ရွာကိုပြန်ခဲ့ကြပါဗျာ… Come back please !!!!!!

Rodin's thinker

ကြီးမိုက်တစ်ယောက် အကြီးအကျယ်ကို စဉ်းစားတယ်…ရွာအကြောင်းပေါ့ဗျာ…

လူဟောင်းတွေဘယ်ရောက်နေလဲပေါ့…ဘာလို့ရွာတိတ်ဆိပ်လာတာလဲပေါ့..

ဂဇက်လူခြေတိတ်လာတဲ့ကိစ္စဟာ…ကျုပ်စဉ်းစားမိသလောက်…

၁။ အရင်ကလူများစုဟာ အင်တာနက်ကိုရုံးမှာအလစ်သုံးရင်သုံး

မဟုတ်ရင် ကိုယ်ပိုင်အချိန်မှာ နီးစပ်ရာအင်တာနက်ဆိုင်မှာ

ပိုက်ဆံပေးသုံး…ခဲ့ကြရတာပါ

၂။ အခုတော့ လက်ကိုင်ဖုန်းဆိုတာ ဆိုက်ကားသမားလောက်တောင်ကိုင်နေနိုင်တာ၊

အင်တာနက်ကို ပါအလွယ်တကူ လက်ကိုင်ဖုန်းနဲ့သုံးနေနိုင်လာတော့

အင်တာနက်ဆိုင်ဘယ်သူမှ တကူးတကမသွားကြတော့ပါဘူး

(ကျုပ်သူငယ်ချင်း အင်တာနက်ဆိုင်ဖွင့်ပီး လုပ်စားနေတဲ့သူတောင် နားကားနေပီ)

ဖုန်းအင်တာနက်မှာကလည်း လိုင်းသိပ်မကောင်းပေမဲ့…သစ်ထူးလွင်လိုဝက်ဆိုဒ်မျိုး

ဖေ့စ်ဘုတ်လိုမျိုးကတော့ ဖွင့်လို့ပြုလို့လွယ်ပါတယ်…အဲ…အဓိကကတော့

အင်တာနက်လိုင်းတွေ မကောင်းတဲ့ကြားမှာ..ကျန်တာတွေဖွင့်ရပေမဲ့

ကျုပ်တို့ချစ်တဲ့ မန်းဂဇက်ကတော့ဖွင့်မရပါဘူး…အံ့ဘွယ်သုတ

ကျုပ်ဖုန်းဆို  ဂဇက်ဖွင့်ရသေးတယ်…ဒါပေမဲ့ လော့အင်ဝင်လို့  မရပါဗျာ..

ဆိုတော့ ဂဇက်ရွာထဲ ဝင်ဖတ်ရင်တော့ဖတ်ကြလိမ့်မယ်..ကွန်မင့်ပေးဖို့တော့

ခက်ခဲသွားပါတယ်။ဒါဟာလည်းလူတွေနည်းစေတာပဲ။

 

 

၃။ တစ်ခါတလေ အင်မတန်ကောင်းနေတဲ့ ရုံးကလိုင်းတောင်..ကျန်ဝက်ဆိုဒ်တွေဖွင့်ရပြီး

ဂဇက်ကျတော့ ပရော်ဘလန်လုတ်ဒင်း ဖြစ်နေပြန်ရော(သဂျီးစဉ်းစားဘွယ်)

Firefox can’t find the server at www.myanmargazette.net.

 

ဘာပဲဖြစ်ဖြစ်ဗျာ…ကျုပ်ရွာသူရွာသားတွေအားလုံးကို သတိရနေပါတယ်ဆိုတာလေး

ပြောချင်တာပါပဲ…..

 

 

 

အီးတုံး နဲ့ အေကေကေအို

သိပ်မိလှ ပါသဗျို

ရွှေကြည်နဲ့ မိရွှေအိ ခင်လှပါပေ၏။

 

အာဂနဲ့ နွယ်ပင်

ပေါင်းဖက်ကြပျော်ပျော်ရွှင်

ကြောင်ဝတုတ်နဲ့ ရွှေတိုက်စိုး

ဗျစ်ဆိုင်ကိုဒိုး။

 

ဗိုက်ကလေးက ဖရဲသီးမြင်

ဘလက်ချောကိုခင်

မမ က သတ်ပုံပြ

ကိုနေးချား ညီမ။

 

မမှီ က ရွာကိုအဝင်

အစိမ်းသေ ကိုတင်

မှော်ဆရာက မျက်လှည့်ပြ

အင်ဇာဂီ က ရှီးနဲ့က။

 

 

ကိုထက်ဝေးက ဆေးဆရာ

ဧရာဝတီတိုင်းမှာ ဆေးကုတာ

သန်းထွဋ်ဦး နဲ့ နိဂိမိ

ဦးပါလေရာ ဖက် ပါ၏။

 

ကထူးဆန်း နဲ့ကလင်းဝေ

ဟိုတယ်တစ်လုံးမှာငှားလို့နေ

အဘဖေါကရောက်လို့သွား

မာဆတ် မဒီ တွေနဲ့ နှစ်ပါးသွား။

 

သဘောင်္ကြီးနဲ့ ကရင်စည်

ကမ်းဝေး လို့နေသည်

ပန်ပန်ချစ် ပြန်ပြန်ချစ်

ဟုတ်လှပြန်ဘိ။

 

အမတ်မင်းနဲ့ ကရဲစည်

ဖဲရိုက်နေကြသည်

မောင်ပေမှာ အဆောင်တွေနဲ့

ဘောပွဲလောင်းတာ ကွဲ။

 

ဘဲဥ နဲ့ ကိုစွယ်တော်

ကိုပေါက်ကြီး ကိုခေါ်

အညာတမာ မလာပေမဲ့

တောင်သမန် ကိုလှည့်။

 

ဒေါ်သဲနု အဖေါ်ပြုတာ

ဖေ့ဘုတ်တော် ကြီးပါ

ဆူးကိုပါခေါ်လာခဲ့

အဘဆွေကိုဖဲ့။

 

ကိုရင်မောင်နဲ့ အေးကေကေ

စိနပြည်ကြီးမှာနေ

ရှုံးလူ ခေါ် စိုင်းကွမ်းခေး

ကုလားပြည်မှာ တစ်ယောက်ထဲဆွေး။

 

ဂျော်နီအောင်ပု အကြိုက်ဟာ

ဖားပြုတ်အရက်ပါ

အံစာဟာ ဗျာတွေများ

မွန်မွန် ကို ကဗျာတွေနဲ့ပွား

မိုဘိုင်း အမြဲ ဆောင်ထား။

 

ရာမညက စုံထောက်ပါ

ဒီပါကို ဆီလာ

မောင်ခင်မင်(ကျွန်းချောင်း)

ပုချ် လေးကိုချောင်း။

 

ရွှေအိမ်စည် နဲ့ ရွှေနန်းရှင်

ကိုအီးတီ ကိုမြင်

သူရဇော် အတွေးတွေပွား

ခိုင်ခိုင့် အိမ်ကို်သွား။

 

ဦးဖက်တီး က မနေသာ

ရွာစားကျော်ကိုရှာ

နှင်းစက်လေးတွေ တဖွဲဖွဲ

ဦးကျောက်စ် ရဲ့ဂေါ်ပွဲ။

 

အရီးခင်က အင်ဂလန်မှာ

သဂျီးကိုအမြဲ ရန်ရှာ

စံလှကြီး နဲ့ ကိုကြောင်ဂျီး

မိုးပြာတွေကိုဆော်ပလော်တီး။

 

ကိုအောက်အော့ လည်းမလျှော့ပါ

သူ့အတွေး ကတကယ်ပြာ

သဂျီးခိုင်ကို သူအပိုင်ကိုင်ထား

ဖြိုး ကလေးနဲ့ငြား။

 

ကေဇီ နဲ့ ဝိုးတို့ဟာ

အစား ဝါသနာ

မလျှော့ တမ်းပင်စားနေကြ

လူကခပ်ဝ၀။

 

သကြားမင်းနဲ့ အလင်းဆက်ဟာ

ကဗျာဝါသနာပါ

ကိုခင်ခ ဆေးနည်းတွေပြ

ကိုဆန်နီ မှာကျန်းမာရ။

 

ကိုနိုဇိုမိ မူးတဲ့အခါ

ကိုမျိုးသန့်ကို ရန်ရှာ

မောင်ခိုင်မာ လပေါ်တက်

ဂျော်နီဒီးယားကိုဆက်။

 

မဟာမြန်မာ မြူးတဲ့အခါ

ကိုမင်းမင်းပါ  ပါ

မနှင်းဖြူ မှန်မှန်ပြော

နန်းတော်ရာသူနဲ့ရော။

 

နေဝန်းနီနဲ့ မောင်ဘလှိုင်

အရက်ခွက်ကိုကိုင်

ကော်ဘရာ အကြော်ရှာသွား

ကိုဇော်သန့် က အမျက်ပွား။

 

ဆောရိုးဝီဘာ အချစ်ဋီကာ

ကိုဆာမိေလး  မသိရှာ

ကိုသစ်မင်း ဈန်ဝင်စား

ဂျာပွန်နိုင်ငံသွား။

 

ဝင့်ပြုံးမြင့် ရဲ့ငါးပိရည်

ရောင်းကောင်းလှပါ သလေ

အောင်မိုးသူ မုန့်ဟင်းခါး

ကြီးမိုက် အကြော်နဲ့စား။

 

ကိုသုဝေ ဘီယာဝယ်

တက်တူးခ နဲ့ဖလှယ်

မနိုဗွီ မြွေကိုတွေ့

တရားရပါသဟေ့။

 

မအိက ဟင်းချက်စရာ

ရေးတင်လို့လာ

မဝေ မှာ ချက်နေတုန်း

စားကြည့်ပါအုံး။

 

မနောဖြူလေး က တောသူကလေးလို

ပြော သူ့အတွေးကို

မနိုရာ နဲ့ လူကလေး

သူကလေး နောက်လိုက်ပြေး။

 

နွေးသီး နဲ့ ဗုံဗုံ ခွန်းဆက်လို့မကုန်

မွန်းပိုဝမ် ၊ခရစ္စတယ်လိုင်း

ကြေးမုံကြီး နဲ့ ဝိုင်း။

 

ကျော်စွာခေါင်က ပန်းချီဆရာ

ကိုဘုန်းကျော်က ပြာ

မမိုချိုမှာ အရိုးစူး

စင်္ကာပူကိုကူး။

 

ရွာထဲမှာတဲ့ လူမဝင်

တီချယ်နု ကဘယ်လိုထင်

တိမ်မည်း အမြင် ဒီလိုတဲ့

လဲ့လဲ့ကြည် ဖက်လှည့်။

 

ခရီးသည်ကြီး တစ်ထောက်နားရာ

ဧဝတီကြီး လိုက်လို့လာ

သော်ဇင်(လွိုင်ကော်) အတော်ပျော်သဗျ

ပီချိုကြီး ကိုတသသ။

 

ဇွန်းခရင်းနဲ့ စားဖို့ရာ

ကိုနွေဦးစာ ဖတ်ကြပါ

ဂရင်းရို့စ်မှာ အလုပ်များ

ဂဇက်စာအုပ် ပုံနှိပ်သွား။

 

ကိုထွန်းဝင်းလတ် မော်လူးရွာ

ကျောင်းသားတွေကို ကူနေရှာ

သဘောကောင်းတဲ့ မိုးမင်းသား

ရင်နင့်အောင်ကို အရှာသွား။

 

 

 

 

ချစ်ရင်ထူးက ရွာအဝင်မှာ

ဓါတ်ပုံပြပွဲဖွင့်ချင်တာ

အရင့်ရောင်နဲ့ ဆြာအုပ်

ကိုလုင်ကိုအဖေါ်လုပ်။

 

ကိုစိန်သော့က အဝေးမှာ

“မောင်” ကိုတွေ့ရင်ခေါ်ခဲ့ပါ

ပုံပမာရေးတဲ့ ပုဒုမ္မာ အတွေး

ဇော်ဝင်း စေ့စေ့တွေး။

 

ကိုအောင် တစ်ယောက်ပျောက်လို့နေ

ရှာကြပါအုံး နိုရာေ

ရို့စ်မင်းပါလိုက်လို့သွား

ဘီလူးကြီး လာပလား။

 

ချာတူးလန် ကဘတ်စ်ကားမှာ

ဒေါသတော်တော်ထွက်လို့လာ

ငြိမ်းငြိမ်းခမြာ အတင်းဖျောင့်ဖျ

ကြည်လွင် မကြောင့်ကျ။

 

ကျော်ဘသစ်က ပြောပြန်တယ်

ကြိုက်ရင် လိုက်သွားကွယ်

ရွာသူကလေး ချမ်းချမ်း

စမ်းရေအေးနဲ့ ရွာကိုဖြန်း။

 

နီတိုး နဲ့ ဦးကြိမ်

ကိုကျော်ထိုက်ကို လိမ်

မွန်ကစ်က ရွာအလွန်ချစ်

ရွာကို သူမပစ်။

နီကိုလတ်စ် ကတင်လာတယ်

ဒေါက်စိုးမင်းရဲ့စာတွေကွယ်

ဒွန်ရော်နယ်လ် တော်တော်နောက်

ဂျစ်ပစီ နဲ့ စံဖဲ ခုမှရောက်။

 

လေးပိုင်ရဲ့ ကွန်မန့်ဟာ

ခြောက်ခွန်ခွန်တဲ့ အံ့ဩစရာ

ကိုလံဘတ်စ်က ခရီးသွား

ရွာကိုတော့ ဝင်လည်သဗျား။

 

 

ရွာမစည်ရခြင်း အကြောင်းရင်းဟာ

သဂျီးလုပ်ပုံ မဟုတ်လို့ပါ

ပွိုင့်တွေသာ မတိုးပေး

ကြီးမိုက် ဒိုးမယ်လေး။

ဒီရွာကြီး ပြန်စည်အောင်

ဝိုင်းလုပ်ကြရအောင်

ရွာသူ ရွာသား သဘောထားများ

ကြီးမိုက် သိချင်သား။

 

 

 

 

နာမည်မပါသူများ အများအပြား ကျန်ပါလိမ့်အုံးမည်။ ကြီးမိုက်၏ အိုမင်းနေသော ဥနှောက်မှတ်ဉာဏ်ကိုနားလည်ပေးကြပါကုန်။

ဒီစာကို ရွာသူားအားလုံးဖတ်မိကြပါစေဟုသာ….

အားလုံးကိုလေးစားခင်မင်လျှက်

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၂၄၊၀၉၊၂၀၁၃

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

105 comments

  • Myo Zaw

    September 26, 2013 at 10:31 pm

    လူစုံတက်စုံ ရေးနိုင်တာ ချီးကျူးပါတယ် ဗျာ ။

    • kyeemite

      September 27, 2013 at 2:19 pm

      ကိုမျိုးဇော်ရေ…နောက်ဆိုခင်ဗျားနာမည်ပါပါမယ်နော.. 🙂

  • kai

    September 27, 2013 at 12:31 am

    ရွာသူားတွေပြန်ဆုံရင်… စားပွဲကြီးပြောင်းပြန်လှန်ရအောင်… ။
    အေးဗျာ…
    ကိုကြီးမိုက်တယောက်.. ဘယ်လိုလုပ်ဒီလောက်သိနေသလည်းမသိ…

  • sorrow weaver

    September 27, 2013 at 10:25 am

    ဦးမိုက်ရေ…ဒီပို့စ်သတိထားမိတယ်…အားကြီးနီတယ်နော်…အဟီး

  • black chaw

    September 27, 2013 at 12:00 pm

    ကိုမိုက်ရေ…။
    ကျွန်တော့်နာမည်လေး မမေ့မလျော့ ပါအောင်ထည့်ရေးသွားတဲ့အတွက်
    ကျေးဇူးအထူးပါ…။
    အမေ ကဲ့သို့ ချစ်ရသော အစ်မကြီး ဆုံးပါးသွားလို့…
    ရွာနဲ့ အနည်းငယ် ဝေးသွားတာပါဗျာ…။
    ဘလက်ချော က ရွာနားမှာပဲ ယောင်ချာယောင်ချာနဲ့…
    ရှိနေတဲ့အကြောင်း သတင်းပို့ပါတယ်ဗျာ…။
    ချစ်ခင်လေးစားလျက်…
    ဘလက်ချော…။

    • kyeemite

      September 27, 2013 at 1:13 pm

      ရဲဘော်ဘလက်ရေ..အစ်မကြီးအတွက် စိတ်မကောင်းပါဘူးဗျာ
      ကောင်းရာသုဂတိရောက်မှာပါ….
      အသုဘလည်းလိုက်မပို့နိုင်လို့ တောင်းပန်ပါ၏။
      ကိုဘလက်က ရွာထဲအမြဲမရောက်နိုင်ပေမဲ့
      ရွာထဲ “သူလျှို” လွှတ်ထားလို့ ရွာရဲ့အပြောင်းအလဲတွေမျက်ခြေမပြတ်သိနေတယ်မဟုတ်လား..
      မအားတဲ့အထဲ..တကူးတကဝင်ကွန်မန့်ပေးလို့ကျေးကျေးပါနော..
      :hint:

  • ခရီးသည်ကြီး တစ်ထောက်နားရာ

    ဧဝတီကြီး လိုက်လို့လာ

    သော်ဇင်(လွိုင်ကော်) အတော်ပျော်သဗျ

    ပီချိုကြီး ကိုတသသ။

    ဟုတ်ကဲ့ဗျာ။ ကျွန်တော်ကိုယ်တိုင်မရောက်တာကြာပါပကော။ ခုပြန်လာပြီဗျာ။ မှတ်မှတ်ရရ ကျွန်တော့်နာမည်လေးပါသေးတော့ ပျော်လိုက်ပါဘိ။ ပျော်လိုက်စမ်းပါဘိ။

  • ဦး ဂျစ်

    September 27, 2013 at 2:39 pm

    အင် ထ ရို ဂျူ့စ် မိုင် ဆက်ဖ်
    မိုင် နိမ်း အစ် စ် Gipsy (or) ဦးဂျစ် 😛

  • Lay Pai

    September 27, 2013 at 5:04 pm

    Am I not one Man gazette villager?
    ( Naut Tar )
    လူစုံတက်စုံ ရေးနိုင်တာ ချီးကျူးပါတယ် ဗျာ ။
    ( No Myanmar font so I copy from Ko Myo Zaw. )

    Me too, really miss to all !!!

    • kyeemite

      September 28, 2013 at 8:41 am

      ဦးဂျစ်ပစီ နဲ့ လေးပိုင်(Lay Pai ) တို့လည်းရွာသားဟောင်းတွေဆိုတာသိပါတယ်
      စဉ်းစားတဲ့အချိန်မှာ အတွေးထဲပေါ်မလာတာခွေးလွှတ်ကြပါဗျာ… 😀

  • Lay Pai

    September 27, 2013 at 5:06 pm

    Am I not one Man gazette villager?
    ( Naut Tar )
    လူစုံတက်စုံ ရေးနိုင်တာ ချီးကျူးပါတယ် ဗျာ ။
    ( No Myanmar (Zawgyi Keyboard ) so I copy from Ko Myo Zaw. )

    Me too, really miss to all !!!

  • နွေဦး

    September 27, 2013 at 5:19 pm

    ဦးမိုက်ရေ..
    ဒီရက်ထဲ ရွာပြန်ဖို့ဆော်ဩနေကြတဲ့သူတွေများနေပြီ..
    အမေစုကလည်း စ လုံးကလူတွေ ရွာပြန်ခဲ့ကြဖို့ ပြောနေတယ်..
    ဦးမိုက်ကလည်း ရွာပြန် ဖို့ ပြောနေပြီ..
    ဒီတော့ လေယာဉ်ခမကုန်တဲ့ ဒီရွာကို ပြန်လာကြဖို့ ..
    ရွာကြီးပြန်လည်စည်ကားလာဖို့ ..
    ဖြစ်နိုင်ရင် တွေ့ဆုံပွဲလေးတခုလောက်လုပ်ပြီး ဆော်ဩလိုက်ရင် ကောင်းမလားလို့…
    နွေဦး ။

  • TNA

    September 27, 2013 at 5:28 pm

    ဦးမိုက်ပြောသလိုပဲ ဖုန်းနဲ့ကဖတ်ပဲဖတ်လို့ရတာ။ ကွန်မင့်ပေးလို့မရဘူး။ အခုတော့ရွာပြန်ရောက်လာပါပြီ။ ကျွန်မနာမည်လေးပါလို့ကျေးဇူးပါ။

  • Don Juan Ronald

    September 27, 2013 at 9:47 pm

    ဟို တ လော အစိုးရ က လည်း ဗမာ ပြည် ပွား တရုတ် တွေ ကို ပြန် ခေါ် နေ သလို ???

  • ငဂျစ်

    September 28, 2013 at 1:09 pm

    ရွာထဲမှာ လူခြေတိတ်နေ မနေတော့ သတိမထားမိဘူးဗျာ…
    ကျနော်လည်း comments တွေမပေးဖြစ်ပေမယ့် ရွာထဲကိုတော့ မကြာမကြာရောက်ဖြစ်ပါတယ်…
    ခုဟာက ပြည်မထဲမှာ ပြန်ရောက်နေတော့ ရွာထဲဝင်ဖို့တောင် ဖုန်းအင်တာနတ်လိုင်းက သိတဲ့အတိုင်းပါပဲ…
    တစ်ခါတစ်ရံဆို ရွာထဲဝင်ပြီး log in တောင်မလုပ်ဖြစ်တော့ဘူး ဘာပို့စ်လေးတွေတက်လည်းဆိုပြီး
    ဖတ်ချင်တာလေး ဝင်ဖတ်လိုက်ရတယ်…………
    အခြားဒေသတွေမှာတော့မသိ ကျနော်တော့ဖြင့် GSM , WCDMA လိုင်းတွေထက်
    ခုနှစ်သောင်းတန်(၁၅၀ဝ တန်) CDMA ကွန်လေးက နည်းနည်းပိုလန်းသလားလို့….
    ရွာသူားအမည်နာမတွေ စုံလင်လှပေတကား ကဗျာစပ်ထားတောင်မှ
    ကျနော် နံမယ်ပါမလာတာတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ…………..

    • kai

      September 29, 2013 at 4:03 pm

      အခုထည့်လိုက်မယ်နော..
      ငဂျစ်ဗုံဗုံ..
      ပလုံတုံ…
      ဒွန်ရော်နယ်အစုံ…။ :mrgreen:

  • ဗုံဗုံ

    September 29, 2013 at 9:03 am

    နေ့တိုင်းလာပါတယ်…
    ဦးဦးကြီးမိုက်ရယ်…ယောက်ခမဂျီးရယ်.. :mrgreen:
    ဒီပို့စ်လေးကို မန့်ရဖို့အရေး..သုံးရက်လောက်စောင့်ရတယ်ဆို
    ယုံမလား….. 😥

  • ကျော်စွာခေါင်

    September 29, 2013 at 3:50 pm

    ကိုမိုက်…
    ကျနော် က ရွာသားအသစ်ပါ…အလုပ်လည်းများတယ်…
    ဒါပေမယ့် အကို ့ခေါ်သံကြားတော့ စိတ်ထဲတောင် မကောင်းဘူး…

    …အခု ကျနော် ကိုမိုက်စကားနားထောင်တယ်နော်…။
    လိုအပ်တာ ပိုနေတာ ရှိရင်လည်း ထောက်ပြပြောဆိုပေးပေါ့..

  • cobra

    September 29, 2013 at 5:08 pm

    လေးမိုက်ရေးမှပဲရွာထဲမှ လူတွေတော်တော်များတာကိုသိတော့တယ်
    လေးမိုက်ရေ ကျွန်တော်ကတော့ အိမ်ကမုန့်ဖိုးပေးမှသုံးရတာမို့
    ရွာထဲကိုမလာဖြစ်တာပါ။
    အိမ်ကလည်း သားလိမ္မာလေးကို
    အရမ်းချစ်တော့ မုန့်ဖိုးကိုမပေးတော့တာနဲ့
    လစ်ရင်လစ်သလို ဘက်တာလေးနဲ ့ ရွာထဲလာနေရသူပါ။
    😥

  • u kyein

    September 29, 2013 at 11:52 pm

    ပုံစံ(၁၀)မရသေးပေမဲ့ ရွာသားအဖြစ်အသိအမှတ်ပြု လို့
    ဝမ်းသာပီတိဖြစ်ရပါတယ်…ကျနော်တော့ရွာရဲ ့ကာကွယ်ရေးပြည်သူ့စစ်ထဲဝင်တော့မယ်ဗျာ
    လောက်စလုံး လုံးပြီးလေးခွတစ်လက်ခုတ်ထားတယ်…ရတယ်မဟုတ်လား။

  • Yin Nyine Nway

    September 30, 2013 at 11:36 am

    သာမီးလာပါတယ်
    ကော်မန်းမရေးနိုင်တာပဲ ရှိတာ
    ဝင်ဝင်ဖတ်သွားတယ်
    ခုတလော ကော်နတ်ရှင်က လော့အင်ဝင်လို့မရလို့
    နောက်ဆို စာတွေ အများကြီးရေးမှာပါ
    တီတိန်းကလည်း ပြည့်တော့မှာဆိုတော့ကား 😀

  • Green Rose

    September 30, 2013 at 2:49 pm

    ဦးကြီးမိုက်ရေ…
    ရွာထဲကို မရောက်တာမဟုတ်ပါဘူး။ နေ့တိုင်းနီးပါးရောက်ပြီး ဝင်မမန့်ဖြစ်၊ ဝင်မရေးဖြစ်တာပါ။ log in တစ်ခါဝင်ရင် အဝိုင်းသုံးခါ လည်လည်နေတာကို စိတ်မရှည်တာနဲ့ ဒီတိုင်းပဲ ဖတ်ဖြစ်နေလို့ပါ။ ကိုယ်ထင်မပြပေမယ့် ရွာထဲမှာ ရှိပါကြောင်း သတင်းပို့ပါတယ်ရှင့်

  • amatmin

    September 30, 2013 at 8:33 pm

    အူးမိုက်.ရေ
    ဖတ်ဖြစ်နေကြောင်း.ရောက်ရှိသတင်းပို့ တယ်လို့ ..။
    သေချာဖတ်လေ.ဦးမိုက် မှတ်နိုင်စွမ်းကို သဘောကျလေ.ရယ်.။

  • johnnydeer

    September 30, 2013 at 11:10 pm

    တကယ့်ကို မအားတာနဲ့ မရောက်ဖြစ်တာပါဗျာ…ဒီကြားထဲ သွားလိုက်ရတဲ့ ခရီး…ရွာလဲ အမြဲ သတိတော့ရပါ့…

  • မိုး မင်းသား

    October 1, 2013 at 7:34 pm

    ကိုကြီးရေ………(ကျီး)

    ကိုရင် ့နင် ့အောင်က်ု…..ရှာလို ့တွေ ့ဘူးဗျ…….

    တွေ ့ရင်ရှနေတဲ ့အကြောင်းပြောပေးပါဦး……

    တွေ ့ရင်ပြောကြပါလေ..ကျေးဆူးဇပ်ပါမည်…..လက္ခံထားတဲ ့သူကိုလည်းကျေးဆူးတင်ပါတယ်

  • လင်း ထက်

    October 1, 2013 at 7:40 pm

    ကော်နက်ရှင်ကောင်းပြီး..အမြဲလိုလို ရွာထဲရောက်သော်လဲ..Comments မရေးတက်သည်ကတစ်ကြောင်း..Post တင်ဖို.ဆိုပိုလို.ဝေးသည်ကတစ်ကြောင်းဖြင့်…အမြဲ.ဖတ်ပြီး..ဒီအတိုင်းလေးဘဲ..ထွက်ထွက်နေရကြောင်း

    • kai

      October 1, 2013 at 11:14 pm

      အိမ်ရှေ့ထွက်.. လမ်းလျှောက်…။
      ခလုပ်တိုက်ရင်..ခလုပ်တိုက်တယ်ရေး..။ တခြားသူတွေ.. ခလုပ်မတိုက်အောင်ဘာတွေဘယ်လို ပြင်သင့်.. လုပ်သင့်တယ်ရေး..
      ကောင်မလေးချောချောမြင်ရင်.. ငရှဉ့်သတိရတယ်ရေး..
      ငရှဉ့်အကြောင်းရေး..။ ငရှဉ့်ဆိုတာ ချောတယ်… လက်နဲ့ဒီအတိုင်းကိုင်လို့မရဘူး..။
      သချို င်္င်းမှာ လူသေတွေအခေါင်းထဲငရှဉ့်နဲ့.. ရေစပ်နေတဲ့ချောင်းကမ်းရွ့ ံထဲနေတဲ့ငရှဉ့်..။ ဂျပန်နဲ့စိနသားတွေစားတဲ့.. ပင်လယ်ထဲက ငလင်ဗန်းငရှဉ့် စသဖြင့်အကြောင်းရေး..

      စသဖြင့်ပေါ့..။
      ဒါလေးများဗျာ.. :mrgreen:

      • လင်း ထက်

        October 3, 2013 at 7:03 pm

        မှတ်သားထားလိုက်ပါပြီ…..နောက်ဆိုရေးနိုင်အောင်..လက်သွေးထားနေပါပြီခင်ဗျာ့

  • ရွှေမိုးတိမ်

    October 2, 2013 at 4:49 pm

    လူတွေအများကြီးပါလား … 😀 ပျော်စရာကောင်းမှာပဲ ။ ဖုန်းနဲ့ဆို ဝင်လို့တော့ရတယ် ။ ဒါပေမယ့် ဝင်ရင်လေးတယ် ။ ကွန်မန့်ပေးချင်ရင်လဲ ကြာကြီးစောင့်ရတာတော့ အမှန်ပါပဲ ။

  • မှော်ဆရာ

    October 3, 2013 at 3:42 pm

    ကျွန်တော် လာပါအိ

  • zaw min

    October 3, 2013 at 10:51 pm

    မိုက်တယ်ဗျာ…ရေရေလည်လည်မိုက်တယ်…လုံးဝကို မလိမ္မာဘူး….
    လားရှိုးကဦးသိန်းအောင် သီချင်လေး သတိရမိတယ်…..ဆင်သေ ကောင်နားဝယ် တစ်ဝဲလည်လည် လိုက်ပါလို့ သွားမိတယ်….

  • kyeemite

    October 4, 2013 at 8:10 am

    zaw min says:
    မိုက်တယ်ဗျာ…ရေရေလည်လည်မိုက်တယ်…လုံးဝကို မလိမ္မာဘူး….

    အမှန်ပေါ့ ကိုဇော်မင်းရယ်..နာမည်ကိုကကြည့်ပါလား
    “ကြီးမိုက်” ပါဆို 😀

    ကျုပ်အော်သံကြားလို့ ရွာကိုပြန်ဝင်နှုတ်ဆက်ကြတာတွေ့တော့
    ကျုပ်အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်ဗျာ….
    ပြန်လာမန့်ကြသူအားလုံး ကြီးမိုက်က ကျေးဇူးတင်ပါဂျောင်းးးး 🙂

  • koyinmaung

    October 4, 2013 at 8:03 pm

    မင်္ဂလာပါ ကိုကြီးမိုက်ရေ…

    • kai

      October 7, 2013 at 12:54 pm

      ဆရာမင်းသိင်္ခစာထဲမယ်.. လူသတ်မှုဖြစ်တော့.. မအားကိုထုသတ်ထားတယ်ဆိုပြီး..ဖတ်ဖူးတယ်ဗျ…
      မအားဆိုတာ.. ဘာလည်းမသိ… :mrgreen:

  • အောက်ကို ငုံ့ကြည့်
    တွေ့ပါ၏.
    (သူကြီးသိချင်တဲ့ မအား)

    ကိုမိုက် တာဝန်ကျေပါကြောင်း။
    2011 တုံးကလဲ ရွာကိုပြန်လာကြဘို့ ခေါ်ဘူးပါကြောင်း.
    ကိုပေါက်က တော့ ရွာကို ပြန်လည်တဲ့စာရင်းထဲ မပါ ပါကြောင်း။
    ကော်မင်းမပေးအားပေမယ့် ဓါတ်ပုံမတင်ပေးမယ့် တစ်ပါတ်တစ်ခါ လောက်ပိုစ်တစ်ပုဒ်တင်တဲ့
    အတွက် ရွာထဲမှာ အမြဲရှိတယ်လို့ ဆိုနိုင်ပါကြောင်း။.
    အစဉ်အဆက် ရွာ ထဲမှာ အမြဲမပြတ်ရှိနေပါကြောင်း။
    ထိုကြောင့် ရွာထဲမှာ အမြရှိနေ၍ ပြန်လာရမည့် လူစာရင်းထဲမှ လွတ်ကင်းပါကြောင်း။

  • Novy

    October 8, 2013 at 10:41 am

    “မနိုဗွီ မြွေကိုတွေ့
    တရားရပါသဟေ့။”

    ဦးမိုက်ရေ…
    အခုလိုနိုဗွီ အမည်လေးတွေ့လိုက်တော့ ချမ်းချမ်းသီချင်လို မေ့တော့မမေ့သေးဘူးပေါ့နော်
    ရွာကို မကြာမကြာတော့ ရောက်ပါတယ် ကွန့်မန့်တွေမပေးဖြစ်တာနဲ့ စာမရေးဖြစ်တာပါ
    ပြန်လာခဲ့ပါအုံးမည် …..

  • ကပ္ပိယ သာဒင်​

    October 8, 2013 at 11:05 am

    ဟုတ်​ကဲ့
    ကြိုးစားပါမည်​။

  • kyeemite

    October 8, 2013 at 2:41 pm

    ရွာထဲမှာအမြဲရှိနေလို့ ၊ ပို့စ်တွေ မှန်မှန်တွေ့နေရလို့ ဝမ်းသာပါတယ်ကိုပေါက်ရေ
    🙂
    ကျနော်ကိုယ်တိုင်လည်း မနည်းကြိုးစားပြီး ရွာထဲနေနေတာပါဗျာ..
    စာတော့သိပ်မရေးနိုင်သေးဘူးဗျ…ကြိုးစားပါအုံးမယ်

  • အရိပ်စစ်

    October 10, 2013 at 7:57 pm

    ရွာထဲကို လာချင်ပါသော်လည်း ကွန်မကောင်း အကြောင်းမလှသဖြင့်
    အခုမှ ရောက်တော့တယ်…..နာမည်တွေ အများကြီး ရေးလည်း ရေးနိုင်ပေ့နော….

    • kyeemite

      April 1, 2014 at 11:04 am

      ခီများပျောက်နေတာကြာပါပေါ့..စာလေးဘာလေးရေးပါအုံး “ဘီလူးကြီး”ogre ရေ့

  • padonmar

    March 29, 2014 at 7:29 pm

    ogre ဘီလူးကြီးတော့…
    သရဲ….သရဲ…………… 😀

  • nicolus agral

    March 30, 2014 at 7:36 pm

    လာချင်တာပေါ့
    လိုင်းမှမကောင်းတာကိုး
    ဝင်လို့ရတဲ့နေ့တွေကျပြန်တော့လဲ အလုပ်များနေတော့ဘာမှမလုပ်နိုင်
    ရွာမှာဆူဆူပူပူမလုပ်ရတာတော်တော်ကြာပါပကော

  • Yae Myae Tha Ninn

    June 21, 2014 at 11:25 am

    ဒါဆို ဒို့တွေ ကျန်ခဲ့ပြီပေါ့.. ရေမြေ့သနင်းက ထားပါ.. လူတလုံး နဲ့ ဘရုတ်ကို ထားခဲ့တယ်ပေါ့.. အင်းလေ ၂၀၁ဝက လူဟောင်းတွေဆိုတော့ ဘယ်အမှတ်ရတော့မလဲ… 🙁

  • kyeemite

    June 21, 2014 at 1:54 pm

    ဆောရီးပါ Yae Myae Tha Ninn နဲ့ ဘရုတ်ရေ…ခီများတို့က ပျောက်နေတာကြာတော့ မေ့သွားတာပေါ့
    🙂

    • Yae Myae Tha Ninn

      October 17, 2014 at 2:56 pm

      မန့်ဖူးတယ် ထင်ထားတာ… ထင်တဲ့ အတိုင်းပဲ… လူတောင် မှားသေးတယ်မလား… လူတလုံးက လူတလုံးပါ.. ဘရုတ်က ဘရုတ်ပါ… တယောက်စီလို့တောင် ရှင်းဖူးသေးတယ်… ဦးကြီးမိုက်ရေ… 🙂

  • Thuyazaw

    September 3, 2014 at 11:39 am

    တစ်နေ့တော့ ပျံလာမည်…… ကိုလာရင် ကြိုမှာလားလို့ လေ
    လေးကြီးမိုက်
    တားကဒေါ့ ရွာထဲကို ပြန်လာခဲ့ပါဘီ
    မကြာခင်မှာ သီချင်းစာသားအဖျက်လေးတွေ ပြန်တင်ပါမည်ဆိုတဲ့အကြောင်း

Leave a Reply