လူတွေမထိခိုက်တဲ့ တော်လှန်ရေးမျိုးဘဲလုပ်ပါရစေ…

Ko out of...September 20, 20131min3411

– ကမ္ဘာပေါ်မှာ သဘောတရားတွေ၊ သဘောထားတွေ၊ မူဝါဒတွေ၊ စနှစ်တွေ မတူကြလို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာကြတာ ကနေ့အထိပါဘဲ…

ဒီလိုမတူညီတာကိုပြုပြင်တဲ့နေရာမှာ သဘောတရား၊ သဘောထားတွေ စသည့် စိတ်ဓါတ်ကို မပြုပြင်ကြဘဲ လူကိုဘဲပြုပြင်နေကြတယ်…

အပြော၊ အပြု၊ အနေ ရိုင်းတဲ့လူကို…. အပြော၊ အပြု၊ အနေ ယဉ်ကျေးအောင် မကောင်းသည့် စိတ်ဓါတ်ကို မပြုပြင်ခိုင်းဘဲ

ပါးစပ်ပေါက်၊ ခြေလက်၊ ကိုယ်ဟန်အနေအထားကို…ယဉ်ကျေးအောင်ဆိုပြီး အမျှော်၊ အကြောက်တရားတွေနဲ့

ဟန်ဆောင်ပြီးအတင်းအဓမ္မ ပြုပြင်ခိုင်းနေကြတယ်….

တကယ်တော့ ပါးစပ်ပေါက်၊ ခြေလက်အင်္ဂါတွေဆိုတာ…..

အသုံးချခံပစ္စည်းတွေဘဲ မဟုတ်လား? ယဉ်ကျေးအောင်ပြောတာလည်း ဒီပါးစပ်ပေါက်ဘဲ….ရိုင်းအောင်ဆဲဆိုတတ်တာလည်း

ဒီပါးစပ်ပေါက်ဘဲ….လူကိုရိုက်တာလည်း ဒီလက်ဘဲ….ပေးကမ်းဒါနလုပ်တာလည်း ဒီလက်ဘဲ မဟုတ်လား?…ဒါဖြင့်ရင်ဒီပါးစပ်၊ အင်္ဂါခြေလက်တွေ ယဉ်ကျေးအောင်….ရိုင်းအောင် အဲလိုလှုပ်ရှားနေတာ နောက်ကနေ
ဘယ်သူစေခိုင်းနေသလဲ?…

လူတွေယဉ်ကျေးလိမ္မာအောင်ဆိုပြီး…တရားဆုံးဖြတ်တဲ့ အခါမှာ…ဒုတ်၊ ဓါး၊ လက်ထိပ်၊ လက်နက်ဒဏ်အမျိုးမျိုး…ဥပဒေပုဒ်မ

အမျိုးမျိုးတပ်ပြီး….အချုပ်၊အလုပ်ကြမ်း၊ထောင်ဒဏ်၊ တသက်တကျွန်း၊သေဒဏ်….. စသည့်အရာတွေနဲ့ ဘဲလူကို

ယဉ်ကျေးအောင်လုပ်နေကြတယ်….

တကယ်တော့ တော်လှန်ရေးလုပ်တယ်ဆိုတာ လူရုပ်နာမ်ကိုပြောင်းခိုင်းတာ မဟုတ်ဘူး….မူ၊စနှစ်၊ သဘေားတရား၊ သဘောထားကို

ပြောင်းခိုင်းတာ?…မူသဘေားထားတွေပြောင်းခိုင်းထာကို …လူသားတွေ သေကြေပျက်စီးပြီး အမျိုးမျိုး နှိပ်စက်ခံနေရပြီဆိုရင် ဒါတိရစ္ဆာန်နဲ့

ဘာများထူးခြားလို့လဲ? ဒါလူသားတွေမှာ လုံးဝ မဖြင့်သင့်တဲ့ အရာဘဲ…..ယနေ့အထိ ကမ္ဘာမှာ လူတွေဟာ အခုထိ

ဒီလိုဘဲဖြေရှင်းနေကြတုံးဘဲ?…ဒီနည်းလမ်းကနေ ဖေါက်ထွက်ပြီး ဘယ်သူမှ မဖြေရှင်းတတ်ကြဘူး…လူကိုဘာမှ မထိခိုက် စေတဲ့နည်း

လမ်းကို ဘုရားတပါးတည်းဘဲ ဖေါက်ထွက်ပြီး ဖြေရှင်းပြသွားတယ်…

ဘုရားကတော့ …..လူသားအားလုံးအပေါ် အဖြူအမည်းဆိုသည့် ရုပ်နာမ်တရားအပေါ် ဘာအပြစ်မှ မမြင်ဘဲ

အသုံးချခံ ပစ္စည်းတခုအနေနဲ့မြင်ပြသွားတယ်…တနည်းရောဂါနဲ့ လူကို ခွဲပြီး မြင်ပြ….သွန်သင်ဆုံးမပြတာ တွေ့ရတယ်…

ဒီနေရာမှာ ဆုံးမတာကို တော်လှန်တယ်လို့ အစားထိုးပြီး သုံးကြည့်ရအောင်…..

တကယ်တော့ ဘုရားလည်းမဟုတ်မမှန် လက်တွေ့မကျတဲ့ မူစနှစ်ဟောင်းကို တော်လှန်တာဘဲ?…

ဒါပေမဲ့ ဘုရားလုပ်တဲ့ တော်လှန်ရေးက လူကိုဘာမှမထိခိုက်စေဘဲ လူအပေါ်မှာ မှီခိုပြီး အမျိုးမျိုး ချယ်လည်

နေတဲ့ လောဘ၊ဒေါသ တရားကို မြင်အောင် ချပြသွားပြီး ဒီလောဘ၊ဒေါသ အပ ပယောဂကောင်တွေ၏ အပြစ်ကိုမြင်ပြီး …နောက်ထပ်

သူစေခိုင်းတာကို ဘာတခုမှ မလုပ်တော့ဘဲ ….သတိဉာဏ်ပညာဦးစီးပြီး ရှင်သန်အောင် ကိုယ့်ကိုယ်ကို

ဆုံးမနိုင်သွားတာကို အောင်မြင်တဲ့ တော်လှန်လို့ပြောရမှာဖြစ်ပါတယ်….ဒီတော်လှန်ရေး ကိုအော်မြင်ပါမှ

တကယ်ငြိမ်းချမ်းမှာ ဖြစ်ပါတယ်…..ဒါကြောင့်…

တစ်ဦးချင်း တစ်ယောက်ချင်းဆီမှာ…ရှိနေတဲ့ မမှန်ကန်တဲ့ သဘေားတရား၊ သဘောထား၊ မူဝါဒတွေကို စွန့်လွတ်ပြီး

ဘုရားချပြသွားသည့် သဘေားတရား….သဘောထားအသစ်ကိုအစားထိုးပြောင်းလဲ နိုင်ပြီဆိုရင်တော့…

တစ်ဦးချင်းငြိမ်းချမ်းလွတ်မြောက်မှုမှ….အများငြိမ်းချမ်း လွတ်မြောက်မှုဆီသို့ တဆင့်ပြီး တဆင့်….ဆက်လှမ်းနိုင်မှာ ဖြစ်ပါတယ်….

” လောကကမ္ဘာကြီး အမြန်ဆုံး လွတ်မြောက်ငြိမ်းချမ်းပါစေ”…….

One comment

  • အလင်းဆက်

    September 21, 2013 at 2:56 pm

    ဆင်းရဲလိုခြင်း အချင်းချင်း
    ကင်းရှင်းကြပါစေ. . .
    :kwi:

Leave a Reply