ဟင်

ムラカミSeptember 20, 20131min20513

မလွဲတော့ဘူး. သိလား

လွဲချော်မှုတွေများလွန်းခဲ့တဲ့ကျနော်

ဒီတခါတော့ တည့်ပြီထင်ရဲ့

သူမနွဲ့တတ် မပလီတတ်တာ တော့

ကျနော့် ကိုယ်ပိုင်ကံကောင်းမှုကိစ္စရပ်

နှဖူးမှာတချက်နမ်းပါလို့.

ပူဆာတတ်တဲ့ကလေးမ

. ဖုန်းက ကျကွဲ

အလုပ်က အဆင်မပြေ.

ဝင်လေတဲ့ငှက်ဖျား.

တောက်.ခ် အရေးထဲ

မိုးကကြီးနေသေး.

ဟုတ်

ကျောက်စ့်တို့လိုလည်း တော်ကီမညက်တော့.

ဆံပင်နီနီ မျက်လုံးပြူးပြူး. ပါးဖောင်းဖောင်းနဲ့

ပါးချိုင့်၂ဖက်ပါတဲ့သမီးတယောက်ပဲ. ပူဆာခဲ့မိတာပါ

နော်ရှီး. ကိုမောင်ချစ်တယ်. ငါတို့ ဘဝတခုတည်ဆောက်ရအောင်

ငါ့ အယူဝါဒကို ဆက်ခံမယ့်. သားတယောက်ရှိတယ်.

နင့် အဖဘုရားသခင်ကိုယုံကြည်မယ့်

သမီးတယောက် နင်မွေးမယ်ဆို. ငါတို့ မိသားစုက. ဘာလိုဦးမှာလဲ.

ဟင်

20130920-194728.jpg

13 comments

  • Shee

    September 20, 2013 at 5:55 pm

    ဆံပင်နီနီ မျက်လုံးပြူးပြူး. ပါးဖောင်းဖောင်းနဲ့
    ပါးချိုင့်၂ဖက်ပါတဲ့သမီးတယောက်…….တကယ်ပေးမယ်..ငါတို့မိသားစုုလေးယောက်ပျော်ပျော်ရွှင်ရွှင်နေကြရအောင်နော်……..

    ….မောင်
    ရှီး မောင့်ကိုအရမ်းချစ်တယ်…

    • ကိုရင်စည်သူ

      September 20, 2013 at 8:26 pm

      ရှီး၊ ဖားနဲ့ နီပြုးဖောင်းချိုင့် ပေါင်းမှ သုံးယောက်လေ… လေးယောက်ဘိုရုပ်ဖြစ်သွားတာလဲ… :mrgreen:
      ဖားကြီးတို့လို ဇကလည်းမရှိ၊ ဇ မရှိပဲ ဇွိလုပ်မိနေတော့… ခဏခဏပဲ အက်တိုးပစ် အပျိုစင်တွေနဲ့ပဲ
      ထားခံနေရဒယ်… နော့်… ပတ်ကညောလေးတော့ လုပ်ပေးပါဦးညှော်… 😆

      • အဘ ဖားသက်ပြင်း

        September 22, 2013 at 10:22 am

        ကျန်ကျောင်းကိုမေ့ကျန်ခဲ့တာလားဗျာ.
        ၄ ယောက်ပါ.

  • ကျော်စွာခေါင်

    September 21, 2013 at 1:35 am

    မိုးရိုင်း ရိုက်ခတ်
    သွေးတဆတ်ဆတ်တုန်တဲ့အခါ…
    ချစ်သူ ့နဖူးလေးကတဆင့်
    ဘုရားသခင်ကို လက်ဆင့်ကမ်းပေးပါ…
    ချစ်ခြင်းအားဖြင့် …
    ငှက်ဖျားဝေဒနာ..နုတ်ဖယ်တော်မူ..။

    ဘဝကြမ်း လမ်းတလျှောက်..
    နှင်းပေါက်လေးတွေ ဝင်စားတဲ့…
    နော် ့ နှုတ်ခမ်းဖျားက အပြုံး
    အင်အားအဖြစ်သုံးရင်း
    တို ့လက်တွေ မြဲသမျှ
    ရှီးးးးရေ..
    ပန်းတိုင်တိုင်းထိပ်မှာ
    ကြင်နာခြင်းပန်းတွေ ဆွတ်ဆွတ်ဝေ..။



    ပြောစရာလိုသေးလား..ရှီး..
    ချစ်ခြင်းတရားဟာ
    …….
    တို ့နှစ်ယောက်နဲ ့…
    …….
    …….
    ကိုယ်ပွားလေးတွေနဲ ့
    …….
    …….
    …..ဘာလိုသေးလဲ

    …ဟင်။

    ခင်တဲ့
    ခေါင်

  • KZ

    September 21, 2013 at 10:03 am

    ဟင်!!!

    ဘာရယ်တော့ မဟုတ်!!
    ဒူးရင်းသီး စားချင်လာသလိုပဲ ဝါးရယ်။

    :mrgreen:

    • sorrow weaver

      September 21, 2013 at 10:17 am

      လူများတွေ ကြည်နူးနေတာကို …ဒီအပျိုကြီး..ဘာဒူးရင်းတီးလဲ…ရှမ်းပဲပုတ်ပဲစား…အဟီး

      • KZ

        September 21, 2013 at 10:30 am

        အိုအေ။
        ညည်းမသိပါဘူးအေ။
        ငါ နဲ့ ဝါးနဲ့ပဲ သိတဲ့ ဒူးရင်းသီး ပါ။

        😀

        • အဘ ဖားသက်ပြင်း

          September 21, 2013 at 11:32 am

          ဒူးရင်းသီးကြိုက်တယ်လား.
          အော်. ငိငိ.
          ဒူးရဲ့. အရင်း မှာ တည်တဲ့ အသီး. ငိငိ
          အောင်မငီးးးးးးးး

          :harr:

  • Shee

    September 21, 2013 at 11:44 am

    ပြောစရာလိုသေးလား..ရှီး..
    ချစ်ခြင်းတရားဟာ
    တို ့နှစ်ယောက်နဲ ့…
    ကိုယ်ပွားလေးတွေနဲ ့
    …..ဘာလိုသေးလဲ ဟင်။..

    ဦးလေးကျော်စွာခေါင် ရေ……
    ကောင်းလိုက်တဲ့ ကဗျာ
    .ပြောစရာလဲမရှိသလို…ဘာမှလဲမလိုတော့ပါဖူး…..ဦးရေ…….ကျေးဇူးပါ…

  • ဦးကြောင်ကြီး

    September 21, 2013 at 7:21 pm

    နော်ရှီးဂိုမောင်ခြစ်
    ပျော်စီးခိုကြောင်ညှစ်
    ညှော်ပြီးစိုဖောင်သစ်
    လော်ဂျီးကိုရှောင်ပစ်…

  • TNA

    September 21, 2013 at 9:32 pm

    နာ့ဘာမြန်းလဲမှတ်တယ် ဒူးရင်းသီးကိုး

Leave a Reply