင်(ခန္ဓာ)ကို… ဖူးမြော်ကြည်ညိုနေတဲ့.. ဝက္ကလိရဟန်းကို.. ဗုဒ္ဓကဒီလိုပြောပါတယ်..။

      ” ဝက္ကလိ၊ ငါဘုရားရဲ. ဒီအပုပ်ကောင် ခန္ဓာကိုယ်ကြီးကို ဖူးမြော်နေလို. ဘာအကျိုးရှိမှာလဲ၊ တရားကိုမြင်သူဟာ ငါဘုရားကို မြင်တယ်၊ ငါဘုရားကိုမြင်သူဟာ တရားကိုမြင်တယ် ”
      သုတ္တံ ပိဋကတ်တော်၊ သံယုတ္တနိကာယ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၊ ခန္ဓသံယုတ်၊ ထေရဝဂ်၊ဝဂ္ဂလိသုတ်

      ရုပ်ထုကိုးကွယ်တာ.. ဗုဒ္ဓပြောဟောခဲ့တဲ့ တရားနဲ့ဆန့်ကျင်နေပါကြောင်း…။

      • တိမ်မည်း

        September 20, 2013 at 10:05 am

        ကျွန်တော်ကတော့ အဲ့လိုတော့ မမြင်ဖူး သဂျီးရယ်….
        သဂျီးတို ့လို ဘုရား တရား သမားတွေ မဟုတ်တော့… (ဟုတ်ချင်မှ လည်း ဟုတ်မှာပေါ့နော်… ဒီက တိဖူးရယ်….)

        ဘယ်ဟာပဲ ဖြစ်ဖြစ် အစကလေးတော့ လိုသား….
        ရုပ်ထုရှေ ့မှာ တချိန်လုံးရှေ ့မှာ ထိုင်ပီး…. စားလည်း မြင်တယ်… အိပ်လည်း မြင်တယ်ဆိုပီး…. ဘုရား ရုပ်ထုပဲ ထိုင်ကြည့်ပီး တရား မရရကောင်းလို ့ဆိုပီး အော်နေရင်တော့ သဂျီးပြောသလိုပဲပေ့ါ…..
        သို ့ပေသိ တခါတလေ ကျတော့လည်း လူဆိုတာ မတူတဲ့အတွက် အစမှာ ကြည်ညိုမှူလေး ဖြစ်ဖို ့ အစပျိုးဖို ့ လိုသေးတယ်မဟုတ်လား….
        ဒါကြောင့် ဝိပသာနာ တရား အားထုတ်ပုံတောင် လူပေါ်မူတည်းပီး ကွဲပြားတယ်လို ့ မှတ်ရှုဖူးပါတယ်……
        ရုပ်ထုကို ကိုးကွယ်မှ မှန်မယ်…. ရုပ်ထုကို ကိုးကွယ်ရင် မှားမယ်ဆိုတဲ့… ဘယ်စွန်း ညာစွန်း ကပ်နေသရွေ ့ကတော့ အယူပိုမှားတယ်လို ့ ဆိုချင်တယ်……
        အလယ်အလတ်ပဲ ကျင့်ကြစမ်းပါဗျာ…..
        ဘယ်သူမှ မမှားပါဖူး…. ကျုပ်တို ့ ကြည့်တဲ့ဘက်လေးတွေ ကွဲနေလို ့ပါ…..

        လေးစားလျက်
        တိမ်မည်း

  • Dote Kha

    September 20, 2013 at 9:47 am

    ကျုပ်အဖိုးဖြစ်သူဟာဆိုရင် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆုံးသွားခဲ့တယ်။ အဖိုးရဲ့ ဓာတ်ပုံလေးကို ဘုရားစင်ဘေးမှာ ချိတ်ထားတုန်းပဲ။ ပြီးတော့ ဘုရားရှိခိုးတိုင်းလည်း အဖိုးကို ရှိခိုးတယ်။ အဲ အဖိုးရဲ့ ဓာတ်ပုံကို ရှိခိုးတယ်ပေါ့ဗျာ ဟဲဟဲ။ အဖိုးရဲ့ ကျေးဇူးတွေက များလှတယ်။ ဒါကြောင့်မို့ အဖိုးသေလွန်ပြီးတဲ့နောက်မှာ အဖိုးရဲ့ ဓာတ်ပုံကို ချိတ်လို့ အဲ့ဒီဓာတ်ပုံကို မြင်မိတိုင်း အဖိုးရဲ့ ကျေးဇူးတွေကို အောက်မေ့လို့ အဖိုးရဲ့ ဓာတ်ပုံကို ရှိခိုးတယ်။ ရုပ်တုကို ရှိခိုးတယ်ဆိုတဲ့ ကိစ္စဟာလည်း ဒီလိုမျိုး သဘောတရားအတိုင်းဆို ရိုးစင်းလွန်းလှပါတယ်။ ဒါကိုပဲ ဘာသာစွဲတွေ ဟိုစွဲ ဒီစွဲတွေ စွဲပြီး ရှုပ်အောင် လုပ်နေကြတယ်။ ဒါကြောင့်ပဲ အရှုပ်ထဲမှာ ရှင်းအောင်နေလို့ ဆိုထားတာနေမှာပါပဲ ဟဲဟဲ။ ပြီးတော့ ဘုရားက ဝက္ကလိရဟန်း ကိုဟာထားတဲ့ ငါဘုရားရဲ့ ခန္ဓာကိုယ်အပုပ်ကောင်ကြီးကို ဖူးမြော်နေလို့ ဘာအကျိုးရှိမှာလဲ ဆိုတဲ့ ကိစ္စမှာလည်း ပြောရရင် ဝက္ကလိရဟန်းက ချစ်တဲ့လူကို ကြည့်တဲ့ အကြည့်မျိုးနဲ့ ဖူးမြော်နေလို့ ဒီလို ဘုရားက ဟောခြင်းသာ ဖြစ်မယ်ထင်ပါတယ်။ ဂုဏ်တော်တွေကို နှလုံးသွင်းလို့ ဖူးမြော်မယ်ဆိုရင် နိဗ္ဗာန်ရောက်အောင်တောင်မှ စွမ်းနိုင်မှာပါ။ နုဿတိဆယ်ပါးထဲမှာတောင် ဗုဒ္ဓနုဿတိ ပါရဲ့မဟုတ်လား။ ကရဝိတ်ငှက်ရဲ့ အသံကို ဘုရားရှင်ရဲ့ အသံတော်နဲ့ သံတူယူလို့ ပွားများလိုက်တာတောင်မှ သောတာပန် ဖြစ်ခဲ့ဖူးတာလည်း ရှိရဲ့မဟုတ်လား။

    • kai

      September 20, 2013 at 12:20 pm

      ရှေးကျမ်းကိုးကားတဲ့.. အင်္ဂလိစာတွေမှာတော့.. အဲဒီဝက္ကလိရဟန်းက.. ဘုရားနှင်ထုတ်လိုက်လို့.. စိတ်ညစ်ပြီး… လယ်ပင်းလှီးသတ်သေလိုက်သတဲ့..(တချို့စာမှာ ဆွဲကြိုးချသေတယ်တဲ့)

      ဆိုတော့..
      ဂေါတမဗုဒ္ဓခမြာ.. ကိုယ့်ကိုယ်ကိုယ်သတ်သေတာနဲ့ ပယောဂမကင်း.. ပါတ်သက်နေတယ်တောင်.. ဆွဲယူဆွေးနွေးနေတာတွေရှိတယ်..
      ဗုဒ္ဓဘာသာမှာ.. ကိုယ့်ကိုယ်ကိုယ်သတ်သေတာ.. ပြဿနာမရှိဖူးပေါ့…။ ဘုရားက သိတာတောင် မတားဘူး..ဘာဘူး.. ဖြစ်ကြတယ်..။

      တချို့ကိစ္စတွေမှာ.. ဗုဒ္ဓက တော်တော်ပြင်းပြင်းထန်ထန်(ပြော)လုပ်ပြီးတော့ကို.. (နောင်အနှစ်ထောင်ချီမှာမှ.. တက်လာမဲ့ပြသနာနဲ့.. .. အစွန်းရောက်ဖြစ်မှာတွေကြိုမြင်လို့လားမသိ).. တားတတ်တယ်..။
      ဥပမာ..။ သက်သတ်လွတ်ဆိုလည်း.. ဒေဝဒတ်က.. သံဃာဂိုဏ်းခွဲပစ်မယ်သိသိကြီးနဲ့.. ခွင့်ပြုတော်မမူဘူး..
      သံဃာဂိုဏ်းအကွဲခံတယ်..။

      ချုံပြောရရင်တော့..(ရုပ်ထု စေတီကိုးကွယ်တာမှန်တယ်ထင်ပြီး.. အလွန်အောင်မြင်နေတဲ့.. ဒေဝဒတ်ဂိုဏ်းဝင်များပြားလှတဲ့..) ယခုခေတ် ဗုဒ္ဓဘာသာနဲ့.. မြန်မာပြည်ကြီးမြင်ရသတည်းပါခင်ဗျား.. :kwi:

      မှတ်ချက်။ ။ အခုခေတ်ဝိပဿနာနဲ့.. ဗုဒ္ဓနုဿတိ သည် ဂေါတမဗုဒ္ဓတရားဟောမဟုတ်… :mrgreen:

      • Dote Kha

        September 20, 2013 at 4:54 pm

        ဒီလူရဲ့ အောက်ပိုင်းစကားက တကယ့်ရိုက်ပေါက်ပဲ ဟဲဟဲ။ ဒီစကားမျိုး အပြင်မှာများ သွားပြီး ကျယ်လောင်ကျယ်လောင် မဟလိုက်မိစေနဲ့။ ဒေဝဒတ်ဂိုဏ်းဝင်တွေဆီက တုတ်တွေ ခဲတွေ ရောက်လာလိမ့်မယ်။ မကြောက် ပြောပေါ့ ဟဲဟဲ။ ပြီးတော့ အောက်က မှတ်ချက် စကားအရ ပြောရရင် ဂေါတမဗုဒ္ဓတရားဟော မဟုတ်ဆိုတော့ ဘုန်းကြီးတရားဟောလို့ ပြောရမလား။ အထက်က ဝက္ကလိရဟန်း ကတော့ ဖတ်ဖူးကြားဖူးသမျှ ပြောရရင် ဒီလို လည်ပင်းလှီးရင်းနဲ့ ရဟန္တာ ဖြစ်သွားတယ်ဆိုပဲ။ ထိပ်ဆုံးကိုရောက်ဖို့ အမုန်းခံပြီး ပြောနေရတယ် ဆိုတဲ့ စကားလိုပေါ့။

  • ဦးကြောင်ကြီး

    September 20, 2013 at 9:49 am

    အစွဲလဗျာ အစွဲ.. လူဆိုဒါ တခုခု အမှီအတွယ်ပြုထားရမှာ နေသာဒါဂလား…။ အစွဲမှာမှ မကောင်းသောအစွဲ၊ မှားသောအစွဲ၊ ကောင်းသောအစွဲ၊ မှန်သောအစွဲလို့ ပညတ်ပြုနိုင်မယ် ထင်ဒယ်..။ အကုသိုလ် ကိလေသာက မကောင်းစွဲ၊ အယူမှားဂ အမှားစွဲ၊ ကုသိုလ် ဒါန သီလ သမာဓိတရားတွေက အကောင်းစွဲ၊ အောက်သုံးဆင့် မဂ်ညဏ်ဖိုလ်ညဏ် ပညာတွေက အမှန်စွဲ ပြောရင် မမှားဘူး..။ နောက်ဆုံးအဆင့် အရဟတ္တဖိုလ်ကတော့ အားလုံးကနေ လွတ်ကင်းရာ နိဗ္ဗာန်မို့ အစွဲမရှိတော့ဘူး.. သတ်မှတ်ချက်တွေကနေ လွန်မြောက်သွားပြီ။ ပညတ် တပ်စရာ မရှိတော့ဘူး..။
    မစွဲနဲ့ပြောလဲ စွဲကြမှာပဲ….။ ဒီဒေါ့ မစွဲနဲ့ပြောတာထက် အစွဲဘယ်လို ဖြုတ်ပေးမလဲ နည်းပေးလမ်းပြတာ ပိုသင့်တော်မယ်ထင်တယ်။ ဒီနေ့ ဝိမုတ္တိခေတ်မှာ အဲဒီအစွဲဖြုတ်နည်း ထင်ထင်ရှားရှား ရှိနေပြီ။ အရင်ကတော့ မသိကြလို့ ညှိုးမှိန်ပျောက်ကွယ်နေလို့ ရေနစ်သူ ကောက်ရိုးမျှင် အားကိုးဆွဲဆုပ်ရသလို ညဏ်မှီသလောက် ကုသိုလ်ပြုကြ စောင့်ထိန်းကြရတယ်…။
    ပဏ္ဍိတ်ကိုစံလှဂျီး စဂါးထောက်ခံ ဆွေးနွေးရရင် ဘာသာခြားတွေလည်း ရုပ်ထုမကိုးကွယ် အစောင့်နတ် မအားကိုးသာဆိုဒယ် သူတို့နည်း သူတို့ဟန်နဲ့ ရှိကြပါတယ်။ တခုရှိတာ သူရို့က အနော်တို့လို့ ကျမ်းဂန်နဲ့ အတိအကျ နတ်ရှိဒယ် ဘာညာ မဆိုထားလေတော့ ဘာကြုံကြုံ ဘုရားသခင်ဆိုပီး သတ်မှတ်လိုက်တယ်။ ဥပမာဗျာ.. မာသာထရီဇာ ရထားပေါ်မှာ သူ့ကို မမြင်ရတဲ့ အသံတသံက အိန္ဒိယမှာ လူတွေကို ကယ်ဖို့ဆိုလား ပြောတယ်။ ဒါကို သူက ဘုရားသခင် ညွှန်ကြားတယ်လို့ ယုံကြည်တယ်။ အလားတူ ပုံစံတွေ အများကြီးရှိတယ်..။ အဲဒါကို ကျနော်တို့ကြတော့ ဘိုးတော်၊ ဝိဇ္ဇာ၊ နတ် စသဖြင့် သန်ရာသန်ရာ လက်ခံလိုက်တယ်။ ဘုရားပြောတာလို့ သတ်မှတ်သူ မရှိဘူး.. ဘာလို့လဲ.. ဗုဒ္ဓဘာသာမှာ ဘုရား ပရိနိဗ္ဖာန်ပြုသွားပြီလို့ ယုံကြည်ထားတာဂိုး.. အကယ်၍ ဗုဒ္ဓဘုရားကို ဖန်ဆင်းရှင် သတ်မှတ်ထားရင် သတ်မှတ်ထားတဲ့ အချို့ ဗုဒ္ဓဘာသာဂိုဏ်းခွဲတွေမှာ ဗုဒ္ဓဘုရားလို့ ယူဆဂျမှာဗဲ…။
    အပြည်ပြည်ဆိုင်ရာ ဓမ္မရိပ်သာကို ထူထောင်သူ ဆရာကြီး ဂိုအင်ဂါရဲ့ ဓမ္မဖခင် ဆရာကြီး ဦးဘခင် ပြောတဲ့အသံဖိုင် တခုမှာ အနောက်တိုင်းသားတွေ နတ်မယုံ လက်မခံသာဆိုတယ် ဒင်းရို့ဆိုင်ရာ ဆိုင်ရာ ဘုရားကျောင်းတွေ နယ်မြေတွေမှာ သက်ဆိုင်ရာ နတ်တွေ၊ အစောင့်အရှောက်တွေ ကူညီဖေးမှမူနဲ့ လုပ်ကြတာပဲလို့ မှတ်သားဖူးတယ်။ အထက်မှာ ပြောသလို ဘာထူးဆန်းတာကြုံကြုံ အခြားဘာရယ် ညာရယ် မတွေးဘဲ ဘုရားသခင် ကောင်းချီးပေးတာ ပုံချလိုက်တော့ တခုပဲ ရှိသလို ဖြစ်တော့တာပေါ့..။ လူဆိုတာ မွေးလာကထဲက ထိုက်သင့်တဲ့ ဘုန်းကံပါလာပြီးသား.. အဲဒါကို ဘယ်လို စီရင်အသုံးချသလဲ အသုံးချခွင့်ရှိသလဲအပေါ် မူတည်ပါတယ်။

    • San Hla Gyi

      September 20, 2013 at 8:06 pm

      ကိုကြောင်ကြီးရေ
      ပြောရရင်တော့ ကျနော့် ဆိုလိုရင်းက ရုပ်တုကိုးကွယ်တယ်ဆိုတာ ဘယ်သူမှ ရုပ်တုကို ကိုးကွယ်တာ မဟုတ်ပါဘူး။ လူဆိုတာ အဆင်းကို မမြင်ရရင် အာရုံပြုဖို့ခက်လို့ သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ကိုယ်ပွားသဘောမျိုး အာရုံယူကြတာပါ။ ဒါဟာလည်း ဘာမှ ကဲ့ရဲ့စရာ မလိုပါဘူး။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းကို အမှတ်ရစေချင်လို့ ပိုက်ဆံတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်တာမျိုးပေါ့။ သဂျီးဖြစ်နေပုံကိုတော့ ကြည့်ပေတော့ဗျို့။ အဲဒီ ဝက္ကလိရဟန်းကိစ္စတို့ သက်သတ်လွတ်ကိစ္စတို့ဟာ သူ့ကို အယူမှားစေတဲ့ဟာတွေပဲ။
      များများတော့ ပြောစရာ မရှိပါဘူး။ ကျုပ်အရင်ကလည်း ပြောပြီးပါပြီ။ ရွာသူရွာသားတွေ အနေနဲ့ ဗုဒ္ဓဘာသာနဲ့ ပက်သက်လို့ သဂျီး ဘာပြောပြော မယုံလေနဲ့ဗျို့။ သူပြောတာ တကယ်တော့ အမှားကြီးတွေ။
      သူဟာ ကိုယ့်ကိုကိုယ် မြှုံးသဖွယ် လုပ်ပြီး လူတွေကို မိစ္ဆာဒိဌိကျော့ကွင်းထဲ ရောက်အောင် လိုက်ထောင်ဖမ်းနေတာ။
      သဂျီးဦးခိုင်=လူ့မြှုံးကြီး

  • kyeemite

    September 20, 2013 at 10:11 am

    တိုတိုနဲ့လိုရင်းမန့်ရရင်…
    ဟုတ်ပ… 🙄

  • မောင်မိုဗိုင်း(သလ်ဠာဝဒီ)

    September 20, 2013 at 8:42 pm

    ဝင်ရောက်လေ့လာသွားတယ်ဗျာ………..
    ဘာမှန်းညာမှန်းတော့ မပြောတတ်လို့ မပြောတော့ဘူး…..
    သူကြီးမန်းထားတာလေးတွေကိုတော့ နှစ်သက်သလိုလို ရှိလှတယ်…..

  • အလင်းဆက်

    September 20, 2013 at 8:59 pm

    ဘုရား ဆိုတာနဲ ့… ရုပ်တုကို ပြေးပြေးမြင်တာ..မျိုး …
    သိပ်တော့ ဟန်မကျတာအမှန်ပေါ့ဗျာ..။
    :kwi:

  • ကျော်စွာခေါင်

    September 21, 2013 at 2:25 am

    ဖတ်ရတာတွေကတော့ မှတ်သားစရာ ကောင်းပါတယ်..။
    သဒ္ဓါစိတ်လေး…. အလျှော့အတင်း လုပ်ကြတာပေါ့ဗျာ..။
    ကျနော့်အမြင်ကတော့ ရုပ်ထုကို ဖူးမျှော်ကန်တော့ပြီး သဒ္ဓါစိတ်စေတနာက တဆင့်…
    ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်ပါတယ်..။
    တရားထိုင်တဲ့အခါတိုင်း..ဘုရားရှင်ရဲ ့ မျက်နှာတော်ကို စေ့စေ့ဖူးရင်း…
    ဘုရားရှင်ရဲ ့ဂုဏ်တော်…ဉာဏ်တော်…တရားတော်ကို တုနှိုင်းစရာမရှိ ကိုးကွယ်ထိုက် အပူဇော်ခံထိုက်သော…
    မြတ်စွာဘုရားပါလား…
    ကျေးဇူးကြီးမားလှတဲ ့ဘုရားရှင်ပါလားဆိုတဲ့ သဒ္ဓါကြည်နူးစိတ်တွေ နဲ ့ စိတ်ကြည်လင်ပြီး ပီတိစိတ်တွေ ဖြစ်လာတဲ့တဲ့ ခဏမှာ..
    နှလုံးအိမ်က အရှုပ်အယှက် သောက လောဘ မောဟစိတ်တွေ တုန် ့ဆိုင်းသွားတဲ့ အခိုက်လေးကို အမိဖမ်းပြိး တရားကို စ တင် အားထုတ်ပါတယ်..။
    ကျနော် တဦးတည်းရဲ ့အမြင်ပါ…။ ငြင်းခုံခြင်းမဟုတ်ပါ..။

  • Ma Ma

    September 21, 2013 at 6:42 am

    ပုံတော်မှသည် ဂုဏ်တော်ဆီသို့ လို့ ဆရာတော်ကြီးတွေ ဟောပြောဆုံးမနေကြသလို …..
    စေတီပုထိုးဆင်းတုတော်တွေ ပူဇော်တာဟာ ပုံတော်ကိုဖူးပြီး ဂုဏ်တော်ကို ကြည်ညိုဖို့ ရည်ရွယ်ပါတယ်။

    အုတ်ပုံကြီးကို ရှစ်ခိုးပြီး ဆုတောင်းရင် အလိုရှိတိုင်းပြည့်ဝမယ်လို့ ဘုရားအဆုံးအမကို လိုက်နာတဲ့ ဗုဒ္ဓဘာသာဝင်အစစ်အမှန်တွေက ယုံကြည်နေကြတာ မဟုတ်ပါ။

    ဗုဒ္ဓဘာသာအကြောင်း ဂဃနဏ မသိလို့ ဘာသာခြားတွေက ထင်မြင်ယူဆနေတာကို မပြောလိုပေမယ့် ရုပ်ထုကိုးကွယ်တာ မှားတယ်လို့ ဗုဒ္ဓဘာသာဝင်ဆိုသူတွေက ပြောတာကိုတော့ အတော်စိတ်မကောင်းဖြစ်မိတယ်။

    ဒါ့ထက် စကားအတင်းစပ်ပြောရရင် အဗေတာပုံလေး အတော်သဘောကျတယ်။ 🙂

  • လူကြီးသူမတွေရဲ့မန့်ချက်တွေအတိုင်းပဲခံယူထားပါတယ်။
    ရုပ်တုကိုအာရုံယူကာ ဘုရားရှင်ရှိသကဲ့သို့ယုံကြည်သက်ဝင်ရှိခိုးကန်တော့ကြတာဟာ
    စိတ်ရင်းအမှန်မပါပဲလုပ်တဲ့လူခပ်ရှားရှားပါ။
    ဘာပဲဖြစ်ဖြစ် ကန်တော့လိုက်တဲ့အချိန်မှာတော့ ဘုရားရှင်အပေါ်ယုံကြည်စိတ်အလျဉ်းရှိပြီးသားဖြစ်နေမှာပါ။

Leave a Reply