ဟုတ်လား…

ငိုနေတဲ့ကလေးကို..ဆဲမလို့လား..မလုပ်ပါနဲ့ကွာ …ငါပေးပါ့မယ်….

အဲ့လောက်တော့ရှိပါတယ်…..

မင်းဝတ်ထားတဲ့အကျီလောက်တော့ ..မသားနားပေမယ့်….ငါ့ဟာလဲ ..အရောင်ရှိပါသေးတယ်…

တွဲမသွားရဲဘူးမလား ….

တဆိတ်..ဟိုဘက်လှည့်ပြီးပြောပေးပါလား…

မင်းပါးစပ်က ငွေနံ့နံတယ်….

ဒေါ်လာအကြွေပဲသုံးပါရစေ….စိတ်မသန့်လို့ပါ….

ကျူးဘားကမှမဟုတ်ပါဘူး….ငါ့လက်ထဲက ဆေးပေါ့လိပ်လဲ ..အရသာရှိပါတယ်…

အစစ်ပါ..ဈေးကပေါတော့..ဘယ်သူမှလိုက်မတုဘူးလေ…

လမ်းပေါ်မှာဖြန့်ခင်းထားတဲ့ ….ချရောင်းတဲ့ ..အရာတွေလို ..

.ကိုယ့်တန်ဖိုး ကိုသတ်မှတ်တာပါ…

မီးတတို့လား….ဟင့်အင်း..ရေတမှုတ်ပဲယူပါ…

မင်းကလောင်မြိုက်နေပြီးသားပဲ…

ကျင်လည်တဲ့အသိုင်းအ၀ိုင်းက ….

အတုကြားမှာ..မင်းမမောသေးဘူးလား….ချွေးတွေတောင်စို့လို့ ….

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ