တစ်​ခု​သောမိုးရာသီ၏ စိုထိုင်းထိုင်း​နေ့တစ်ေ​န့၌ ……

 

ကျွနု​ပ်​ စာ​ပေဖတ်​ရှု​ရေးသားရာ​နေရာဖြစ်​​သော ဂဇက်​ရွာတွင်​ ကဗျာဆရာများနှင့်​ ထိုသူတို့၏ ကဗျာများကို

တွဲဆက်​​ပေးရန်​အ​ကြောင်းဖြစ်​​ပေါ်လာခဲ့​လေသည်​ ။

အ​တွေးအ​ခေါ်ညံ့လှ​သောကျွနု​ပ်​မှာ ထိုသို့​သောကိစ္စများတွင်​ စဉ်းစားနိုင်​စွမ်းမရှိသည်​ဖြစ်​၍

မိတ်​​ဆွေကြီးဖြစ်​သူ လူစွန့်​စားမြင့်​​ကျော်​ထံသို့ အပူကပ်​ရ​လေ​တော့သည်​ ။

ကိုမြင့်​​ကျော်​မှာ စမ်း​ချောင်းတွင်​​နေထိုင်​သည်​ဖြစ်​ရာ ၄င်းနှင့်​နီး​သော ​မြေနီကုန်းရှိ​လောကနတ်​ လက်​ဘက်​ရည်​ဆိုင်​တွင်​ ချိန်းဆိုခဲ့ရ​လေ​၏။

 

===========================================

 

“​ပြောပါဦး အိုင်​အိုကြီးရဲ့ … ဘာများအ​ရေးတကြီးဖြစ်​လာလို့လဲဗျ ..အခုတ​လော အမှုအခင်း​တွေလည်း မကြားပါဘူး “

ကိုမြင့်​​ကျော်​မှာ ခရီး​ရောက်​မဆိုက်​ ခုံတစ်​လုံးဆွဲထိုင်​ရင်း​မေးလိုက်​​လေရာ ..

 

“ အမှု​တော့ မဟုတ်​ပါဘူး ကိုမြင့်​​ကျော်​ရယ်​ … ကျုပ်​စာ​တွေဝင်​ဖတ်​​နေတဲ့ မန်းတ​လေးဂဇက်​က ကဗျာပြခန်းကိစ္စပါဗျာ ..“

 

“ အင်း…. ဆက်​ပါဦးဗျ “

 

“ ဒီလိုဗျာ … ကဗျာပြခန်းက ကဗျာဆရာ​တွေနဲ့ သူတို့​ရေးတဲ့ကဗျာ​တွေကို တွဲဆက်​​ပေးရမယ်​တဲ့ … အများဆုံးမှန်​တဲ့သူကိုဆု​ပေးမယ်​​ပေါ့ဗျာ …. ကျုပ်​က ကိုယ့်​အရည်​အချင်းကိုယ်​သိလို့ မ​ဖြေရဲဘဲ ​ရှောင်​​နေတာ ..အဲ့ဒါကို လုံမ​လေးနဲ့ အစ်​မကြီး မမ တို့က ဆွဲသွင်းတယ်​​လေဗျာ …ဒါ​ကြောင့်​ ခင်​ဗျားကို အပူကပ်​ရတာဘဲဗျိုး ..ဟားဟား ဟား …“`

 

“ဖြစ်​ရ​လေအိုင်​အိုရယ်​ … ကျုပ်​ဖြင့်​ စိတ်​ပူသွားတာပဲ … .. စိတ်​​အေး​အေး ထားပါအိုင်​အိုကြီး​ရေ .. ခင်​ဗျားဖုန်းနဲ့ အဲ့ ဝဘ်​ဆိုက်​ကို ​ခေါ်လိုက်​ ကျုပ်​ တစ်​ထိုင်​တည်း​ဖြေ​ပေးမယ်​ဗျာ “

 

“ ​အောင်​မ​လေး ​ကျေးဇူးကြီးပါ​ပေ့ကိုမြင့်​​ကျော်​ရယ်​ … ​နေ့လည်​စာကို ​ရွှေမြို့​တော်​ချစ်​တီးထမင်းဆိုင်​မှာ​ကျွေးပါ့မယ်​ဗျား …“

 

ဤသို့ဖြင့်​ …. ကျွနု​ပ်​လည်း ကိုမြင့်​​ကျော်​​ပြော​သောအချက်​အလက်​မျာကို မှတ်​သားရ​လေ​တော့သည်​ ။

ကိုမြင့်​​ကျော်​၏​တွေး​တောစဉ်းစားပုံများကို အရသာမပျက်​ တဆက်​တည်းဖတ်​နိုင်​​စေရန်

ကျွနု​ပ်​နှင့်​​ပြောဆို​သောစကားများကိုချန်​လှပ်​၍ ​ဖော်​ပြသွားမည်​ဖြစ်​ပါ​ကြောင်း ….

 

==========================================

 

“….. ဒီလို စလိုက်​မယ်​အိုင်​ပီ …. ပထမဆုံး အ​သေချာဆုံးဖြစ်​နိုင်​သူ​တွေကို ​ရွေးထုတ်​ကြည့်​တာ​ပေါ့ …. ။ ဒါမှ မသိကိန်း​တွေ ​လျော့သွားမယ်​မဟုတ်​လား …

ကဲဗျာ … ပထမဆုံး အင်္ဂလိပ်​ကဗျာ Dream ကို စဉ်းစားရင်​ ….?.?

အဲ့ကဗျာကို ကျုပ်​တို့ ကွန်​မန့်​တစ်​ခုမှာ ဖတ်​ခဲ့ဖူးတယ်​ဗျ ။ ​ရေးသူက မဟာမြန်​မာပါပဲ ..။

သဲလွန်​စအ​နေနဲ့လည်း လုံမက ​ပေးထားပါတယ်​​လေ … အဖနိုင်​ငံရဲ့နာမည်​နဲ့တူတဲ့သူ ဆို​တော့ …

နောက်​တစ်​​ယောက်​စဉ်းစားမယ်​ဗျာ …

သူက​တော့ … အစက်​အ​ပျောက်​မဟုတ်​ဘဲ ဆက်​​ပေးချင်​တဲ့​မော်​ဒန်​ကဗျာဆရာဆို​တော့…. အလင်းဆက်​!!!!!

သူပါပဲ …သူ့ကဗျာကိုရှာရပါလိမ့်​မယ်​ ..

သူက​မော်​ဒန်​သမားပီပီ ခံစားချက်​ပြင်းထန်​ပုံဘဲဗျ ။ သူ​ရေးတတ်​တဲ့စာ​တွေမှာလည်း အယူအဆပြင်းပြင်း ​ရေးတတ်​တယ်​ ..

ဆို​တော့ ..ကျုပ်​တို့က ကဗျာ​တွေထဲက ခတ်​ပြင်းပြင်း ​ရေးထားတဲ့ ကဗျာကို ရှာကြည့်​ရင်​ …..??

 

ခေါင်းကိုက်​ ​နေတယ်​ ဆိုတဲ့ ကဗျာနဲ့ လူသားရဲ့အရှုံး ဆိုတဲ့ကဗျာနှစ်​ပုဒ်​ကို​တွေ့ရမယ်​ …

ကောင်းပြီ …ဒါဆို အဲ့နှစ်​ပုဒ်​ထဲကတစ်​ပုဒ်​ကိုပြန်​​ရွေးတာ​ပေါ့ ….. ဒါ​ပေသိ … ကွန်​မန့်​တစ်​ခုမှာ ​ခေါင်းမကိုက်​ဘူးလို့ဆိုထားတယ်​ဆို​တော့ …ဖြစ်​နိုင်​စွမ်းရှိတာက လူသားရဲ့အရှုံး ပဲဖြစ်​လိမ့်​မယ်​ဗျို့ …..။

နောက်​တစ်​​ယောက်​က ရွာပြင်​ဇနပုတ်​က မီးမှီန်​မှိန်​နဲ့ ​နေသူလို့ ဆိုထား​တော့ …. ? ဒီအသုံးအနှုံးက ကိုခင်​ခ တစ်​​ယောက်​ဘဲဖြစ်​မယ်​ဗျ ။ သူ့ ပို့စ်​တစ်​ပုဒ်​မှာဖတ်​ခဲ့ဖူးတယ်​​လေဗျာ …….

ဘယ်​ကဗျာ လဲလို့စဉ်းစားရင်​​တော့ …. ကိုခင်​ခ ရဲ့ကဗျာ​တွေ မှာထူးခြားချက်​က tone လို့​ခေါ်မလား ဖလိုး လို့​ပြောရမလား …

တူ​နေတာ​လေး​တွေ​တွေရတယ်​ဗျ ။ ဆို​တော့ …. ကျုပ်​စိတ်​ခံစားမှုအရ မှန်းကြည့်​ရရင်​ ဟုတ်​ရဲ့လား အဖွားရယ်​ ဆိုတာ ကိုခင်​ခ​ရေးတာလို့ ထင်​တာဘဲဗျ …

 

နောက်​တစ်​​ယောက်​က​တော့ လွယ်​ပါတယ်​ဗျာ … အ နဲ့စပြီး ဂနဲ့ ဆုံးတဲ့သူ ကိုအာဂ ​ပေါ့ဗျာ … သူ့ကဗျာကို​တော့ ​နောက်​မှစဉ်းစားမယ်​ဗျို့ …

ဒီ ဆိုက်​ထဲမှာ ဓတ်​ပုံရိုက်​ပီး ကဗျာ​ရေးသူက နှစ်​​ယောက်​​တော့ မြင်​ထားတယ်​ ။ ကို​ပေါက်​ နဲ့ ကိုအင်​ဇာဂီပါ …. ကဗျာ​တွေကို ဖတ်​ကြည့်​​တော့ ကို​ပေါက်​လက်​ရာလို့ ထင်​ရတာ မ​တွေ့ဘူးဗျ …. သ​ရော်​ထားတဲ့ကဗျာ​လေးတစ်​ပုတ်​ကို​တော့​တွေ့ရတယ်​​လေဗျာ …. ဒါ့​ကြောင့်​ အင်​ဇာဂီ ပဲဖြစ်​မယ်​လို့ ​ပြောချင်​တယ်​အိုင်​အို​ရေ ….

နောက်​သဲလွန်​စက ……..

 

 

 

 

 

 

 

ကဗျာပြခန်းတာဝန်​ခံတစ်​​ယောက်​နဲ့ နာမည်​ဆင်​တယ်​လို့ ဆိုထားတယ်​​လေဗျာ ။

တာဝန်​ခံ​​တွေက ကျုပ်​သိသ​လောက်

၁… ခိုင်​ဇာ

၂….မွန်​မွန်

၃…. မာဃ

၎….. အလင်းဆက်

၅…… သုက​လေး ဆို​တော့ …..

အထက်​က လူ​တွေနဲ့ နာမည်​ဆင်​တာ မှန်းကြည့်​​တော့ …

သူက​လေးနဲ့ ဆင်​တူတဲ့ လူက​လေး ဆိုတာ သတိယမိတယ်​ …

ခင်​ဗျားမှတ်​မိလားဗျ …ခင်​ဗျားက ကိုလူက​လေး လို့​ခေါ်မိလို့ လျှာထုတ်​ပြသွားတာ​လေ …. ဟားဟားဟား …

ရွာလူကြီးတစ်​​ယောက်​ရဲ့ ပို့စ်​ထဲကမင်းသားက​တော့ တခြားဟုတ်​ရိုးလားအိုင်​အိုရယ်​ …

ဝါနာဘာဂီ ထဲက အံစာတုန်း​ပေါ့ဗျာ …

တစ်​ရွာလုံး အုန်းအုန်းထသွားတာ ခင်​ဗျား​တောင်​မှ အိပ်​ရာက နိုးသွားတယ်​မှတ်​တယ်​ …. ဟင်းဟင်း ဟင်း…….

အံဇာတုန်းက ချစ်​သူမျက်​နှာတစ်​ရွာထင်​ပီး မိုးမမြင်​​လေမမြင်​ဖြစ်​​နေတယ်​ဆို​တော့ …

ကောင်းကင်​ကြီးပြိုကျလို့ နတ်​သမီးလာကယ်​တာ သူ​ရေးတာများ ထင်​မိတယ်​ဗျို့ ….

ပြခန်း ၆ ကမင်းသားက​တော့ မိုးမင်းသားဖြစ်​မယ်​ထင်​တယ်​အိုင်​အို​ … မိုးမင်းသားရဲ့ကဗျာကို ​လေ့လာကြည့်​​တော့ အများစုက အချစ်​ကဗျာ​တွေဖြစ်​​နေတယ်​ဗျ ။

လူတစ်​​ယောက်​မှာ.ဟက်​ဗစ်​ကျူရယ်​ အက်​ရှင်​​တွေရှိတတတ်​တယ်​ဆိုတာ အိုင်​အိုလည်း သင်​ခဲ့ဖူးမှာပါ ။

အချစ်​ကဗျာ ၃ ပုတ်​မှာ ကြွားခြင်းကို ကိုအံစာတုန်းလို့ ယူဆရင်​ ကိုယ့်​အလှည့်​ကျ​တော့ နဲ့၊ ​နှောင်​ဖွဲ့ခြင်းဆိုတာဘဲကျန်​မယ်​ …

ကျုပ်​က​တော့ ဒီလိုစဉ်းစားတယ်​အိုင်​အို​ရေ…. အထက်​က ကဗျာနှစ်​ပုဒ်​လုံးကို မိုးမင်းသားကဗျာ​တွေနဲ့ ယှဉ်​ဖတ်​လို့တဲ့အခါမှာ …

ကိုယ်​အလှည့်​ကျ​တော့ဆိုတဲ့ကဗျာမှာ သူ့ရဲ့ ဟက်​ဗစ်​ကျူရယ်​အက်​ရှင်​​တွေကို​တွေ့လိုက်​ရတယ်​ဗျို့ ….

ဆို​တော့ မိုးမင်းသားဟာ ကိုယ့်​အလှည့်​ကျ​တော့ဆိုတဲ့ ကဗျာကို​ရေးတယ်​ဆိုတာ ​မြေကြီးလက်​ခတ်​မလွဲ ​ဘူး အိုအိုကြီး​ရေ ……

 

It is difficult = ခက်​သည်​ >>>>> ခက်​သီ …..

သူက ခံစားမှုပြင်းပြင်း​ရေးတတ်​သူပဲဗျ အိုင်​အို​ရေ ..

သူ့ အ​ကြောင်း ​နောက်​မှ​ပြောမယ်​ဗျာ …

 

ဖုန်းနဲ့လျှပ်​စစ်​ပစ္စည်းထုတ်​တဲ့နာမည်​ ??

ဆမ်​​ဆောင်း …မဖြစ်​နိုင်

မိုတိုလိုလာ….မဖြစ်​နိုင်

နိုကီရာ …… မဖြစ်​နိုင်

အဲ့ပဲ …… မဖြစ်​နိုင်

ဆိုနီ …… ​သေခြာ​ပေါက်​ ဖြစ်​နိုင်​တယ်

ဆိုနီ ဆိုတာ မြင်​ဖူးတယ်​မှတ်​တာပဲ အိုင်​အို​ရေ …

 

အလို .. !!! ​နေ့လည်​ထမင်းစားချိန်​​တောင်​ ​ရောက်​​နေပါလား အိုင်​အိုကြီး​ရေ …

လာဗျာ .. ​ရွှေမြို့​တော်​ ချစ်​တီးထမင်းဆိုင်​မှာ ဖိုက်​တင်​​ဘော ချက်​ထားတာ​တော်​​တော်​​ကောင်းတယ်​မှတ်​တာပဲ …

စားပြီးမှ ဆက်​​ပြောတာ​ပေါ့ဗျာ …

 

===========================================

 

ဤသိုဖြင့်​ ….. ကျွနု​ပ်​နှင့်​ မိတ်​​ဆွေကြီးကိုမြင့်​​ကျော်​တို့သည်​ ပဒုမ္မာအားကစားကွင်း​ဘေးတွင်​ဖွင့်​လှစ်​ထား​သော ​ရွှေမြို့​တော်​ချစ်​တီး ထမင်းဆိုသို့ ထွက်​လာခဲ့​လေ​တော့သည်​ ။

 

 

မှတ်​ချက်​ ။ ။ မိတ်​​ဆွေကြီး ကိုမြင့်​​ကျော်​မှာ ကျန်​ရှိ​နေ​သောကဗျာဆရာနှင့်​ ကဗျာများကို ဆက်​လက်​​ဖော်​ထုတ်​ခဲ့ပါသည်​ ။

သို့​သော်​ ….. မိတ်​​ဆွေကြီးမဟာမြန်​မာ မှလည်း ဆက်​လက်​​ရေးသားဦးမည်​ဖြစ်​သဖြင့်​ ဤစာမူတွင်​ ဆက်​လက်​မ​ဖော်​ပြ​တော့ပဲ ချန်​လှပ်​​ပေးခဲ့ပါသည်​ ။

 

 

 

ကြိုးစားပါဦးမည်

ရာမည

 

 

 

 

 

 

About ရာမည

ရာမည has written 35 post in this Website..