ဒါ ဖတ်​ပြီးမှ .. ကဗျာပြခန်​းသို့ ဝင်​ပါ

ရာမညSeptember 20, 20131min26423

ကဗျာကို ကျွန်​​တော်​နားမလည်​ပါ ။ အထူးအားဖြင်​့ဆိုရ​သော်​ ​မော်​ဒန်​ကဗျာများကို ပို၍နားလည်​ခြင်​းမရှိပါ ။ ဤသို့ဆိုလျှင်​ ကာရန်​ န​ဘေထပ်​ ကဗျာများအား နားလည်​ပါသလား ဟုဆိုလျှင်​လည်​း နားမလည်​ဟုသာ​ဖြေရပါလိမ်​့မည်​ ။

သို့ပါ​သော်​လည်​း ….. ကျွန်​​တော်​သည်​ ဂဇက်​ရွာ ကဗျာပြခန်​းသို့​ရောက်​ခဲ့ပြန်​သည်​ ။

 

ကျွန်​​တော်​နားမလည်​​သော ​မော်​ဒန်​ကဗျာများ၏ ဆုံဆည်​းရာ ပြခန်​းဝသို့ ဝင်​လျှင်​ ဝင်​ခြင်​း စံပယ်​ရနံ့​လေး သင်​း လာ၏ ။

စံပယ်​ ​တော့ ကျွန်​​တော့ကို​ချော့ပြီထင်​သည်​ ။

နံရံ​ပေါ်၌ နှစ်​ရာကျပ်​တန်​ စံပယ်​ပန်​း​လေးကို​တွေ့ရသည်​ ။

စံပယ်​သည်​ ကျွန်​​တော့ကို ညိုှ ့သည်​။

ကဗျာနာမည်​က စပယ်​မျှားခြင်​းဖြစ်​​သော်​လည်​း အမှန်​စင်​စစ်​အားဖြင်​့ ကျွန်​​တော်​ အမျှားခံလိုက်​ရခြင်​းပင်​ ။

စံပယ်​ချိတ်​တွင်​ကျွန်​​တော်​ငြိသွား​လေသည်​ ။ လမ်​းမ​ပေါ်တွင်​ဖြတ်​​လျောက်​​သော ၁၁ ​ယောက်​​မြောက်​လူသားသည်​ ကျွန်​​တော်​ဖြစ်ပြီး စာက​လေး​လှောင်​အိမ်​​ပေါ်ကချ​သောကြိုးတွင်​ စံပယ်​နှင်​့အတူ ပါသွားခဲ့​လေသည်​ ။

 

ချစ်​သူကိုဦးစွာနမ်​းခွင်​့ရသည်​့ ​လေ​ပြေညှင်​းကို အားကျမိ​သော သူတစ်​​ယောက်​ကို​တွေ့ရပြန်​သည်​။

အားကျသည်​ဟု ဆို​သော်​လည်​း အချစ်​၏​နောက်​ကွယ်​၌ မှိန်​​ဖျော့​နေ​သော ​မေစ္ဆရိယစိတ်​ကို ချစ်​စဖွယ်​​တွေ့ရပြန်​​သေးသည်​ ။

ကြည်​နူးဆွပ်​ပျံ ့ဖွယ်​ ခံစားမိရင်​း ပြုံးမိသည်​ ။

 

သံ​ယောဇဉ်​အထိအ​တွေ့ကို ရုန်​းထွက်​မရသူ၏ ​ကျေနပ်​နှစ်​သိမ်​့မှုကို ခံစားရင်​း ကျွန်​​တော်​လမ်​းဆက်​​လျောက်​မိ​လေသည်​ ။

က​လေးငယ်​တစ်​​ယောက်​၏ လွတ်​လပ်​မှုကို ပြန်​​တွေးမိ​စေခဲ့သည်​ ။

​ပြောင်​းပြန်​စီး​စေ​သော မြစ်​တစ်​ခုကို​တောင်​့တခြင်​းနှင်​့အတူ ကကြီး ခ​ခွေး ပြန်​​ရေးချင်​​နေ​သောသူတစ်​​ယောက်​ ….။

 

======================================

 

ဟုတ်​တယ်​အဖွား … ကျွန်​​တော်​ တက္ကသိုလ်​တက်​​တော့ အိမ်​က​ပေးတာ ၃၅ဝ ကျပ်​ပါ။

အ​ဆောင်​ဖိုး ထမင်​းဖိုး .. ​ကျောင်​းလခ..​

ဂိုးရှိုးစတိုးကိုသွား ..

လှည်​းတန်​းက ညလုံး​ပေါက်​လက်​ဘက်​ရည်​ဆိုင်​မှာထိုင်​ ..

​တောင်​ငူ​ဆောင်​ကန်​တီးမှာ ​ကျောက်​ချ …

အပိုအလိုမရှိ ​လောက်​ငှ တယ်​အဖွား​ရေ …

၈၈ ​​နောက်​ပိုင်​း

​ခေတ်​​တွေလည်​း​ပြောင်​း

​ကောင်​းလာသလားဆို​တော့

ကျွန်​​တော်​့ လခ တစ်​သိန်​း​ခြောက်​​သောင်​း

မိန်​းမလည်​း​ဈေးဖိုးမရ

က​လေးလည်​း ​ကျောင်​းထားမရ …

လူမှု​ရေးစားရိတ်​လည်​းမက

ကျွန်​​တော်​ စိတ်​ညစ်​တယ်​အဖွား ​ရေ ….

 

အဖွား ၏ တချိန်​က ကုန်​​ဈေးနှုံးကိုဖတ်​ပြီး ကျွန်​​တော်​ လွမ်​းမိသည်​ ။

တိုးတက်​လာသည်​့ကုန်​​ဈေးနှုံးသည်​ လိုက်​မမီ​အောင်​အရှိန်​ပြင်​းလွန်​း​နေသည်​ ။

ကျွန်​​တော်​တို့​က​ရော ဘာ​တွေများတိုးတက်​ခဲ့ပါသနည်​း ။

 

 

​လောင်​ကျွမ်​း ပြာကျ နိဂုံးချုပ်​ ချင်​သူတစ်​ဦးကို ကျွန်​​တော်​ အားမ​ပေးတတ်​​တော့ပါ ။ကျွန်​​တော်​လည်​း ထို့နည်​းတူ ​လောင်​ကျွမ်​းခဲ့ဖူး၏ ။

အသံမဲ့တိုက်​ခတ်​လာ​သော ​လေ​ပြေရိုင်​းတို့တွင် အဆိပ်​ရနံ ့ပါ​လေဦး​တော့ ကျွန်​​တော်​ ရှူရှိုက်​မိမှာမလွဲ ။

ကျွန်​​တော်​စိတ်​ကူးယဉ်​မိသည်​ ။ ခါး​သော​လေတို့ကို ဝါးမြို​သောက်​သုံးရင်​း

​ချို​သောအ​တွေးများ ဖြစ်​လာမလား ….။

 

 

​အော်​သံ​တွေကြားရသည်​ ။ မပီမသအသံများ​နောက်​၌ လှုပ်​ရှားရုန်​းကန်​မှုတချို့ …။

ကျွန်​​တော်​့ ရင်​​ဘတ်​ထဲ လှိုင်​းတံဘိုးများထလာသည်​ ။ပြင်​းပြ​သောအသက်​ရှူသံ၏​နောက်​ကွယ်​တွင်​ နာနာကျည်​းကျည်​း ညည်​းညူသံများ….

နင်​့နင်​့သီးသီး ရှိုက်​ငင်​သံများ …..

ထားခဲ့ ….ထားခဲ့… ထားခဲ့​တော့ ….

အ​ဝေးဆုံးကို ​ပြေးထွက်​….

ငါ .. ဒီည ​ခေါင်​းကိုက်​​နေတယ်​ ….

 

=====================================

 

ချစ်​သူ ရှိ​သောသူတို့ အတွက်​ အရာရာသည်​ လှပ​နေပါလိမ်​့မည်​ ။

မိုးပြိုသည်​ဖြစ်​ဖြစ်​ …. ကမ္ဘာပျက်သည်ဖြစ်ဖြစ် …

ချစ်​သူသည်​သာ ဖန်​ဆင်​းရှင်​ဖြစ်​​ပေလိမ်​့မည်​ ။

အရာရာပြီးပြည်​့စုံ​နေလိမ်​့မည်​ ။

ကြွားသည်​ဟုမမြင်​ … ကြည်​နူးစိတ်​ပင်​ဖြစ်​မိ​သေးသည်​ ။

 

အိမ်​မက်​ရွာတွင်​တစ်​​ထောက်​နားမိသည်​ ။

ဘာသာစကားမတူ​သော်​လည်​း ရင်​ထဲကို​ရောက်​​အောင်​ပို့နိုင်​​သော ဖွဲ့စည်​းပုံ အသုံးအနှုးံ စကားလုံးတို့ကိုအံဩ​ငေး​မောရင်​း…..

ထိူသူနှင်​့အတူ အိမ်​မက်​သံစဉ်​များကြား လွင်​့မျောမိ​နေ​သေးသည်​ ။

Dream … Dream.. go away …

ကြိုးစားပါဦးမည်​

ရာမည

 

 

 

 

 

 

 

 

 

 

 

 

 

 

23 comments

  • ရာမည

    September 20, 2013 at 12:12 pm

    ကိုရင်​ဒညင်​းဝက်​က ကဗျာ​တွေအ​ကြောင်​း ကွန်​မန်​့​ပေးပါဆိုလို့ …
    ပို့စ်​ပါ တင်​လိုက်​မိတယ်​
    ကဗျာဆရာများ စိတ်​မရှိပါနဲ့ခင်​ဗျ ..

  • အလင်းဆက်

    September 20, 2013 at 12:14 pm

    ပြခန်း ၉ ထဲက ကဗျာ တွေနဲ့ ပက်သက်ပြီး
    ဒီလိုလေး ရေးလိုက်တော့လည်း
    တမျိုးဆန်းတဲ့ ရသမြောက် အက်ဆေးလေးလိုပါပဲလားဗျ

    ကဗျာပြခန်းထဲက ကဗျာ ရေးသူတွေတော့
    ဒီပိုစ့်လေးဖတ်ပြီး ကြည်နူးမိမယ်ထင်တယ်။

    ကျွန်တော်တောင် ကျွန်တော့်ကဗျာထဲက စကားလုံးလေးတွေထည့်ပြီး ဝါကျ တစ်ကြောင်းဖွဲ့ထားတာလေးမြင်ရတာ
    ကျေနပ်မိတယ်ဗျို့ ။

    ကဲ ကျွန်တော့်ကဗျာက
    ဘယ်ကဗျာလဲ ?????

    :kwi:

    • Mahar Myanmar

      September 20, 2013 at 1:28 pm

      ကိုဒညင်း ဝက် ..
      ခေါင်း ကိုက် နေသလား လို့ ပါ ဗျာ..

      ကျွန်တော့ အကြိုက် ထဲမှာ ရှေ့ဆုံး ကပဲ ..
      စံပါယ် မျှား တာ လည်း ဝင် မျှား လိုက် ချင် ရဲက ဗျာ…
      ပြုံးပြုံး ကလေး နဲ့ ပေါ့…

      အားပေးတယ် ဗျာ…
      ကဗျာ ဆရာ ေ ဖါ်တာ
      လေးယောက် ပဲ ရတယ် လေ
      ဒညင်းဝက် ထိပ်ဆုံး ကပေါ့

      • အလင်းဆက်

        September 20, 2013 at 4:36 pm

        ကျွန်တော်
        ခေါင်းမကိုက်ပါဘူး ။

        🙂

        ဒါပေမယ့်
        လောကကြီးထဲမှာ
        အခုတလော
        နေလို ့ထိုင်လို ့မကောင်းဘူး

  • KZ

    September 20, 2013 at 12:20 pm

    ပြခန်း ကို စိတ်ဝင်တစား တဖက်တလမ်းက ဒီလိုကူညီတဲ့ အတွက် ကျေးဇူးပါ။

    🙂

  • Mr. MarGa

    September 20, 2013 at 12:31 pm

    ကိုရင်ရာမညရေ
    ကဗျာပြခန်းကို ဒီလို တဖက်တစ်လမ်းကနေကူညီလို့
    ကဗျာချစ်သူ တစ်ဖွဲ့လုံး (အဲ ပြောသာပြောတာ အကုန်လုံးနီးပါး မန့်ပြီးပဟ :mrgreen: ) ကနေ ကျေးဇူး အထူး တင်ပါတယ်ဗျ။
    တစ်လက်စတည်း ပြောရမယ်ဆိုရင်
    ကဗျာပြခန်းကို ကဗျာ ပို့ဦးဗျာ
    တစ်ပုဒ်ထဲနဲ့ ရပ်မနေနဲ့ :mrgreen:

  • ရာမည

    September 20, 2013 at 12:42 pm

    ​ကျေးဇူးပါ ကဗျာအဖွဲ့သားများခင်​ဗျာ
    ကဗျာတချို့ ကျန်​ခဲ့တာစိတ်​မ​ကောင်​းပါ
    ကျွန်​​တော်​မျက်​စိရှန်​းသွားတာခွင်​့လွှတ်​ပါ။
    ကျွန်​​တော်​့ အဆင်​့က အက်​ဒစ်​ပြန်​လုပ်​လို့မရပါသဖြင်​့ ​နောင်​များ ြြပြခန်​းတွင် မှ ……​​

  • Mahar Myanmar

    September 20, 2013 at 1:17 pm

    ကဗျာ ပြခန်း တစ်ခု ပြီး တိုင်း ပို့စ် တစ်ခု အနေ နဲ့
    ကဗျာ တိုင်း ကို ..ခံစား ဝေဖန် ပေး တာ.သင့်ပါတယ်
    ..ကောင်းကောင်း
    ဆိုးဆိုး ဝေဖန် ထောက်ပြစေချင် ပါတယ် ..
    အများ ကလည်း လက်ခံ ကြမှာ ပါ….
    နောက်ပြခန်း တိုင်း အတွက် လည်း ဆက်လက် ရေးဖို့
    တောင်း ဆို ပါ တယ် …
    ကဗျာ ပြခန် း ကို ကို အရောင် တင်ပေးသူ အဖြစ်
    အသိအမှတ် ပြု ချီးကျူး ပါတယ် ဗျာ…

    ခင်တဲ့
    မဟာမြန်မာ

  • အလင်းဆက်

    September 20, 2013 at 1:23 pm

    ဟုတ်ပါတယ်။
    ဒီလို ကဗျာပြခန်းနဲ့ပက်သက်ပြီး
    ဝေဖန်တာပဲဖြစ်ဖြစ်
    ခံစားတာပဲဖြစ်ဖြစ်
    ရေးသားတင်ပြပေးတာကို
    ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်

    နောင်လည်း ရေးပါဦး နော့

  • kyeemite

    September 20, 2013 at 1:37 pm

    ဒါမဖတ်ခင်ထဲက ပြခန်းထဲဝင်ပြီးဗုတ်ခဲ့ပြီ
    ဒါပေမဲ့လည်း ကိုရာမည ကဗျာညွှန်းလေးကိုလည်း ဝင်ဖတ်သွားပါဂျောင်း…

  • Mahar Myanmar

    September 20, 2013 at 1:38 pm

    ကျွန်တော် လည်း ရေးချင် ပါတယ် ဗျာ..
    ကဗျာ တွေ ဖတ် ပြီး ကိုယ်တိုင် ခံစား မိတဲ့ ခံစား ချက် ကလေး ကို
    အဂတိ ကင်းကင်း နဲ့ ပေ့ါ.. အခု တော့ မအား ဘူး ဗျာ..
    ဂျီးတော် ကေဇီ…ထမင်း ဆိုင် က တစ်ပါတ် စာ ချက် ေ နတာ
    အခု ထိ မပြီး သေး ဘူး…လစာ က ဘယ် လောက် ရမယ် မသိဘူး..
    အလုပ် ကတော့ ချွေးပြန် နေရော ပဲ…
    အော်… ကေဇီကေဇီ …..ခရေဇီ ခရေဇီ…

    • KZ

      September 20, 2013 at 1:44 pm

      ဟယ်။
      ချက်နေတုန်း လားးးး
      ဟိဟိ.။
      ရေးပြီးရင် ပို့လိုက်နော်။
      အသောက်သမားတွေ အတွက်ရောနော်။
      :mrgreen:

      ဟွန့်။
      နာ ကေဇီ က နေ ခရေဇီ ဖြစ်ရင်တော့ လစာ မပေးတော့ဘူးးး
      :kwi:

      • Mahar Myanmar

        September 20, 2013 at 2:21 pm

        အကြမ်း ချက် ပြီး ပြီ…
        ဆား မဆလာ ဖြူး ရဦး မယ် လေ..
        ဂျီးတော် ခရေဇီ လည်း ..
        လိုသလို ကြိုက်သ လို ..
        ဆား ပဲ ပုံထည့် ထည့် ..အသားမှုန့် ပဲ ပုံထည့်ထည့်
        ကြိုက်သ လို လုပ် နော်…
        မဟာ လက်ရာ က…
        ဘယ်သူ ပြင်ပြင်..
        မက်ဂျစ် နဲ့ ချက်ထား လို့ ..
        အကောင်း ပဲ ထွက်မှာ ပါ..
        ကြိုက်သ လို ပြင် ….
        နက်ဖြန် စနေတော့ ပို့ နိုင် လိမ့် မယ်..
        လိုင်း ကျ မှ ကျွန်တော် က ဟင်း ချက် ရတာ လေ..
        လိုင်း ကျ ပါ စေ ဆုတောင်း ရင် မြန်မြန် ပြီး မယ်

      • Mahar Myanmar

        September 20, 2013 at 2:24 pm

        ဪ မေ့ လို့..
        အကြမ်း ချက် တာ ..
        အေဖိုး ရ မျက်နှာ …
        ရရဲ့ လား…

        • KZ

          September 20, 2013 at 2:26 pm

          ရတာပေါ့အေ။
          လေးချင်းလေး တဂျီး ဆာဗာ လေးမဲ့ ကိစ္စပဲ။
          အဟိ။
          ကျေးဇူး အင် အက်ဗန့်(စ)။
          :chit:

  • လုံမလေးမွန်မွန်

    September 20, 2013 at 2:26 pm

    ဦးဦးရဲကြီးလည်း ဝင်ဖြေမယ်ပေါ့… အများဆုံးမှန်အောင်ဖြေနိုင်မယ့်သူ ဘူဖြစ်မလဲ… မဟာ နဲ့ ရာရာ… တွေ့ကြပီကွ.. :mrgreen:

  • ရာမည

    September 20, 2013 at 2:34 pm

    ပွိုင်​့ တိုး​အောင်​ ပို့စ်​တင်​ပီး​ဖြေမယ်​ဗျာ …
    ရွာသူကြီး ကိုမွဲ​ဆေး​ဖော်​​ပေးမလို့

  • Ma Ma

    September 20, 2013 at 2:46 pm

    ရေးတော့ စုံထောက်ဇာတ်လမ်း။
    အဗာတာက စွန်မျက်လုံး။
    လိုက်လည်း လိုက်ဖက်ပါရဲ့။
    ဒါနဲ့တောင် ကဗျာဆရာကို မဖော်နိုင်ရင် ရှက်ဖွယ်လိလိ ဖြစ်ချေတော့မှာပါတကားးးးးးးးးးးး
    (စာရေးဆရာကို ကြပ်ပေးခြင်း) :loll:

  • ရာမည

    September 20, 2013 at 3:15 pm

    ​ဒေါ်ကြီး မမက​တော့ အ​ေဥတ်​​နေပါပြီ 🙂
    ဒီည ြကြိုးစားကြည်​့ပါမယ်​ခင်ဗျာ​​​

  • Mahar Myanmar

    September 20, 2013 at 4:07 pm

    ကျွန်တော် က လူ တွေ မကျက် နာမည် တွေ မကျက် သေး လို့
    ခွင့်လွှတ် နော်…လေး ယောက် တော့ ရပါပြီ…ကျန်တာ မရသေး ဘူး..
    အဲဒီလေးယောက် က မမှား ပါဘူး..
    လူ တွေ နာမည် တွေ ကျက် အောင် မီး ပြင်း နဲ့
    ဖုတ် တော် မူဦး မယ် ဗျာ….

    ဘယ်နေ့ နောက် ဆုံး လဲ ပြောဦး ဗျ…
    အဲဒီ နေ့ အပီ ဇြီး ထည့် လိုက် မယ်

  • ခင် ခ

    September 20, 2013 at 4:21 pm

    ( ဟုတ်​တယ်​အဖွား … ကျွန်​​တော်​ တက္ကသိုလ်​တက်​​တော့ အိမ်​က​ပေးတာ ၃၅ဝ ကျပ်​ပါ။
    အ​ဆောင်​ဖိုး ထမင်​းဖိုး .. ​ကျောင်​းလခ..​
    ဂိုးရှိုးစတိုးကိုသွား ..
    လှည်​းတန်​းက ညလုံး​ပေါက်​လက်​ဘက်​ရည်​ဆိုင်​မှာထိုင်​ ..
    ​တောင်​ငူ​ဆောင်​ကန်​တီးမှာ ​ကျောက်​ချ …
    အပိုအလိုမရှိ ​လောက်​ငှ တယ်​အဖွား​ရေ …) ဒါက ကိုရာမည အဆိုပေါ့။ ကျုပ်ကို အိမ်ကပေးတာ ၃၅ဝ ဆိုရင်ဗျာ —-

    အဆောင်ဖဲရိုက် ရှုံးခဲ့ရတာနှစ်ရာကျော်ပါ
    ကျောင်းလခသွင်း အဆောင်ခရှင်း
    ဟိုလယူအကြွေး ပြန်ကာပေးတော့
    လက်ထဲကျန်လှ ငွေငါးဆယ်ပေါ့
    အကြံထုတ်ခါ အမေ့ကိုချွဲတယ်
    ဒီလစာအုပ်ဖိုး သုံးရာကျမယ်
    စာအုပ်ယူလာပြ အမေကဆိုသဗျ
    စာကြည့်တိုက်ကဌား စာအုပ်အထူကြီးများ
    အမေ့ပြတော့ ကျေနပ်သပေါ့
    ပြန်ကာတွေးမိ အားနားမိတယ်
    မိဘတွေရယ်။
    ထိုထိုဆိုးကြွေး ကြေစေဖို့အရေး
    သားမောင်တဖန် လုပ်ကျွေးမယ်။

  • ကျနော်ညက အဆောင်မှာဖဲရှုံး
    အိမ်ကိုလုံးလုံးမပြန်ရဲ။
    အရေးထဲဖဲကြွေးကဇွတ်တောင်း။
    ထွက်စမ်းဟဲ့ အကြံကောင်းတွေ
    ရှေးထုံးလဲမပယ်နဲ့ဆိုစကား
    အလကားထားတာမဟုတ်
    အဲတော့
    ကမ္ဘာမီးလောင်သားကောင်ချနင်းတဲ့
    “အမေရေ လက်တွေ့ခန်းထဲမှာလော်ဂရစ်သမ်ကြီး သားကြောင့်ကျကွဲ
    အဲဒါလျော်ပေးရမတဲ့အမေရေ
    ပေးလိုက်ပါငွေသုံးရာ ”
    အဲလိုရက်ပေါင်းများစွာနဲ့
    တက္ကသိုလ်ဆိုသဟာကြီးရဲ့ရင်နို့
    သောက်စို့ခဲ့တာ
    ခြောက်နှစ်ကြီးများတောင်ကြာခဲ့ပါတယ်။

    ကိုခ နောက်ကလိုက်ကြည့်တာပါ

Leave a Reply