ရွာကိုပြန်ခဲ့ကြပါဗျာ… Come back please !!!!!!

Rodin's thinker

ကြီးမိုက်တစ်ယောက် အကြီးအကျယ်ကို စဉ်းစားတယ်…ရွာအကြောင်းပေါ့ဗျာ…

လူဟောင်းတွေဘယ်ရောက်နေလဲပေါ့…ဘာလို့ရွာတိတ်ဆိပ်လာတာလဲပေါ့..

ဂဇက်လူခြေတိတ်လာတဲ့ကိစ္စဟာ…ကျုပ်စဉ်းစားမိသလောက်…

၁။ အရင်ကလူများစုဟာ အင်တာနက်ကိုရုံးမှာအလစ်သုံးရင်သုံး

မဟုတ်ရင် ကိုယ်ပိုင်အချိန်မှာ နီးစပ်ရာအင်တာနက်ဆိုင်မှာ

ပိုက်ဆံပေးသုံး…ခဲ့ကြရတာပါ

၂။ အခုတော့ လက်ကိုင်ဖုန်းဆိုတာ ဆိုက်ကားသမားလောက်တောင်ကိုင်နေနိုင်တာ၊

အင်တာနက်ကို ပါအလွယ်တကူ လက်ကိုင်ဖုန်းနဲ့သုံးနေနိုင်လာတော့

အင်တာနက်ဆိုင်ဘယ်သူမှ တကူးတကမသွားကြတော့ပါဘူး

(ကျုပ်သူငယ်ချင်း အင်တာနက်ဆိုင်ဖွင့်ပီး လုပ်စားနေတဲ့သူတောင် နားကားနေပီ)

ဖုန်းအင်တာနက်မှာကလည်း လိုင်းသိပ်မကောင်းပေမဲ့…သစ်ထူးလွင်လိုဝက်ဆိုဒ်မျိုး

ဖေ့စ်ဘုတ်လိုမျိုးကတော့ ဖွင့်လို့ပြုလို့လွယ်ပါတယ်…အဲ…အဓိကကတော့

အင်တာနက်လိုင်းတွေ မကောင်းတဲ့ကြားမှာ..ကျန်တာတွေဖွင့်ရပေမဲ့

ကျုပ်တို့ချစ်တဲ့ မန်းဂဇက်ကတော့ဖွင့်မရပါဘူး…အံ့ဘွယ်သုတ

ကျုပ်ဖုန်းဆို  ဂဇက်ဖွင့်ရသေးတယ်…ဒါပေမဲ့ လော့အင်ဝင်လို့  မရပါဗျာ..

ဆိုတော့ ဂဇက်ရွာထဲ ဝင်ဖတ်ရင်တော့ဖတ်ကြလိမ့်မယ်..ကွန်မင့်ပေးဖို့တော့

ခက်ခဲသွားပါတယ်။ဒါဟာလည်းလူတွေနည်းစေတာပဲ။

 

 

၃။ တစ်ခါတလေ အင်မတန်ကောင်းနေတဲ့ ရုံးကလိုင်းတောင်..ကျန်ဝက်ဆိုဒ်တွေဖွင့်ရပြီး

ဂဇက်ကျတော့ ပရော်ဘလန်လုတ်ဒင်း ဖြစ်နေပြန်ရော(သဂျီးစဉ်းစားဘွယ်)

Firefox can’t find the server at www.myanmargazette.net.

 

ဘာပဲဖြစ်ဖြစ်ဗျာ…ကျုပ်ရွာသူရွာသားတွေအားလုံးကို သတိရနေပါတယ်ဆိုတာလေး

ပြောချင်တာပါပဲ…..

 

 

 

အီးတုံး နဲ့ အေကေကေအို

သိပ်မိလှ ပါသဗျို

ရွှေကြည်နဲ့ မိရွှေအိ ခင်လှပါပေ၏။

 

အာဂနဲ့ နွယ်ပင်

ပေါင်းဖက်ကြပျော်ပျော်ရွှင်

ကြောင်ဝတုတ်နဲ့ ရွှေတိုက်စိုး

ဗျစ်ဆိုင်ကိုဒိုး။

 

ဗိုက်ကလေးက ဖရဲသီးမြင်

ဘလက်ချောကိုခင်

မမ က သတ်ပုံပြ

ကိုနေးချား ညီမ။

 

မမှီ က ရွာကိုအဝင်

အစိမ်းသေ ကိုတင်

မှော်ဆရာက မျက်လှည့်ပြ

အင်ဇာဂီ က ရှီးနဲ့က။

 

 

ကိုထက်ဝေးက ဆေးဆရာ

ဧရာဝတီတိုင်းမှာ ဆေးကုတာ

သန်းထွဋ်ဦး နဲ့ နိဂိမိ

ဦးပါလေရာ ဖက် ပါ၏။

 

ကထူးဆန်း နဲ့ကလင်းဝေ

ဟိုတယ်တစ်လုံးမှာငှားလို့နေ

အဘဖေါကရောက်လို့သွား

မာဆတ် မဒီ တွေနဲ့ နှစ်ပါးသွား။

 

သဘောင်္ကြီးနဲ့ ကရင်စည်

ကမ်းဝေး လို့နေသည်

ပန်ပန်ချစ် ပြန်ပြန်ချစ်

ဟုတ်လှပြန်ဘိ။

 

အမတ်မင်းနဲ့ ကရဲစည်

ဖဲရိုက်နေကြသည်

မောင်ပေမှာ အဆောင်တွေနဲ့

ဘောပွဲလောင်းတာ ကွဲ။

 

ဘဲဥ နဲ့ ကိုစွယ်တော်

ကိုပေါက်ကြီး ကိုခေါ်

အညာတမာ မလာပေမဲ့

တောင်သမန် ကိုလှည့်။

 

ဒေါ်သဲနု အဖေါ်ပြုတာ

ဖေ့ဘုတ်တော် ကြီးပါ

ဆူးကိုပါခေါ်လာခဲ့

အဘဆွေကိုဖဲ့။

 

ကိုရင်မောင်နဲ့ အေးကေကေ

စိနပြည်ကြီးမှာနေ

ရှုံးလူ ခေါ် စိုင်းကွမ်းခေး

ကုလားပြည်မှာ တစ်ယောက်ထဲဆွေး။

 

ဂျော်နီအောင်ပု အကြိုက်ဟာ

ဖားပြုတ်အရက်ပါ

အံစာဟာ ဗျာတွေများ

မွန်မွန် ကို ကဗျာတွေနဲ့ပွား

မိုဘိုင်း အမြဲ ဆောင်ထား။

 

ရာမညက စုံထောက်ပါ

ဒီပါကို ဆီလာ

မောင်ခင်မင်(ကျွန်းချောင်း)

ပုချ် လေးကိုချောင်း။

 

ရွှေအိမ်စည် နဲ့ ရွှေနန်းရှင်

ကိုအီးတီ ကိုမြင်

သူရဇော် အတွေးတွေပွား

ခိုင်ခိုင့် အိမ်ကို်သွား။

 

ဦးဖက်တီး က မနေသာ

ရွာစားကျော်ကိုရှာ

နှင်းစက်လေးတွေ တဖွဲဖွဲ

ဦးကျောက်စ် ရဲ့ဂေါ်ပွဲ။

 

အရီးခင်က အင်ဂလန်မှာ

သဂျီးကိုအမြဲ ရန်ရှာ

စံလှကြီး နဲ့ ကိုကြောင်ဂျီး

မိုးပြာတွေကိုဆော်ပလော်တီး။

 

ကိုအောက်အော့ လည်းမလျှော့ပါ

သူ့အတွေး ကတကယ်ပြာ

သဂျီးခိုင်ကို သူအပိုင်ကိုင်ထား

ဖြိုး ကလေးနဲ့ငြား။

 

ကေဇီ နဲ့ ဝိုးတို့ဟာ

အစား ဝါသနာ

မလျှော့ တမ်းပင်စားနေကြ

လူကခပ်ဝ၀။

 

သကြားမင်းနဲ့ အလင်းဆက်ဟာ

ကဗျာဝါသနာပါ

ကိုခင်ခ ဆေးနည်းတွေပြ

ကိုဆန်နီ မှာကျန်းမာရ။

 

ကိုနိုဇိုမိ မူးတဲ့အခါ

ကိုမျိုးသန့်ကို ရန်ရှာ

မောင်ခိုင်မာ လပေါ်တက်

ဂျော်နီဒီးယားကိုဆက်။

 

မဟာမြန်မာ မြူးတဲ့အခါ

ကိုမင်းမင်းပါ  ပါ

မနှင်းဖြူ မှန်မှန်ပြော

နန်းတော်ရာသူနဲ့ရော။

 

နေဝန်းနီနဲ့ မောင်ဘလှိုင်

အရက်ခွက်ကိုကိုင်

ကော်ဘရာ အကြော်ရှာသွား

ကိုဇော်သန့် က အမျက်ပွား။

 

ဆောရိုးဝီဘာ အချစ်ဋီကာ

ကိုဆာမိေလး  မသိရှာ

ကိုသစ်မင်း ဈန်ဝင်စား

ဂျာပွန်နိုင်ငံသွား။

 

ဝင့်ပြုံးမြင့် ရဲ့ငါးပိရည်

ရောင်းကောင်းလှပါ သလေ

အောင်မိုးသူ မုန့်ဟင်းခါး

ကြီးမိုက် အကြော်နဲ့စား။

 

ကိုသုဝေ ဘီယာဝယ်

တက်တူးခ နဲ့ဖလှယ်

မနိုဗွီ မြွေကိုတွေ့

တရားရပါသဟေ့။

 

မအိက ဟင်းချက်စရာ

ရေးတင်လို့လာ

မဝေ မှာ ချက်နေတုန်း

စားကြည့်ပါအုံး။

 

မနောဖြူလေး က တောသူကလေးလို

ပြော သူ့အတွေးကို

မနိုရာ နဲ့ လူကလေး

သူကလေး နောက်လိုက်ပြေး။

 

နွေးသီး နဲ့ ဗုံဗုံ ခွန်းဆက်လို့မကုန်

မွန်းပိုဝမ် ၊ခရစ္စတယ်လိုင်း

ကြေးမုံကြီး နဲ့ ဝိုင်း။

 

ကျော်စွာခေါင်က ပန်းချီဆရာ

ကိုဘုန်းကျော်က ပြာ

မမိုချိုမှာ အရိုးစူး

စင်္ကာပူကိုကူး။

 

ရွာထဲမှာတဲ့ လူမဝင်

တီချယ်နု ကဘယ်လိုထင်

တိမ်မည်း အမြင် ဒီလိုတဲ့

လဲ့လဲ့ကြည် ဖက်လှည့်။

 

ခရီးသည်ကြီး တစ်ထောက်နားရာ

ဧဝတီကြီး လိုက်လို့လာ

သော်ဇင်(လွိုင်ကော်) အတော်ပျော်သဗျ

ပီချိုကြီး ကိုတသသ။

 

ဇွန်းခရင်းနဲ့ စားဖို့ရာ

ကိုနွေဦးစာ ဖတ်ကြပါ

ဂရင်းရို့စ်မှာ အလုပ်များ

ဂဇက်စာအုပ် ပုံနှိပ်သွား။

 

ကိုထွန်းဝင်းလတ် မော်လူးရွာ

ကျောင်းသားတွေကို ကူနေရှာ

သဘောကောင်းတဲ့ မိုးမင်းသား

ရင်နင့်အောင်ကို အရှာသွား။

 

 

 

 

ချစ်ရင်ထူးက ရွာအဝင်မှာ

ဓါတ်ပုံပြပွဲဖွင့်ချင်တာ

အရင့်ရောင်နဲ့ ဆြာအုပ်

ကိုလုင်ကိုအဖေါ်လုပ်။

 

ကိုစိန်သော့က အဝေးမှာ

“မောင်” ကိုတွေ့ရင်ခေါ်ခဲ့ပါ

ပုံပမာရေးတဲ့ ပုဒုမ္မာ အတွေး

ဇော်ဝင်း စေ့စေ့တွေး။

 

ကိုအောင် တစ်ယောက်ပျောက်လို့နေ

ရှာကြပါအုံး နိုရာေ

ရို့စ်မင်းပါလိုက်လို့သွား

ဘီလူးကြီး လာပလား။

 

ချာတူးလန် ကဘတ်စ်ကားမှာ

ဒေါသတော်တော်ထွက်လို့လာ

ငြိမ်းငြိမ်းခမြာ အတင်းဖျောင့်ဖျ

ကြည်လွင် မကြောင့်ကျ။

 

ကျော်ဘသစ်က ပြောပြန်တယ်

ကြိုက်ရင် လိုက်သွားကွယ်

ရွာသူကလေး ချမ်းချမ်း

စမ်းရေအေးနဲ့ ရွာကိုဖြန်း။

 

နီတိုး နဲ့ ဦးကြိမ်

ကိုကျော်ထိုက်ကို လိမ်

မွန်ကစ်က ရွာအလွန်ချစ်

ရွာကို သူမပစ်။

နီကိုလတ်စ် ကတင်လာတယ်

ဒေါက်စိုးမင်းရဲ့စာတွေကွယ်

ဒွန်ရော်နယ်လ် တော်တော်နောက်

ဂျစ်ပစီ နဲ့ စံဖဲ ခုမှရောက်။

 

လေးပိုင်ရဲ့ ကွန်မန့်ဟာ

ခြောက်ခွန်ခွန်တဲ့ အံ့ဩစရာ

ကိုလံဘတ်စ်က ခရီးသွား

ရွာကိုတော့ ဝင်လည်သဗျား။

 

 

ရွာမစည်ရခြင်း အကြောင်းရင်းဟာ

သဂျီးလုပ်ပုံ မဟုတ်လို့ပါ

ပွိုင့်တွေသာ မတိုးပေး

ကြီးမိုက် ဒိုးမယ်လေး။

ဒီရွာကြီး ပြန်စည်အောင်

ဝိုင်းလုပ်ကြရအောင်

ရွာသူ ရွာသား သဘောထားများ

ကြီးမိုက် သိချင်သား။

 

 

 

 

နာမည်မပါသူများ အများအပြား ကျန်ပါလိမ့်အုံးမည်။ ကြီးမိုက်၏ အိုမင်းနေသော ဥနှောက်မှတ်ဉာဏ်ကိုနားလည်ပေးကြပါကုန်။

ဒီစာကို ရွာသူားအားလုံးဖတ်မိကြပါစေဟုသာ….

အားလုံးကိုလေးစားခင်မင်လျှက်

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၂၄၊၀၉၊၂၀၁၃

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

105 comments

  • kyeemite

    September 25, 2013 at 11:40 am

    စာလုံး အရွယ်တွေ ဘိုဖစ်ကုန်လည်းမသိ.. 🙄

  • ဦးကျောက်ခဲ

    September 25, 2013 at 11:51 am

    ဟုတ်တယ် အကိုမိုက်ရေ… ရွာကနေ ဂဇက်ဝင်ရတာ တယ်မလွယ်လှဘူး….
    ကျောက်စ် ရွာမှာတုန်းက ဝင်ကြည့်တာ၊ အဝိုင်းပဲလည်နေလို့ စိတ်လျှော့လိုက်ရတယ်…
    ရွာသူရွာသား အများစုက သဂျီးရဲ့ ဆွပေးနှိုက်ယူကို တင်းကြတာလည်း ပါမယ်ထင်ရဲ့…
    ပြောရရင် ပုံမှန်ရှိနေတာ ၅ယောက်တောင် ပြည့်ပါ့မလားမသိ…. 🙄

  • sorrow weaver

    September 25, 2013 at 11:52 am

    အာဟိ..အချစ်ဋီကာ လား..တားတားက …

  • Mon Kit

    September 25, 2013 at 12:15 pm

    ဘရာဗို ပါ ဦးကြီးမိုက်ရေ…
    တော်လိုက်တာ.. ကာရန်လဲ ညီ အထာလဲကျ..
    မွန်ကစ်တော့ ရွာထဲ ဝင်ရခက်လို့ တော်တော်စိတ်ညစ်တာ..
    ခနလေးဘဲ ချောင်းကြည့် ထွက်ပြန် ဖြစ်နေရတာ..
    ဦးကြီးမိုက် ပြောသလို မွန်ကစ်လဲ ရွာကို ချစ်ပါတယ်နော်.. ပစ်ပါဘူး..
    🙂

  • manawphyulay

    September 25, 2013 at 12:39 pm

    ကွန်နက်ရှင်မကောင်းတာလည်း တစ်ကြောင်း၊
    အလုပ်မအားတာလည်း တစ်ကြောင်း
    နောက် ကျန်းမာရေးမကောင်းတာလည်း တစ်ကြောင်း

    ထို ထိုသော အကြောင်းများကြောင့် အမြဲမရောက်ဖြစ်တာပါရှင်။

    အားလုံးကို ခင်မင်လျက်
    မနောဖြူလေး

  • ဦးဦးပါလေရာ

    September 25, 2013 at 12:58 pm

    လော့အင်ဝင်လို့ အဆင်မပြေလို့ အပြင်ကပဲ ချောင်းနေတာ ကြာပေါ့ ကိုမိုက်ရေ-

    အခုလပိုင်းတွေမှာလဲ အပြောင်းအလဲတွေ အများအပြားနဲ့ ကြုံနေရလို့ သိပ်မလှည့်ကြည့်နိုင်တာလဲ ပါပေသပေါ့…။

    အခုတော့ မလတ်စကားနားထောင်ပြီး တစ်နေ့ အနည်းဆုံး ကွန်မင့်တစ်ခုဝင်ရေးမလားလို့ …..

    • kyeemite

      September 25, 2013 at 3:47 pm

      ဦးပါရေ..တစ်နေ့တစ်ခေါက်ဆိုလည်း နဲတဲ့အားမဟုတ်ဘူးဗျ…
      ဦးပါ လက်ရာလေးတွေလည်းပြန်ဖတ်ချင်ပါသေးသဗျာ..ရေးပါအုံး 🙂

  • Ma Ei

    September 25, 2013 at 1:04 pm

    မအိက ဟင်းချက်စရာ ရေးတင်လို့လာ…
    🙂
    ရုံးအလုပ် ရှုပ်ရှက်ခတ်တွေနဲ့ ဝေးရာ
    ဝါသနာပါတဲ့ ဟင်းတွေချက်၊မုန့်ကလေးတွေလုပ်၊
    ခရီးသွား ဓာတ်ပုံလေးတွေကြည့်လို့ အပန်းဖြေရာ နေရာလေးမို့
    အရောက်လာခဲ့တာ အဝိုင်းလေးက အတော်ကြာဆီးကြိုနေပါလေရောလေ…

  • Mr. MarGa

    September 25, 2013 at 1:06 pm

    ရွာကို အင်တာနက် ရတိုင်း ဝင်ဖြစ်ပါ၏
    လော့အင်ကတော့ ဝင်လိုက် မဝင်လိုက် ဖြစ်ပါသည်။
    အဝင်ခက်ခြင်းမှာ အကြောင်းတစ်ချက်ဟုသာ ထင်ပါသည်
    ကျန်သည်များကိုလည်း တွေးဆ ကြံစည်နေပါသည်။
    ရွာ နှေးသည်ဖြစ်စေ မြန်သည်ဖြစ်စေ ဝင်ဖြစ်နေမှာတော့ သေချာပါသည်

  • e tone

    September 25, 2013 at 1:10 pm

    ဒီပို့စ်ဖတ်မိမှပဲ … ရွာထဲကလူတွေ အတော် ပျောက်နေတာ သတိထားမိတော့တယ် …. ။

  • KZ

    September 25, 2013 at 1:26 pm

    ဟုတ်။
    ဖဘရွာထဲလည်း ရှယ်ခဲ့ပြီ။
    ကျနော့ ဖဘမှာလည်း ရှယ်ခဲ့ပြီ။
    လေးစားပါတယ် မိုက်မိုက်ရေ။
    🙂

    • kyeemite

      September 25, 2013 at 3:02 pm

      ကွန်မန့်တွေနဲ့ဝင်အားပေးကြသော ခင်မင်ရတဲ့
      ဦးကျောက်ခဲ
      Kyaemon
      ဆောရိုးဝီဗာ
      မွန်ကစ်
      မနောဖြူလေး
      မအိ
      သကြားမင်းဃဃ
      အီးတုံး …တို့အားလုံးကိုကျေးဇူးတင်ပါဂျောင်း။
      ~~~~~~~~~~~~~~
      ကေဇီကဗျာလွတ်ရေ..ဖေ့ဘုတ်တော်ဂျီးမှာရှယ်ပေးလို့ကျေးကျေးနော် 🙂

  • ခင် ခ

    September 25, 2013 at 1:45 pm

    ကဲ ရွာစားရေ သံချပ် ဒိုးသံလေး လုပ်ပါအုံးဗျ။

    ရွာကိုမနက် ဝင်မယ်ကြံ
    ( ရွာတံခါးက သော့ပျောက်နေလို့ )
    နေ့လည် နေခင်း ဝင်မယ်ပြင်
    ( တံခါးမှုးကထမင်းစားသွား – ဝင်လို့မရ စောင့်ကာနေပေါ့ )
    ညနေအမှီပြေး ဝင်မယ်မနှေး
    ( ဗဟိုစည်ကြီးသုံးချက်တီးသမို့ ရွာတံခါးက ပိတ်ပါပြီတဲ့ )
    ညရောက် မလွယ်ပေါက် ဝင်မယ်ကြံ
    ( သဂျီးကင်းလှည့်လို့ ဝင်မရဘူးတဲ့ )
    အဲဒီလောက်ခက်တဲ့ ရွာကိုကွယ်
    ( ဝင်မရတော့ စိတ်ကပျက်ရော )
    ဦကြီးမိုက်ကြီး ခါးထောက်ကာ
    ( ပြန်လာကြပါ အော်ဟစ်ခေါ်တုန်း )
    ပြန်လာကြပါ အော်ဟစ်ခေါ်တာ
    ( ဦးကြီးမိုက်ကြီး ခါးထောက်ကာ )
    နောက်က ရွာတံခါး ပိတ်သွားတာ
    ( ဦးကြီးမိုက်လည်း ရွာပြင်ရောက်စဲ )

    ဒီလိုနဲ့ဘဲဗျာ ရွာထဲဝင်မရတဲ့ ရွာသူားတွေလည်း မိုးရာသီကာလ မိုးခိုရင်း ရွာပြင်က ဂဇက်ဖေ့ဘုတ်ဇရပ်လေးမှာ စုကာဝေးကား နေရရှာတာပါလို့ ……………….။

    • kyeemite

      September 25, 2013 at 2:37 pm

      ကိုခင်ခ ကို အဲသလိုဉာဏ်ကွန့်မြူးနိုင်တာတွေ သဘောကျတာဗျ.. ပေးတယ်ကွာ ဘီစီ
      ကိုယ်ပိုင်တာလေးကိုပေးရတာ..ဘော်ဒါကြီးကို… 🙂

      • ခင် ခ

        September 25, 2013 at 3:44 pm

        ရန်ကုန်ရောက်ရင် ဘီယာ တိုက်မယ်။ ဆြာမိုက်က အမြည်းဖိုး တကာခံပေါ့။

  • လုံမလေးမွန်မွန်

    September 25, 2013 at 1:55 pm

    အဲဒီလောက် လူတွေအများကြီးကို မှတ်မိပြီး ဒီလိုရေးနိုင်တဲ့ အူးမိုက်ကို တကယ်အားကျမိပါရဲ့။ သာမီးက ရွာကို ဝင်မရလို့ ဖွဘုတ်ရောက်သွားမိတာပါ။ ခု ငတက်ပြားဆီက နည်းလမ်းမျိုးစုံနဲ့ ရအောင်ဝင်နေတယ် သိရား

  • Myo Thant

    September 25, 2013 at 2:08 pm

    ( ကိုနိုဇိုမိ မူးတဲ့အခါ

    ကိုမျိုးသန့်ကို ရန်ရှာ )

    ကိုမိုက်လုပ်မှပဲ ကျနော်လည်း ဘုံဆိုင်ထဲ ရောက်ရပြီ ၊

    မကျေနပ်ဘူး ၊ ဆင်ရေတွင်းမှာ ဘီယာတိုက် ၊ 🙂

    • kyeemite

      September 25, 2013 at 2:40 pm

      ဆောဒီးပါ ကိုမျိုးသန့်ရေ..ကာရံစွတ်ယူလိုက်တာပါ
      အဲနီးဝေး…တစ်ရက် ဘီဘီ တိုက်ပါအုံးမည်။ 😀

  • အရီးခင်

    September 25, 2013 at 2:11 pm

    ကကြီးမိုက်

    ဒီအပြောလေးတွေနဲ့ မီး ကို ကြွေအောင်လုပ်သွားတာ ဆိုတာ အခုတော့ သိပြီလေ။ (စီအာ – ဂျူး)

    ရွာ့ထဲကို ပြည်တွင်းကနေ ဝင်ဖို့ ခက်တာ လက်တွေ့သိပါတယ်။
    ခန္တီပါရမီ နဲ့ သံယောဇဉ် အားမကောင်းရင် တော်ရုံဝင်ဖို့ မလွယ်ပါ။
    ပြည်ပ က ရွာသူ/သား များလဲ မရှိ-ရှိတဲ့ အချိန်လေး ဝင်အားပေးကြပါလား ကွယ်ရို့။
    တစ်ယောက် တစ်လက် နဲ့ ဆို ရွာလမ်း က ပြန်စည်လာမှာပါ။
    ကိုယ့်စာကို ဖတ်ရုံဖတ်စေပြီး မရွေးစေချင်ရင်လဲ ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါ့တော်။
    အားနာစရာမလို။
    ရွာထဲမှာ ရှူဒေါင့်မျိုးစုံ၊ ရသမျိုးစုံ စာများများ တင် စေချင်တာ/ မြင်နေချင်တာ က အဓိကပါ။
    ကိုယ်ထင်ရာ၊ကိုယ်သန်ရာ မှတ်ချက် လေးတွေ လဲ များစေလိုပါတယ်။
    ကိုယ်ပျော်ခဲ့ဖူးတဲ့နေရာ ၊ ပျော်နေဆဲနေရာ လေး အတွက် ကိုယ်လက်လေး ကိုလဲ ပေးစေလိုပါတယ်။
    ဒါမှ အားလုံး ခွေးလုံးလုံး အတူတူ ဖြစ်မှာ (စီအာ – မောင်အံ) 😉
    ကြောင်ကြီး အတွက်ကတော့ ချွင်းချက် – ကြောင်ဘဝ ဘဲ ရှိစေ – လက်ပေးရင်ပြီးရော။ 😛

    • kyeemite

      September 25, 2013 at 2:46 pm

      ဟိုးတုန်းက ရွာထဲလူတွေ များ ပို့စ်တွေများနေတုန်းက
      ကျုပ်လည်းရွာထဲဝင်လိုက်ပျောက်လိုက်ပါ..
      ခုတော့ နဲနဲအချိန်ပိုပေးပြီး လိုက်ဖတ်ပေးနေတယ်
      ကိုခင်လတ်ကြီးပြောသလို….
      ကိုယ့်စာကို ဖတ်ရုံဖတ်စေပြီး မရွေးစေချင်ရင်လဲ ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါ့တော်။
      အားနာစရာမလို။

      အဲဒါအမှန်ပါပဲ..ကိုပေါက်တို့ ကိုခင်ခတို့တောင်ပြောဖူးတယ်မှတ်တယ်…
      ဒီဆန်းဒေး လဘက်ရည်လာသောက်လှည့်ပါလား 😀

      • ခင် ခ

        September 25, 2013 at 3:57 pm

        ဟုတ်တယ် ကျွန်တော် ဖတ်ရွေးစကထဲက လွတ်လပ်စွာရေးချင်လို့ဆိုပြီး ပိုစ့်တင်ပြီး ပြောခဲ့ဖူးတယ် ခင်ခ ပိုစ့်တွေ Read Only ပါလို့။

  • Crystalline

    September 25, 2013 at 2:27 pm

    သမီးဘယ်မှမသွားပါဘူးဖေဖေ :mrgreen:

    • kyeemite

      September 25, 2013 at 2:50 pm

      သာမီးလေးဂို ကြောင်ဆိုးဂျီး ဆွဲမှာစိုးလို့
      လက်နက်ပြည့်စုံတဲ့ ကွန်မြူနစ်သဗုံ ကြေးမုံဂျီးနဲ့တွဲထားဒါ
      😀

  • မဟာရာဇာ အံစာတုံး

    September 25, 2013 at 2:41 pm

    အောင်မာ .. အောင်မာ …
    ကဗျာတွေနဲ့ ပွားဒယ်ဒဲ့ ….
    သူ သိဒါလား ကျနေဒါဘဲ ..

    မှတ်ထား …
    ကျုပ်က ဘယ်ဒေါ့မှ ရွာကို ပျံမလာဘူးဗျ …
    (တောင်ပံ မပေါက်သေးလို့)
    :mrgreen:

  • Zaw Thant

    September 25, 2013 at 2:48 pm

    .. ရုံးမှာ ပွဲဆက် ၂ ပွဲ နဲ့ အလုပ်ရှုပ်နေလို့ ကွန်မန့်တောင် ဝင်မပေးဖြစ်ဘူးဖြစ်နေတယ်.. ရေးလက်စရှိတဲ့စာတစ်ပုဒ်တောင်မှ ပြီးခါနီးမှ လက်စမသက်နိုင်ပဲ ထားထားတာ ၁ ပါတ်လောက်ရှိတော့မယ်.. အင်တာနက်နှေးနှေးနဲ့ တခါတလေ ဖွင့်မရတာလဲပါတယ်.. အမြဲတမ်း တစ်နေ့တစ်ခေါက်လောက်တော့ ဝင်လာဖြစ်ပါတယ်.. ကွန်မန့်လေးတွေဝင်ပေးနိုင်အောင်လဲ ကြိုးစားပါဦးမယ် လို့.. 🙂

    • KZ

      September 25, 2013 at 4:29 pm

      မကြာမကြာဝင်ပါ လူဟောင်းဖြစ်အောင်လုပ်ပါ။
      ခုတော့ ပို့(စ) တွေ ကို ပို့ပို့ပေးနေရတယ်။
      ဟင်းးးးးးးးး

      😀

      နီ ခုမှ ရေး ခု ရတဲ့ ဆုကို သိပ်မကြည်တဲ့ သူတွေရှိတယ်။
      ဆု လည်း မယူနဲ့တော့။

      မိုက်မိုက် ….!!!
      အဲ့ဒီ ဆု ကို အနော့ ကိုပေးလိုက်။

      အဟွတ်!!

      ပုံ/
      စိတ်အချဉ်ပေါက်နေသူ။

      😀

  • kyeemite

    September 25, 2013 at 2:54 pm

    အံစာတုံးရေ ပျံလာအုံး
    ရေးလို့ကောင်းနေတုန်း…. 🙂
    ~~~~~~~~~~~~
    ကိုဇော်သန့်ရေ…နာလည်ပါတယ်ဗျာ
    ကွန်မန့်လေးနဲ့ဝင်အသိအမှတ်ပြုတာလည်းကျေးကျေးပါနော… 🙂

  • ဟာဗျာ ……..တော်လိုက်တာ .. ဟာကွက်မရှိ ကွက်တိ ရေးသွားနိုင်တယ် .
    အားကျသဗျာ ……..
    မကြာခင် ရွာကို ပြန်တော့မည် ဖြစ်သဖြင့် ရွာထဲကို သိပ်မဝင်နိုင်ဖြစ်တော့မည်။ ..

  • ခရီးသည်ကြီး

    September 25, 2013 at 3:59 pm

    ကြုံတိုင်​း …..
    ဝင်​လာပါမည်​ ။

  • အရှင်းဆုံးပြောရရင် တစ်ခါတစ်ခါ ရွာထဲမှာက တကယ်စိတ်ပါလုပ်ပါ လုပ်ပေးနေသူကို
    အရေးမလုပ်တာတွေရှိတော့ ဝင်ဘို့စိတ်မပါကြတာလဲရှိတယ်။
    အရင်က ရွာမှာ ဘယ်သူဝင်ဝင် ရှိရှိ မရှီရှိ
    ကျနော်တစ်ရက်ကို ဓါတ်ပုံ ပိုစ်တစ်ပုတ်တင်နို်င်အောင်ကြိုးစားခဲ့တယ်။
    မြန်မာပြည်ကော်နက်ရှင်နဲ့ ဓါတ်ပုံတက်ဘို့ဆိုတာ အတော်လုပ်ယူရတာပါ။
    ပုံတွေအချိန်မီတင်နိုင်အောင်ကျနော်ကိုယ်ပိုင်အချိန်ကနေဖဲ့ပြိး စကက်ဂျူးတွေနဲ့ရက်တွေသတ်မှတ်ပြိးတင်ခဲ့ပါတယ်.။
    အဲလိုတင်လို့ ပိုစ်အများဆုံးတင်သူဖြစ်ခဲ့တယ်။
    အဲဒီမှာ ရွာတွေ့ဆုံပွဲမှာ ပိုစ်အများဆုံးတင် တဲ့အတွက် လက်ဆောင်လေးရခဲ့တယ်.
    အဲဒီလက်ဆောင်က ကျနော်အတွက် ဝမ်းနည်းစရာ မှတ်ချက်ကိုပါ သယ်ဆောင်လာခဲ့ပါတယ်။
    အဲဒီကစပြီး ကျနော်ဓါတ်ပုံတင်တဲ့အပိုင်းကိုဖြုတ်ချလိုက်ပါတယ်။
    စာလဲ တစ်ပါတ်ကို တစ်ပုဒ်ဘဲရေးတင်ပါတယ်။
    အရင်လို ဝင်ပြိး ပိုစ်တွေလိုက်ဖတ် ကော်မင်းတွေပေးလဲ မလုပ်ဖြစ်တော့ပါဘူး။
    ရွာတစ်ခုစည်ပင်ဘို့က
    ဝင်လို့ထွက်လို့လွယ်ရပါမယ်။
    အုပ်ချုပ်သူလူကြီးမင်းက ဘယ်ဘက်မှ ဝင်မပါဘဲ သဘောထားမျှရပါမယ်။
    အချိန်ပေးပြီး ပို်စ်တွေဓါတ်ပုံတွေတင်နေသူတိုင်းကို တန်ဘိုးထားရပါမယ်။
    (ရေးခ ပေးထားတယ်ဆိုတဲ့ စကားလုံးနဲ့တော့ မချေပ ပါတယ် အမှတ်တစ်သိန်း ငွေတစ်သိန်းရဘို့
    ဘယ်လောက်ထိ လုံးပန်းခဲ့ရတယ် အချိန်တွေပေးခဲ့ရတယ်ဆိုတာ မန်းဂေဇက်ကပေးတဲ့တစ်သိန်းကို
    နှစ်ကြိမ်ရဘူးတဲ့ ကျနော်အသိဆုံးပါ)
    ရွာမှာ လူမစည်တဲ့အချက်တွေထဲမှာ စိတ်ကုန်သွားလို့ မဝင်ကြတော့တာ လဲပါတယ်လေ။

  • lele kyi

    September 25, 2013 at 5:40 pm

    🙁
    မီးကြောင့်ရွားတွေ ထွက်ပြေးသွားတယ်ဆိုပြီး ကိုဘလက်ဂလောက်ကရန်တွေ့မို့လို့လှည့်လာတာလာ:..မိုက်လား??!!(သတ်တိရှိလို့လား).
    ဦးမိုက်ရဲ့ မီး မဟုတ်တဲ့ “မီး” Fire.

  • naywoon ni

    September 25, 2013 at 6:03 pm

    ရွာကိုလေ ……..
    လာချင်ပါရဲ့
    သက်ပြင်းချအခါခါ
    လိုင်းမကောင်းလို့ပါ
    အရက်ဆိုတာ
    ကိုမိုက်နဲ့သောက်ချင်တာ
    မအားလို့ပါ …………။

  • padonmar

    September 25, 2013 at 7:48 pm

    စာမေးပွဲပြီးရင် ပြန်လာမှာပါဦးမိုက်ရယ်။
    ကျမလည်း ဖွဘုတ်မှာ ပျော်မိတယ်။
    ဒါ့ပုံဆို ၁ဝပုံ ၁၅ပုံ တစ်ပြိုင်တည်းတင်ပြီး စာပါထိုးတာ ခဏလေးရယ်။
    ရွာထဲမှာက ဒါ့ပုံလေး တပုံတင်ဖို့ အချိန်အများကြီးပေးရတယ်။
    ဒါပေမယ့် အတွေးတွေကို ချပြဖို့ တကယ်ကောင်းတာ၊
    ကိုယ့်ကို ကျကျနန ဝေဖန်နိုင်တာ၊
    အနှစ်သာရရှိတဲ့ အပြန်အလှန် ကွန်မန့်တွေကို ဖတ်ရနိုင်တာ
    ကျမတို့ ရွာဆိုတော့ ဒါတွေကို တန်ဖိုးထားကြရင်
    အကြောင်းကြောင်းကြောင့် ရွာဝင်ခက်တာလေးကို သည်းခံပြီး
    ရွာကိုပြန်လာကြပါလို့ ရွာသူားတွေကို ကူခေါ်ပေးချင်ပါတယ်။
    ဖွဘုတ်က ဇရပ်ကို ဒီဖက်ခဏရွှေ့ခဲ့ကြပါလား။ရေနွေးကြမ်းနဲ့ ပဲကြော်သုပ် ဧည့်ခံပါမယ်။

  • အလင်းဆက်

    September 25, 2013 at 7:54 pm

    ဟိုလေ…စမ်းကြည့်စေချင်ပါတယ် ။
    ကျွန်တော် ဂဇက်ကို ဟန်းဆက်နဲ ့.. ဝင်ကြည့်နေတာ.. comment လည်း ပေးလို ့ရတယ် ။
    ပိုစ့်လည်း.တင်လို ့ရတယ်.။ ပိုစ့်ကို Edit လုပ်ရင်သာ..မြန်မာစာရိုက်မရသေးတာ..။ ကျန်တာ…အကုန်.ကွန်ပူတာကနေ ကြည့်ရသလို..လုပ်လို ့ရနေတယ် ။
    ကျွန်တော့် ဟန်းဆက်က.. Huawei မော်ဒယ် အနိမ့်စားလေးပါ ။ Y 220 ပါ ။
    အဲဒါလေးနဲ ့..ဂဇက်ကို စ အဝင်တုန်းက… ကွန်မန့်လည်းပေးမရ…
    ကိုယ့်အကောင့်လည်း..ဝင်မရပါဘူး ။
    ပိုစ့်တွေ ရဲ ့ခေါင်းစဉ်တွေက်ို. အပေါ်အောက်တန်းစီ မြင်နေရတယ်..။
    တစ်ပုဒ်ချင်းစီ ဖွင့်ဖတ်လို ့ရတယ် ။ ကွန်မန့်တွေ ကြည့်လို ့ရတယ် ။
    ဒါပေမယ့်… ကိုယ်က ဘာမှ ဝင်ပြောလို ့မရဘူး ။

    အဲဒါ…. ..အဲဒီ ပိုစ့်ခေါင်းစဉ်တွေ. မြင်နေရတာရဲ ့…ဟိုးးးးးအောက်ဆုံးနားကိုသွားလိုက်တော့…
    Mobile Themes 0n / off ဆိုတဲ ့ စာလု့းလေးတွေ ့တယ် ။
    အဲဒီ စာလုံးလေးကို… နှိပ်ပြီး.. အွန်လိုက်တာ….. ။
    Log in ဝင်လို ့ရသွားပါတော့တယ်..ခင်ဗျ ။

    ကျွန်တော်က… Wifi နဲ ့ သုံးတာပါ ။

    ကျန်တဲ ့ သူတွေနဲ ့.. ဘာကွာလဲတော့..သေချာ မသိ ။

    အဲဒီလိုလေးလုပ်ကြည့်ရင်… အဆင်ပြေမလားလို ့.. ဝင်ပြောကြည့်တာပါ ။

  • San Hla Gyi

    September 25, 2013 at 8:46 pm

    ကိုကြီးမိုက် ကဗျာလေးက တကယ်ကို ကောင်းပါရဲ့ဗျာ။ အမှန်လည်း ကျနော်တို့က မိုးပြာတွေကို ဆော်ပလော်တီးတာ ရှိဖူးပါတယ်။ တကယ်က ကျုပ်က မိုးပြားဆရာတွေကို တရားရှာနေတဲ့ ဒဿနဆရာတွေ ဆိုပြီး အမြဲတမ်း ဆွေးနွေးချင်နေတာ။
    ကိုပေါက်ရေးတဲ့ အုပ်ချုပ်သူက ဘယ်ဘက်မှ မပါပဲ သဘောထား မျှရပါမယ် ဆိုတာတော့ မဖြစ်သေးပါဘူးဗျာ အဟိ။ ဘက်အလိုက်ဆုံး အပင်းဆုံးက အဲဒီလူပါ။

  • kai

    September 25, 2013 at 11:14 pm

    နည်းပညာပိုင်းအခက်အခဲက.. ပြသနာတော်တော်ဖြစ်နေတယ်လို့…ထင်မိတယ်..။
    အခုလည်း.. စပန်းတွေအဝင်များလို့.. ရွာသူားသစ်လက်ခံထားပိတ်ထားရတယ်လေ…။ လနဲ့တောင်ချီနေပြီ…။

    .. သေသေချာချာထိုင်လုပ်ပါဦးမယ်..။
    .. ကြားထဲ.. ရန်ကုန်တခေါက်ပြန်လာဖြစ်မလားတော့.. မသိ..။
    ရွာသူားတွေတွေ့ချင်ကြောင်း… :mrgreen:

    • Foreign Resident

      September 26, 2013 at 4:54 am

      kai says:
      ” ကြားထဲ.. ရန်ကုန်တခေါက်ပြန်လာဖြစ်မလားတော့.. မသိ..။
      ရွာသူားတွေတွေ့ချင်ကြောင်း… :mrgreen:

      သူကြီး ရန်ကုန်ကို ဘယ်နှစ်လပိုင်းလောက် ရောက်မယ်မှန်းထားသလဲ ။

    • Ma Ei

      September 26, 2013 at 10:32 am

      ရွာ့သဂျီး ကိုလည်း တွေ့ချင်ပါကြောင်း…
      🙂

    • kai

      September 26, 2013 at 3:04 pm

      လေယဉ်ခနဲ့တည်းတာက ညီတော်မောင်ဆီကအထောက်အပံ့ရချေရှိတာမို့ ..အိုကေနေတာ..
      ဒါပေမယ့် အဲဒီရက်ပိုင်း ယူအက်စ်မှာတရားရုံးရုံးချိန်းရှိနိုင်တာမို့ ပြန်ချိန်ဆနေတာပါ။

      ဖြစ်ရင်.. အောက်တိုဘာလကုန်ပိုင်းလောက်ဖြစ်မယ်ထင်ပါတယ်။
      ဆောင်မဲ့သူ.. ဆောင်လတံ့သူများအတွက်… လက်ဖွဲ့လေးများလည်း ယူလာမယ်ဖြစ်ကြောင်း…။
      ဘုန်းကြီးဝတ်.. တရားစခန်းသွင်းမဲ့သူများကိုတော့.. ရှောင်ဦးမယ်ဖြစ်ကြောင်း…။ :kwi:

  • ဝင့်ပြုံးမြင့်

    September 25, 2013 at 11:30 pm

    ပြည်တွင်းက မင်ဘာတွေ လော့အင်ဝင်တာက နေ့ပိုင်းဝင်ရင် သိပ်မလွယ်ပေမယ့် ညသန်းကောင်ကျော်လောက် လော့အင်ဝင်ရင် အိုကေပါတယ်။ ညသန်းကောင်ကျော်ရင် ကွန် တအားမြန်တယ်။

    • ခင် ခ

      September 25, 2013 at 11:42 pm

      ကျွန်တော်ဖုန်းနဲ့ဆိုရင် နေ့ဘဲဖြစ်ဖြစ် ညဘဲဖြစ်ဖြစ် ရွာဝင်ရတာရော လော့အင်ရော အဆင်ပြေတယ်ဗျ။ အဲ နေ့ဘက် ကွန်ပျူတာနဲ့ ဆိုရင်တာ ချာချာလည်လို့ မဆုံးတာဗျ

  • ခင် ခ

    September 25, 2013 at 11:34 pm

    သဂျီးရေ ကျုပ်တို့က စကားအဖြစ်တာပြောတာပါ
    ရုံးမှာကွန်ပျူတာလေး အခန့်မသင့်ပျက်ရင်ကို အတော်ကသိကာ စိတ်ရှုပ်ရတာမို့ နည်းပညာပိုင်းအဆင်မပြေတာကိုလည်း စာနာမိပါရဲ့။ ဒါကြောင့်လည်း ဝင်ရတာ အရင်လောက်မလွယ်ပေမယ့်လဲ မပြတ်တော့ရောက်နေစဲပေါ့

    • kai

      September 26, 2013 at 12:15 am

      အဟမ်း..
      ကျုပ်လည်းစကားအဖြစ်ပါ…။
      ခုလေးတင်.. ရွာသူားသစ်လက်ခံတာပြန်ဖွင့်လိုက်ပြန်ပြီ..။
      ဒီတခါတော့.. Approve လုပ်မှရွာသူားဖြစ်ရမယ့်ကိန်းပေါ့…။ အဲဒီ ပလပ်ဂ်လေး အွန်လိုက်တယ်..။

      သာမန်အားဖြင့်ကတော့..
      မြန်မာစာတတ်တဲ့.. မြန်မာတွေအားလုံးကို… ကြိုဆိုလျှက်ပါလို့….။
      ရွာ(မကြာခင်မြို့ဖြစ်မယ်..) စည်ကားအောင်.. ကြံဆစီစဉ်.. ပြန်လာနေသူများအားလုံး.. အထူး.. ကျေးကျေး..။

  • Ko chogyi

    September 26, 2013 at 8:48 am

    လူအားလုံးနီးပါးနဲ့ တင်တဲ့ပိုစ်တွေကို
    မှတ်မိနိုင်တဲ့စွမ်းအား၊ အမှတ်ရနေတာကို
    ချီးကျူးပါတယ်ဦးမိုက်ရေ

  • Mahar Myanmar

    September 26, 2013 at 9:46 am

    အတည်-
    ၂၀၁၄ မှ သန်းကောင်စာရင်း ကောက်မယ် လို့ အစိုးရ က
    ဆော်ဩ နေတာ… ကိုကြီးမိုက် က အခုပဲ
    ရွာသန်းကောင်စာရင်း ကို ကဗျာ နဲ့ ကောက်ပြီး ပါ ပကော လား..
    ရွာ ထဲ မစည်ရခြင်း အကြောင်း .. ဘာမှ မဟုတ် ဘူး အဓိ က
    ဘာလုပ် ချင်ချင် ….ခက်လို့…အဆင့် တွေ များ လို့ ပါ…

    အနောက်-
    ကျွန်တော် ရွာ ထဲ မှာ လုပ်ချင် ရာ လုပ်ပါ တော့ မည် ။
    ကိုကြီးမိုက် ဆီ က လက်မှတ် ရထား ပါပြီ ။
    ဟီးဟီး …ပိုင်ပြိီ ကွ..

    • kyeemite

      September 26, 2013 at 2:12 pm

      Mahar Myanmar ရေ ကဗျာကလက်တန်း လျှောက်စပ်ထားတာဆိုတော့
      အဲဒီလိုလေးတွေလည်းဖစ်ကုန်တာပေါ့နော…ပြန်ပြင်လိုက်ပါပြီ…
      ရွာ ထဲ မှာ လုပ်ချင် ရာ လုပ် နေမှာစိုးလို့…
      ကြီးမိုက် တရားခံဖစ်နေအုံးမယ် 😀

      • Mahar Myanmar

        September 26, 2013 at 4:51 pm

        တရာခံ ရှာ နေတာ
        ပါမစ် လေး ပြန်ရုတ် သွား ပြီ..
        ဘွဘွ….
        ဘာ မှ လုပ် မရ တော့ ဘူး….

  • ဦးကြောင်ကြီး

    September 26, 2013 at 9:59 am

    ရွာပြန်ခဲ့
    နှာသံနဲ့
    အာစံကွဲ့
    ကာရန်မဲ့
    စွာမာန်သဲ့
    လာဗျံဒဲ့
    ဝါဖန်ချဲ့
    ညာကြံထည့်..

  • Ma Ma

    September 26, 2013 at 10:24 am

    ရွာစည်ကားအောင် ပရိုမိုးရှင်းလုပ်နေကြပုံရတယ်။
    ဦးမိုက်က သံချပ်နဲ့ ကိုခင်ခရဲ့ ဒိုးပတ်ဝိုင်းနဲ့ 🙂

    သတ်ပုံ ဆိုတာ လွဲလို့မရဘူးနော်။ :kwi:

  • kyeemite

    September 26, 2013 at 1:24 pm

    ဆောဒီးပါ မမ ရေ
    ခုတလော စိတ်တွေရှုပ်နေလို့ …ချက်ချင်းပဲပြင်လိုက်ပါပြီဗျာ။
    တကယ့် သတ်ပုံ မမ ကိုမှ သတ်ပုံသွားမှားနေတယ်…အမှတ်တရပေါ့ဗျာ 😀

  • surmi

    September 26, 2013 at 2:21 pm

    ကိုယ်​ပိုင်​အမှတ်​ ဝ၀၀၀၀
    ဂျ​လေဘီသည်​surmi
    ​ရောက်​ရှိသတင်​းပို့ပါတယ်​ 🙂

  • မင်းခန့်ကျော်

    September 26, 2013 at 2:44 pm

    ဒန့် ဒန့် ဒန့်

    အမယ် ရသားပဲ ။

    ဝင် ရ တာ မ ခက် လွန်းလို့။

    လွယ်ပါတယ် :mrgreen:

  • Wow

    September 26, 2013 at 4:01 pm

    ရွာထဲဝင်မရလို့ ရွာထိပ်က ရပ်စောင့်နေရတာ လေးမိုက်ရေ.. ခုမှ ဝင်လို့ရတယ် :byee:

  • အာဂ

    September 26, 2013 at 4:59 pm

    ဒီနေ့ လေးမိုက်ကြောင့် အရောက်ပြန်ခဲ့တယ်။ အရက်တိုက် ဒါဗြဲ..။ (အမှန်ပြောရရင် နည်းနည်းရွာက ပျင်းစရာကောင်းလာလို့လား ။ ဖေ့ဘွတ်ပဲစွဲသွားလို့လားမသိဘူး။ ဖေ့ဘွတ်မှာက ရွာကလူတွေလည်းရှိတော့ လေ)…ဘာပဲပြောပြော မြစ်လက်တက်ကနေ ပင်မမြစ်ဆီကိုတော့ နေ့တိုင်း စိတ်ရောက်မိပါတယ်။)

  • ☺♪♫♀♫☼♫☺***ရွာထဲကိုဖုန်းနဲ့ဝင်မယ်ဆိုရင် Mozilla Firefox ကိုသုံးပါ။ ☺♪♫♀♫☼♫☺
    ပို့စ်တွေရဲ့အောက်ဆုံးမှာ Desktop view ကိုပြောင်းတို့လိုက်ပါ။
    ဂေဇက်ကြီးရဲ့မြင်ကွင်းကို ကွန်ပြျူတာမှာကဲ့သို့ မြင်ရမှာဖြစ်ပြီး Log in ဝင်ဖို့လည်းအဆင်ပြေပါတယ်။
    🙂
    ***တစ်ခုတော့ရှိတယ်။
    မြန်မာပြည်ကလူတွေ ဖုန်းနဲ့ရွာထဲဝင်မယ်ဆိုရင် ပါဝါဘန့်ဆောင်ထားရမယ်။
    ဘတ်ထရီက ရှိတ်ခနဲ ရှိတ်ခနဲကျသွားတတ်လို့ပါ။ ☺☺☺
    😀

Leave a Reply