ရင်လွင်ပြင် ( လူဆိုးမကြီး ထားခဲ့တဲ့နေ့ရက်များ )

sorrowSeptember 23, 20131min19313

အများကြီးမဟုတ်ပါဘူး….

သူ့လက်ကလေးကိုသာကိုင်ခွင့်ရချင်ရဲ့.

အရာအားလုံးကို.မပိုင်ဆိုင်ချင်ခဲ့ပါဘူး…မျက်ဝန်းရွှန်းရွှန်းလေးကို….

မြင်နေရုံနဲ့ကျေနပ်တတ်ခဲ့တဲ့ကောင်..

အချစ်အစစ်က..ပိုင်ဆိုင်ခြင်းမှမဟုတ်တာပဲ….ချစ်နေဖို့ပဲလိုတာပါ…..

တိမ်တွေကဘယ်တော့မှမပြိုပါဘူး….

ပြိုခဲ့ရင်လည်း..တိမ်မဟုတ်ဘူးတဲ့…

လေထုက ..တစ်ကိုယ်စာ…လွင့်ပါးပျောက်ကွယ်သွားသလိုမျိုး…

အေးစက်…..ဆို့ပိတ်မွန်းကျပ်လို့….

ကောင်းကင်တောင်မှောင်သွားသလိုမျိုး…..

အရာရာဟာ..မှုန်ဝါးလို့…

နွမ်းပါးတဲ့ဘဝကိုပဲ…ဆဲချင်တယ်…

ကျိုးကြောင်းဆင်ခြင်ဉာဏ်တိမ်တဲ့သူတွေကြား…

မင်းနဲ့ငါ မိုးခါးတွေပဲ တစ်ကိုယ်စာရွာ

13 comments

  • အဘ ဖားသက်ပြင်း

    September 23, 2013 at 2:42 pm

    အသီးမကွဲပါနဲ့ ကိုရင်ရာ. ဘာဖစ်တုန်း.
    နောက်လူမြည်းရင် ချိုပါဇီ. ပေါ့.
    နောက်တျောက်ထပ်ရှာ. ကျုပ်လည်း ဂလိုနဲ့ပဲ. ကလေးတျောက် အဖတ်တင်လာတာ. ဟိ.

    • sorrow weaver

      September 23, 2013 at 3:48 pm

      ဟုတ်ရယ်..ဆြာဂီ ..အဲ့လိုသဘောထားလိုက်တယ်..ငတ်ပစေ..အဲ့ဟာမလေး…အာဟိ

      • lele kyi

        September 24, 2013 at 5:27 am

        အဲ့ဆြာ အာဘော်တွေကို များများနားထောင်ရင် အမောင်စောရိုး ပလိုင်းပေါက်နဲ့ ဖားကောက်နေရလိမ့်မယ်။ 😛

        • sorrow weaver

          September 24, 2013 at 10:28 am

          တတ်နိုင်ဘူးဂျာ…27နှစ်သားလေးကို .လေးစားရင်းကလဲရှိနေတော့ကာ …ငတို့ဘုန်းဘုန်းဟောတာမှ အမှန်ပဲ …အဟီး

    • sorrow weaver

      September 24, 2013 at 10:29 am

      ပြန်ဆက်ပေးမို့လား…အပျိုကြီး…အငိငိငိ

  • ဖြူစိုင်း လူ

    September 24, 2013 at 6:09 am

    ငါ့ကျမှ တိမ်တွေညိုမည်းရော့လား
    လေတွေကလည်း ခါးသက်သက်နဲ့
    မိုးစက်ပေါက်လေးတွေမှာတော့ အေးမြမှုတွေ ထည့်သွင်းထားပါရဲ့

    အလို…
    ကောင်းကင်ဆိုတာကြီးကို မော့ကြည့်လိုက်ကာမှ
    ငါ့မျက်ဝန်းတစ်စုံဖြစ်နေပါရော့လား
    ငါ… ဆိုတာ ဘာလဲ စူးစမ်းမိတော့မှ
    ငါ့ရင်တစ်စုံက တစ်လှုပ်လှုပ်နဲ့
    စည်းချက်မညီမညာ လှုပ်ရှားနေတာများ
    ငါ့မျက်လုံးတွေ မခံစားနိုင်တော့လို့
    မျက်ရည်မိုးတွေ ရွာချလိုက်လေခြင်း။

    ရင်တစ်စုံအေးမြစေဖို့
    ငါ့မျက်ရည်တွေကိုပဲ အဖော်ပြုနေလိုက်ပါ့မယ်
    ချစ်သောနှမငယ်။

    ပေးသောလက်ကို ကမ်းလို့မယူချင်မှတော့
    လှမ်းလို့ ယူငင်နေတဲ့
    ချစ်ကြင်နာသူဆီပဲ
    မင်း…
    သွားလို့ ပျော်စေတော့။ ။

    • sorrow weaver

      September 24, 2013 at 10:24 am

      Bravo 🙂 ကိုစိုင်းကွ….

  • KZ

    September 24, 2013 at 12:05 pm

    ခက်တယ်။
    ခက်တယ်။
    နိ အသည်းက ကြောင်ချီးလိုနေမှာပဲ။
    အချစ်ကြီးတဲ့ စကားလုံးတွေ သာ ထွက်တာ နောက်လူလည်း ချစ်နိုင်တာပဲကို။
    အဟွတ်။
    မှတ်ပလားးးးး

    😀

    • sorrow weaver

      September 24, 2013 at 4:05 pm

      အပျိုကြီးများ နားမလည်နိုင်သောအနုပညာ…အဲ့လာက …အာဟိ

  • ဗုံဗုံ

    September 24, 2013 at 12:10 pm

    ဒီတစ်ပတ်အတွင်း စနေ ၊ တနင်္ဂနွေတောင် မနားရတာမို့
    ကဗျာစပ်ချိန်မရှိတာ ခွင့်လွှတ်ပါလေကိုရိုး :mrgreen:
    ကဗျာစပ်တယ်ဆိုတာ ရင်ထဲကပါမှ ကောင်းတာ
    ဟုတ်တယ်မို့လား… :mrgreen:

    • sorrow weaver

      September 24, 2013 at 4:07 pm

      တသက်လုံး မအားပါဇီနဲ့တော်… အဲ့ရာတော့ ဟုတ်ရယ်…ရင်ထဲကပါမှကောင်းတာ ..ထမင်းပဲကြော်တတ်တဲ့အပျိုကြီးကို ရှင်းပြလိုက်ချမ်းပါ..ဘေးကလုံရာ…အငိငိငိ

  • အလင်းဆက်

    September 25, 2013 at 9:08 pm

    ကိုင်းးးးး

    အသစ်တစ်ခုခု အကြောင်း..ပြောရအောင်ကွာ…။

    :kwi:

Leave a Reply