ပုလဲတစ်လုံး (အပိုင်း ၄)

ကီနို၏အိပ်မက်

ကီနိုတစ်ယောက်ပုလဲရှာတွေ့သွားတယ်ဆိုတဲ့ သတင်းဟာ တမုဟုတ်ချင်းမြို့လေးထဲမှာ မထင်မှတ်လောက်အောင်ကို ပျံ့နှံ့သွားတယ်။

ကီနို၊ ဂျူနာနဲ့အခြား ငါးဖမ်းသမားတွေဟာ ကီနိုရဲ့ သစ်သားအိမ်လေးဆီကို ပြန်လာကြတယ်။ တစ်မြို့လုံးမှာတော့ ကီနိုတစ်ယောက်

ကမ္ဘာ့အကြီးဆုံးပုလဲကြီးကို ရှာတွေ့သွားပြီဆိုတဲ့ သတင်းပျံ့နှံ့နေတယ်။ ဘယ်လောက်များမြန်လဲဆိုရင် သားသည်အမေတွေဟာ

သူတို့ကလေးတွေ အဲဒီသတင်းအကြောင်း လာပြောတဲ့အချိန်မှာ သူတို့က သိနှင့်နေပြီ။

ဒီသတင်းဟာ သစ်သားအိမ်လေးတွေတင်မက လူချမ်းသာတွေနေထိုင်တဲ့ ကျောက်တုံးအိမ်တွေအထိပါ ပျံ့နှံ့သွားတယ်။ ဘုန်းတော်ကြီး

ဟာ အဲဒီသတင်းကြားတော့ သူရဲ့ ဘုရားကျောင်းမှာ ပြင်ဆင်ဖို့လိုအပ်နေတဲ့ နေရာတွေအကြောင်းကို စဉ်းစားမိတယ်။ ဘုန်းတော်ကြီးဟာ ပုလဲရဲ့ တန်ဖိုးကို ခန့်မှန်းနေတယ်။ ကီနိုဟာ ကိုရိုတီတိုကို ဘုရားကျောင်းကိုများ ခေါ်လာဖူးသလား လို့ စဉ်းစားနေတယ်။ နောက် ..ကီနိုနဲ့ ဂျူနာကို သူ လက်ထပ်ပေးဖူးခဲ့သလားဆိုတာကို အသည်းအသန် စဉ်းစားနေတယ်။ ဈေးဆိုင်တွေဆီကို သတင်းရောက်သွားတော့လည်း ဈေးသည်တွေဟာ သူတို့မရောင်းရသေးတဲ့ ကုန်ပစ္စည်းတွေကို ရောင်းဖို့တွေးနေကြတယ်။

ပုလဲ ရတဲ့ သတင်းဟာ ဆရာဝန်နားကိုရောက်သွားတယ်။ သူဟာ အိုမင်းနေတဲ့အမျိုးသမီးတစ်ယောက်နဲ့ အတူထိုင်နေတယ်။ တကယ်တော့ အမျိုးသမီးကြီးဟာ အိုနာ ပဲဖြစ်နေပေမယ့် ဒေါက်တာဟာ ဆေးဖိုးပိုလိုချင်တဲ့အတွက် သူမကို အဲဒီအကြောင်း မပြောပြဘူး။ ကီနိုရဲ့ ပုလဲအကြောင်းကို ကြားရတဲ့အခါမှာတော့ ဆရာဝန်ဟာ ခပ်ကြာကြာစဉ်းစားနေတယ်။

“ငါ သူ့သားကို သွားရှာမယ် ..ကင်းမြီးကောက်အဆိပ်အတွက် ဆေးသွားပေးမယ်”

ပုလဲရဲ့သတင်းကို ဘုရားကျောင်းရှေ့မှာ ရှိတဲ့ သူဖုန်းစားတွေသိသွားတော့ သူတို့ဟာ ဝမ်းပန်းတသာ ရယ်မောကြတယ်။ ဘာလို့လဲဆိုတော့ ဆင်းရဲသားဘဝကနေ ရုတ်တရက် ချမ်းသာသွားတဲ့သူတွေဟာ သူတောင်းစားတွေကို ပိုက်ဆံများများ စွန့်ကြဲတတ်တယ် ဆိုတာ သူတို့သိတဲ့အတွက်ကြောင့် ဝမ်းသာနေကြတယ်။

ငါးဖမ်းသမားတွေဆီကနေ ပုလဲဝယ်သူတွေကို အဝယ်တော်တွေလို့ခေါ်ကြတယ်။ အဝယ်တော်တွေဟာ မြို့ထဲက ရုံးတွေမှာ ထိုင်ကြတယ်။ ပုလဲငုပ်သူတွေ ပုလဲတွေလာရောင်းတဲ့အခါမှာ အဝယ်တော်တွေဟာ ဈေးနှိပ်ပြီး နောက်ဆုံး သိပ်ကိုနည်းပါးလွန်းတဲ့ နှုန်းအထိ ဈေးကိုမတန်မရာပေးလေ့ရှိတယ်။ သူတို့ ပုလဲတွေဝယ်ပြီးချိန်မှာတော့ အဝယ်တော်တွေဟာ ပုလဲတွေကို လက်ချောင်းတွေနဲ့ ထိတွေ့ဆော့ကစားလေ့ရှိတယ်။ ဒါပေမယ့် တကယ်တော့ သူတို့ဟာ အဲဒီ ပုလဲတွေကို မပိုင်ဆိုင်ကြပါဘူး။ အဲဒီပုလဲတွေကိုပိုင်တာက သိပ်ကိုချမ်းသာတဲ့ အခြားအဝယ်တော်တစ်ယောက်ဖြစ်ပြီး သူတို့ဟာ သူ့အတွက် အလုပ်လုပ်ပေးနေကြရတာပေါ့။

ကီနိုရဲ့ပုလဲအကြောင်းဟာ အဲဒီလူဆီကိုရောက်သွားတယ်။ သူတို့ဟာ ဒီပုလဲကိုပိုင်ဆိုင်ဖို့အတွက် မျှော်လင့်ချက်အတွေးတွေနဲ့ပြည့် နေတယ်။ အဝယ်တော်တွေအားလုံးဟာ ဒီ ချမ်းသာလှတဲ့ အဝယ်တော်ဟာ တစ်သက်လုံးအသက်မရှင်နိုင်ဘူးဆိုတာ သိတယ်။ တစ်နေ့သူသေဆုံးချိန်မှာ သူ့နေရာကို အခြားသူတစ်ယောက်က အစားထိုးယူမှာပဲ။ ဘယ်သူမဆို ငွေကြေးအလုံအလောက်ရှိသူဟာ ချမ်းသာတဲ့ကုန်သည်ဖြစ်နိုင်တယ်လို့ တွေးနေကြတယ်။

လူတွေအားလုံးရဲ့စိတ်ဝင်စားစရာဟာ ကီနိုဖြစ်လာတယ်။ ကီနိုအကြောင်းကို ကြားသူတိုင်းဟာ ပုလဲကိုလိုချင်စိတ်ကြောင့် ပုလဲဟာ သူတို့ရဲ့ ကြီးမားလှတဲ့အိပ်မက်ဖြစ်လာတယ်။ ဒီပုလဲဟာ သူတို့အတွက်မျှော်လင့်ချက်နဲ့ အနာဂတ်အတွက်အိပ်မက်ဖြစ်လာတယ်။

သူတို့ရဲ့အိပ်မက်တွေကို အဟန့်အတားဖြစ်နေတာက ကီနိုဖြစ်နေတယ်။ ဒီ့အတွက်ကြောင့် ကီနိုဟာ သူတို့အားလုံးရဲ့ ရန်သူဖြစ်လာတယ်။ ဒီပုလဲဟာ ကင်းမြီးကောက်ရဲ့အဆိပ်တွေလိုပဲ မိုက်မှောင်လှတဲ့ မကောင်းမှုအတွေးတွေကိုယူဆောင်လာခဲ့တယ်။

တစ်မြို့လုံးဟာ မကောင်းမှုအငွေ့အသက်တွေခြုံလွမ်းနေခဲ့တယ်။ ကီနိုနဲ့ဂျူနာတို့ဟာ ဒီအကြောင်းတွေကို သတိမပြုမိလောက်အောင် စိတ်လှုပ်ရှားပြီးပျော်ရွှင်နေကြတယ်။ သူတို့ထင်ထားတာက အားလုံးဟာလဲ သူတို့လိုပဲ စိတ်လှုပ်ရှားပြီးပျော်ရွှင်နေကြလိမ့်မယ်လို့ ထင်နေကြတယ်။ နေ့ခင်းဘက် နေရောင်ခြည်ဟာ ပင်လယ်ပေါ်မှာ ဖြာကျနေတဲ့အချိန်မှာ ကီနိုနဲ့ဂျူနာဟာ သစ်သားအိမ်လေးထဲမှာ အတူထိုင်နေကြတယ်။ သူတို့ရဲ့အနားမှာတော့ အိမ်နီးချင်းတွေနဲ့ပြည့်နှက်နေတယ်။ ကီနိုရဲ့ လက်ပေါ်ကပုလဲဟာ တောက်ပပြီးအသက်ဝင်လှတယ်။ ကီနိုရဲ့လက်ပေါ်က ပုလဲကို ကြည့်ပြီး အိမ်နီးချင်းတွေဟာ သူတိုရော ကီနိုလို ကံကောင်းနိုင်မလား ဆိုပြီး စဉ်းစားနေကြတယ်။ ကီနိုရဲ့ အစ်ကိုဖြစ်တဲ့ သောမတ်စ်က မေးလိုက်တယ်။

“ခု မင်း ချမ်းသာတဲ့သူတစ်ယောက် ဖြစ်လာပြီ ၊ မင်းဘာလုပ်ဖို့စိတ်ကူးသလဲ”

ကီနိုဟာ ပုလဲလုံးကို ကြည့်လိုက်တယ်။ ဂျူနာဟာ သူမရဲ့မျက်နှာကို အိမ်နီးချင်းတွေ မမြင်ရအောင် သူမရဲ့ ပဝါနဲ့ ဖုံးလိက်တယ်။

ကီနိုဟာ ပုလဲကိုကြည့်ရင်းကနေ သူအမြဲတမ်း လုပ်ချင်တာတွေကို တွေးနေတယ်။ ကီနိုဟာ ဂျူနာနဲ့ ကိုရိုတီတိုနဲ့ သူ့ကိုယ်သူ ဘုရားကျောင်းထဲမှာ ရှိနေတာကို မြင်ယောင်နေမိတယ်။ သူနဲ့ဂျူနာဟာ လက်ထပ်ပွဲကျင်းပဖို့အတွက် ဘုန်းတော်ကြီးကို အဖိုးအခပေးနိုင်တာကြောင့် လက်ထပ်ပွဲကိုကျင်းပသွားနိုင်ကြပြီ။

“ငါတို့ ဘုရားကျောင်းမှာ မင်္ဂလာဆောင်မယ်” လို့ ကီနို ညင်သာတိုးတိတ်စွာပြောလိုက်တယ်။

ဂျူနာနဲ့ သူဟာ လှပတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားကြတယ်။ ဂျူနာဟာ သစ်လွင်တဲ့ စကပ်နဲ့ ပဝါအသစ်တစ်ထည်နဲ့ ရှူးဖိနပ်အသစ်ကို ဝတ်ဆင်ထားတယ်။ ကီနိုကိုယ်တိုင်လည်း အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး ဦးထုပ်တစ်လုံးကိုလည်း ဆောင်းထားသေးယ်။ ကိုရိုတီတိုဟာလည်း ဖိနပ်စီးထားပြီး အမေရိကန်နိုင်ငံကလာတဲ့ အပြာရောင်ဝတ်စုံနဲ့ဦးထုပ်တစ်လုံး ကိုဝတ်ဆင်ထားတယ်။ အဲဒီစိတ်ကူးတွေအားလုံးကို ကီနိုဟာ ပုလဲလုံးမှာမြင်နေရတယ်။

“ငါတို့ အဝတ်အစားသစ်တွေဝယ်မယ်” သူဆက်ပြောတယ်။

နောက် ကီနိုဟာ ပုလဲလုံးကြောင့် ဝယ်နိုင်မယ့် အခြားပစ္စည်းတွေကို မြင်ယောင်လာမိတယ်။ ခုဆိုရင် သူဟာ ချမ်းသာလာပြီဖြစ်တဲ့အတွက် ရိုင်ဖယ်သေနတ်တစ်လက်ကိုဝယ်နိုင်ပြီ။ ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ သူ့ကိုယ်သူ ပုလဲထဲမှာ ကီနိုမြင်ယောင်မိပြန်တယ်။ ကီနိုမြင်ယောင်နေမိသမျှအားလုံးဟာ တကယ်တော့ အိပ်မက်တွေပါ။လှပတဲ့ အိပ်မက်တွေပေါ့။

“ရိုင်ဖယ် ..ငါရိုင်ဖယ်သေနတ်တစ်လက်ဝယ်မယ်” လို့ တိုးတိုးထပ်ပြောတယ်။

ကီနိုရဲ့စကားကို ငြိမ်သက်စွာနားထောင်နေတဲ့ အိမ်နီးချင်းတွေဟာ ခေါင်းငြိမ့်ကြတယ်။ အနောက်မှာထိုင်နေတဲ့ လူတစ်ယောက်ဟာ တိုးတိုးရေရွတ်လိုက်တယ်။

“ရိုင်ဖယ် ..ကီနိုဟာ ရိုင်ဖယ်တစ်လက်ရတော့မယ်”

ကီနိုပြောသမျှကိုနားထောင်နေတဲ့ ဂျူနာရဲ့မျက်ဝန်းအစုံဟာ ပြူးကျယ်သွားတယ်။ ကီနိုဟာ ပုလဲကိုကြည့်ရင်းကနေ အခြားအိပ်မက်တစ်ခုကို ထပ်စဉ်းစားမိတယ်။ ကိုရိုတီတိုဟာ စာသင်ခန်းထဲက စားပွဲခုံတစ်ခုံမှာထိုင်နေတယ်။ ကီနိုဟာ အဲဒီလိုခုံမျိုးကို အပြင်ကနေ တစ်ခါမြင်ဖူးခဲ့တာ။ ကိုရိုတီတိုဟာ ဂျက်ကက် ၊ အဖြူရောင် ကော်လာအကျီနဲ့ ပိုးသား လည်စီးကို ဝတ်ဆင်ထားပြီး စာရွက်ပေါ်မှာ စာရေးနေတယ်။ ကီနို အိမ်နီးချင်းတွေကိုကြည့်ရင် ဆက်ပြောလိုက်ပြန်တယ်။

“ငါ့သားကို စာသင်ကျောင်းပို့မယ်”

ဂျူနာဟာ သိပ်ကို အံ့ဩနေတယ်။ ကီနိုကိုကြည့်နေတဲ့ သူမရဲ့မျက်လုံးအစုံကို ဝိုင်းစက်ပြူးကျယ်နေတယ်။ နောက် သူမဟာ လက်ပေါ်က ကိုရိုတီတိုကို ငုံ့ကြည့်လိုက်တယ်။

ဒါတွေအားလုံးတကယ်ဖြစ်လာမလား လို့ သူမတွေးနေတယ်။

“ငါ့သားလေးဟာ စာအုပ်တွေဖတ်မယ် ၊ နောက် စာရေးသင်ပြီး စာတွေရေးတတ်လာမယ်၊ ပညာတတ်ဖြစ်လာမယ်။ ဒါတွေအားလုံးဟာ ငါတို့တွေကို လွတ်လပ်ဖို့ ကူညီလိမ့်မယ်။ ကိုရိုတီတို သိတာဟာ ငါတို့အားလုံး သိတာနဲ့အတူတူပဲပေါ့”

ကီနိုဟာ သူနဲ့ဂျူနာဟာ သစ်သားအိမ်ထဲက မီးပုံဘေးမှာ ကိုရိုတီတို စာအုပ်ဖတ်နေတာကို စောင့်ကြည့်နေပုံကို ထပ်မြင်ယောင်နေ မိပြန်တယ်။

“ဒီပုလဲဟာ အရာအားလုံးကို အကောင်အထည်ဖော်ပေးလိမ့်မယ်” လို့ ကီနို ဆက်ပြောလိုက်တယ်။

ကီနိုဟာ သူ့တစ်သက်တာမှာ တစ်ခါမှ စကားများများမပြောဖူးဘူး။ ရုတ်တရက် သူဟာ သူပြောတဲ့စကားတွေကိုတွေးပြီးကြောက်လန့် သွားတာကြောင့် ပုလဲကို လက်နဲ့အမြန်ဖွက်လိုက်တယ်။ အိမ်နီးချင်းတွေဟာ နောင်တစ်ချိန် ကီနိုရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်လာတဲ့အချိန်ကြရင် ကီနိုဟာ ဒီမျှော်လင့်ချက်တွေနဲ့ ဘယ်လောက်တောက်ပနေသလဲ ဆိုတာနဲ့ ထူးဆန်းတဲ့စွမ်းအားတွေကြောင့် ကီနိုဟာလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်လာတယ်ဆိုတဲ့အကြောင်းကို နောင်နှစ်ပေါင်းများစွာတိုင် ဆက်ပြောဖြစ်နေကြမယ်ဆိုတာ သိနေကြတယ်။

တကယ်လို့များ ကီနိုရဲ့အိပ်မက်တွေအကောင်အထည်ပေါ်မလာခဲ့ဘူးဆိုရင်တော့ အိမ်နီးချင်းတွေဟာ ကီနိုတစ်ယောက် ရူးကြောင်မူးကြောင်ဖြစ်ပြီး အဓိပ္ပါယ်မရှိတဲ့စကားတွေပြောတယ်ဆိုတဲ့အကြောင်း ပြောကြမှာဖြစ်တယ်။ ကီနိုဟာ ဆရာဝန်ရဲ့တံခါးကိုထိုးလိုက်တဲ့ သူ့ရဲ့လက်ကို ငုံ့ကြည့်လိုက်တယ်။

ညနေခင်းရောက်လို အမှောင်သမ်းလာပြီ။ ဂျူနာဟာ သူမရဲ့ သားလေးကို ပုဝါနဲ့ထွေးပိုက်ပြီးချီလိုက်ပြီး မီးပုံထဲကို သစ်သားစအချို့ပစ်ထည့် လိုက်တယ်။ မီးရောင်ဟာ ပိုလင်းလာတယ်။ အိမ်နီးချင်းတွေဟာ ကိုယ့်အိမ်ကိုပြန်ဖို့အချိန်တန်ပြီဆိုတာ သိပေမယ့် သူတို့ဟာ မပြန်ချင်ကြဘူး။ အပြင်မှာ အမှောင်တော်တော်ကြီးစိုးလာတဲ့အချိန်မှာတော့ သူတို့ဟာအချင်းချင်းတီးတိုးပြော နေကြတယ်။

“ဖာသာ လာနေပြီ၊ ဘုန်းတော်ကြီး ရောက်လာပြီ”

အမျိုးသားတွေဟာ ဆောင်းထားတဲ့ဦးထုပ်တွေကိုချွတ်လို့ တံခါးအနောက်ကို အနည်းငယ်ဆုတ်ပေးလိုက်ကြတယ်။ အမျိုးသမီးတွေကတော့ သူတို့ရဲ့မျက်နှာတွေကို ပဝါတွေနဲ့ဖုံးကွယ်ပြီး မျက်လုံးတွေကိုအောက်ငုံ့ချထားကြတယ်။ ကီနိုနဲ့သူရဲ့အစ်ကို သောမတ်စ်တို့ဟာ မတ်တပ်ရပ်လိုက်ကြတယ်။ ဘုန်းတော်ကြီးဟာ အထဲကိုလှမ်းဝင်လာတယ်။ သူ့မှာ တောက်ပတဲ့မျက်လုံးတွေနဲ့ အညိုရောင်ဆံပင်တွေကိုပိုင်ဆိုင်ထားတဲ့ အသက်ခပ်ကြီးကြီးဘုန်းတော်ကြီးတစ်ပါးဖြစ်တယ်။ သူဟာ လူတွေကို ကလေးတွေလိုပဲလို့ ထင်လေ့ရှိပြီး သူတို့ကို ကလေးတွေလိုပဲ ဆက်ဆံလေ့ရှိတယ်။

“ကီနို ၊ မင်းဟာ ဘုရားကျောင်းရဲ့ တကယ်ကိုထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ဦးအဖြစ် ငါသတ်မှတ်ထားတယ်”

ဘုန်းတော်ကြီးဟာ သူ့စကားတွေကို အရေးကြီးတဲ့အသွင်ဆောင်ယူထားတယ်။

“မင်းဟာ လူတွေကို အရေးကြီးတဲ့ အရာတွေကို လမ်းညွှန်ပြသရမယ်ဆိုတာ မင်းသိသလား ၊ ဒါတွေဟာ စာအုပ်ထဲမှာ ရေးထားပြီးသား အကြောင်းတွေပဲ” လို့ ပြောလိုက်တယ်။

ကီနိုဟာ ကိုရိုတီတိုလေးကို ငုံ့ကြည့်လိုက်တယ်။ ကိုရိုတီတိုလေးဟာ တစ်နေ့မှာ စာအုပ်ထဲမှာ ရေးထားတာတွေကို သိလိမ့်မယ်လို့ သူဟာ ထင်ထားတယ်။ ခုတော့ ကီနိုဟာ သိပ်မပျော်ရွှင်တော့ဘူး။ သူဟာ အိမ်နီးချင်းတွေကိုလှမ်းကြည့်ရင်းကနေ ဘာကြောင့်များ သူ့ကို ဒီလို မတူညီတဲ့ခံစားချက်မျိုးကိုပေးတာလဲဆိုတာ သိချင်နေတယ်။ ဘုန်းတော်ကြီးဟာ သူ့စကားကို ဆက်လိုက်တယ်။

“ငါ မင်း ပုလုံး တစ်လုံး ရတယ်လို့ သတင်းကြားတယ်”

ကီနိုဟာ လက်ဖဝါးပေါ်က ပုလဲကိုဖြန့်ပြလိုက်တယ်။ ဘုန်းတော်ကြီးဟာ မြင်လိုက်ရတဲ့ ပုလဲရဲ့အရွယ်အစားနဲ့အရည်အသွေးကြောင့် အသက်ရှူနှုန်းတွေမြန်ဆန်လာတယ်။

“မင်းကို ဒီပုလဲရအောင် ဖန်တီးပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ဖို့ မမေ့နဲ့”

“မင်းရဲ့ အနာဂတ်တွေကို ကူညီဖို့အတွက် ဘုရားသခင်ဆီမှာ မင်း ဆုတောင်းလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်” လို့ ပြောလိုက်တယ်။

ကီနိုဟာ စကားမပြောဘဲ ခေါင်းငြိမ့်လိုက်ပေမယ့် ဂျူနာကတော့ တိုးတိတ်စွာလှမ်းပြောလိုက်တယ်။

“ဟုတ်ကဲ့ ဖာသာ .. နောက် ကျွန်မတို့ လက်ထပ်ချင်ပါတယ်”

အိမ်နီးချင်းတွေဟာလည်း ခေါင်းကို တဆတ်ဆတ်ငြိမ့်နေကြတယ်။

“မင်းတို့ရဲ့ ပထမဦးဆုံးအတွေးဟာ ကောင်းမွန်တဲ့အတွေးပါ ၊ ဘုရားသခင်ကောင်းချီးပေးပါစေ ကလေးတွေ”

ဘုန်းတော်ကြီးဟာ ပြောပြီးတာနဲ့ ခပ်မြန်မြန်ပြန်ထွက်သွားတယ်။ ဘုန်းတော်ကြီးသွားနိုင်ဖို့အတွက်လူတွေဟာ လမ်းဖယ်ပေးကြတယ်။

ကီနိုဟာ ပုလဲကိုလက်နဲ့တင်းတင်းဆုပ်ထားရင်းကနေ ပါတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။ သူရဲ့ ကြောက်ရွံ့စိတ်ဟာ ထပ်ပေါ်ပေါက်လာတယ်။ အိမ်နီးချင်းတွေ ကိုယ့်အိမ်ကိုယ်ပြန်သွားတဲ့ချိန်မှာတော့ ဂျူနာဟာ မီးဖိုးပေါ်ကိုပဲပြုတ်အိုးတင်ထားလိုက်ပြီး မီးဖိုဘေးမှာထိုင်နေတယ်။ ကီနိုဟာ တံခါးပေါက်ဆီကိုသွားလို့ အပြင်ကိုလှမ်းကြည့်လိုက်တယ်။ အိမ်နီးချင်းတွေအိမ်ကနေထွက်လာတဲ့ မီးခိုး တွေနဲ့ကောင်းကင်က ကြယ်လေးတွေကို သူတွေ့လိုက်တယ်။ အအေးဓါတ်ကြောင့် သူဟာ စောင်ကို နှာခေါင်းထိ ဆွဲတင်ခြုံလိုက်တယ်။

ခွေးပိန်တစ်ကောင်ဟာ အနားရောက်လာပြီး ကီနို့အနားမှာလှဲလျောင်းလိုက်တယ်။ ကီနိုငုံ့ကြည့်လိုက်ပေမယ့် သူ့ဟာ တကယ်တော့ ခွေးကိုမမြင်နိုင်ပဲ စိတ်ထဲမှာ မလုံမခြုံခံစားနေရတယ်။ အပြင်မှာ အော်မြည်နေတဲ့ ပိုးကောင်တွေရဲ့အော်သံဟာ မကောင်းမှုတစ်စုံတစ်ခု ဖြစ်တော့မယ်ဆိုတာကို နိမိတ်ပြနေသလိုပဲ။ ကီနိုဟာ စောင်ကို တင်းတင်းထပ်ခြုံလိုက်တယ်။ သူဟာ ပုလဲလုံးကို ခုထိကိုင်ထားဆဲပဲ။

ကီနိုဟာ ဂျူနာတစ်ယောက် ကိတ်မုန့်လုပ်နေသံကိုကြားနေရတယ်။ သူအနည်းငယ်စိတ်သက်သာရာရပြီး လုံခြုံမှုကို ခဏတာ ခံစားလိုက်ရတယ်။ ဒါပေမယ့် မကြာဘူး သူဟာ စိုးရိမ်စိတ်ပြန်ဝင်လာတယ်။ မကောင်းတဲ့အရာတွေဟာ များပြားလှတဲ့ အစီအစဉ်တွေကြောင့် ဖြစ်ပေါ်တတ်တယ်ဆိုတာသူသိလို့ ကီနိုဟာ စိုးရိမ်လာတယ်။

ကီနိုဟာ ပုလဲကြောင့်ရမယ့် ပိုက်ဆံတွေကိုလိုချင်တယ်။ နောက် ကိုရိုတီတိုလေးကို ကျောင်းပို့ချင်တယ်။ သူ့မှာ အစီအစဉ်တွေ အများကြီးပဲ။ ဒါပေမယ့် ဒါတွေဟာ အန္တရာယ်ကို ခေါ်ဆောင်လာမှာကို သူစိုးရိမ်ကြောက်လန့်နေမိတယ်။ ဒါပေမယ့် သူပိုက်ဆံတွေကို လိုချင်တယ်။ ကီနိုဟာ တံခါးပေါက်မှာရင်ရင်း အပြင်ကိုလှမ်းကြည့်နေမိတယ်။

 

9 comments

  • KZ

    September 23, 2013 at 7:51 pm

    ရှိခြင်းရဲ့ ဒုက္ခတွေပေါ့ကွယ်။
    တော်သေးတာ ဟို ဖားကလေး ဆက်လိုက်တဲ့ ဇာတ်လမ်းကြောင့် မရေးတော့ဘူးလားလို့။
    မနှင်းဖြူရယ် မြန်မြန်ပြောပါ။
    😀

  • lele kyi

    September 23, 2013 at 7:52 pm

    ပုလဲတစ်လုံးပြီးရင်…စိန်တစ်လုံး. မြတစ်လုံး..ကျောက်စိမ်းတစ်လုံး.ပတမြားတစ်လုံးတွေလာမှာလားဟင်..ကျောက်မှောင်ခိုလုပ်ရမယ်။ 🙂

  • Ma Ma

    September 24, 2013 at 9:24 am

    ပိုစ့်နဲ့မဆိုင်တာ ဝင်ရှုပ်လိုက်အုံးမယ်။ 😛
    (ဘုန်းတော်ကြီးတစ်ပါးဖြစ်တယ်။ သူဟာ လူတွေကို ကလေးတွေလိုပဲလို့ ထင်လေ့ရှိပြီး သူတို့ကို ကလေးတွေလိုပဲ ဆက်ဆံလေ့ရှိတယ်။) ဆိုတဲ့ စာကိုဖတ်ပြီး ………..
    ဗုဒ္ဓဘာသာဝင်တွေ ဘုန်းကြီးပြောသမျှ မှန်ပါ့ဘုရားလုပ်ကြလို့ အစိမ်းဝတ်ဆိုပြီး သဂျီးမကြာခဏပြောနေတာတွေကို သတိရမိတယ်။
    :buu:

    • Ma Ma

      September 24, 2013 at 9:35 am

      အဲ – မှားပြန်ပဟ 😛
      အစိမ်းဝတ်ဆိုတဲ့ နေရာမှာ အဝါဝတ်ဟု ပြောင်းဖတ်ပေးကြပါကုန်……..

  • kyeemite

    September 24, 2013 at 9:47 am

    အင်း..ဇတ်ရှိန်ကတော့တက်လာနေပြီ….
    ပုလဲလုံးလည်း မူလကို ပြန်ရလိမ့်မယ်နဲ့တူရဲ့…. 😀

  • အဲဒီပုလဲတစ်လုံးစာက ဖတ်လက်စနဲ့ တစ်ပိုင်းဖတ်လိုက် ရေးလိုက်လုပ်နေတာဗျို့
    စာတွေကလည်း များလိုက်တာလွန်ပါရော
    ဘာသာပြန်ရတာလည်း ကိုယ့်ရဲ့ညံ့ဖျင်းမှုကြောင့် မူလစာရဲ့ အရည်အသွေးပျက်သွားမှာ
    စိုးတာနဲ့ ဇွတ်အတင်း ရေးထားသမျှထည့် ဘာသာပြန်တော့ စာဖတ်ရတာ ထောင့်ထောင့်ကြီးနဲ့
    ဖတ်မကောင်းတာ သိနေပေမယ့် မျက်စိမှိတ်ပြီးဆက်ရေးလိုက်သဗျာ…
    အပိုင်း ၄ ရေးတဲ့ရက်မှာ ရေးရင်းနဲ့ မနေနိုင် မထိုင်နိုင်ဖြစ်ပြီး အဆုံးထိ သွားဖတ်လိုက်မိတာ
    ရေးချင်စိတ်ပါပျောက်သွားလေရဲ့ .. ဟီးးးးးးးးးးးး
    စိတ်မပူပါနဲ့ …..ဒီတစ်ပါတ် စနေတနင်္ဂနွေမှာ အပြီးရေးမယ်လို့ စီစဉ်ထားပါကြောင်း ..
    ခုချိန်ထိ စိတ်ရှည်လက်ရှည် စောင့်မျှော်ဖတ်ရှုနေသူများကို ကျေးဇူး အထူး တင်ရှိပါကြောင်း…..
    ထပ်လောင်းပြောကြားအပ်ပါတယ်ခင်ဗျာ…..(ဖြောင်းဖြောင်းဖြောင်း)
    (ကိုယ်ဟာကိုယ်အားပေးလိုက်တာ.. ဟိဟိ)

  • kyeemite

    September 26, 2013 at 2:19 pm

    ရွှီ…..ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း.. 😀

  • Mr. MarGa

    September 26, 2013 at 7:39 pm

    အင်းးးး
    တဖြည်းဖြည်းနဲ့ ဒီ ပုလဲက စိုးရိမ်စရာ ဖြစ်လာပါလားးး
    နေရင်းထိုင်ရင်း အန္တရာယ်တွေကို ဖိတ်ခေါ်လာသလို ဖြစ်နေပြီ
    အခုထိတော့ ဇာတ်ရှိန် တရိပ်ရိပ် တက်လာတာမို့
    အပိုင်း ငါး ကို မျှော်တော့မယ် ဒေါ်ပျင်းထူရေ့ :mrgreen:

  • အလင်းဆက်

    September 26, 2013 at 7:50 pm

    အပိုင်းလေး ကို..
    အခုမှ ဖတ်ဖြစ်တယ်.. ကွယ်..။

    အခုတလော..ကိုယ်လည်း… အာရုံတွေများနေတော့….

    အားလုံးပြီးရင်..တစ်ထိုင်တည်းပြန်ဖတ်ဦးမယ်…

Leave a Reply