အပမ်းဖြေရအောင် ကမ်းခြေငွေဆောင်…

Ma EiSeptember 25, 20136min45027

မမကြီးက အိရေ…တို့တွေ ငွေဆောင်သွားကြရအောင်လေဆိုတော့…

ဒါမိုးက ငြင်းကောင်းဘူးမို့လား…အဲဒါနဲ့ သူတို့ကားနဲ့ဘဲသွားဘို့စီစဉ်၊ Hotel ကိုတော့ Sunny Paradise Dream မှာ Sea View သုံးခန်း နှစ်ရက် ယူလို့ ငွေဆောင်ကမ်းခြေကို အပမ်းဖြေထွက်ခဲ့ပါတော့တယ်…ရိုက်လာခဲ့တဲ့ ဓာတ်ပုံလေးတွေ အတူကြည့်လို့ လွမ်းရအောင်နော်…

1..လှမ်းမြင်ရတဲ့ ပင်လယ်ပြာ
1..လှမ်းမြင်ရတဲ့ ပင်လယ်ပြာ
2..ဂဏန်းကလေးရေးတဲ့ ပန်းချီ
2..ဂဏန်းကလေးရေးတဲ့ ပန်းချီ
3..ကမ်းခြေဆည်းဆာအလှ 1
3..ကမ်းခြေဆည်းဆာအလှ 1
4..ကမ်းခြေဆည်းဆာအလှ 2
4..ကမ်းခြေဆည်းဆာအလှ 2
5..ကမ်းခြေဆည်းဆာအလှ 3
5..ကမ်းခြေဆည်းဆာအလှ 3
6..ကမ်းခြေဆည်းဆာအလှ 4
6..ကမ်းခြေဆည်းဆာအလှ 4
7..ကမ်းခြေက တံငါလှေ
7..ကမ်းခြေက တံငါလှေ
8..နေအထွက်ကမ်းခြေ 1
8..နေအထွက်ကမ်းခြေ 1
9..နေအထွက်ကမ်းခြေ 2
9..နေအထွက်ကမ်းခြေ 2
10..နေအထွက်ကမ်းခြေ 3
10..နေအထွက်ကမ်းခြေ 3
11..အကြိုက်စားဘူဖေး
11..အကြိုက်စားဘူဖေး
12..အကြိုက်စားဘူဖေး 2
12..အကြိုက်စားဘူဖေး 2
13..အကြိုက်စားဘူဖေး 3
13..အကြိုက်စားဘူဖေး 3
14..ရေတက်နေလို့ မသွားရသေးတဲ့ ချစ်သူများကျွန်း
14..ရေတက်နေလို့ မသွားရသေးတဲ့ ချစ်သူများကျွန်း
 15..နေ့လည်ရေကျချိန်မှာ တစ်ခေါက်ထပ်သွားတာလေ..
15..နေ့လည်ရေကျချိန်မှာ တစ်ခေါက်ထပ်သွားတာလေ..
16..ရေသူမ
16..ရေသူမ
17..ချစ်သူများကျွန်း အစွန်းလေး
17..ချစ်သူများကျွန်း အစွန်းလေး
18..မြင်းစီးကြပါဦး တဲ့လေ…
18..မြင်းစီးကြပါဦး တဲ့လေ…
19…လမင်းထွက်ချိန်မှာ…
19…လမင်းထွက်ချိန်မှာ…
20..ရေကန်ဘေးက ညနေစာ…
20..ရေကန်ဘေးက ညနေစာ…

ပုံ 20 ကို မနဲတွန်းတင်လိုက်ရပါတယ်…

စိတ်ဝင်စားရင်  ဆက်ကြည့်ကြမယ်နော်…

ခင်တဲ့

မအိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

27 comments

  • ဦးကျောက်ခဲ

    September 25, 2013 at 12:26 pm

    ချောင်းသာထက်စာရင် ငွေဆောင်က ရေပိုသန့်ပြီး ပိုလှတယ်…
    ဒါပေသည့် ဝါးတီးဈေးကြီးတယ်၊ ဈေးသည်လည်းမများဘူး…
    ကျောက်စ် သွားတုန်းက Bay of Bengal မှာတည်းတာခင်ဗျ…
    နေဝင်ချိန်က လှမှလှပဲ မွအိရေ… ဓာတ်ပုံတွေကြည့်ပြီး လွမ်းသွားတယ်…
    😀

    • Ma Ei

      September 25, 2013 at 12:52 pm

      ငပလီကိုမမှီပေသည့် ချောင်းသာထက် အပုံကြီးသာတဲ့ ငွေဆောင်ပါလို့ ကြော်ငြာဝင်ပါတယ်..
      ဝါးတီးကတော့ ဟိုတယ်ကလွဲရင် စားစရာမရှိပါ..Sunny Paradise က အစားသောက်လဲကောင်း ဈေးလဲမဆိုးပါဘူး..ရွာထဲမှာတစ်ရက်သွားစားတာ ဈေးတူပြီး
      အရသာမကောင်းပါ..ဒါနဲ့ဟိုတယ်မှာဘဲ သွားစားလိုက်၊အခန်းကိုမှာစားလိုက်နဲ့ အဆင်ပြေခဲ့ပါကြောင်း
      ထပ်လွမ်းလိုက်ပါတယ်… 🙂

  • Mon Kit

    September 25, 2013 at 1:11 pm

    မအိရေ.. ဒ့ါပုံတွေကျိပီး မရောက်ဖူးသော်လည်း ထပ်တူ လွမ်းသွားပါတယ်..
    ရောက်အောင်တော့ သွားရမယ်..
    ဂဏန်းကောင်လေး ရေးချယ်ထားတဲ့ ပါတိတ်ဆင် ဒါ့ပုံလေးကို သဘောအကျဆုံးဘဲ..
    🙂

    • Ma Ei

      September 25, 2013 at 1:25 pm

      မွန်ကစ်တို့ နှစ်ယောက် ငွေဆောင်ကမ်းခြေ
      အပမ်းဖြေ အရောက်သွားနိုင်ပါစေကြောင်းနော်…
      🙂

  • Crystalline

    September 25, 2013 at 1:15 pm

    မအိဓာတ်ပုံလေးတွေအရမ်းလှလို့ကူးသွားပါသီ.. ကွန်ပြူတာထဲဒီတိုင်းသိမ်းထားမှာပါ… ချစ်စရာပုံလေးတွေ ရှုခင်းလှလှလေးတွေဆို စိတ်ရှုပ်တဲ့အခါတွေဖွင့်ကြည့်ဖို့.. 🙂
    ငွေဆောင်ကို ဖွင့်စကနေ့ချင်းပြန်ရောက်ဖူးတယ်.. ဓာတ်ပုံထဲကလို့အလှအပလေးတွေသတိမထားမိခဲ့ဘူး.. အဲဒီအချိန်ကတော့တော်တော်လေးခြောက်တယ်..

    • Ma Ei

      September 25, 2013 at 1:29 pm

      ခရစ်စ်လေးရေ…
      ဓာတ်ပုံလေးတွေ ကူးလို့ရပါတယ်…
      ဓာတ်ပုံလေးတွေ ပြန်ကြည့်ရင်း တစ်ကယ်သွားခဲ့ရချိန်ကို လွမ်းမိသွားတယ်…
      မရောက်ဖူးသေးတဲ့ နေရာလေးတွေဆိုလဲ တစ်ကယ်ရောက်သွားသလို ခံစားရတယ်လေ…
      နောက်တစ်ကယ်ရောက်တဲ့အခါ မစိမ်းနေတော့လို့ ဓာတ်ပုံလေးတွေကြည့်ရတာ ကြိုက်တယ်….
      🙂

    • ဦးကြောင်ကြီး

      September 26, 2013 at 9:40 am

      ခရစ်လေးနဲ့ ငွေဆောင် အတူသွားမယ်…. ကမ်းခြေ ဆည်းဆာအလှ ကြည့်ပီး ရေထဲမှာ ခြစ်ကြမယ်…။ ကြေးမုံဂျီးကို အထုပ်ထမ်းခိုင်းမယ်…။ အုံးသီးနွှာခိုင်းမယ်..။ ကမ်းခြေမှာ ရွက်ဖျင်တဲထိုးခိုင်းမယ်…။ အစောင့်လုပ်ခိုင်းမယ်…။
      အမ်တီအိရေ ကျေးဇးပါ.. ခရစ်စတယ်လေးနဲ့ အနော် ပျားရည်ဆမ်းခရီး ဘယ်ထွက်ရမလဲ မသိဖြစ်နေဒါ အိုင်ဒီယာ ရပြီ..။ 😳

      • Ma Ei

        September 26, 2013 at 10:44 am

        အတော်ဂွတ်တဲ့ အိုင်ဒီယာတွေပါလား…
        ကြောင်ကိုတော့ မနိုင်ကြတော့ပါဘူး…
        🙁

  • KZ

    September 25, 2013 at 1:30 pm

    မရောက်ဖူးဘူးးးး
    သွားမယ်။
    မွအိပါလိုက်ခဲ့။

    :chit:

    • Ma Ei

      September 25, 2013 at 1:37 pm

      ပြောထားတယ်လေ ဆွိရဲ့…
      ဒါမိုးက ငြင်းကောင်းဘူးမို့လား…လို့
      :chit:

  • kyeemite

    September 25, 2013 at 1:41 pm

    .ဂဏန်းကလေးရေးတဲ့ ပန်းချီ ကိုသဘောကျတယ်(ရိုက်ဖြစ်ခဲ့တာချီးကျူးပါတယ်)
    ..နေအထွက်ကမ်းခြေ 2 ကိုလည်းကြိုက်တယ်..ရေပြင်မှာတိမ်လေးတွေနဲ့…
    ငွေဆောင်တော့မရောက်ဖူးသေးဘူးဗျာ..ဒီတစ်ခေါက် အဲဒီသွားမယ် မွအိရေ 😀

    • Ma Ei

      September 25, 2013 at 2:12 pm

      ငွေဆောင်က သဲဖြူ ရေပြာပြာနဲ့ လှိုင်းကလေးတွေလှပါတယ်…
      အရောက်သွားသင့်တဲ့ အပမ်းဖြေစရာနေရာလေးပါ…
      ပျော်စရာကောင်းတယ်…
      🙂

  • လုံမလေးမွန်မွန်

    September 25, 2013 at 1:49 pm

    ပုံလေးတွေက အရမ်းလှတာပဲ။ငပလီနဲ့ချောင်းသာကို ရောက်ဖူးတယ်။ ငွေဆောင်ကို ရောက်ဖူးသေးဝူး။ နောက်ခါသွားရင် လိုင်မယ်နော် အာတီအိ

  • အရီးခင်

    September 25, 2013 at 2:28 pm

    မအိရေ
    တကယ် လှ တဲ့ ရှုခင်း တွေဘဲ။
    ချောင်းသာ နဲ့ စက်စဲ ဘဲရောက်ဘူးတယ်။
    အဲဒီ ရခိုင် ဘက်က ကမ်းခြေတွေ မရောက်ဖူးဘူး။
    ခင်သန်းနု မျက်နှာ နဲ့ရေသူမ လေးက ငပလီ မှာလဲ ရှိလားလို့။

    9..နေအထွက်ကမ်းခြေ 2 ကို အရမ်းသဘောကျတယ်။ ကောင်းကင်က တိမ် တွေ က သဲပြင် နဲ့ ရေလှိုင်း တွေ ကို လာပေါင်းနေတာ တွေ့လို့။
    ၁၃ က ကောက်ညှင်းပေါင်း နဲ့ ပဲပြုတ် ထင်ရဲ့။ သွားရည်ကျသွားတယ်။

    မျှပေးတာလေး ကျေးဇူးနော်။ 😛

    • Ma Ei

      September 25, 2013 at 4:08 pm

      ငွေဆောင်ရှုခင်းလေးတွေ အပြင်မှာပိုလှတယ် အရီးခင်ရေ…
      နေဝင်၊နေထွက် ရေပြင်နဲ့ အရောင်တောက်လို့ လှချက်များ ကြည့်မဝဘူးရယ်…
      မနက်စာ ဘူဖေးမှာ ကောက်ညင်းပေါင်း အဖြူ၊ငချိတ် ကို အုန်းသီး နှမ်း ပဲပြုတ် တွေနဲ့ စားလို့ရတယ်…
      မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ၊အာလူးပူရီ…အဲ့ဒါတွေလဲ ရတယ်..
      🙂

  • Ma Ei

    September 25, 2013 at 2:29 pm

    လုံမလေးတစ်ယောက်ထဲ ခေါ်ရင်လိုက်မှာလား…
    🙂

    • မဟာရာဇာ အံစာတုံး

      September 25, 2013 at 2:36 pm

      ဘာဒုန်းးး
      ခွဲဂျား ခွဲဂျား သွေးထိုးစကားဒွေ မပေါဘာနဲ့ ….
      မတိဘူးညား မှတ်နေဒလားးး ဟင်းးး ဟင်းးးး
      :mrgreen:

      • Ma Ei

        September 25, 2013 at 3:19 pm

        ဒါဆို… နှစ်ယောက်လိုက်မှာလား…
        နှစ်ယောက်ထဲသွားမှာလား….
        🙂

  • Myo Thant

    September 25, 2013 at 2:44 pm

    ရုံးကသွားတုန်းက ၂၀၁၁မှာ တစ်ခါရောက်တယ် ၊
    ချစ်သူများကျွန်းကို သွားတော့ ကျနော်မပါဘူး ၊
    ည ဒင်နာမှာ မဲဖောက်ဖို့ အခမ်းအနားမှုးလုပ်ရမှာတွေနဲ့မို့ ၊
    အပြန် ပုသိမ် မြနန္ဒာထမင်းဆိုင်က မြက်ကြက်သွန်ကတော့ အမှတ်တရပဲ ၊
    တို့စရာပါ ၊ စားကောင်းလို့ ၊
    မအိဓါတ်ပုံတွေမြင်တော့ လွမ်းတာ ၊
    သောင်ပြင်မှာဘောလုံးပွဲလုပ်တော့ ကျနော်က ကွင်းလယ်ဒိုင် ၊
    ဟိုပြေး ဒီပြေးနဲ့ မော တာမှ မပြောပါနဲ့တော့ ၊
    အင်းးးးး ပုဇွန်ကင် နဲ့ ဘီယာလေးတောင် သတိရလာပြီဗျာ ၊ 🙂

    • Ma Ei

      September 26, 2013 at 10:08 am

      သဲသောင်ပြင် ဘောလီဘောကစားနေတဲ့
      နိုင်ငံခြားသူပုံလေးရိုက်လာသေးတယ်..
      ခါးမှာ တက်တူးနဲ့…
      🙂

  • အလင်းဆက်

    September 25, 2013 at 8:59 pm

    အဲဒီ ရေသူမကြီးကို…
    ဖက်ပြီး.ဓါတ်ပုံ ထပ်ရိုက်ချင်သေးတယ်…။

    🙂

    • Ma Ei

      September 26, 2013 at 10:13 am

      ဖက်ပြီး.ဓါတ်ပုံ ထပ်ရိုက်ချင်တာ…
      ရေသူမကြီးနဲ့လား…
      ပုသိမ်ထီးလေးနဲ့ မမလေး…လား…
      🙂

  • Ma Ma

    September 26, 2013 at 10:36 am

    မွအိလည်း ဒ့ါပုံဆြာကြီးတစ်ပါးပါပေကလားးးးးးးးးးးးး
    ဒါ့ထက် ဒ့ါပုံဆြာက ကိုယ်တိုင်မော်ဒယ်လုပ်ပြီး ရိုက်မလာဘူးလားးးးးးးးး 🙂

    စကားအတင်းစပ်ရရင်-ဝေဝေ့ဆီကရတဲ့ နှင်းသီးပင်လေး ကြည့်ပြီးအားကျမိတယ်။ 🙂

    • Ma Ei

      September 26, 2013 at 10:52 am

      ဒါ့ပုံကိုတော့ ကိုယ်တိုင်လဲရိုက်၊
      မော်ဒယ်လဲ လုပ်ပါတယ်..(ဟိ..နဲနဲများ အထင်ကြီးမလားလို့)
      fb မှာတော့ ကိုယ့်ပုံလေးတွေ တင်ထားမိတယ်… 🙂

      -ဝေဝေ့ဆီကရတဲ့ နှင်းသီးပင်လေး စိုက်ထားတာလေ..
      အပင်လေးကတစ်တောင်လောက်ကို အရွက်နုလေးတွေနဲ့အတူ
      အဖူးလေးတွေထွက်လာတယ်..ပျော်စရာကြီး..ကြည့်ပြီးသဘောတွေကျနေတာ..

  • sorrow weaver

    September 26, 2013 at 2:35 pm

    ရုံးကခွင့်ရတီနှင့် သွားမီ…အားကျတီ… အဟီး…ပြီးရင် ကောင်မလေးနဲ့ ရင်ချင်းဆက်အမွှာပုံရိုက်ပြီး ….ကြွားမီ…

  • TNA

    September 29, 2013 at 6:46 pm

    လှလိုက်တာ ငပလီနဲ့ချောင်းသာပဲရောက်ဖူးတယ်။ ငွေဆောင်မရောက်ဖူးဘူး။ တော်တော်လှတာပဲ။ ရိုက်တဲ့ သူတော်လို့ထင်တယ်။ ဂဏန်းကလေးရေးတဲ့ ပန်းချီ ကိုအကြိုက်ဆုံးပဲ

Leave a Reply