ဖြစ်ရပ်မှန် မှ ဖြစ်ရပ်မှန် သို့

Main ComputerSeptember 24, 20132min1514

Normal
0

false
false
false

EN-US
X-NONE
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ဖြစ်ရပ်မှန် (၁၊၂၊၃) တွေကိုရေးသားပြီးနောက်ပိုင်း ရွာထဲကိုမရာက်ဖြစ်ခဲ့တာ ကြာလှပေါ့။

အခုတော့ရေးစရာအကြောင်းအရာလေးတွေပေါ်လာလို့ရောက်ခဲ့ရပြန်ပါပြီ။ Jumbo

မှာလုပ်တုန်းက ဝန်ထမ်းအခွန်ကိစနဲ့ပတ်သက်ပြီးရေးခဲ့ရာက ဆရာကိုကြီးမိုက်နဲ့ အဖွဲ့

Seminars ထိုင်ခဲ့ကြပြီး နိုင်ငံတော်က ကောင်းကြိုးကိုဝန်ထမ်းတွေခံစားခဲ့ကြရပါတယ်။

အခုဝန်ထမ်းအဖြစ်ကထွက်ပြီး နယ်ကအိမ်ရောင်းရငွေလေးနဲ့ တာမွေမြို့နယ်မှာ စာစီစာရိုက်နဲ့ဖုန်း အရောင်းဆိုင်လေးကိုဖွင့်လို့တစ်ပတ်မကြာသေးဘူး။ စည်ပင်ဝန်ထမ်းတွေရောက်လာပြီးလုပ်ငန်းလိုင်စင်လုပ်ရမယ်ပြောပါတယ်။  လိုအပ်တဲ့ထောက်ခံချက်တွေအတွက် ၅သောင်းကျော်နဲ့ လိုင်စင်ကျလာရင်၅သောင်းကျော်ထပ်ကုန်မယ်လို့ပြောပါတယ်။ လိုင်စင်အတွက်ကတော့ အမှန်တကယ်ကျသင့်သလောက်ဆောင်မယ်။ ထောက်ခံချက်တွေ ကိုယ်တိုင်လိုက်လုပ်မယ်ပြောတော့ အုပ်ချုပ်ရေးရုံးတွေ၊ရဲစခန်းနဲ့

ကျန်းမာရေးဌာန စသဖြင့်အစုံလိုက်လုပ်ရမယ်။ ဘယ်လောက်ခက်ခဲတယ်။ကိုယ်တိုင်လုပ်လို့မရနိုင်ဘူး။ ကိုယ်တိုင်လိုက်လုပ်ရင်လဲ သူတို့ကို ၃သောင်းခွဲတော့ပေးရမှာပဲပြောလို့

ငွေ၅သောင်းခွဲ စုဆောင်းပြီးပေးလိုက်ရပါတယ်။ လိုင်စင်ကျမယ့်ရက်ကိုတော့ ရင်တထိတ်ထိတ်နဲ့စောင်မျော်ပြီး ဈေးရင်းမယ့်ငွေထဲကငွေ ၅သောင်း မထိရက်မကိုင်ရက်ထားခဲ့ရပါတယ်။

အဲဒီလိုနေရင်းနဲ့ လွှတ်တော်ဆွေးနွေးပွဲသတင်းနဲ့MRTV ကနေ လုပ်ငန်းသေးလေးတွေ

အခွန်မှတ်ပုံတင်ခ ၃နှစ်ကင်းလွတ်ခွင့်ပေးထားကြောင်း။ လုပ်ငန်းသေးသေးလေးတွေစတင်တည်ထောင်ကြဖိုကြေညာချက်တွေထွက်လာတော့

မှတ်ပုံတင်လိုင်စင်ကြေး ၅သောင်းကျော်သက်သာသွားပြီ။ဈေးရင်းလို့ရပြီဆိုပြီး ဝမ်းသာမှုနဲ့အတူ နိုင်ငံတော်ကိုကျေးဇူးတင်ခဲ့မိပါတယ်။

ဝမ်းသာလို့မှမဆုံးသေး။ ဒီနေ့ ၂၄.၉.၂၀၁၃ နေ့လည်လောက်မှာ စည်ပင်ဝန်ထမ်းအဖွဲ့ရောက်လာပြီး လိုင်စင်ကဒ်ပြား (တံဆိပ်တုံးတော့ပါတယ်။ လူကြီးလက်မှတ်တစ်ခုမှမပါဘဲ ) ပြပြီး လိုင်စင်ကြေး ၄သောင်း၂ထောင်လာတောင်းပါတော့တယ်။ အခွန်ကင်းလွတ်ခွင့်ကြေညာထားကြောင်းသူတို့ကိုပြောပြတော့ စည်ပင်ခွန်မပါဘူး

ဆောင်ရမယ်။ အခုမဆောင်မဆောင်နိုင်ရင် ရုံးမှာလာဆောင်ဆိုပြီး ပြန်ထွက်သွားပါတယ်။

သူတို့ပြောတာအမှန်လား။ ကျွန်တော်ယူဆတာပဲမှားသလား။ နိုင်ငံတော်ကပဲရှင်းရှင်းလင်းလင်း မကြေညာလို့လား။ ဘယ်ဟာကအမှန်ဆိုတာသိရဖို့

ရွာထဲက တတ်သိပညာရှင်များကူညီစေချင်ပါတယ်။ု

 

4 comments

  • Mလုလင်

    September 24, 2013 at 11:45 pm

    ကားလိုင်စင် သက်တမ်း တိုးဖို့တဲ့ . . . မြင်သာ ကညန ရှေ ့ မှာ ပွဲစားက အိမ်ကား ၃ သောင်း။ လုပ်ငန်းသုံးကား ၄ သောင်းတောင်းပါတယ်။ ကိုယ့်ဘာသာကိုယ် ဝင်လုပ်ရင် ၅၅၀ဝ ဝန်းကျင်ပဲ ကျသင့်ပါတယ်။ Light Truck ကို ကုန်တင် လိုင်စင် အတွက် စုံစမ်းတော့ ပွဲစား က ၁ သိန်း ၆ သောင်း တောင်းပါတယ်။ ကိုယ့်ဘာသာကိုယ် လုပ်တာ . . ၂ သောင်း မပြည့်တပြည့် ပဲကုန်ပါတယ်။ ၂ ရက်တော့ ကြာပါတယ်။ မြို ့နယ် စည်ပင် ရုံးကို သွားပြီး ကြီးပါတယ် ဆိုတဲ့ လူကြီး နဲ့ တွေ့ လိုက်ပါလို့ အကြံ ပြုပါရစေ …. နိုင်ငံ့ဝန်ထမ်း ဆိုတာ ပြည်သူ့ အခွန်နဲ့ စားနေကြတာပါ။. . . . အခွန်ထမ်း ပြည်သူ ဆိုတာ နယ်နယ် ရရ မှတ်လို့ . . . . Cheers Bro !!!!!!!!!!!

  • ဦးဦးပါလေရာ

    September 24, 2013 at 11:58 pm

    ကျုပ်နားလည်တာကတော့ နိုင်ငံတော်က လုပ်ငန်းမှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ပေးတယ်ဆိုတာ
    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို နှစ်စဉ်ဆောင်ရတဲ့ လိုင်စင်ကြေးပဲ ဖြစ်မယ်ထင်ပါတယ်

    ဝင်ငွေခွန်နဲ့ ရောင်းခွန် လဲ ကင်းလွတ်မယ်မထင်ပါဘူး

    ပြီးတော့ အဲသည် ကင်းလွတ်မယ့် လုပ်ငန်းငယ် ဆိုတာက Service နဲ့ Trading မပါဘူးထင်ပါတယ်။
    သက်ဆိုင်ရာ အလုပ်သမားမှတ်ပုံတင်ရုံးမှာ စာရင်းဝင်ထားတဲ့ လုပ်သားဆယ်ဦးနဲ့အောက် ကုန်ထုတ်လုပ်ငန်းငယ်တွေကိုပဲ ပြောတာလို့ ထင်ပါတယ်။

    ဘာပဲ ဖြစ်ဖြစ် အဲဒါက သိပ်မထူးပါဘူး..
    အခု ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီဆိုတော့ မကြာခင် ပြောဖို့ခက်တဲ့ ကုန်ကျစားရိတ်တွေလာပါတော့မယ်…

    • ဦးကြောင်ကြီး

      September 25, 2013 at 9:29 am

      ဗျောင်းဗျံ ဖြစ်နေသလားလို့ .. မိန်းဖရိန်ပေါဒဲ့ နိုင်ငံဒေါ်ဂ အခွန်အခ သုံးနှစ်ကင်းလွတ်ခွင့်ပေးဒယ်ဆိုဒါ ဝင်ငွေခွန် ဖြစ်မယ်ထင်တယ်။ ကုန်သွယ်ခွန်တောင် ပါချင်မှာပါမယ်။ ဘာလို့လဲဆိုဒေါ့ အခွန်သဘောသဘာဝ အရ ကုန်သွယ်ခွန်ဆိုဒါ ဝယ်သူဂ ပေးရတာလေ…။ ဝင်ငွေခွန်ဂဒေါ့ အရှုံးအမြတ် နှစ်ချုပ်စာရင်းအပေါ် မူတည်ပြတာ မဟုတ်လား..။ မြန်မာပြည်မှာတော့ အဲသလို တင်းကျပ်မထားနိုင်ဘူး။ စည်ပင်ခွန်၊ လိုင်စင်ခွန်တွေဂဒေါ့ သက်ဆိုင်ရာ ဌာနများရဲ့ ဘတ်ဂျက် အသုံးစားရိတ် ဖြစ်တာမို့ အဲဒီမှာ သွားစုံစမ်းမှ ရမည်ထင်၏။ သာမန်အားဖြင့်တော့ ကနဦးနှစ်တွေမှာ လျှော့လျှော့ပေါ့ပေါ့ လုပ်ပေးတတ်ပါတယ်။ မရလဲ ဆိုင်ဖွင့်ကာစဆိုပြီး ညှိပေါ့ဗျာ…။ ဒီတနည်းပဲ ရှိတော့ဒါကိုး…

  • kyeemite

    September 25, 2013 at 9:48 am

    ကိုမျိုးညွှန့်ရေ…မင်္ဂလာပါဗျာ
    စည်ပင်လိုင်စင်ကတော့ လွတ်မယ်မထင်ဘူးဗျ
    လမ်းဘေး ခေါင်းရွက်ဗျတ်ထိုးဈေးသယ်တောင် စည်ပင်က အလွတ်မပေးတာ..
    ကောင်းတာကတော့ အပေါ်က အမ်လုင်ပြောသလို စည်ပင်ရုံး ကိုယ်တိုင်သွားပြီး
    လူကြီးနဲ့တိုက်ရိုက်တွေ့မေးလိုက်ရင်ကောင်းမယ်ဗျ…

Leave a Reply