“ကြိုတင်သိသူ မရှိပြီ´´

ခင္ခSeptember 25, 20131min1476

“ကြိုတင်သိသူ မရှိပြီ´´

 

ဒီတစ်ခါတော့ မှားခဲ့မိတယ်

နှစ်ခါမမှားဖို့ လိုလှသမို့

နောက်မမှားဖို့ စဉ်းစားရမယ်

သို့သော်ငြားလည်း မှားမြဲမှားတယ်။

 

တကယ်ဆိုတော့

သူမှားတာကိုသူ့မှာမသိ

အမှားကိုအမှန်ထင်နေခဲ့တယ်

မှားနေပါတယ် ပြောပြန်တော့လည်း

သူ့ကခံငြင်း မှန်တယ်ဇွတ်အတင်း။

 

အမှားကိုအမှန်လုပ်

အမှန်ကဘေးငုတ်တုတ်

အမှားထဲမှာသံသရာလည်

အမှန်မမြင်နိုင်ဖွယ်။

 

သိပါသတိ ကပ်ကာငြိလို့

ပိုင်းခြားဝေဖန် ထောက်ကာရှုရင်

ဖြစ်ပျက်သဘော လွန်ဆန်ခက်လို့

ရလာခန္ဓာ တွယ်ညှိနေတာ

အမှားသံသရာ လည်ခွင့်သာသမို့

ကမ္မဌာန်းတရား စီးကာဖြန်းပြီး

ရသည့်အချိန် ကျင့်ကာနေပါ

သင်္ခ ါရသည် ဘယ်ချိန်လာမည်

ကြိုတင်သိသူ မရှိပြီ။

 

 

ခင်ခ။

6 comments

  • kyeemite

    September 25, 2013 at 11:54 am

    တရားတွေတောင်ရကုန်ပလား ကိုခင်ခရ…

  • ဦးကျောက်ခဲ

    September 25, 2013 at 11:55 am

    အဝိဇ္ဇာဖုံးတယ်ပဲပြောပြော သင်္ခ ါရ ဘယ်ချိန်လာမည်ဆိုတာ သိလည်းမသိချင်သေးပါဘူး ဆရာခရယ်…
    အဲ… သင်္ခ ါမရခင်၊ ကင်ဆာရမှာတော့ အကြောက်သား…
    မြန်မြန်မသေပဲ ဝေဒနာလည်းခံရ၊ ရှိသမျှလည်းကုန်… အဲဒါကြီးကို အမုန်းဆုံးပဲ…
    🙁

  • sorrow weaver

    September 25, 2013 at 12:15 pm

    မတော်လို့ ငေါက်ကနဲတေသွားရင် …မငီး..မဖြစ်ချေဘူး..ဦးခရယ်…လေယဉ်မယ်ကြီးကို စိတ်အချဘူး …အဟီး

  • Mon Kit

    September 25, 2013 at 12:44 pm

    လေးခ က တရားပြနေတော့ လည်း နာယူရမှာပေါ့နော်..
    မွန်ကစ်လဲ သေခါနီး ခံစားရမဲ့ ဝေဒနာကို တွေးကြောက်မိလို့ ခုထဲက ညစဉ် သေခါနီးလူလို သဘောထားပီး ဝေဒနာတော့ ရှုမှတ်ပွားနေပါတယ်..

  • အလင်းဆက်

    September 25, 2013 at 9:05 pm

    လာနေပြီ….
    ရောက်တော့မည်….

    ကျွန်တော်…. အဲဒီ … အနံ ့အသက်တွေ… ရနေသည်… ။

    • ခင် ခ

      September 25, 2013 at 10:09 pm

      မောင်အလင်းဆက် မဟုတ်တာမပြောနဲ့ အသက်ကို ဉာဏ်စောင့်ဆိုတာ အလကားပြောခဲ့တာမဟုတ်ဘူး မောင်ရင်တို့က သဘာဝအရဆို လိုသေးတယ်ထင်

Leave a Reply