သေဂျင်းဇိမ်းနဲ့ ကရင်မဝတုတ်

ムラカミSeptember 22, 20131min21012

ငိငိ

တနေ့သားပေါ့ဗျာ. ဟိုကရင်မဝတုတ်ပေါ့.

သူ့အမေ ဆေးခန်းပြဖို့ သူ့အိမ်ရောက်နေတာ.

ကျော်နဲ့ စကားပြော. ပါ ဆိုတော့. အင်း. ပေါ့.

ဒါပေသိ နည်းနည်းတော့ ကျွတ်ကျဲတာပေါ့.

သိတယ်မလား.

ကျော်က. ပေါက်ပန်းဈေးက လွှတ်ပြောတတ်တာ.

လူက ဖဲထုပ်ထဲက ဂျိုကာလိုအစား.

လူကြီးသူမနဲ့ စကားပြောရရင်တောင် မျက်နှာပိုးက သတ်ရတာမဟုတ်

အဲ့လာဗျာ. အားမိုးခေါ် မာမီမာမားချစ်မေမေ(ခရက်ဒစ်တူ ဟိုလူမဲယီး)

နဲ့ စကားပြောခါနီး. ကရင်မဝတုတ်ဖုန်းဆက်လာတယ်.

မောင် တဲ့ ထမင်းသွားစားလိုက်ဦးမယ်တဲ့. ပြန်လာရင်

မိုးမိုးနဲ့ ဖုန်းပြောနော်. တဲ့. နောက်တနာရီလောက်ကြာရင်ပြန်လာမယ်တဲ့

ကျနော်လည်း. အော်. အင်း ပေါ့. နေ့ဘက်က ဆေးခန်းပြေးထားကြတာဆိုတော့

ညဖက် ထမင်းစားပြီးမှ စကားပြောဖို့ရယ်လေ.

ဘုရင့်နောင်သွေး ရဲဘာဒယ်ဗျ.

လူက. လက်ဖျားတွေအေးနေပီ.

ဟီး.

ထမင်းစားရင်းထင်တယ်. ကရင်မဝတုတ် မက်စိပို့လာတယ်

မောင်. သေချင်းဇိမ်း ပိုစ့်တွေရဲ့ လင်ခ့်တွေ ပေးပါ. တဲ့.

ကျော်လည်း ရေးထားပီးသမျှသော သေဂျင်းဇိမ်း ပိုစ့်တွေ.

ပေးလိုက်တာပေါ့ဗျာ.

အဲ့

နောက်တနာရီအကြာမှာ တကယ်ပဲစကားပြောဖြစ်ပါတော့တယ်.

ကျော်က ကျောက်စ်တို့. နှူးဘာစီ တို့လို တော်ကီလည်းမကောင်းတော့

ဘွင်းဘွင်းပဲ. သမီးတန်းတောင်းချလိုက်တယ်.

ဟီး.

မိုးမိုးကလည်း. ကြည်ဖြူပါသဒဲ့.

နောက်မှပြန်သိတယ်.

လားလား.

ကရင်မဝတုတ်ပေါ့.

သေဂျင်းဇိမ်း ပိုစ့်တွေနဲ့ သူ့အမေသူ အူတက်အောင် လုပ်ထားတာပါတဲ့

ပီးမှ. အဲ့ဒါ အမေ့သားမက် ရေးတာ လို့ပြောထားသတဲ့.

အဲ. ပေါက်ပန်းဈေးချည်းရေးတာတော့ မဟုတ်ပါဘူး ဆိုပီး.

ဟိုမန်းဂဇက် စာအုပ်ပြာပြာကြီးးထဲက CHANGE ကိုလည်း ထုတ်ပြသေးသတဲ့လေ

အော်. ကနားစီး တို့ ကံကောင်းချင်တော့ပြောပါတယ်.

တကယ်တော့ ကျားမေမေက. ဖေ့စဘုတ် ဂလုတခုထဲက

အက်ဒမင်တယောက်. ကျော်က အဲ့မှာ စာသွားသွားရေးတယ်

အထွေအထူးမဟုတ်ပါဘူး. ရွာထဲရေးဖြစ်တာတွေ.

လင့်ခ်ကူးတင်တာလောက်ပါ.

အက်ဒမင်အပျိုကြီးမမ လေးယောက်ထဲကအလှဆုံးတယောက်ကို

ကနားစီး တို့ အရပိုးပြေးတယ်လို့ ဂလုကလူတွေ ပြောကျန်လေရဲ့.

ကျော် နဲ့ နော်ရှီး ကတော့ ဆက်မရေးနိုင်မယ့် မဖတ်နိုင်မယ့်တူတူ

အဆိုပါ ဂရုလေးကို ဆာယိုးနားရ လိုက်ပါပြီ

ဘယ်လိုပဲဖြစ်ဖြစ်. မှတ်မှတ်ရရပါ.

မန်းဂဇက်. မေဂရု နဲ့. သေဂျင်းဇိမ်း တို့ရဲ့. လျှပ်တပြတ် ကာလတချို့

ဆိုပါတော့ဗျာ. ကျေးကျေးပါ

ကျနော်နောက်ပိုင်း. ရွာပြန်တဲ့အခါ. သိပ်ဝင်နိုင်မှာ မဟုတ်ပေမယ့်

သေဂျင်းဇိမ်း စီးရီးစ်ကိုတော့. ဆက်ရေးဖြစ်သွားဦးမှာရယ်.

ကျေးဇူးရှင်လေဗျာ. အာဟိ.

(မွမ်းကျပ်တဲ့ နေ့စဉ်လူမှုဘဝမှာ ဟာသ ဆိုတာ အားဆေးတခွက်)

ခင်တဲ့
ဂီ

12 comments

  • အလင်းဆက်

    September 22, 2013 at 7:30 am

    အဲဒိ စာအုပ်ပြာပြာထဲက
    ဂီ ့ပိုစ့်ကို ကျွန်တောာ်လည်း သဘောကျနေတာ။
    ဟို 18 ရက်နေ့က တင်လိုက်တဲ့ ကျွန်တော့်ပိုစ့်မှာတောင်
    ပုံထဲ လင့်ခ်လေးချိတ်ထားလိုက်သေးတယ်။

    ကိုယ်လည်း ကြိုက်တဲ့အပြင် မဖတ်မိသူတွေ ဖတ်စေချင်သေးတာကို းးး

    :kwi:

  • ဒိလိုတော့လည်း သမီးတောင်းရတာသေဂျင်းဇိမ်းနဲ့တင်အလုပ်ဖြစ်သားပဲ
    နောင်လာနောက်သားတွေမှတ်သားရတာပေါ့ 🙂

  • KZ

    September 22, 2013 at 11:48 am

    ဪ။
    တော်တော် ခက်ခဲ ခဲ့တာပဲနော်။
    😀

    ကံကောင်းချင်တဲ့ ဖား တစ်ခါပဲ ခုန်လိုက်ရသကိုးးးး

  • lele kyi

    September 22, 2013 at 12:18 pm

    ဟုတ်ပါ့ ခို်င်ဇာ။ တစ်ခါပဲခုန်တာ ရေနွေးအိုးထဲတန်းရောက်တာပဲနော်။ ကန်ပွန်းချဉ်ရွက်နဲ့ တစ်ခါတည်း ဟင်းချိုလုပ်သောက်ယုံပဲ။ ဟဲဟဲ။
    နတ်ဖက်တဲ့ စုံတွဲရယ် နှစ်ဘက်အသိုင်းအဝိုင်းတွေပဲ။ အားကျစရာ။ 😛

  • ကိုရင်စည်သူ

    September 22, 2013 at 1:23 pm

    ပိုကာထဲက ဂျိုကာတွေလို ဘာနံပါတ်နဲ့ပေါင်းပေါင်း တစ်ထွေဖြစ်နေတဲ့… ဆာယေးဆရာတွေ
    ဆိုတော့လဲ… ကျော့်တို့က သွားရေကျ အားကျတာကလွဲပီး ဝမ်းစမိုးလုပ်တာလောက်ပဲ
    တတ်နိုင်ပါတယ်ဂျာ.. :mrgreen:
    ှရွှီးရဲ့ အမိုးကြီးလည်း ဖိုးခွားလေးရဲ့ ဒီကွန့်မန့်ကို ဖတ်မိရင်… ဆွေးနီးမျိုးစပ်လေး ပတ်ကညောမလေး
    တားအတွက် ချာပေးပါရားဟင်… ကျော်က.. ရိုးသားကြိုးစား ဧရာဝတီသား
    တွံတေး ကရင်ချောင်းဘက်က မျိုးနဲ့ရိုးနဲ့ လှေထိုးစားလာတဲ့… ဇကောကရင်အစစ်ပါဗျာ… 🙂

  • Shee

    September 22, 2013 at 1:46 pm

    :D. . . .မောင် နင်ငါ့ကိုကျေးဇူးတင်. . .ငါအလျှောက်ကောင်းလို့နော်. . .. .စကားပလ္လင်ခံလိုက်ရထှာာာာာာ . .:D 😀

  • Shee

    September 22, 2013 at 1:49 pm

    အားကျတဲ့ အစ်ကို မမ များဆက်လက်အားကျပြီး မြန်မြန်စွံနိုင်ကြပါစေ. . . .ကိုရင်စီ ရှီး အဖေ ဖက်က တသ်ဝမ်းကွဲညီမလေးရှိတယ်. . . . . . . .လာဖားချေ. . . .:p

    • ဦးကြောင်ကြီး

      September 23, 2013 at 8:10 am

      ရှီးရဲ့ ခဲအိုဝမ်းကွဲ လုပ်ပါရစေကွယ်…. ဟေ့.. ငါ့ ပါ့ကညောလေးဂို အဘူမှ အထိနဲ့ကွ…. ကြောင်ကြီး တာလဘောဟင်း ပွဲတော်တီမည်… ကစည်သွတ် သင်္ဘော ဥဩဆွဲနေပီ အထုပ်ပြင် ဆိပ်ကမ်းဆင်းဗေဒေါ့.. ဒီတခေါက် လိုက်ပြီးရင် catပတိန် ဖြစ်ပီဒဲ့…

  • TNA

    September 22, 2013 at 5:01 pm

    သေဂျင်းစိမ်းနဲ့သာမီးတောင်းလိုက်တယ်ဆိုဘာဒေါ့။ ကြွားထားအေကြွားထား။ ဒီတပါတ်တော့ ဟိုလူရီးကြွားမရလို့နားအေးနေဒယ်။ မနက်ဖြန်လောက်ကစပြီးနားညီးဒေါ့မယ်ထင်ဘာ့။

  • Mr. MarGa

    September 22, 2013 at 9:45 pm

    ဘယ်လိုပဲ ဖြစ်ဖြစ်
    နောက်ဆုံး ပြေလည်သွားတယ် ဆိုတာ သိရလို့ ဝမ်းမြောက်မိပါသကွယ်….

  • kyeemite

    September 23, 2013 at 9:48 am

    အော်..သေဂျင်းဇိမ်း ဇတ်လမ်းကလည်း
    အချစ်ရာဇဝင်နဲ့ပါတကား…မှတ်သားလောက်ပါတယ် 😀

  • cobra

    September 23, 2013 at 6:16 pm

    ချစ်နိုင်သူတွေချစ်ကြပါစေ…….
    ဒို့များတော့ ကလေးမို့လားမသိဘူး
    ချစ်မယ့်သူရှိသေးဘူးဗျာ….

Leave a Reply