အဖြေပေးခြင်း

တကယ်တော့ အစက ဒီပဟေဠိအစီအစဉ်ကို ဒီလိုလုပ်မယ်လို့ စိတ်မကူးခဲ့ပါဘူး။ ထူးထူးခြားခြားလေးဖြစ်အောင်လို့ နာမည်တွေကို တိုက်ရိုက်မပြောဘဲ ထည့်ထားခဲ့ရုံလောက်ပါပဲ။ ဒါပေမယ့် ပြခန်းကို ပရိုမိုးရှင်းလုပ်သလိုလည်း ဖြစ်အောင်၊ ပြခန်းကိုလာတဲ့သူတွေအတွက် ပျော်စရာလေးလည်းဖြစ်အောင်ဆိုပြီး ဆုပေးမယ့် အစီအစဉ်လေးကို လုပ်ဖြစ်လိုက်ပါတယ်။ တကယ်လည်း ပျော်စရာကောင်းပါတယ်။ ကိုရာမည နဲ့ ကိုဘီယာ ရဲ့ ပို့စ်တွေ အပြိုင်အဆိုင်တက်လာတာကိုကြည့်ပြီး တော်တော်လည်း ဝမ်းသာမိပါတယ်။ အခုလို ပါဝင်ပေးတဲ့အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် (သဂျီးကို မွဲဆေးဖော်တဲ့အနေနဲ့) အဖြေတွေကို ပို့စ်တစ်ပုဒ်တင်ပြီး ပြောပြလိုက်ပါတယ်။

၁။
တကယ်တော့ ကွက်လပ်ထားခဲ့တာ မဟုတ်ပါဘူး။ ပို့စ်ကို အချိန်စာရင်းနဲ့ တင်ပြီးတဲ့အချိန်မှာမှ တော်သလင်းလဖွဲ့ဆိုတဲ့ ကဗျာကို ရလာခဲ့တာပါ။ ပို့စ်မတက်ခင်ကြားရက်ထဲမှာကလည်း ဖျားနေတာနဲ့ ပို့စ်ကို သွားမပြင်နိုင်ခဲ့ပါဘူး။ ကဗျာဆရာအမည်မပါဘဲနဲ့ ပို့စ်တက်သွားတဲ့အချိန်မှာ ဘယ်သူကများ အရေးတယူနဲ့မေးလာမလဲဆိုပြီး ထပ်မဖြည့်ဘဲ ထားထားခဲ့ပါတယ်။ ဒါကို သေချာရှာပြီး ဖြေပေးတဲ့ ကိုမဟာမြန်မာကို ကျေးဇူးတင်ပါတယ်။ အဖြေမှန်က ဖိုးသူတော်ဦးမင်း ဖြစ်ပါတယ်။

၂။ သူ့ကလောင်နာမည်လေး ပေးဖြစ်ခဲ့ပုံက ယုံကြည်ရာလမ်းကို လျှောက်လှမ်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ပါတဲ့။
သဂျားမင်းကတော့ လှမ်းပြောပါတယ်။ ဒီစာကြောင်းလေးကို ဖွက်တာ အမွန်လွန်သလိုပဲတဲ့။ သူတောင် မသိဘူးတဲ့။  ဟုတ်တော့ဟုတ်ပါတယ်။ လုံမတောင် အဲဒီကဗျာဆရာနဲ့ စကားပြောဖြစ်ရင်းနဲ့မှ သူပြောလို့ သိတာပါ။ (ဒီပဟေဠိကို ဖွက်ဖု့ိလည်း သူ့ဆီက ခွင့်ပြုချက်တောင်းထားပါတယ်။) ကိုမဟာမြန်မာကတော့ ခရီးသည်ကြီးဆိုပြီး အနီးစပ်ဆုံး ဖြေသွားခဲ့ပါတယ်။ စဉ်းစားကြည့်ရင်လည်း ခရီးသည်ကြီးက အဖြစ်နိုင်ဆုံးပါပဲ။ ဒါပေမယ့် မော်ဒန်ရေးနေကျ ကဗျာဆရာတစ်ယောက်ရှိသေးတယ်လေ။ ကိုမဟာကတော့ သတိတရနဲ့ ထပ်ဖြည့်ပေးတယ်။ ကိုကမ်းဝေးတဲ့။ သူ့နာမည်က မြန်မာလိုစဉ်းစားကြည့်ရင်တော့ လုံးဝဆန့်ကျင်ဘက် အဓိပ္ပာယ်ပါ။ အင်္ဂလိပ်လိုဆိုရင်တော့ Come နဲ့ Way ကို ပေါင်းထားပါတယ်။ ကိုကမ်းဝေး ပါ။ ကမ်းနဲ့ အဝေးကြီးကို ပြောချင်တာ မဟုတ်ဘူးတဲ့။ Come Way ပါတဲ့ရှင်။

၃။ မြန်မာအက္ခရာ နောက်ဆုံးစာလုံးနဲ့စပြီး တတိယစာလုံးနဲ့ပိတ်ထားတဲ့ စာလုံးနှစ်လုံးတည်း နာမည်ပိုင်ရှင်
ပြောပါတယ်။ အစက ဒီလိုမျိုးအစီအစဉ်လုပ်ဖို့ မစဉ်းစားထားပါဘူးလို့။ အဲဒါကြောင့် စာလုံးနှစ်လုံးတည်း ဆိုတာကို ထည့်ပေးထားတာပေါ့။ နဲ့ ကတော့ လူတိုင်းသိပေမယ့် “စာလုံးနှစ်လုံးတည်း” သာ မထည့်ပေးဖြစ်ရင် နည်းနည်ခက်ဦးမှာ (ဟိ)။ ဟုတ်ကဲ့။ အဖြေမှန်က ကိုအာဂ ပါ။ နှစ်ယောက်စလုံးရဲ့ အဖြေ မှန်ပါတယ်နော်။

၄။ ပြခန်းတာဝန်ခံတစ်ယောက်နဲ့ နာမည်ဆင်ဆင်တူတဲ့သူ

လူကလေး လို့ မှန်းကြပါတယ်။ ဒါနဲ့ လုံမလည်း သူ့ကို မသိကြဘူးလားမသိဘူးဆိုပြီး ပြခန်းတွေထဲ အပြေးအလွှားဝင်ရှာရသေးတယ်။ တော်သေးတာပေါ့။ ပြခန်း (၆) မှာ သွားတွေ့တယ်။ အလင်းဆက် နဲ့ နာမည်ဆင်တဲ့ လင်းစက်ရာ ဖြစ်ပါတယ်။

၅။ ရွာပြင်ဇနပုဒ်မီးမှိန်မှိန်လေးမှာနေတဲ့ ရာသီစာရောင်းသူတစ်ယောက်
လေးခရဲ့ သင်္ကေတလို့ ပြောရမလားမသိဘူး။ လေးခနဲ့ စခင်ကတည်းက အဲဒီစကားလေးကို ကြားရသလို ပို့စ်တွေ ကွန်မန့်တွေထဲမှာလည်း တွေ့ဖြစ်နေပါတယ်။ သဘောကျမိတဲ့ စကားလေးပါ။ နောက် လရာသီကဗျာလေးတွေလည်း ရေးတော့ မှန်းရလွယ်အောင် ပေးထားတာပါ။ ဦးခင်ခ ပါရှင်။

၆။ အဖနိုင်ငံရဲ့နာမည်နဲ့ လူတစ်ယောက်
သဂျီးကို သတိရလို့ ရေးဖြစ်တာပါ။ နိုင်ငံ ဆိုတာပါကတည်းက ကိုမဟာမြန်မာ မှန်း သိမယ်လို့ ထင်ပါတယ်။

၇။ ကဗျာရေးတဲ့ ဓာတ်ပုံဆရာ
လေးပေါက်မှန်း သိနိုင်မယ်လို့ ထင်ထားတာ။ အင်ဇာဂီလို့ ဖြေသွားတော့ ဒါလည်း ဖြစ်နိုင်တာပဲလို့ စဉ်းစားမိတယ်။ အဖြေမှန်က ကိုပေါက် (မန္တလေး) ပါ။

၈။ ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းထုတ်တဲ့ ကုမ္ပဏီတစ်ခုရဲ့နာမည်
ဧည့်သည်ကဗျာဆရာဆိုတာက လုံမပြခန်းမှာ မပါဖူးလု့ိ ပြောလိုက်တာပါ။ ကိုရာမညက သေသေချာချာ ဖော်သွားနိုင်ပါတယ်။ Sony ဖြစ်ပါတယ်။ အဟင့်…လုံမ လျှမ်းသွားတာက Sony မဟုတ်ဘဲ Sonny ပါ။ နှစ်ယောက်စလုံးကို အရှုံးပေးပါတယ်။  ရအောင်ဖော်နိုင်တာကိုလည်း ချီးကျူးပါတယ်။

၉။ သူ့နာမည်ရဲ့ အသံထွက်ကို အင်္ဂလိပ်လိုပြန်လိုက်ရင် It is difficult တဲ့
နှစ်ယောက်လုံး ဖြေနိုင်ပါတယ်။ ခက်သီ ဖြစ်ပါတယ်ရှင်။

၁၀။ ရွာလူကြီးတစ်ယောက်ရဲ့ ဇကာတင်ပါတဲ့ ပို့စ်ထဲက မင်းသား
ရအောင်ဖော်နိုင်တာကို အံ့ဩမိပါရဲ့။ ဟုတ်ပါတယ်။ ဝါသနာဘာဂီ ပို့စ်ထဲက နာမည်ကြီးမင်းသား အံစာတုံး ပါ။

၁၁။ ပြခန်း (၆) တုန်းက နာမည်ကြီးသွားတဲ့မင်းသား
ကိုဘီယာက လွယ်တာကို ခက်အောင်စဉ်းစားတာကိုး။ ပို့စ်ကို မစဉ်းစားဘဲ ကွန်မန့်တွေကို စဉ်းစားတော့ အင်ဇာဂီလို့ ပေါ်လာတာပေါ့။ အဖြေမှန်က မိုးမင်းသား ပါ။

၁၂။ အစက်အပြောက်မဟုတ်ဘဲ ဆက်ပေးချင်ပါတယ်ဆိုတဲ့ မော်ဒန်ကဗျာဆရာတစ်ယောက်
သူ့ကို စသိတဲ့အချိန်မှာ “အလင်းစက် မဟုတ်ဘူး။ အလင်းနဲ့ ဆက်ပေးချင်တဲ့ အလင်းဆက်” လို့ ရှင်းပြထားတာကို သတိရနေမိလို့ ဒီလိုရေးလိုက်တာပါ။ မော်ဒန်ကဗျာဆရာဆိုတော့ စဉ်းစားရတဲ့ဘောင်လည်း ကျဉ်းသွားပါတယ်။ အဖြေက အလင်းဆက် ပါ။

ဘာပဲပြောပြော ဝိုင်းကာဝန်းကာနဲ့ ကဗျာပြခန်းကို စည်ကားအောင်လုပ်ပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ (နောက်ခါလည်း ဒီလိုတွေလုပ်ပြီး ပွိုင့်တိုးအောင် လုပ်ကြတာပေါ့နော်..ဟီး)  နောက်တစ်ခုက ကိုရင်ရာမည တွဲပေးထားတဲ့ ကဗျာစာရင်းက အတော်များများမှန်ပါတယ်။ ဒါပေမယ့် ကဗျာပြခန်း စည်းကမ်းအရ ဒီအဖြေကိုတော့ နောက်ပြခန်းမှပဲ ပြောပြပေးပါမယ်လို့။ အခုတော့ ကိုရာမညရော၊ ကိုမဟာကိုရော စာအုပ်လက်ဆောင်ပေးချင်ပါတယ်။ လိုချင်တဲ့စာအုပ်နာမည်ကို lonmalaymonmon@gmail.com ကို မေးလ်ပို့ပြီး ပြောပြပေးပါနော်။

ခင်တဲ့
လုံမလေး

18 comments

  • ခရီးသည်ကြီး

    September 24, 2013 at 10:49 am

    ကျုပ်​ကယုံကြည်​ရာလမ်​းကိုသွား​နေတာမဟုတ်​ ။
    မသွားမဖြစ်​လို့ ထားရာ​နေ ​စေရာသွား​နေရတာဗျ ။

  • Mahar Myanmar

    September 24, 2013 at 10:55 am

    စာအုပ် ပေးရင် လက်မှတ် လေး ထိုးပေး လိုက် နော်…
    အမှတ် တရ ပေါ့..
    အလင်း ဆက် နဲ့ တူ တဲ့ လင်းစက်ရာ ဆိုတာ
    ကန့်ကွတ် ချင်တယ် ဗျာ…မတူ ဘူး လို့ ငြင်း နိုင်တယ်
    သူကလေး က လူကလေး နဲ့ တစ်ထပ်တည်း လေ..
    မိုးမင်းသား က ဖမ်း ပြီး ခေါ်လာ မှ လမ်းမှာ ထွက်ပြေး သွားပါတယ်
    ဆို… ကံ ပေါ့ လေ…

    ကျေးဇူး ပါ…မွန်မွန်

  • Mahar Myanmar

    September 24, 2013 at 11:00 am

    သင့်တော် မယ့် စာအုပ် ကလေး ဝယ်ပြီး
    ဒါဇင် ပလပ်စ် မှာ ထည့် လှူပေး ပါ လား ….
    မွန်မွန် လက်မှတ် ကလေး ထိုးပြီး ပေါ့…

  • kyeemite

    September 24, 2013 at 11:31 am

    အော်…မွန်မလေး လုံလုံက
    ရွာလူကြီးတစ်ယောက်ရဲ့ ဇကာတင်ပါတဲ့ ပို့စ်ထဲက မင်းသား ကို အဖြေပေးလိုက်တာကိုး..ခွိ ခွိ 😀

  • KZ

    September 24, 2013 at 11:35 am

    ကံကောင်းလို့ နာ ဝင်ဖြေရင်တောင် ၃ ခုလောက် မှားဦးမှာ။

    😀

    • လုံမလေးမွန်မွန်

      September 24, 2013 at 1:38 pm

      ဂလိုဆို.. မှားတဲ့သူ မုန့်ကျွေးကြေးဆိုပြီး ပြခန်းတာဝန်ခံတွေကို ဖြေခိုင်းပါတယ်.. 🙂

  • အလင်းဆက်

    September 24, 2013 at 11:50 am

    လင်းစက်ရာ က..ကျွန်တော်နဲ ့ ခပ်ဆင်ဆင်တူတာပါ ။
    ကျွန်တော်ရွာထဲ ဝင်ကာစက… alinsett ဆိုတဲ ့နာမည်ကို ပြထားတော့..
    အလင်းစက် လို ့ပဲ.. ခေါ်နေကြတာ…။

    အဲဒါနဲ ့..ပဲ…
    အစက်အပြောက်လေး မဖြစ်ချင်တဲ ့….
    အလင်းတွေနဲ ့..ဆက်ပေးချင်တဲ ့သူ…အလင်းဆက် ပါ ဆိုပြီး….
    ကြေငြာခဲ့ရ…တာ..
    အခုတော့.. အလင်းဆက် လို ့..ပဲ..ပြထားလိုက်တော့တာ…
    အဲဒါတောင်.. အရင် alinsett ကိ်ု သတိတရနဲ ့ အလင်းစက် လို ့.. လာလာခေါ်နေသေးတဲ့
    မိတ်ဆွေတွေ.. ရှိပါ့ ။

    မော်ဒန်ကဗျာဆရာတစ်ယောက်ဆိုတဲ ့ စကားနဲ ့ ကျွန်တော့်ကို ညွှန်းဆိုထားတာကိုလည်း…
    အတွေးတွေ ဆင့်ပွါးနေမိသေးတယ် ။
    အဲဒီ စကားလုံးကို.ရှင်းချက် ထုတ်ပါဦးမယ်..။

    ကျွန်တော်က…….မော်ဒန်ကဗျာဆရာ ဟုတ် / မဟုတ်ပေါ့ ။

    :kwi:

  • ခင် ခ

    September 24, 2013 at 1:16 pm

    ပဟေဠိအစီအစဉ်ကို ပြုစုရေးသူ လုံမလေးမွန်မွန်လည်း တော်သလို စဉ်းစားကာ ဖြေကြတဲ့ ကိုရာမည နဲ့ မဟာမြန်မာ တို့လည်း တော်ကြတယ်ဗျ။ ဒါကြောင့် ဒီ သုံးယောက်ကိုတော့ ဟို ရွာပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီကာနေတဲ့ ခင်ခ က ချီးကျူးမိပါရဲ့။

    • Mahar Myanmar

      September 24, 2013 at 4:23 pm

      လျှပ်စစ် က ကိုခင်ခ အိမ် ပေး မလို့ ပါ ဗျာ..ပိုလျှှံ နေလို့ နိုင်ငံခြား
      အိတ်စပို့ လုပ် နေတုန်း မို့..ခဏ သီး ခံ ပါ..
      မီး လာ အောင် ..မိုးရွာ ဖို့ ဆုတောင်း ပါ
      ဖယောင်း တိုင် ထွန်း ပါ….
      ထမင်း တစ်နပ် လျှော့ စား ပါ… လို့
      အကြံ ပု ပါတယ် နော်..

  • လူကလေး

    September 24, 2013 at 3:53 pm

    ဟားဟား.. အဲဒါကြောင့် ငါဘာမှ မရေးပေးမိလိုက်ပါဘူးစဉ်းစားနေတာ…. အော် .. နာမည်ကြီးဆိုတော့လည်း ဒီလိုပဲ “တ” မိကြမှာပေါ့လေ.. နားလည်ပေးရတာပေါ့.. ငှဲငှဲ..

  • Mahar Myanmar

    September 24, 2013 at 4:33 pm

    အဲဒါ ပြော တာ ပေါ့…
    အလင်ဆက် နဲ့ လင်းစက်ရာ
    သူကလေး နဲ့ လူကလေး
    ဘယ်ဟာ က ပို ဆင် လဲ…
    ကျုပ် တင်း နေတာ ဗျ….
    ဒေါ်ကြီးလုံး နှစ်ပေါက် တစ်ပေါက် ရိုက် တာ လေ…

    • လူကလေး

      September 24, 2013 at 5:33 pm

      မှန်ပဗျာ.. ထောက်ခံတယ်ဗျို့ .. ဒေါ်ဂျုံးလီကို ဖဲ့ချင်နေတာ ကြာပေါ့ .. ဒီတခေါက်တော့ မဟား ဘက်က ပါမယ်ဗျာ.. ဟေ့ ဟေ့.. ရှင်းစမ်း .. ဒေါ်ဂျုံးလီ.. ဒို့က ပိုဆင်တာနော်.. ဟင်းဟင်း

      • လုံမလေးမွန်မွန်

        September 25, 2013 at 9:30 am

        ခပ်ဆင်ဆင်လို့ပဲ ပြောတာလေ… အတော်လေးဆင်တယ်လို့မှ မပြောတာ…. နာ့ကို လာမငြင်းနဲ့နော်… နာပြောသလိုလုပ်..နာလုပ်သလိုမလုပ်နဲ့..ဒါဗျဲ…

  • ကိုရင်စည်သူ

    September 24, 2013 at 9:35 pm

    ကျော်က ဘာမှမသိလို့ ဘာမှဝင်မဖြေခဲ့ဒါဘာ…။ မမွန်မွန်…
    ကျော့် ဆိုရင်ဒေါ့ ပဟေလိတွေ ဒီမှာမေးတော့ဘူး.. ကျော့် သဲကို ကျော့်ဘာသာမေးပီးး
    မှားရင် ဘီယာတိုက်ခိုင်းမယ်… မှန်ရင် ဘီအီးတိုက်ခိုင်းမယ်… :mrgreen:

  • ရာမည

    September 27, 2013 at 10:12 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျာ
    ရပ်ဝေးရောက်နေပါသောကြောင့်နောက်တစ်ခါဖြေဆိုပြီါ်းမှသာ လက်ဆောင်ယူပါတော့မယ်ခင်ဗျာ

Leave a Reply