နှုတ်ဆက်လမ်းခွဲစာ ( လူဆိုးမကြီးထားခဲ့တုန်းက ရေးတဲ့စာ )

sorrowSeptember 20, 20131min14311

အချစ်စိတ်နဲ့..မင်းမျက်ဝန်းတွေ..
သူ့အတွက်…တဖိတ်ဖိတ်လက်..
အိပ်မက်ဆန်တဲ့…အတိတ်မှာ…
ကိုယ့်ကိုကိုယ်ပြန်ခတ်တဲ့ခြေထိပ်နဲ့
ငါကြီးက …ပုလဲခတဲ့ကြယ်….

အားပေးဖူးခဲ့တဲ့လက်…
ခဏတာ အတွက်…
နားခိုဖို့ဖွင့်ထားတဲ့ ရင်ဘတ်.
တမ်းတမိနေတဲ့မနက်တွေမှာ..
ငါ့ကိုယ်ငါ ပြန်သတ်နေသလိုပဲ…

နမ်းမိတဲ့အနမ်းနဲ့..
မတန်တဲ့အလွမ်းတွေနဲ့..
မင်းရဲ့ငိုမဲ့မဲ့အသံ…
…ငါပင်ပန်းလွန်းပြီ …ကြယ်…

ထားရစ်ခဲ့တာလား…ကျန်နေခဲ့တာလား..
ဆိုတဲ့အတွေးတွေနဲ့…
အိပ်မက်မျှားသူတွေထဲမှာ…
ဟန်ဆောင်တယ်ဆိုတဲ့ပညာ…
မင်းရောငါရော မတတ်ခဲ့တာပါ…

မချစ်နိုင်တာသိရက်နဲ့…
တပ်မက်နေတာဆိုရင်..အရူးလို့ခေါ်မလား….
ငါက လွင်ပြင်ကြီးထဲမှာ….မင်းအရိပ်ကို
တရှိုက်မက်မက်…လိုက်ရှာနေသလိုမျိုး…..

မင်းစိတ်ရဲ့စေရာ…
ခဏတာလေးသာယာတာကို….
အခွင့်အရေးယူ…
တိမ်တအုပ်ကို ဖမ်းဆုပ်မိသူလိုမျိုး…
ငါစိုက်တဲ့အတိုင်း..ငါရိတ်သိမ်း…
ငါ့တလင်းမှာ..အလွမ်းတွေအပြည့်…..

တပ်မက်ခဲ့တဲ့အိပ်မက်တွေထဲက..
လှည့်ထွက်ဖို့ဆိုတာ..မင်းအတွက်
ပေါ့ပေါ့ပါးပါးတောက်ထုတ်လိုက်တဲ့…စီးကရက်တို လောက်ပါပဲလား….
ငါ့မာနကိုငါချနင်း…
ငါ့အချစ်တွေကိုရင်းရင်…
မင်းရှေ့မှာ ပန်းတခင်း…ဖြစ်ပါရဲ့လား………

11 comments

  • KZ

    September 20, 2013 at 1:32 pm

    ဒါ အရင် တစ်ယောက်ထားခဲ့တုန်းကလားးးးး
    ဒီလိုလုပ်လေ။
    ဒီကဗျာက ဘယ်သူ့ အတွက်တုန်း ဆိုတာ သက်ဆိုင်သူ ဓာတ်ပုံလေးကို ပါတင်လိုက်။

    ကဗျောင် နဲ့ ကဗျက် မလာခင် လစ်ပြီ။
    😀

    • sorrow weaver

      September 20, 2013 at 1:35 pm

      အဲ့မျိုးသမီးပုံပြမယ်…အဟီး

  • Shwe Ei

    September 20, 2013 at 1:56 pm

    စာလဲဟုတ်ဖူး…ကဗျာရီး @_@

  • Wow

    September 20, 2013 at 4:46 pm

    ဟိုဘက်မှာက လက်ထိတ် ဒီဘက်မှာက ခြေထိတ်ဆိုတော့.. တစ်ကျွန်းပြန်လားဟင်င်င်င်….
    အမှုကြီးမယ်ထင်ဒယ်နော်… :mrgreen:

    • sorrow weaver

      September 20, 2013 at 5:17 pm

      ဟုတ်ရယ်..အမှုကြီးတယ်…နဖူးနုနုလေးကို ဖွဖွလေးနမ်းမိယုံရယ်ပါ…သူ့ဟာသူ ရင်ခုန်ပြီးသေတာတော့ တတ်နိုင်ဘူးရယ်…အာဟိ

  • အလင်းဆက်

    September 20, 2013 at 8:46 pm

    ငါ့အချစ်တွေကိုရင်းရင်…
    မင်းရှေ့မှာ ပန်းတခင်း…ဖြစ်ပါရဲ့လား………

    ဆိုတဲ ့… စာသားလေးကို အကြိုက်ဆုံးပဲ..ဗျို ့…
    လန်းတယ်…

    :kwi:

    • sorrow weaver

      September 21, 2013 at 10:38 am

      အဲ့မျိုးမြှောက်ပေးလို့ကတော့ …သေချင်သေ…အာဟိ

    • sorrow weaver

      September 23, 2013 at 10:58 am

      မှန်တီ..ဇက်အက်ဖရွန်ရုပ်ကလေးနဲ့ ကချင်လေးကို ပစ်သွားတယ်ဆိုတော့ကာ…
      လူဆိုးမကြီးအဆင့်မဟုတ်တော့ဘူး..လူမိုက်မကြီးအဆင့်..အာဟိ

  • ခင် ခ

    September 21, 2013 at 9:56 pm

    အဲဒီခင်းတဲ့ပန်းဟာ နမ်း ဖို့လား လှမ်း ဖို့လား။
    နမ်း မိတော့လည်း နွမ်း မှာစိုးတယ်
    လှမ်း မိတော့လည်း နင်း ရက်ဘူးကွယ်။

    • sorrow weaver

      September 23, 2013 at 10:59 am

      ဦးခကတော့ ဦးခပါပဲခင်ဗျာ… Feeling အားကျ 🙂

Leave a Reply