ဒါဟာ အချစ်တဲ့လား!

ကျော်ဘသစ်September 24, 20131min1223

၁။ ဟစ်တလာလည်း ဂျာမန်ပြည်သူတွေကို ချစ်သည်။
ထို့သို့ဖြင့် ပထမကမ္ဘာစစ်အတွင်း ရန်သူကို သတင်းပေးခဲ့တဲ့ ဂျူးသုံးယောက်လောက်ကို အကြောင်းပြုပြီး ဂျူးသုံးသန်းကျော်ကို မီးလောင်တိုက် သွင်းပြခဲ့၏။

၂။ ကက်စ်ထရိုလည်း ကျူဘားပြည်သူတွေကို ချစ်သည်။
ထိုသို့ဖြင့် အိတ်ချ်အိုင်ဗီ ပေါ့စတစ်ဗ်ဖြစ်နေတဲ့ နိုင်ငံသားတွေကို သီးသန့်ရွာကြီတစ်ရွာထဲမှာ ထည့်ပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ပေးခဲ့၏။

၃။ အိုစမာဘင်လာဒင်လည်း မွတ်စလင်ဘာသာဝင်တွေကို ချစ်သည်။
ထိုသို့ဖြင့် ခေတ်အဆက်ဆက် ဘာသာရေး အကြွေးဟောင်းတွေကို အကြောင်းပြုပြီး အမေရိကန်ပြည်သူ ငါးထောင်ကျော်ကို လေယာဉ်နဲ့တိုက် သတ်ပြခဲ့ဖူး၏။

၄။ ဦးနေဝင်းလည်း ပြည်သူတွေကို ချစ်သည်။
သူ့ပြည်သူတွေ ဘူဇွာစိတ် ဝင်ကုန်မည်စိုးသဖြင့် နိုင်ငံကို ၂၆ နှစ်လုံးလုံး တံခါးပိတ်ထားခဲ့ဖူး၏။
(သူကိုယ်တိုင် ဘူဇွာ။ မဇွာက တစ်ပိုင်းပေါ့လေ..)

၅။ စစ်အစိုးရလည်း ထို့အတူ ပြည်သူတွေကို ချစ်သည်သာ။
နိုင်ငံတော်ကြီး ချောက်ထဲကျမသွားရေးအတွက် လူတစ်ဦးချင်းစီရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ချောက်ထဲက ဆွဲကယ်တင်ခဲ့ဖူး၏။ (ကုန်းပေါ်ရောက်တော့ သည်လူတွေ အသက်ရှင်လျှက် ပြန်ပါမပါက တစ်ပိုင်းပေါ့လေ။)

၆။ အခုလည်း လက်ရှိ မဲနိုင်ထားသူတစ်ချို့ (တရားတာမတရားတာ အပထား) နှင့် လက်ရှိ လူများစုယုံကြည်မှုကို လက်ဝါးကြီးအုပ်ထားနိုင်သူတစ်ချို့ (ဟုတ်တာမဟုတ်တာအပထား) တို့ကလည်း ပြည်သူတွေကို ကိုယ်ကျိုးစွန့်ပြီး ချစ်ပြနေသည်လေ။
ဘယ်သူက ကိုယ့်ဘက်ကလူ၊ ဘယ်သူက ရန်သူ၊ ဘယ်သူက ထော်လောကန့်လန့် စသဖြင့် တံဆိပ်အကြီးကြီးတွေ လိုက်ကပ်၊ မသိနိုးနားတွေရဲ့ ဦးနှောက်တွေကို (ဦးနေဝင်းစတိုင်လ်) လိုက်လံစောင့်ရှောက် နေကြလေတော့၏။

သမိုင်းတွေကို လိုက်ဖတ်ပြီးနောက် သဘောပေါက်လာတာ တစ်ချို့ရှိသည်ကား…
အချစ်ဆိုသည်ကား ငါ့မိန်းမကို ငါချစ်သလိုပဲဟူ၍။
ကိုယ်ဘက်ကသာ အခြေအနေပေးလျှင် နောက်မီးလင်းချင် လင်းမည်၊ မိန်းမဘက်ကတော့ ရိုးရိုးရုတ်ရုတ် နည်းနည်းမှ မလုပ်စေရ။ လူမှုရေးနဲ့ ငါစွတ်စွဲမည်၊ နိုင်ငံရးနဲ့ ငါကန့်ကွက်မည်၊ ဘာသာရေးအရလည်း မင်းကို ခြေဖြတ်ပစ်ရမည်၊ လက်ဖြတ်ပစ်ရမည်၊ ဟိုဟာဖြတ်ပစ်ရမည်၊ သည်ဟာဖြတ်ပစ်ရမည်…. လိုအပ်လာလျှင် ဥပဒေတွေပါ… ပြဌာန်း၊ ကျောက်ခဲနဲ့ပစ်ပေါက် သတ်ပစ်သင့် သတ်ပစ်မည်။

လူတွေဟာ ငတုံးဈးကွက် ဆက်လက်တည်တံ့ရေးကိုပဲ ဦးစားပေးပြီး လူသားအားလုံး လွတ်လပ်စွာ ကြီးထွားခွင့်၊ ရင့်ကျက်ခွင့်၊ တွေးခေါ်ရှင်သန်ခွင့်ကို စောက်ရေးမထား။

3 comments

  • lele kyi

    September 24, 2013 at 5:20 am

    နိုင်ငံရေးအကြောင်းစိတ်မဝင်စားဘူး။နားမလည်ဘူး။ ဒါနိုင်ငံရေးသမားတွေအလုပ်။(ဟိဟိ-အဆဲခံချင်လို့)
    အချစ်အကြောင်းပဲပြောတော့မယ်..ငတုံးဈေးကွက်ကြီးထွားဖို့ မားကတ်တာများမလိုဘူးလားဟင်။

  • KZ

    September 24, 2013 at 8:22 am

    မင်းရဲ့ စစ်ဘောင်းဘီကို ချွတ်လိုက်မှ …………
    တွေ့လိုက်ရပြီ ……….. (အဲ အဲ) … ချိတ် ထမီတွေ…………

    ဟိ။
    မီးက ခေါင်းစဉ်မြင်လို့ အဲဒီသံစဉ်ကို စာသားသွင်းမိတာပါ။

    😀

  • အလင်းဆက်

    September 24, 2013 at 7:07 pm

    ဒါဟာ အညှစ်တဲ့လားးး
    အဲဒါ အညှစ်တဲ့လား
    ဒါများ အညှစ်တဲ့လားတဲ့ ပြန် ပြောဦးးး

    ဘာမန့်ရမမှန်းမသိလို ့နှာကျိုးသံနဲ့ သီချင်းဆိုနေတာ

    :kwi:

Leave a Reply