“ဖတ်နေအုံးမှာ ဂဇက်ရွာ´´

ခင္ခSeptember 24, 20131min22010

“ဖတ်နေအုံးမှာ ဂဇက်ရွာ´´

 

ရွာပြင်ဇနပုဒ် မီးလေးမှိန်တုတ်

တကုတ်ကုတ်နဲ့ ဘာတွေလုပ်

ဂဇက်စာတွေ ဖတ်ကာရှုပ်။

တစ်နေ့မဖတ်ရ မနေနိုင်

အချိန်တန်တော့ ဝင်မိပြန်။

ရေးချင်ပေမယ့် အခုတော့နား

လမ်းပေါ်အော်ကာ နုတ်ဆက်သွား

“ဦးခင်ခကြီး ဘာတွေလုပ်´´။

လှမ်းကာကြည့်ပြီး ပြန်အော်တယ်

“ဂဇက်ပိုစ့်များ ဖတ်နေပါတယ်´´။

 

 

ခင်ခ။

10 comments

  • အရီးခင်

    September 24, 2013 at 2:48 pm

    အဲဒီ လို သံယောဇဉ် အတွက် ကျေးဇူးကြီးပါ ကိုခ ရေ။ 😛

  • KZ

    September 24, 2013 at 2:59 pm

    အဟင့်။
    ပြောရရင် သာမီးမှာလည်း ရင်နဲ့လွယ်ထားရတဲ့
    ဟို
    အဲ
    စကားတွေ ရှိတာပေါ့လို့………………

    😀

    ပြောပါရစေနော်။
    ဟိဟိ

    သာမီး ပျော်ရွှင်နေသရွေ့ ရွာက ကုတ်နဲ့ကော်ထုတ်တောင် မခွါပါဘူးလို့။ ဟိ
    😀

  • ဦးကျောက်ခဲ

    September 24, 2013 at 3:02 pm

    ဆရာခရေ… ဆွေဝေးမျိုးဝေး တနယ်တကျေးမှာ နေရသူမို့…
    ဂဇက်ရွာထဲမှာ စာရေး၊ ဘော်ဒါများနဲ့ ပွါးရတာ အရသာတွေ့နေလို့…
    လွယ်လွယ်နဲ့ ရွာသံယောဇဉ် ပျက်နိုင်ဦးမယ် မထင်ဘူး…
    ဒီလိုပဲ ဝိုင်းဝန်းကြတာပေါ့ဗျာ… 😛

  • ခရီးသည်ကြီး

    September 24, 2013 at 3:13 pm

    ကိုခင်​ခ နဲ့ ဦး​လေးဦး​ကျောက်​ခဲ မ​ကေဇီတို့လည်​း
    ဝင်​​ရောက်​ဖတ်​​​ပေးနိုင်​ရင်​ ….
    ကျုပ်​လည်​း ..

    ဲကိုခင်​ခ နဲ့ ဦး​လေးဦး​ကျောက်​ခဲ မ​ကေဇီတို့လည်​း
    ဝင်​​ရောက်​ဖတ်​​​ပေးနိုင်​ရင်​ ….
    ကျုပ်​လည်​း ..

    • KZ

      September 24, 2013 at 3:26 pm

      ဘယ်သူ့ကို ဖက်ရမတုန်းးးး
      ဖက်ဦးမှာ။

      အဲလေ အမြင်မှားလို့။
      မီးကို တရားခံမရှာနဲ့နော်။
      ခင်ညားက ကိုးကျင်းကိုးကျောင်းသွားပြီး ဘယ်သူမှဖမ်းမိနိုင်တာဟုတ်ဘူးရယ်။

      😀

      ကိုကြီးခ
      မြင်တယ်နော်။
      ကျုပ် ကော်မန့်တစ်ခုပဲ နိသွားတာ။
      အရမ်းဝမ်းနည်းတယ်။ 😥
      ဟိ။
      မန်ကျည်းဖျော်ရည်လေးသောက်ဦးမှ…..
      :mrgreen:

      • ခင် ခ

        September 24, 2013 at 3:41 pm

        အနီရောင် လက်ဆောင်ရှင်လို့ ဒေါ်ကေဇီက ထင်ကြေးပေးခံနေရပြီးသားပါဗျ။
        (စက်တင်ဘာ ၂၃ ရက် ) နေ့က တင်ထားတဲ့ပိုစ့်တွေ မနက်ဖြန် ၃ နာရီ ရောက်တာ နဲ့ ရေတွက်ပြီးရင် “အနီချင်းပြိုင် နိုင်မတဲ့လား´´ လက်ဆောင်ဆု နိဂုံးပိုစ့်ကို တင်ဖြစ်မှာပါ။ ရေးတော့ပြီးပါပြီ အဲဒီ တစ်ရက်စာလေး ရေတွက်ဖို့အချိန်စောင့်နေလို့ပါဗျ။
        ထိုပိုစ့်တင်ပြီးရင်တော့ ကဗျာထဲကလို ခင်ခ ဂဖက်ပိုစ့်တွေကို ဖတ်ဘဲ ဖတ်နေတော့မယ်လို့ ………။
        အနီရောင်နယ်မြေမှ အစိမ်းရောင်ဘဲလွှမ်းကာ သူပုန်ကင်းရင်ဖြင့် ပိုစ့်လေးတွေ ရေးဖြစ်လေမလား ဆိုတာကဖြင့်……

  • kyeemite

    September 24, 2013 at 4:17 pm

    ဒီနေ့တော့ စာဖတ်တာတော်လောက်ပြီဗျာ…
    အတွေးရေယဉ်ကြောမှာမျောလိုက်အုံးမယ် ကိုခရေ 🙁

  • အလင်းဆက်

    September 24, 2013 at 6:52 pm

    ဟိုဘက်မှာ အရီး ပြောသွားတာလေးးး

    အခုလက်ရှိ ဂဇက်မှာ စာရေးနေတာ အယောက်အစိတ်တောင် ရှိရဲ့လား လက်ချိုးရေ ကြည့်ရင်

    အခုလက်ရှိ ဂဇက်မှာ စာရေး စာဖတ် သံယောဇဉ်မပြတ်နိုင်သူတွေ ထဲ

    လေးခ ပါတယ်

    🙂

    • ခင် ခ

      September 24, 2013 at 7:27 pm

      ကိုအလင်းဆက်ရေ သံဃောဇဉ် ရှိတာနဲ့ စိတ်မချမ်းမြေ့တာနဲ့ ဒွန်တွဲနေတဲ့ ဦလေးတစ်ယောက်လိုပေါ့ဗျာ
      တူတော်မောင်တစ်ယောက်က ဆိုးလွန်းနေတာကို တွေ့နေတော့ ဦးလေးဖြစ်သူက ဒီကောင်ကြည့်လိုက်ရင် စိတ်ချမ်းသာစရာမရှိဘူးဗျာ ဆိုလို အဲဒီဦးလေးကို ဒါဆို တူတော်မောင်ကို ခင်ဗျ ဂရုစိုက်မနေနဲ့ သံဃောဇဉ်ဖြတ်လိုက်ပေါ့ ပြောတော့လည်း မဖြတ်နိုင်ဆိုသလိုပေါ့ဗျာ။
      အဲဒီတော့ စိတ်မချမ်းသာပေမယ့်လဲ ဘာများဖြစ်လေမလဲ ထိုင်ကာကြည့်နေမိတာပါဘဲလေ။

  • Mr. MarGa

    September 24, 2013 at 7:41 pm

    မစ္စတာ မာဃ ဆိုတဲ့ ဦးမာဃဟာ မန်းဂဇက်မှာ အစပြုတာတော့ မဟုတ်ပေမင့်
    ဒီနာမည်ဟာ မန်းဂဇက်ကနေ ဖြစ်လာတာပါ။
    မန်းဂဇက် မရှိရင် Mr.MarGa ဆိုတဲ့ ဒီ သဂျားလည်း မရှိတော့မှာတော့ သေချာတယ်။
    ဂဇက်ကနေ ဒီနာမည် ရတယ်
    ဂဇက်ကနေပဲ မိတ်ဆွေတွေ ရတယ်။
    ဒီ ဂဇက်ကနေပဲ ပတ်ဝန်းကျင်သစ် တစ်ခုကို တွေ့ခဲ့တာ။
    ဒါကြောင့်
    ဦးမာဃ ကတော့ ဒီ ဂဇက်မှာပဲ ရှိနေဦးမှာ
    ဖတ်နိုင်တဲ့အထိ ဝင်ဖတ်၊ ဝင်မန့်၊ ဝင်ရေးနေဦးမှာ
    ကုတ်နဲ့ ကော်ထုတ်တောင် မထွက်မယ့် သူတွေထဲမှာ ဦးမာဃ ပါတယ်
    လေးခရေ
    ခံစားချက် ပါသွားရင်တော့ ခွင့်လွှတ်ဗျာ

Leave a Reply